Friday, July 13, 2012

''ဥပဒေရဲ့အထက်မှာ''


by ကိုဝိုင် ဝိုင်ကေ on Friday, July 13, 2012 at 9:15am ·

အချိန်က နံနက်အရုဏ်တက် လေးနာရီခန့်၊ အင် ဂျင်ပါဝါ အလွန်ကောင်းမွန်သော ပြိုင်ကားတစ်စီး၏ ကားစက်သံကို ကြားလိုက်ရသူတိုင်း သတိထားလိုက် မိသည်။ ထိုပြိုင်ကားသည် အရှိန်ပြင်းစွာ မောင်းနှင် လာရာမှ မီးပွိုင့်တစ်ခုအနီးအရောက်တွင်လည်း မီးဝါ သွားသည်ကို မြင်လိုက်သည့်တိုင် အရှိန်လုံးဝမလျှော့ဘဲ ပွိုင့်ကိုဖြတ်ကာ ဘယ်ဘက်သို့ အတင်းချိုးကွေ့ဝင်လိုက် သဖြင့် မီးစိမ်း၍ တည့်တည့်ဖြတ်မည့် တက္ကစီကားမှာ ဘရိတ်ကမန်းကတန်း အုပ်လိုက်ရ၏။မီးပွိုင့်အနီး လမ်းဆုံမှာပင် တိုက်ခန်းတွဲတစ်ခုရှေ့ အရောက် ပြိုင်ကားထိုးရပ်သွား၏။ သို့သော် ကားတွင်း အော်ဒီယိုစနစ်ကို အသံအစွမ်းကုန်တင်လိုက်သဖြင့် ရက်ပ်ဂီတသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တစ်ဖန် ကားမောင်းသူလူငယ်က ကားပေါ်မှမဆင်းဘဲ ဂီယာဖြုတ်ပြီး လီဗာကို အတိုးအလျှော့ပြုကာ အင်ဂျင် စက်သံကို တဝေါဝေါကျယ်လောင်စေပြန်၏။
ပတ်ဝန်းကျင်တိုက်ခန်းများမှ အိပ်ပျော်နေသူအားလုံး လိုလို လန့်နိုးလာကြလေပြီ။ တစေ့တစောင်း ချောင်း မြောင်းကြည့်ရှုကြရင်း သည်းမခံနိုင်သည့် ယောက်ျား ကြီးတစ်ယောက်က လှမ်းအော်ဟစ် သတိပေးလိုက်မိ လေသည်။သူ့အသံနှင့်သူ ဆူညံနေသည့်ကြားမှပင် ပြိုင်ကား မောင်းလူရွယ်က လှမ်းအော်သံကို ကြားဖြစ်အောင်ကြား တော့ အသင့်ဆောင်ထားသော သံတုတ်တစ်ချောင်းဆွဲ ကာ ကားပေါ်မှဆင်းလာပြီး အယုတ္တအနတ္တ ဆဲဆိုလေ တော့သည်။ သတိလှမ်းပေးသူကိုလည်း ထွက်လာရန် စိန်ခေါ်၏။ထိုစဉ်မှာပင် တိုက်ခန်းလှေကားတစ်ခုပေါ်မှ မိန်း ကလေးတစ်ယောက် ဆင်းလာ၏။ ညအိပ်ဝတ်စုံလေး ပေါ်မှ အပေါ်ဝတ်လေး ကောက်စွပ်ဆင်းလာကာ ထိုမိန်း ကလေးမှာ ခေတ်စကားအရဆိုလျှင် ပထမတန်းစား အလန်းစားလေးဖြစ်၍ ပြိုင်ကားရှင် လူရမ်းကားလေးနှင့် အချိတ်အဆက်ဖြစ်ပုံရ၏။ထိုမိန်းမလှလေးက အတန်ကြာ တတွတ်တွတ် ချော့မော့နှစ်သိမ့်ရင်း အကြင်နာလေးများလည်းြေ>ွခ လိုက်မှ ထိုလူရမ်းကားလေသည် ပြိုင်ကားပေါ် ပြန်တက် ပြီး တဝူးဝူးတဝေါဝေါ မောင်းထွက်သွားလေတော့သည်။ ကမ္ဘာကျော် ကားမောင်းဂိမ်းNeed For Speed နောက်ဆုံးဗားရှင်းထဲက ဇာတ်ကွက်လော၊ 2 Fast 3 Fast စသည့် ဟောလိဝုဒ်ရုပ်ရှင်စီးရီးမှ အခန်းတစ်ခန်း လောဟု ထင်လောက်စရာ ထိုအဖြစ်အပျက်သည် မိုးတွေ သည်းစွာမရွာမီ မကြာမီကမှ မရမ်းကုန်းမြို့နယ်အတွင်း ရှိ မီးပွိုင့်တစ်ခုအနီးတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါသည်။မိန်းမလှလေးမှာ မြန်မာနိုင်ငံတွင် နာမည်အကြီး ဆုံး ကုမ္ပဏီအုပ်စုကြီးတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်၍ ပြိုင်ကားနှင့် လူရမ်းကားလေးမှာလည်း ထိုကုမ္ပဏီအုပ် စုနှင့် ပတ်သက်သူဟူ၍ အကြောင်းသိများက ပြောကြ ပါသည်။ သူတို့ပုဂ္ဂိုလ်ရေးတွေ စာရေးသူ စိတ်မဝင်စား ပါ။ ပတ်ဝန်းကျင်လူအများကို အနှောင့်အယှက်ဖြစ်စေ၊ အန္တရာယ်ဖြစ်စေနိုင်သော၊ ဥပဒေကို ထီမထင် လွန်ကျူး သည့်စရိုက်ကိုသာ ဖော်ထုတ် ကန့်ကွက်လိုပါသည်။ယခုလို မိုးသည်းကြီးမည်းကြီးမရွာခင်က ညဥ့် အခါများဆိုလျှင် ရန်ကုန်မြို့၏ လမ်းမများပေါ်မှာ ပြိုင်ကား သောင်းကျန်းတတ်ကြသည်ကို ကြားသိ နေရပါသည်။ ညပိုင်းတက္ကစီမောင်းသူများဆိုလျှင် သူတို့ ကို အထူးသတိပြု မောင်းနှင်နေရသည်ဟု ဆိုသည်။ လမ်းမကြီးတစ်ခု၏ ကျောကပ်လမ်းသွယ်မှာနေ၍ အပေါ်ထပ်မှာ အိပ်သော စာရေးသူပင်လျှင် မကြာခဏ ညဥ့်အခါတွင် ပြိုင်ကားစက်သံများ ကိုယ်တိုင် ကြားရ တတ်ပါသည်။ကျော်မကောင်းကြားမကောင်း မတော်တဆမှု တစ်ခု ခု အကြီးအကျယ်ဖြစ်မလာခင် ကြိုတင်ကာကွယ်တား ဆီးသင့်ပြီဟု ထင်ပါသည်။ မြန်မာ့လူ့ဘောင်တစ်ခုလုံး Rule of Law အတိုင်းဖြစ်စေဖို့ သမ္မတကြီးကလည်း မိန့်ခွန်းတစ်ခုထဲမှာပင် အကြိမ်ကြိမ်ထည့်ပြော၊ ဒေါ် အောင်ဆန်းစုကြည်ကလည်း ပြော၊ အခြားသူများက လည်း ပြောကြ ရေးကြရှိလေသလောက် ဥပဒေနှင့်တကွ လူ့အဖွဲ့အစည်းကိုပါ ဂရုမစိုက်သည့် လူရမ်းကားများကို လျစ်လျူရှုထားစရာ အကြောင်းရှိမည်မထင်ပါ။ဥပဒေအကြောင်း တင်ပြလက်စနှင့် ထီမထင်သည့် လူနည်းစုနှင့် ဆန့်ကျင်စွာ အများပြည်သူတို့ လိုက်နာရ သည့် ဥပဒေတစ်ခုအကြောင်း ဆက်လက်တင်ပြချင်ပါ သေးသည်။ အသစ်ပြဋ္ဌာန်းထားသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေအရလည်း ပြည်သူများသည် ဧည့် စာရင်း မပျက်မကွက် တိုင်ကြားရမည်ဟု ဆိုသည်။ရှင်းရှင်းပြောရလျှင် ပြည်သူအများစုက ဧည့်စာရင်း မတိုင်ချင်ကြ။ အစိုးရဟောင်းအဆက်ဆက်က ဧည့်စာရင်း ကြောင့် အနည်းဆုံးတော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြ ရသမျှ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ဧည့်စာရင်း