Saturday, July 21, 2012

ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား




အောက်ဖော်ပြပါ ဆောင်းပါးသည် ဆောင်းပါးရှင် ကိုအောင်ဇင်လတ်က ၎င်း၏ Facebook စာမျက်နှာတွင် ဇူလိုင်လ ၂၀ ရက်နေ့က ရေးသားဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။ ထိုဆောင်းပါမှာ ရခိုင်အရေးနှင့် ပတ်သက်ပြီး အတွေးရှုထောင့်တစ်ခုမှ တင်ပြထားသော ဆောင်းပါး ဖြစ်သည့်အတွက် ထိုအတွေးရှုထောင့်တစ်ခုကို ရရှိစေရန် ရည်ရွယ်ပြီး ပြန်လည်မျှဝေ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆောင်းပါးပါ အကြောင်းအရာများမှာ ဆောင်းပါးရှင် ကိုအောင်ဇင်လတ်၏ အာဘော်သာဖြစ်ပြီး Eleven Media Group ၏ အာဘော် မဟုတ်ကြောင်း သိစေအပ်ပါသည်။ 

by Aung Zin Latt on Friday, July 20, 2012 at 4:03pm

ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီး ဘင်္ဂါလီမက ရိုဟင်ဂျာဆိုတာ မြန်မာကိစ္စပဲ မြန်မာဘက်က ပြန်ခေါ်ပါဆိုပြီး သူတို့ဘက်မှာ ဒုက္ခသည်အဖြစ်နဲ့ နေနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို မြန်မာဘက် အတင်းပြန်ပို့နေပါတယ်။ ဒါ့အပြင် ကော့ဘဇားဒေသက မဲပေးပိုင်ခွင့်ရှိနေတဲ့ ရိုဟင်ဂျာအမည်နဲ့ စစ်တကောင်းဘင်္ဂါလီတွေကိုလည်း မဲပေးခွင့်တွေ ပယ်ဖျက်နေတာလည်း တွေ့ရတယ်
ဒါဟာ လက်ရှိအာဏာရ အဝါမီလိဂ်က သူ့ရဲ့နိုင်ငံရေးပြိုင်ဘက် ဘင်္ဂလား အမျိုးသားရေးနဲ့ အစ္စလာမ်မစ်ဝါဒီ ဘီအင်န်ပီ လာမဲ့ရွေးကောက်ပွဲမှာ မဲအသာမရအောင် လုပ်နေတာလို့ လေ့လာသူအချို့က သုံးသပ်ကြတယ်။



အမေရိကန်ဦးဆောင်တဲ့ အနောက်ကအမြင်မှာ လက်ရှိဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာဇီနာရဲ့ အဖေ ဘင်္ဂလားကျားကြီး ရှိတ်မူဂျစ် လက်ထက်ကတည်းက အဝါမီလိဂ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားတဲ့သဘောထားမျိုးရှိတဲ့ လက်ဝဲယိမ်း လစ်ဘရယ်သမားတွေရဲ့ ပါတီလို့ ယူဆထားတာမို့ သူ့ပြိုင်ဘက် ဘီအင်န်ပီနဲ့ ယှဉ်ရင် အဝါမီလိဂ် အာဏာရနေတာမျိုးကို သဘောကျကြပုံပဲ။ ဘီအင်န်ပီကတော့ ဗိုလ်ချုပ်ကြီး ဇီယာရာမန် စထောင်ကတည်းက အစ္စလာမ်မစ်တွေရဲ့ပါတီ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ပါတီလို့ သိထားကြတာကိုး။

ဟိုးအရင့်အရင်ကတည်းက ဘာသာရေးကို တံတိုင်းတစ်ခုလို အသုံးပြုနေတဲ့ ရိုဟင်ဂျာတွေနဲ့ ဘီအင်န်ပီက အဖွဲ့ကျတယ်၊ အဝါမီလိဂ်က သူတို့ကို ချီးထုပ်တွေ ဝန်ထုပ်ဝန်ပိုးတွေလို့သဘောထားပြီး ဖြစ်နိုင်ရင် အားလုံးယိုတဲ့ချီး ပုဇွန်ဆိပ်ခေါင်းမှာပုံသလို မြန်မာပြည်ထဲ ပစ်ထည့်ချင်နေတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့သူက ဒီရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို လက်ခံပါမယ် ဆိုတဲ့ သတင်းတွေထွက်လာတယ်၊ ဒါပေမဲ့ မြန်မာအစိုးရဘက်က ဒီကိစ္စကို ရေငုံနေပြီး ဘင်္ဂလားဘက်က မီဒီယာတွေသာ ရေးကြသားကြ ထုတ်လွှင့်ကြတာကို သတိထားမိတယ်။

