Saturday, July 14, 2012

အာဇာနည်ခေါင်းဆောင်များလုပ်ကြံမှု..တရားခွင်..အပိုင်း (၁) (၂)



(ဇူလိုင်လ (၁၉) ရက်နေ့သည်..မြန်မာ့လွတ်လပ်ရေးအတွက် လုံးပန်းဆောင်ရွက်နေကြသော
ခေါင်းဆောင်ကြီးများ  လုပ်ကြံခံခဲ့ရသည့် အာဇာနည်နေ့ဖြစ်ပါသည်။

လုပ်ကြံခဲ့သူများကို ထိုခေတ်က တရားရုံးတွင် စနစ်တကျ ရုံးတင် တရားစွဲဆို စစ်ဆေးခဲ့ပုံမှာ
အထူး လေ့လာဖွယ် ကောင်းလှပါသည်။
နိုင်ငံတော် လုပ်ကြံမှု ကြိးပင်ဖြစ်သော်ငြား တရားခံများကို ရရှိထိုက်သော ဥပဒေ အကာကွယ်
အပြည့်အ၀ပေးခဲ့ပါသည်။ တရားလိုတရားခံ တန်းတူ ညီမျှ ဥပဒေ အခွင့်အရေးရ ရှိပုံများကို
ထိုခေတ် သတင်းစာဟောင်းများကိုရှာဖွေ ကိုးကား၍ အခန်းဆက်ရေးသားသွားပါမည်။)

                             ………………………………………………………
 အခန်းဆက်(၁)
တရားစစ်ဆေးခြင်း ရက်စွဲ အချုပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ၁၉၄၇ ခုနှစ် ဇူလိုင်လ(၁၉)ရက်..နံနက် ၁၀နာရီ ၃၀မိနစ် လုပ်ကြံမှု ကျူးလွန်သည်။
၂။ ထိုနေ့ ညနေ၃နာရီတွင် ရန်ကုန်မြို့ အေဒီလမ်း ဦးစောအိမ် ကိုဝင်ရောက်ရှာဖွေဖမ်းဆီးသည်။
၃။ တရားခံစာရင်း ..ဦးစော။ မောင်စိုး။ သက်နှင်း။ မောင်စိန်။ ရန်ကြီးအောင်။ သုခ။ ခင်မောင်ရင်။
    မောင်နီ။ မှုံကြီး ။ ဘညွန့် တို့ဖြစ်သည်။
၎။ ၁၉၄၇ ခုနှစ် သြဂုတ်လ(၃၀)ရက်တွင် လုပ်ကြံမှုစစ်ဆေးရန် အထူးခုံရုံးဖွဲ့သည့် ဥပဒေ ထုတ်ပြန်သည်။
၅။ အမှုအမည်..(ဘုရင်ခံနှင့် ဦးစောပါ ၉ ဦး)။
၆။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ(၈)ရက်တွင် စတင်စစ်ဆေးသည်။
   ၁၉၄၇ ခုနှစ် အောက်တိုဘာလ(၁၅)ရက်တွင် သက်သေများ စတင်စစ်ဆေးသည်။
   ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်တွင် အမှု အပြီးသတ်သည်။
   ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်တွင် အမှု စီရင်ချက်ချသည်။
   ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ(၃)ရက်တွင် အမှုကို ဟိုက်ကုတ် သို့အယူခံဝင်သည်။
   ၁၉၄၈ ခုနှစ် မတ်လ(၈)ရက်တွင် အယူခံ ပယ်ချခံရသည်။
၇။  ၁၉၄၈ ခုနှစ် မေလ(၈)ရက် နံနက် အာရုဏ်တက်ချိန်တွင်..
     ( ဦးစော။ သက်နှင်း။ မှုံကြီး။ မောင်စိုး) အင်းစိန်ထောင်တွင် ကြိုးပေးသည်။
     ( စိန်ကြီး။ ရန်ကြီးအောင် ) ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် ကြိုးပေးသည်။
(ဇူလိုင်လ(၁၉)ရက်နေ့သည်..မြန်မာ့လွတ်လပ်ရေးအတွက် လုံးပန်းဆောင်ရွက်နေကြသောခေါင်းဆောင်ကြီးများ 
လုပ်ကြံခံခဲ့ရသည့် အာဇာနညိနေ့ဖြစ်ပါသည်။ လုပ်ကြံခဲ့သူများကို ထိုခေတ်က တရားရုံးတွင် စနစ်တကျ ရုံးတင်
တရားစွဲဆို စစ်ဆေးခဲ့ပုံမှာအထူး လေ့လာဖွယ် ကောင်းလှပါသည်။
နိုင်ငံတော် လုပ်ကြံမှု ကြိးပင်ဖြစ်သော်ငြား တရားခံများကို ရရှိထိုက်သော ဥပဒေ အကာကွယ်အပြည့်အ၀ပေးခဲ့ပါသည်။
တရားလိုတရားခံ တန်းတူ ညီမျှ ဥပဒေ အခွင့်အရေးရ ရှိပုံများကိုထိုခေတ် သတင်းစာဟောင်းများကိုရှာဖွေ ကိုးကား၍
အခန်းဆက်ရေးသားသွားပါမည်။)
                   ……………………………………………………………………
 ခန်းဆက်(၂)
အမှုအမည်..(ဘုရင်ခံနှင့် ဦးစောပါ ၉ ဦး)။ 
ခုံရုံးစတင်သောနေ့ နံနက် (၁၀) နာရီ။
၁၉၄၇ ခုနှစ် စက်တင်ဘာ (၂၄)ရက်။
 ပန်းဆိုးတန်း ဟိုက်ကုတ်တ၇ားရုံး အခန်းအမှတ် (ရ)
 ခုံသမာဓိအဖွဲ့ ဥက္ကဌ ……………. တရားဝန်ကြီး  ဦးကျော်မြင့်
တွဲဘက်တရားသူကြီးများ………. ဦးစီဘူး  နှင့် ဦးအောင်သာကျော်
 လုပ်ကြံမှုတွင် ကျဆုံးခဲ့ရသော သူများများ စာရင်း..
၁။ ၀န်ကြီး ဦးအောင်ဆန်း
၂။ ၀န်ကြီး ဦးဘချို
၃။ ၀န်ကြီး သခင်မြ
၎။ ၀န်ကြီး ဦးဘ၀င်း
၅။ ၀န်ကြီး မန်းဘခိုင်
၆။ ၀န်ကြီး မစ္စတာ ရာဇတ်
၇။ မိုင်းပွန်စော်ဘွား စပ်စံထွန်း
၈။ အတွင်းဝန်ကလေး ဦးအုန်းမောင်
၉။ အပါးတော်မြဲ မောင်ထွေး …… တို့ဖြစ်ကြပါသည်။ 
အမှုကို ခုံရုံးတင်ပြီးနောက် လုံခြုံရေးအတွက် တရားစစ်ဆေးခြင်းကို အင်းစ်န်အကျဉ်းထောင်သို့
ပြောင်းရွေ့ရန်..အမိန့်ချသည်။