တိုင်စရာမလိုတော့ဟု မျှော်လင့်ခဲ့ကြသော်လည်း ဥပဒေ သစ်အရလည်း ဧည့်စာရင်းတိုင်ရမည်ဆိုတော့ သက်ပြင်း ချခဲ့ကြရသည်။သို့ဆိုလျှင် ပြည်သူတွေ ဘာကြောင့် ဧည့်စာရင်း မတိုင်ချင်ကြရပါသနည်း။ အကြီးအကဲများအနေဖြင့် ပြည်သူများအား ကိုယ့်အိမ် ဧည့်သည်လာလို့ လာကြောင်း သွားသတင်းပို့လိုက်၊ ပြီးတာပဲ၊ ဘာများ အပန်းကြီးလို့ လည်း ထင်ကောင်းထင်ကြပေမည်။လက်တွေ့တွင် ပြည်သူအများမှာ ဧည့်စာရင်းတိုင် ရန်ကိစ္စပင် ရှောရှောရှူရှူဖြစ်ခဲ့သည်ကိုသာ အတိတ် မှာ ရင်ဆိုင်ခဲ့ကြရသည်။ (အပြစ်တင်ခြင်းမဟုတ်၊ ပစ္စုန်ပ္ပန်နှင့် အနာဂတ်တွင် ပြုပြင်သင့် ပြုပြင်နိုင်ရန် တင်ပြခြင်းဖြစ်ပါသည်)အခြားကိစ္စများနှင့်မတူ ရပ်ကွက်အုပ်ချုပ်ရေးရုံး များသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စကို ညအခါမှ သာ လက်ခံဆောင်ရွက်ပေးတတ်ကြပါသည်။ တစ်ဖန် အိမ်ရှင်က မိမိသန်းခေါင်စာရင်းနှင့် ဧည့်သည်တို့၏ မှတ်ပုံတင်စသည်တို့ အပြည့်အစုံယူဆောင်သွားခဲ့သည့် တိုင် ရပ်ကွက်ရုံးက ထိုမျှနှင့် ဧည့်စာရင်း လက်ခံလေ့ မရှိပါ။အိမ်ရှင်၏အပိုင် ရာအိမ်မှူးဖြစ်သူ၏ ထောက်ခံချက် လက်မှတ်ပါမှသာ ရပ်ကွက်ဥက္ကဋ္ဌ (သို့မဟုတ်) ကိုယ်စား တာဝန်ယူသူက ဧည့်စာရင်းပုံစံစာရွက်တွင် ထပ်ဆင့် လက်မှတ်ထိုးပေးသည်မှာ အစဉ်အလာ လုပ်ထုံးလုပ် နည်း ဖြစ်ပါသည်။ ထို့ကြောင့် ဧည့်သည်ရောက်လာ၍ ဧည့်စာရင်းတိုင်ကြားလိုသူ အိမ်ရှင်သည်-(၁) မိမိ၏အပိုင် ရာအိမ်မှူးထံ သွားရောက်၍ ထောက်ခံချက်လက်မှတ် ရယူရပါသည်။ ဤနေရာတွင် ရာအိမ်မှူးထံ၌ ဧည့်စာရင်းပုံစံစာရွက် ကုန်နေပါက ရပ်ကွက်ရုံးသို့ တစ်ခေါက်သွားရပါမည်။ ရာအိမ်မှူး သည် ဗော်လံတီယာသာဖြစ်၍ ရပ်ကွက်ရုံးတွင် အမြဲ ရှိမနေနိုင်ပါ။ တစ်ခါတစ်ရံ ရာအိမ်မှူးသည် သူ့အိမ်မှာ လည်းမရှိ။ ရပ်ကွက်ရုံးလည်း ရောက်မလာသေးဆိုလျှင် ဧည့်စာရင်းတိုင်မည့်သူပင် စိတ်မောလူမော ဖြစ်ရပါ သည်။(၂) ရာအိမ်မှူးထံမှ ဧည့်စာရင်းပုံစံစာရွက်နှင့် လက်မှတ် ကြိုတင်ရရှိပြီးသည့်တိုင် ည (၇) နာရီ နောက်ပိုင်းမှသာ ဆောင်ရွက်ပေးလေ့ရှိသော ရပ်ကွက် ဥက္ကဋ္ဌ၏ လက်မှတ်ရယူခြင်းကိုလည်း ရပ်ကွက်ရုံးသို့ ထို အချိန်တစ်ခေါက်သွား၍ မပျက်မကွက် ဆောင်ရွက်ရ ပြန်ပါသည်။ ရပ်ကွက်ဥက္ကဋ္ဌလက်မှတ်မပါလျှင် ကြို တင်တိုင်ကြားခဲ့သော်လည်း ထိုဧည့်စာရင်းသည် တရား မဝင်သေးဟု သတ်မှတ်အရေးယူခြင်း