သမိုင်းကပေးသော...တာဝန်များ.။
ဧ သာန် muyaaw@gmail.com
ကျွန်တော်တို့တွင်ရွေးချယ်စရာမရှိပါ။
သမိုင်းက တာဝန်မျာကို ပေးထားပြီးဖြစ်ပါသည်။
လူတစ်ယောက်က..မေးတယ်။
မင်း..ရဲ့ရည်မှန်းချက်က ဘာလဲတဲ့။
ကျွန်တော် ဖြေလိုက်တာပေါ့ဗျာ....(နှစ်ပေါင်းများစွာ..ရင်ထဲက ပြောနေတဲ့စကားပါ )
ကိုယ့်လူမျိုးကိုယ့်ဘာသာအတွက်....အကျိုးပြုနိုင်တဲ့သူ..ဖြစ်ချင်တယ်..လို့။
အဲဒီလူက ရယ်ပြီးပြန်ပြောတယ်။
မင်းရဲ့အမြင်က အရမ်းကျဉ်းတယ်...တဲ့။
လူသားအားလုံး အကျိုးပြုဖို့လား။ဒါမှ မဟုတ်ရင်။ သက်ရှိအားလုံး
အကျိုးပြုဖို့ ရည်ရွယ်ရမှာလား။
ဆူနာမီ ဖြစ်တော့ အင်ဒိုနီးရှား၊ထိုင်း၊အန္ဒိယ၊ဘင်္ဂလား အပါအ၀င်
အရှေ့အာရှ နိုင်ငံတွေမှာ လူတွေသေကြေကြတယ်။
ဟိုးအမေရိကန် နဲ့ ဥရောပ နိုင်ငံတွေမှာ..လူငယ်လေးတွေ ( YMCA ) အဖွဲ့ဝင်လေးတွေ..
စကိတ်စီးဖျော်ဖြေပွဲ၊စက်ဘီးစီးဖျော်ဖြေပွဲ၊စသည့်ဖြင့် မိမိ ကျွမ်းကျင်တဲ့
ပညာလေးတွေနဲ့
ရန်ပုံငွေလေးတွေစုပြီး ဆူနာမီ ဒုက္ခသည် တွေအတွက် လှူဒါန်းကြတယ်။
လေးစားပါတယ်။လူသားချင်းစာနာ..ပြီးတတ်နိုင်တဲ့ဖက်က ကူညီကြတယ်။
သူတို့က သူတို့လူမျိုး၊သူတို့ ဘာသာ၊ သူတို့ တိုင်းရင်းသားမို့လို့
ကူညီကြတာမဟုတ်ဘူး။လူသားချင်းစာနာလို့ကူညီကြတာပါ။
အဲဒါကြောင့်လဲ ပိုပြီးတော့...လေးစားရတာပေါ့။
သွေးချင်းသားချင်းကို ထိရင် နာကျင်ကြတယ်။ဒါက သဘာဝ ပါ။
လူမျိုးတူချင်းကို ထိရင် နာတယ်။ ဘာသာတူ ကို ထိရင်နာ တယ်။
အဓိကရုဏ်းတွေဟာ အဲလို နာကြည်းမှုတွေ ကနေမြစ်ဖျားခံကြတာချည်းဘဲဆိုရင်
ဘယ်သူတွေ ငြင်းမလဲ။ဘယ်လိုမှ..ကို..ဖြေသိမ့်ကျေနပ်ပေးလို့မရတဲ့ နာကျင်မှုမျိုးပါ။
ဒီလိုကိစ္စတွေမှာ ဆိုရင်..ကိုယ်တိုင်အပါအ၀င် မျိုးချစ်စိတ်ရှိသူအားလုံး
အသက်ကို ဖက်ရွက်လောက်တောင် တန်ဖိုးမထားဘဲ...ချေမှုန်းချင်ကြတယ်။
အပြတ်တိုက်ခိုက်ချင်ကြတယ်။သေရမှာ ထက်..ကိုယ့်အမျိုးကို စော်ကားတာ
ခေါင်းငုံခံနေရတဲ့ဘ၀ ကိုပို မုန်းတတ်ကြတယ်။
ဟိုးရှေးယခင်ကတည်းက လူသားတွေဟာ..ကြီးနိုင်ငယ်ညှင်း..နဲ့
အုပ်စုတစ်စုပေါ်ကို တစ်စု ..နိုင်လိုမင်းထက်..တိုက်ခိုက်စိုးမိုးခဲ့ကြတယ်။
ဘယ်နေရာမဆို..ဘယ်ဒေသမှာမဆို..ကမ္ဘာကြီးပေါ်မှာ...ဒီလိုနဲ့
မြို့တွေ၊ရွာတွေ၊နယ်တွေ၊ပိုင်နက်တွေ၊တိုင်းနိုင်ငံတွေရယ်လို့....ခွဲခြမ်းမင်းမူလာခဲ့ကြတာ
အခု သန်းပေါင်း7000 ကျော်ဟာ နိုင်ငံပေါင်း ၂၅၇ နိုင်ငံ (
ကျွန်းနိုင်ငံငယ်လေးတွေ အပါအ၀င် ) မှာ
ဖြန့်ကျက်နေထိုင်နေကြပါတယ်။http://www.listofcountriesoftheworld.com/
အဓိက ဘာသာကြီး လေးခု ၊ ဘာသာငယ်ပေါင်း ၁၈ ခု http://www.adherents.com/Na/i_s.html
တခြားကိုးကွယ်သော ဘာသာမည်ကာမတ္တ ပေါင်းများစွာနဲ့ နေထိုင်နေကြပါတယ်။
အားလုံးဟာ ကိုယ့်အမျိုးဘာသာကို ချစ်ကြပြီး ကိုယ့်နိုင်ငံဘာသာ လူမျိုးအတွက် ဆိုရင်
တိုက်ခိုက်ခုခံကာကွယ်သွာကြမယ့်
လူတွေချည်းဖြစ်တယ်ဆိုတာကို...အားလုံးသိထားဖို့လိုပါတယ်။
ထိုအထဲတွင် ဘာသာအားလုံး၊ နိုင်ငံအားလုံးက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။
စစ်ကို မုန်းကြပါတယ်။ တရားဥပဒေ ကို စိုးမိုးစေချင်ကြပါတယ်။
ထိုအထဲတွင် extremism ( အစွန်းရောက် အယူဝါဒ ) ရှိသူများက မိမိတို့ ဘာသာ
ကို တစ်ကမ္ဘာလုံး
ကိုးကွယ်မှ သာ..ငြိမ်းချမ်းသော ကမ္ဘာကြီးကို တည်ဆောက်နိုင်မယ်လို့
ယုံကြည်နေကြသူများကို
ခုတုံးလုပ်ပြီး မိမိတို့ သြဇာ အာဏာ အကျိုးစီးပွါးအတွက်
အကြမ်းဖက်ဂိုဏ်းများကို တည်ထောင်ပြီး
ဘာသာ ရေးအစွန်းရောက်
ဝါဒဖြန့်မှုများ...လက်စားခြေခြင်းများ...ရန်လိုတိုက်ခိုက်ခြင်းများကို
နေ့စဉ်သတင်းများ...ကမ္ဘာ့မီဒီယာများတွင် ..အချိန်နှင့်အမျှ
...ထုတ်လွှင့်နေလို့ ကြားသိနေရပါတယ်။
သမိုင်းများတွင်လည်း...ဘာသာရေးကို အခြေခံပြီး လူပေါင်းသန်းပေါင်းများစွာသေကြေခဲ့သော
စစ်ပွဲပေါင်းများစွာ ဖြစ်ပွါးခဲ့ပြီးဖြစ်ပါသည်။http://www.lepg.org/wars.htm
ပြဿနာများအားလုံးပြီးဆုံးသွားပြီလား...ဆိုတော့..မဟုတ်သေးပြန်ပါ။ဒီတော့အဲဒီစစ်ပွဲများဟာ
အဖြေမဟုတ်ကြောင်းပေါ်လွင်နေပါသည်။တစ်ချို့က ငြိမ်းချမ်းရေးတရား..လူအခွင့်အရေး...
ဘက်လိုက်မှုကင်းသော အုပ်ချုပ်ရေး..တရားမျှတရေး..မျိုးစုံတရားများဟောကာ လူသားတို့ကို
ဆုံးမကြသည်။..သို့သော်..
မိမိဖြစ်တည်နေသော လူ့အဖွဲ့အစည်းအတွင်း...မိမိ ပိုင်ဆိုင်ထားသော..ခံယူချက်အယူဝါဒ..
လူမျိုးအမည်ကို မိမိ တို့ စောင့်ထိန်းရမည်..ဟူသော သမိုင်းပေး...တာဝန်တစ်ခုကလည်း..