နောက်တော့ ကုလဒုက္ခသည် မဟာမင်းကြီးနဲ့ သမ္မတဦးသိန်းစိန်တွေ့တော့မှ မြန်မာဘက်က သဘောထားကို အားလုံး သိသွားကြတာ။

ဦးသိန်းစိန်က ဒီဘင်္ဂါလီတွေဟာ စစ်တကောင်းအနွယ်ဖွားတွေပဲ သူတို့ကို ပြန်မခေါ်နိုင်ပါဘူးလို့ အတိအလင်းပြောသွားတယ်၊ ဒါပေမဲ့ ဖ-ဆ-ပ-လ ခေတ်က လုပ်ခဲ့တဲ့ အမှားကိုဆက်ခံဖို့ ငြင်းဆန်ခွင့်မရှိတော့ အဲဒီတုန်းက နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေရယ်၊ သူတို့က ဆက်ပွားလာတဲ့ သားရယ် မြေးရယ်ကို ခိုင်ခိုင်လုံလုံ အထောက်အထားပြနိုင်ရင်တော့ လက်ခံမယ် ဆိုတာမျိုးတော့ ပြောတာရှိတယ်။

ဘင်္ဂလားဘက်က ပြောနေတာက မြန်မာအစိုးရပြောပြောနေတဲ့ အထောက်အထားစာရွက်စာတမ်း (မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ မွေးစာရင်း ဆိုတာမျိုးတွေ) ရှိတဲ့သူတွေက သုံးသောင်းကျော်ရှိတယ် မရှိတဲ့သူတွေက လေးသိန်းလောက်ရှိတယ် လို့ဆိုတယ်။

ခိုင်လုံတဲ့ အထောက်အထား ရှိသူနဲ့ သား မြေ ၂ ဆက်ကို လက်ခံမယ်ဆိုရင်တောင် အရပ်ထဲမှာပြောပြောနေတဲ့ အဖေတစ်ယောက် သားသမီး အယောက် ၂၀ ဆိုတဲ့ ဒီစစ်တကောင်းဘင်္ဂါလီတွေရဲ့ ကြောက်စရာကောင်းတဲ့ မွေးဖွားနှုန်းကိုလည်း ထည့်တွက်ဖို့ လိုမှာလည်း သတိထားမိတယ်။ သုံးသောင်း အမြှောက် နှစ်ဆယ် ကို နောက်ထပ် အမြှောက် နှစ်ဆယ် ဆိုရင်လည်း မလွယ်လှဘူး။

လောလောဆယ်ဆယ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက် ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင် အသဲအသန်ကျိုးစားနေရတာ သတိထားမိတယ်။ ကျိုးစားပေမဲ့ သူ့အစိုးရအဖွဲ့ထဲက ကျပ်မပြည့်တဲ့ အဖွဲ့ဝင်အချို့ရယ်၊ နောက်ကွယ်က သူငယ်နာမစင်သေးတဲ့သူတွေရယ်၊ ကိုယ်ကျိုးစီးပွားထိခိုက်မှာကို အရမ်းစိုးရိမ်နေတဲ့ သိုက်တူးသမားတွေရယ်၊ သူတို့ကိုယ်သူတို့ မရှိမဖြစ်တွေ သူရဲကောင်းတွေ ချောက်ထဲမကျအောင် ကယ်တင်တဲ့သူတွေလို့ အထင်ရောက်ရင်း ရင်ဘက်ပြားကပ်ကပ်ကို ကော့ကော့ပြနေတဲ့ သူတွေရယ်က ကတစ်ဖက် အတိုက်အခံဘက်မှာလည်း ခံစားခဲ့ရတာကို စားမြုံ့ပြန်ရင်း အနာဖက်ကို အရသာခံခွာစားနေသူတွေရယ်ကတစ်ဖက်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူပေါင်းမှု (ဗမာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး) ဟာ အဖုတွေအထစ်တွေနဲ့ ထင်သလောက် ခရီမတွင်လှဘူး။

တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ ဒီထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပူပေါင်းနိုင်မယ်ဆို မြန်မာ့ပုံရိပ်ဟာ အခုထက်ပိုထွက်နိုင်မယ်။ ဒီထက်မက ဗမာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင် လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို ပျောက်သွားစေမှာပဲ။

မြန်မာက ဆိုးနေတဲ့ သူတို့ရဲ့ ပုံရိပ်ကို အသဲအသန် ကျိုးစားပြီး ပုံရိပ်ကောင်းထွက်အောင် လုပ်နေတာကို သတိထားမိတဲ့ ဒီစစ်တကောင်း ဘင်္ဂါလီတွေဟာ မြန်မာ့အခက် ရိုဟင်ဂျာအချက်ဆိုပြီး ကမ္ဘာမှာ မြန်မာပုံရိပ်ဆိုးထွက်အောင် လိုက်လုပ်ရင်း ဖိအားတွေပေးနေတယ်။

ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ် ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။

တကယ်တော့ သူတို့ဟာ အတိုက်အခံတွေရဲ့ စစ်အစိုးရအပေါ် လူ့အခွင့်ရေးချိုးဖေါက်ဖိနှိပ်မှု စွတ်စွဲချက်တွေကို မှီတွယ်ပြီး ညောင်ပင်လို ဝါးမျိုခဲ့တာပဲ။

သူတို့ရဲ့ အစီစဉ်က ကိုဆိုဗိုမှာလို အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေ ကမ္ဘာ့ဂရုဏာသက်မှုနဲ့အတူ အောင်ပွဲခံခဲ့တာမျိုး ဖြစ်အောင်လုပ်ချင်တာ။

မူလက အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။

(၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်)

ပြဿနာဖြစ်ပြီဆို လူများစု ဆလပ်တွေက လူနည်းစု အယ်ဘေးနီးယားအနွယ်တွေကို အနိုင်ကျင့်တာပေါ့ ဒါပေမဲ့ တကယ်ခံရတာက ကိုဆိုဗိုက လူနည်းစု ဆလပ်တွေ၊ အပြင်ကလူတွေက နကိုယ်ကတည်းက လက်ဝဲ ယူဂိုဆလပ် အစိုးရကို မကြိုက်တာနဲ့ အခုရိုဟင်ဂျာလိုပဲ အယ်ဘေးနီးယားတွေ အငိုပြကောင်းတာနဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံတကာ အမြင်မှာ လူများစု ဆလပ်တွေ လူနည်းစု အယ်ဘေးနီးယားတွေကို ဘာသာရေးအကြောင်းပြုပြီး နှိပ်စက်တယ်ပေါ့။

ဒီလိုနဲ့ နောက်ဆုံး မီလိုဆီဗစ်တို့လို ခပ်ကြမ်းကြမ်း ဆလပ် (ဆာ့တ်) တွေ ဝင်လာတော့ နိုင်ငံတကာအမြင်မှာ ဆလပ်တွေဟာ လူရိုင်းတွေ လူဆိုးတွေလို့ မြင်သွားရရော။

အဲဒီကိုဆိုဗိုစစ်မှာ မွတ်ဆလင်ညီအကို ဆိုတဲ့အမြင်နဲ့ ဘာသာရေးအရဖိနှိပ်မှုလုပ်တယ်လို့ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ဆာ့တ်တွေကို ဆန့်ကျင်ကန့်ကွက်ပြီး အယ်ဘေးနီးယားတွေကို ကူညီခဲ့ကြတယ်။ တောင့်တင်းတဲ့ သူတို့ရဲ့ ဓနအင်အားနဲ့ အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့ မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။ အများစုက အယ်ဘေးနီးယားနွယ် အစ္စလာမ်ဘာသာဝင်တွေကိုပဲ ဂရုဏာသက်ခဲ့ကြပြီး ဆလပ်တွေရဲ့ ရက်စက်မှုတွေကိုသာ ရှုတ်ချကန့်ကွက်ခဲ့ကြတော့ အယ်ဘေးနီးယားတွေရဲ့ ဆလပ်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ လူသားမဆန်မှုတွေဟာ မှေးမှိန်ခဲ့ရတယ်။

တကယ်ဆို ကိုဆိုဗိုမှာ အယ်ဘေးနီးယား အစ္စလာမ်ဘာသာဝင်တွေက လူများစုဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့တ်တွေက လူနည်းစုပါ။

အခု ရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကို ပုံတူကူးပြီး ကမ္ဘာ့က မြန်မာကို အရိုင်းအစိုင်းတွေမြင်အောင် လုပ်နေကြတာပဲ။

၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။

အခု မောင်းတော ဘူးသီးတောင်မှာလည်း ဒီအတိုင်းပဲ ပဋိပက္ခဖြစ်ရင် ရခိုင်နဲ့ အစ္စလာမ်ဘာဝင်မဟုတ်တဲ့ လူနည်းစုက ပြောင်းပြေးရပြီ။ ကျောင်းဆရာတွေ ကျမ္မာရေးဝန်ထမ်းတွေ စတဲ့ အစိုးရဝန်ထမ်းတွေတောင် မနေရဲ့ မသွားရဲတော့ဘူး၊ ဒီတော့ နောက်ပိုင်း မောင်းတော ဘူးသီးတောင်ဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်မသွားနိုင်လို့ မပြောနိုင်ဘူးပေါ့။

