" ဇူလိုင် ၁၉ "
by Burma Ter Tee on Thursday, July 12, 2012 at 5:21am
သဘောတူညီမှုရရှိကာ ဘုရင်ခံ အမှုဆောင်အဖွဲ့၏ ဒုတိယဥက္ကဌ ၊ တနည်းအားဖြင့် ကြားဖြတ်အစိုးရ၏
ဝန်ကြီးချုပ် ဖြစ်လာသည်။ ဒီဇင်ဘာလတွင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် ဆွေးနွေးရန် လန်ဒန်မြို့သို့ ထွက်ခွာသွားသည်။
လွတ်လပ်ရေးကို
လွတ်လပ်ရေးကို
ငြိမ်းချမ်းစွာပင်ရရှိပါမည်လား။ သို့မဟုတ် လက်နက်ကိုင်၍ တိုက်ပွဲဝင်ကာ ရယူကြရမည်လား။
တတိုင်းပြည်လုံးက ထိုအဖြေကို စောင့်မျှော်ကျန်ရစ်ခဲ့ကြသည်။
ထိုအချိန်တွင် ကျွန်တော်တို့သည် မေမြို့၌ ဖွင့်လှစ်သော တပ်ခွဲမှုး အထူးသင်တန်း၌ တက်ရောက်လျက်ရှိကြသည်။
သင်တန်းတွင် အများဆုံးတို့က မိတ္ထီလာ အမြှောက်တပ်မှ အရာရှိတစုတို့ ဖြစ်ကြသည်။ ကျန်အရာရှိတို့မှာ
ဘားမားရိုင်ဖယ် ၊ ကရင်ရိုင်ဖယ် ၊ ချင်းရိုင်ဖယ် ၊ ကချင်ရိုယ်ဖယ် တို့မှဖြစ်ကြသည်။ ဗိုလ်မှုး စောအောင်စိန် ကဲ့သို့သော ကရင်အမျိုးသားအရာရှိများ ၊ ဗိုလ်နော်ဆိုင်း ( တောခို ၊ ယခု ပြည်ပ ) အစရှိသည့်
ကချင်အမျိုးသားအရာရှိများ ၊ ထို့နောက် ချင်းအမျိုးသားအရာရှိများ တို့ဖြစ်ကြသည်။
ထိုသင်တန်းသည်လည်း သုံးလကြာ သင်တန်းဖြစ်ပါသည်။ သင်ကြားပို့ချသူတွေသည်
မေဂျာ ခရော့(စ)ဘီ ဆိုသူခေါင်းဆောင်သည့် ဗြိတိသျှ အရာရှိများဖြစ်ကြသည်။ ထိုသင်တန်းပြီးဆုံးလို့ တပ်ရင်းပြန်ခဲ့ရတော့ မြစ်ဝကျွန်းပေါ်ဒေသသို့ ငြိမ်ဝပ်ပိပြားမှုအတွက် တခေါက်ပြန်လို့ ထွက်ခဲ့ပါသည်။
ဒီတခါတော့ ကျွန်တော်သည် တပ်ခွဲမှုး တင်းပြည့်ဖြစ်နေပါပြီ။ ကျွန်တော့် တပ်စုမှုးတွေကတော့
ဗိုလ်ကြီး အာဠာဝက ၊ ဗိုလ်ကြီး ဗိုလ်သိန်းနှင့် ဗိုလ်ကြီး လှမော်တို့ ဖြစ်ကြသည်။
( ယခုသူတို့သုံးဦးစလုံး ၁၉၄၈ ခုနှစ်သြဂုတ်လအတွင်းက တောခိုခဲ့ကြပြီး တောတွင်း၌ ကျဆုံးခဲ့ကြရပါပြီ။ )
ဖျာပုံမြို့တွင် တလကျော် နှစ်လမျှ နေခဲ့ကြပြီး တပ်ရင်းသို့ ပြန်ခဲ့ကြသည်။ ထိုအတောအတွင်း ကျွန်တော်တို့၏
တပ်ရင်း (၃)သည် သံလျင်မှ မင်္ဂလာဒုံ သို့ပြောင်းရွှေ့ပြီးဖြစ်သည်။ ထိုအခါ ကာနယ်သန်းဒါ မရှိတော့။
ဘိလပ်သို့ ပြန်သွားခဲ့ပါပြီ။ သူ့နေရာတွင် အင်္ဂလိပ်လူမျိုးတဦး ကာနယ် ဖရစ်ဇယ် ဆိုသူရောက်ရှိလာသည်။
တပ်ခွဲတို့၌မူ ဗြိတိသျှစစ်တပ်မှလာသောတပ်ခွဲမှုးများ မရှိကြတော့။ ကျွန်တော်တို့ မြန်မာအရာရှိတွေကပင်
တပ်ခွဲမှုးတွေအဖြစ် တက်ရောက်ဆောင်ရွက်နေကြပါပြီ။
ထိုစဉ်တွင်ပင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်။
ကျွန်တော်သည် တပ်ခွဲရုံး၌ ရှိနေသည်။ " ဗိုလ်ချုပ်တို့ လုပ်ကြံခံလိုက်ရပြီ " တဲ့။ သတင်းဆိုးကြီးကို
တုန်လှုပ်စွာဖြင့် ကြားလိုက်ကြရပါသည်။ အစပထမမှာတော့ မသေမချာ ၊ မရေမရာဖြင့် သန့်သန့်မျှသာဖြစ်သည်။
တစစဖြင့် ထိုအသံသည် ပိုမို၍ ကျယ်လောင်လာခဲ့သည်။
ရဲဘော်တွေသည် စုရုံး-စုရုံးဖြင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ အချို့က အံကြိတ်ထားကြသည်။
အချို့ကလက်သီးဆုပ်မိကြသည်။ အချို့က တောက်ခေါက်လိုက်ကြသည်။ အချို့ကတော့ ချုံးချကာ ငိုကြွေးကြသည်။
တပ်ရင်းမှုးသည် ချက်ချင်းပင် အရာရှိအားလုံးတို့ကို သူ့ရုံးခန်းသို့ခေါ်ယူ၍ ဖြစ်ပျက်ပုံတို့ကို ပြောပြသည်။
ရဲဘော်များအား ထိန်းသိန်းကြရန် ပန်ကြားသည်။ သူ့မျက်နှာသည်လည်း မကောင်း။
ထိုအပတ်အတွင်းမှာပင် ကျွန်တော်တို့တပ်ရင်းသည် ရန်ကုန်မြို့တွင်းရှိ ဂေါ်ရာကုန်းသို့ ပြောင်းရွှေ့ခဲ့ကြရသည်။ ဗိုလ်ချုပ်ကျဆုံးခဲ့ရခြင်းကြောင့် မတည်ငြိမ်သော ရန်ကုန်မြို့၏ အခြေအနေကို ထိန်းရန်ဖြစ်သည်။
ကျွန်တော်တို့နှင့် မရှေးမနှောင်းပင် တပ်ရင်း ( ၅ ) မှ တပ်ခွဲအချို့တို့လည်း ရန်ကုန်သို့ရောက်ရှိလာကြသည်။
တိုင်းပြည်၏ အခြေအနေသည် စိတ်အားငယ်ဘွယ်ရှိလှပါသည်။ လွတ်လပ်ရေးကလည်း မရသေး။
ဗိုလ်ချုပ်အောင်ဆန်းသည်လည်း မရှိတော့။
ဗိုလ်မှုးကြီးဟောင်း တင်မောင်
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် စာအုပ်မှ
0 comments:
Post a Comment