(ဘယ်သူသတ်မှတ်ထားမှန်းမသိ ) အလိုလို လူ့သားတို့
စိတ်ထဲတွင်..ကိန်းဝပ်လျှက်ရှိရကား...
သိက္ခာတရား၊ အရှက်တရား၊အမှန်တရား၊စသည် တို့ကို ကာကွယ်ရင်း အသေခံကြရမည်ကို
ဝန်မလေးကြချေ။
မည်သို့ပင်ဖြစ်စေ...
တစ်ဖက်နှင့်တစ်ဖက်..တိုက်ခိုက်မှုများသည်..အငြင်းအခုံဖြင့်တစ်မျိုး...လက်တွေ့တစ်ဖုံ
ရှိမြဲရှိလျှက်..ကမ
္ဘာကြီးပျက်သွားသည့်တိုင်....တိုက်ခိုက်နေကြဦးမည်မှာ..အသေအချာပင်
ဖြစ်ပါတော့သည်။
ငြိမ်းချမ်းချင်လျှင်ဖြစ်နိုင်ပါသည်။
တစ်ဖက်ဖက်မှ...လုံးဝ အရှုံးပေးပြီး...
မိမိတို့ လူမျိုးဘာသာသည်..ပျောက်ကွယ်သွားသင့်သည် ဟုထောက်ခံလိုက်လျောခြင်းပင်
ဖြစ်သည်။ထိုသို့မဟုတ်လျှင်...တူသောအရာလေးများကို ဆွဲထုတ်ပြီး..လိုက်လျောညီထွေ..
ရောထွေးနေနိုင်လျှင်ဖြစ်ပါသည်။( တစ်ဦး၏ လွတ်လပ်ခွင့် ကို တစ်ဦးက
လက်ခံနားလည် ခြင်းဖြင့်)
နောက်တစ်မျိုးက...တစ်ဦး၏ လွတ်လပ်ခွင့်သည် တစ်ဦး၏ အကျိုးစီးပွါးကို
ထိခိုက်လျှင်တော့....
ကျွန်တော်တို့ ဘယ်လိုမှ
လက်တွဲနေထိုင်နိုင်မည်မဟုတ်ပါချေ။(အစွန်းရောက်များသည်...သူတပါး
ဘာသာကို တိုက်ခိုက်ခြင်းဖြင့်..ကောင်းရာသုဂတိသို့လားမည် ဟု ယုံကြည်လျှက်ရှိပေသည်။)
ကျွန်တော်တို့ ဆုံးဖြတ်နိုင်သည်မှာ.....
လက်တွဲနေကြည့်၍အဆင်ပြေအောင်နေရမည်။ မပြေပါက ခွဲခြား၍ နေရမည်။
သည်းခံ၍နေကြည့်ရမည်။ မရပါက...တုန့်ပြန်ရမည်။
ခွင့်လွှတ်ရမည်။မရပါက..ဆုံးမရမည်။
အရှေ့မှ သွားရမည်။မရပါက အနောက်က လိုက်ရမည်။
မိမိက လွှတ်ပေးရမည်။
မိမိ၏ အကျိုးစီးပွါး အသက်အန္တရယ်ကို
ရန်ရှာလာပါက..စည်းလုံးရမည်။တွန်းလှန်ရမည်။
ဗို်လ်ချုပ်သည် လူလူချင်းဖြစ်ပါလျှက်..အဘယ်ကြောင့် မြန်မာလူမျိုးအတွက်
ဆိုပြီးတိုက်ပွဲဝင်ခဲ့လေသနည်း.။အင်္ဂလိပ်လည်းလူ...ကုလားလည်းလူ ပင်ဖြစ်သည်။
သို့သော်... အမျိုးချစ်သောသူကို အမျိုးက ထာဝရ ချစ်သွားပါမည်။
ဘယ်သူမှားသော မှန်သော ဆိုတာထက်...
ကျွန်တော်တို့တွင် သမိုင်းကပေးသော တာဝန်များ..ရှိကြပေသည်။
ထို့ကြောင့်...
မိမိတို့တက်စွမ်းသည့်ဖက်မှ...မိမိတို့ဘာသာ..သာသနာ..လူမျိုး..တိုင်းပြည်ကို ...
ကာကွယ်စောင့်ရှောက်ကြပါစို့..လို့။
ဧသာန်(ဇူလိုင်..၅၊ ၂၀၁၂)
0 comments:
Post a Comment