တစ်နေ့က တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက် ဒီမိုပါတီတွေ သမ္မတဦးသိန်းစိန်နဲ့တွေ့ပြီး ရခိုင်တွေက ပြည်သူ့စစ်လို တပ်ထောင်ပြီး နယ်ခြားစောင့် တပ်အဖြစ်တာဝန်ပေးဖို့ သွားဆွေးနွေးသတဲ့။ သမ္မတကြီးက ဒီကိစ္စအပေါ် ဘာမှမတုံ့ပြန်ပေမဲ့ မြန်မာပြည်မှာက ဘီဂျီအက်ဖ်လို နယ်ခြားစောင့်တပ် ပေါ်လစီရှိတော့ ရခိုင်တွေတင်ပြချက်ဟာ မဖြစ်နိုင်ဘူးလို့လို့လည်း ပြောလို့မရဘူး။

ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေ မနေရဲတဲ့ မောင်းတောလို ဘူးသီးတောင်လို နေရာမျိုးတွေမှာ တပ်စွဲခြင်းအားဖြင့် အဲဒီဒေသကို ထိန်းချုပ်ပြီးသား ဖြစ်သွားနိုင်တယ်။

ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊ ဒီအတွက် စိတ်ဓါတ်မြင့်မားအောင် ပညာပေး လေ့ကျင့်ထားဖို့လိုမယ်။

ဒါ့အပြင်နောက်တစ်ချက်က နယ်ခြားစောင့်တပ်ဟာ ပြည်ထောင်စုတပ်မတော်ရဲ့ အထိန်းအကွပ်အောက်မှာရှိဖို့လိုတယ်၊ ဒါကလည်း ရာဇဝင်ကို လှေလုပ်စီးပြီး အတိတ်က ရွှေထီးကို ပြန်တမ်းတတတ်တဲ့ အလေ့အထ တိုင်းရင်းသားလူမျိုးစုတွေမှာ ရှိကြတာမို့ နယ်ခြားစောင့်တပ်ကနေ ခွဲထွက်ရေးတောင်းဆိုတဲ့ တပ်ဖြစ်မသွားအောင်ပါ။

တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့ ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။

အခုတော့ အားလုံးက ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီးဘာသာရေးပဋိပက္ခယိမ်း ကနေကြတယ်။ ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့ စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့ ယူဆလောက်တယ်။

အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေက ဘာမှမဆိုင်ပဲ ငါတို့မွတ်လဆင်တွေဆိုပြီး ရိုဟင်ဂျာဘက်လိုက် ပြောနေရေးနေကြတာ အရမ်းသိသာလွန်းတယ်၊ ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒဘုရားကျောင်းလုပွဲတုန်းက နုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ အတော်ရုပ်ပျက်လွန်းတယ်။

တကယ်ဆို ရိုဟင်ဂျာပြဿနာကို အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့ ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့ မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန် နေရာပေးလက်ခံပါရဲ့လား။

တကယ်တော့ အလာဟ်ကပဲဖန်ဆင်းထားထား ဘုရားသခင်ကပဲ ဖန်တီးခဲ့တယ်ဆိုဆို ယေဟိုးဝါးကပဲ ပြုလုပ်ခဲ့တယ်ပြောပြော ဗြဟ္မာကြီးတွေကြောင့် ပေါ်လာတာပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာမြေကြီးဟာ နယ်နမိတ်အပိုင်းအခြားတွေ နိုင်ငံအခွဲအခြမ်းတွေနဲ့ စိတ်ပိုင်းထားပြီး ပိုင်ဆိုင်သူအသီးသီးနဲ့ နယ်မြေတွေဖြစ်နေကြပါပြီ။ အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့ အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင် လူမျိုးကွဲပဲ။ ဒီတော့ ဘယ်လောက်ပဲ ဘာသာတူတူ နိုင်ငံသားချင်းမတူရင် လူမျိုးခြားပဲ။

ဘာသာရေးနဲ့ နိုင်ငံသား ကွဲကိုကွဲနေရမယ် မဟုတ်ရင် အားလုံးရှုတ်ကုန်မှာ။

ဘယ်လိုပဲဖြစ်ဖြစ် ဘာသာနဲ့ လူမျိုး လေ၀မ်းမကွဲသူတွေက ဘယ်လောက်ပဲ အော်နေပါစေ ရခိုင်မြောက်ပိုင်းကို ဒုတိယကိုဆိုဗိုတော့ အဖြစ်မခံနိုင်တာ မြန်မာမှန်တဲ့သူတိုင်းရဲ့ဆန္ဒပါ။

ကျနော်တို့သာ ဟိုတွေးဒီရေး ပြောနေဆိုနေကြပေမဲ့ နိုင်ငံခေါင်းဆောင် တက်လုပ်နေသူတွေကတော့ ဘာလုပ်ရမယ်ကို စီစဉ်ပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...