"ခင်ဗျားတို့ ကျုပ်တို့ - မရှိဘူးပဲ ဆိုကြပါစို့"
အတွေးအခေါ်လား၊ ဝါဒီ၊ ဝါဒ လား
Dogma တွေလား၊ ဗဟုသုတလား..
ဘာပဲ ပြောပြော
အဲ့နားမှာ ခဏထားထားခဲ့ပါ..
စိတ် ဆိုတဲ့ ခင်ဗျား မျက်လုံးနောက်က
တစ်အုံလုံးကြီး ကို ဖြုတ်ချ
ကြည့်စမ်း..
နွေနှောင်းရဲ့ မိုးသားပြင်က
တခွင်လုံး ဖြူလွှလွှနဲ့...
လေတိုးသံ - ဝိုးတဝါး
ဝါးရုံပင် နှစ်လက် ကြားမှာ
ပြောရင်း ဆိုရင်း
___ခင်ဗျား___
ဗြုန်း..ခ..နဲ..
ပျောက်သွားမယ်။
ဉာဏ် ရှိသူတွေ များပါတယ်
ဘာတွေများ စိုးရိမ်နေရသလဲ..
ကျန်တာတွေ
သူရို့
ဆက်လက်-
ဝါးမြဲ ဝါး
စားမြဲ စား ကြပါစေပေါ့...။
ခင်ဗျားနဲ့ ကျနော် နဲ့က
____လာ____
ခပ်လှမ်းလှမ်းမှာ
သွားနား - မယ်
ခေါင်ရည် တစ်ခွက် - ပျားသလက်နဲ့ ။ ။
0 comments:
Post a Comment