ခံရနိုင်ပါသည်။အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် ညအချိန်မတော်တွင် သက်ကြီးရွယ်အိုများ၊ မိန်းကလေး များအတွက် မည်မျှအခက်အခဲရှိမည်ကို မှန်းဆကြည့်နိုင် ပါသည်။ မိမိအိမ်နှင့် ရပ်ကွက်ရုံးက မထောင်းသာ သော်လည်း ဝေးကွာပါက ညကြီးမင်းကြီး ဆိုက်ကား စီးပြီး သွားလာဆောင်ရွက်ရသည်မှာ အဆင်မပြေပါ။ပြီးခဲ့သော အစိုးရလက်ထက်က တစ်ခါတစ်ရံ စီမံ ချက်အရဆိုကာ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်သူ များကို ထောင်ဒဏ်ချမှတ်မှုများပင် ရှိခဲ့ရာ အချို့ပြည်သူ များမှာ ဤကိစ္စကြောင့် ဘဝပျက်မတတ် ခံစားခဲ့ရဖူး ပါသည်။ လူမှုရေးအရ မသင့်မတင့်သူကို ဒုက္ခပေးနိုင် သည့် အကွက်အကွင်းတစ်ရပ်သဖွယ်လည်း ဖြစ်ခဲ့ဖူး သည်။အမှန်မှာ လုံခြုံရေးအရ မဖြစ်မနေ ဧည့်စာရင်းစနစ် လိုအပ်နေသေးသည်ဆိုပါကလည်း အိမ်ရှင်ဖြစ်သူက စာရွက်လွတ်တစ်ရွက်ဖြင့်ဖြစ်စေ၊ အိမ်ရှင်နှင့်ဧည့်သည် တို့၏ အချက်အလက်များကို ရေးသားပြီး အပိုင်ရာအိမ် မှူးထံ သွားရောက်ပေးပို့ထားရုံမျှဖြင့်လုံလောက်ပြီ မဟုတ်လော။အရေးကြီးသည်မှာ ဧည့်သည်ရောက်ရှိလာ၍ အိမ်ရှင်က မပျက်မကွက် တိုင်ကြားထားရန်သာ ဖြစ်ပါ သည်။ ဖော်ပြရမည့် အချက်အလက်များမှာလည်း အိမ်ရှင်/ဧည့်သည်တို့၏ အမည်၊ နိုင်ငံသားမှတ်ပုံတင် အမှတ် စသည်မျှသာဖြစ်ရာ စာရေးစာဖတ်တတ်သူ မည်သူမဆို အလွယ်တကူ ရေးသားနိုင်ပါသည်။ ပုံစံ စာရွက်က အဓိက ဖြစ်မနေသင့်ပါ။ရပ်ကွက်ဥက္ကဌထံ ဧည့်သည်စာရင်းအချက်အလက် များ ဆက်လက်ပေးပို့ရန်မှာ ဆိုင်ရာ ရာအိမ်မှူး၏ တာဝန်သာဖြစ်သင့်ပါသည်။ ဤတာဝန်မျှ မထမ်းလိုသူ ကို ရာအိမ်မှူးမခန့်သင့်ပါ။ တစ်ဖန် အတိတ်က အချို့ နေရာများတွင် ဧည့်စာရင်းသွားတိုင်ပါလျက်နှင့် တာဝန် ရှိသူက ဧည့်စာရင်းမပေးဟု ငြင်းဆန်သည့်ကိစ္စမျိုး လည်းရှိသည်ဟု ကြားသိခဲ့ရဖူးပါသည်။ သို့ဆိုလျှင် ပြည်သူများက မိမိအိမ်ရောက်နေသည့် ဧည့်သည်ကို ပြန်လွှတ်လိုက်ရမည်လော၊ ညဘက် ရပ်ကွက်ရုံးပိတ် ပြီးချိန် ဥပမာ ည (၁၁)နာရီလောက်မှ ရောက်လာသည့် ဧည့်သည်အတွက်ကော မည်သို့ပြုရမည်နည်း။အမှန်တကယ် ရင်ဆိုင်ရသည့် ပြည်သူအများစုကြီး အဆင်ပြေအောင် ဒီမိုကရေစီစနစ်မှာတော့ အဖက်ဖက်က ကြိုတင် စဉ်းစားပေးသင့်ပါသည်။ယခုလောလောဆည် ဧည့်စာရင်းကိစ္စ ဖိဖိစီးစီးပြု လုပ်ခြင်း မရှိသေးသဖြင့် အသံမထွက်သေးသော်လည်း