အမှု စတင်စစ်ဆေးသည့်နေ့
၁၉၄၇ ခုနှစ် အောက်တိုဘာ (၈)ရက်။
အထူးတရားခုံရုံး- အင်းစိန်အကျဉ်းထောင်၊
မြင်ကွင်း(၁)   တရားရုံးဝန်းကျင် ပုလိပ် အစောင့်အရှောက် အပြည့်ချထားသည်။ 
မြင်ကွင်း(၂)   တရားရုံးအတွင်း ကုလားထိုင် အလုံးတစ်ရာခန့်ချထားသည်။

တရားခံဦးစော၏ ဇနီးဒေါ်သန်းခင်။ သမီးဖြစ်သူ ဘေဘီစော။ ယောက္ခမဖြစ်သူ ဦးလူကလေး တို့ ရောက်ရှိနေကြသည်။
သတင်းထောက်များ တက်ရောက်သတင်းယူကြသည်။
မြင်ကွင်း(၃)   တရားခံများသွင်းလာပုံမှာ..
တရားခံအားလုံးလက်ထိပ်ခတ်လျက်..
ရန်ကြီးအောင် .. ပန်းရောင်ပုဆိုးဝတ်လျက် လက်တိုအင်္ကျီဝတ်လျက်
မောင်စိန် .. ပလေကပ်ပုဆိုးနှင့် ရှပ်လက်ရှည် ၀တ်လျက်
မောင်နီ .. ဆွယ်တာလက်ပြတ်ဝတ်လျက်
ခင်မောင်ရင် .. ရုပ်ရည်သနားကနားရှိ..သေသပ်စွာဝတ်ဆင်လျက်
သုခ .. ဂျာကင်ဝတ်လျက်
သက်နှင်း . .မောင်စိုး..မှုံကြီး (သုံးယောက်ပူး လကိထိပ်ခတ်လျက်)
ဦးစော .. လက်ထိပ်လွတ်၊ ဘန်ကောက်ပုဆိုး၊သက္ကလပ်အင်္ကျီ၊ မျက်မှန်နက်တပ်လျက်။ နန်းရင်းဝန်စတိုင်ဖြင့်။
(တရားခံထဲတွင်..ဘညွန့်မပါတော့။ အစိုးရသက်သေ ဖြစ်နေပြီ)..ဖေါ်ကောင် ဘညွန့်။
တရားခွင်တွင်..တရားခံများအတွက် ရှေ့နေများ ရရှိရေး တရားသူကြီးများက ဆောင်ရွက်ပေးသည်။
ဦးစောက..ဘိလပ်မှ..၀တ်လုံ.မစ္စတာဗာတာနစ်..ကြို့ပင်ကောက် ဦးသိန်းကျော်.သာယာဝတီ ဦးစံဝင်း
ငှားလိုကြောင်းတင်ပြသည်ကို..တရားသူကြီးများလက်ခံလိုက်သည်။
အခန်းဆက်(၃) ဆက်လက်တင်ပြပါမည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...