တစ်ချိန်ချိန်တွင် အသံပြန်ထွက်လာနိုင်သဖြင့် လိုအပ်ပါ က လုပ်ထုံးလုပ်နည်းကို မွမ်းမံသင့် မွမ်းမံစေလိုပါ သည်။ တစ်ဖန် ထိုကိစ္စမျိုးမှာ တစ်ပြေးညီသာ ဖြစ်သင့် သည့် လုပ်ရပ်များလည်း ရှိခဲ့ပြန်ပါသည်။ဥပမာ ပြီးခဲ့သောတစ်ခါက ဆင်ခြေဖုံးမြို့နယ်တစ် ခုတွင် နာမည်ကျော်ရပ်ကွက်တစ်ခုကို ဘယ်အခါမျှ ဧည့် စာရင်းစစ်လေ့ မရှိပါ။ လုံခြုံရေးကိစ္စ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ထိုရပ်ကွက်ကိုတော့ ဧည့်စာရင်းစစ်လေ့မရှိ၊ အခြားရပ်ကွက်နေ ပြည်သူတွေက တိုးတိုးတိတ်တိတ် ဝေဖန်ကြသည်။ မသမာသူက သီးသန့်ဆန်သော ရပ်ကွက်မှာမို့ မခိုအောင်းဘူးဟု စာချုပ်ချုပ်ထားသလား ဟူ၍။သို့နှင့် တစ်ခါသော် မြို့နယ်၏ညွှန်ကြားချက် ကြောင့်ထင့်၊ ထိုမိုးကျရွှေကိုယ်ရပ်ကွက်ကိုလည်း အချိန် မတော် ဧည့်စာရင်းစစ်ရန် စိုင်းပြင်းကြသည်တဲ့၊ ကိုယ် တိုင်ပါဝင်ခဲ့ရသူတစ်ဦး၏ ပြောပြချက်အရ အဖွဲ့လိုက်ကြီး သွားသမျှကို ဘယ်အိမ်ကမှ တံခါးဖွင့်မပေးတဲ့၊ ခြံစောင့် ခွေးဟောင်သံတွေ ထွက်လာသည်၊ လူရာသွင်းလို့ပင် အိမ်ကြီးတွေ၏ ပြတင်းကနေ ပြူကြည့်ဖော်ပင်မရတဲ့။နောက်ဆုံးတော့ ထိုရပ်ကွက်ထဲပါဝင်နေသော အစွန်အဖျား၊ မီးရထားသံလမ်းအနီးက ရထားဝန်ထမ်း အိမ်ရာကိုသာ ရသေ့စိတ်ဖြေ ဧည့်စာရင်းဝင်စစ်ပြီး ပြန်ခဲ့ ကြသည်တဲ့။ အစီရင်ခံတော့ အဆိုပါရပ်ကွက်ကြီးတစ်ခု လုံး ဧည့်စာရင်းစစ်ခဲ့သည်ပေါ့။ ဥပဒေအထက်မှာ မည်သူမျှ မရှိရိုးမှန်လျှင် ယနေ့အခါတွင်မူ အဆိုပါဖြစ်စဉ် ကဲ့သို့ လုံခြုံရေးအရ ဧည့်စာရင်းစစ်ရာမှာပင် ကွက်ချန် ထားခဲ့ရန် သင့်တော်တော့မည် မဟုတ်ပေ။ဥပဒေ၏အထက်တွင် မည်သူမျှမရှိဟု ဆိုရာတွင် Celebrity များလည်း ပါဝင်ပေသည်။ မကြာမီအတွင်း ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သော Celebrity သုံးဦး တို့၏ အမှုအခင်းများနှင့် ပတ်သက်၍ အွန်လိုင်းတွင် ကာတွန်းတစ်ခုနှင့် သရော်ထားသည်ကို တွေ့လိုက်ရ သည်။ထိုကာတွန်းတွင် မြန်မာနိုင်ငံ၏ ဥပဒေဆိုသော စင်မြင့်အထက် တက်ရပ်နေသူက ထို Celebrity သုံးဦး ပင်၊ တစ်ဦးက ပြောသည်။ ဂျာနယ်လစ်တစ်ယောက်ကို ပါးရိုက်ပြီး တစ်ထောင်ပေးရတာ တန်တယ်ဟူ၍။ နောက်တစ်ဦးကပြောပြန်သည်။ ဆင်းရဲသားဆိုမှတော့ သူခိုးချည်းပဲပေါ့ဟု။ နောက်ဆုံးတစ်ယောက်ကလည်း ပြောပြန်သည်။ ရဲကားမှန်ပါ ခွဲလိုက်ရတာ အရသာရှိ လိုက်တာဟူ၏။ထိုသုံးဦးအနက် ပထမတစ်ဦး၏ အမှုကသာ ဆုံးခန်းတိုင်သွားခဲ့၍ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကာ ကျန် နှစ်ဦးကတော့ အမှုများ ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ သို့သော် ပထမတစ်ဦး၏ အမှုအပေါ် အချိန်ကြာမြင့်စွာ ယူ၍ စစ်ဆေးပြီးမှ ချမှတ်သည့် လူပြောများသွားစေ လောက်သည့် ပြစ်ဒဏ်ကိုကြည့်ကာ ကျန် Celebrity နှစ်ဦးကိစ္စတွေလည်း အလားတူသာဖြစ်မည်ဟု မှန်းဆ၍ ထိုကာတွန်းမျိုး ထွက်လာခြင်းဖြစ်ပါသည်။စာရေးသူကတော့ ထိုနှစ်မှုအပေါ် ထင်မြင်ချက် မပေးလိုသေးပါ။ အမှုတစ်ခုအတွက် စွပ်စွဲရုံးတင်ခံရပြီး ရုံးတော်က အပြစ်တစ်စုံတစ်ရာရှိသည်ဟု ဆုံးဖြတ်မှု မရှိမခြင်း စွပ်စွဲခံရသူကို တရားခံဟု မသတ်မှတ်နိုင် သေးကြောင်း၊ ကျူးလွန်သည်ဟု သံသယဝင်ခံရသူSuspect အဖြစ်သာ သတ်မှတ်ထားရဦးမည်ဖြစ်ကြောင်း ဥပဒေဘက်တော်သားဟောင်းတစ်ဦးက ပြောပြခဲ့သည် ကို အမှတ်ရနေမိ၍ဖြစ်သည်။သို့သော် ထိုအမှုမျိုး ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံ ရသော Celebrity များနေရာတွင် သာမန်ပြည်သူများ သာ ဖြစ်နေလျှင် ဘာတွေဖြစ်ကုန်မည်နည်းဟု မိမိ ဘာသာ အတွေးနယ်ချဲ့မိပါသည်။အထက်ပါ ပြိုင်ကားသောင်းကျန်းခြင်းကိစ္စ၊ ဧည့် စာရင်းကိစ္စနှင့် ဃနူနဘမငအပ အချို့၏ မှုခင်းကိစ္စများမှာ ဥပဒေကျင့်သုံးမှုနှင့် ပတ်သက်သော နမူနာအနည်းငယ်မျှ ဖြစ်ပါသည်။ အခြားအရေးပါလှသည့် ဥပဒေရေးရာ ဆက်နွှယ်မှု အကြောင်းအရာများစွာ ရှိပါလိမ့်ဦးမည်။ဥပမာ ယခုအခါ Land Reform မြေယာပြုပြင် ပြောင်းလဲရေး ပြုလုပ်တော့မည်ဟု သိရပေရာ နိုင်ငံနှင့် အဝှမ်း အသံကြားနေရသော တောင်သူလယ်သမားများ နှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းကြီးများ၏ မြေယာအမှု အခင်းများတွင်လည်း ဥပဒေအရ တရားမျှတစွာ ဖြေရှင်း ပေးရပါလိမ့်မည်။ဥပဒေ၏အထက်မှာ ညွှန်ကြားချက်၊ တစ်ဖန် ထို ညွှန်ကြားချက်ကို နှုတ်မိန့်တစ်စုံတစ်ရာက လွှမ်းမိုးဟူ သော အခြေအနေမျိုး မဖြစ်ပေါ်သင့်တော့ပါ။ သမိုင်းဝင် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးတည်ဆောက်ရာတွင် Rule of Law အရေးကြီးသည်။ ထို့ထက်ပို၍ ဥပဒေ၏ အထက်တွင် မည်သူမျှ အမှန်တကယ် ရှိမနေသင့် ကြောင်း တင်ပြလိုက်ရပါသည်။


မင်းမြတ်စံ
Messenger News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...