Wednesday, July 18, 2012

သစ်ထူးလွင် သတင်းစုစည်းမှု ( ၁၈-၇)


သစ်ထူးလွင်


Posted: 18 Jul 2012 07:10 AM PDT
 ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံး အကြိမ် တွေ့ဆုံမှုကို နေပြည်တော် သမ္မတ အိမ်တော်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ ဒေသတွင်း လိုအပ်ချက်များ
ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေးရေး၊ ကျောင်းပညာရေး လိုအပ်ချက်များ
ဖြည့်ဆည်းပေးရန်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု ပါတီခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က နိုင်ငံတည်ဆောက်ရေးမှာ တည်ဆောက်ဖေါ် တည်ဆောက်ဖက်အနေနဲ့ အကြံဉာဏ်တွေ ပေးကြဖို့၊ အတူတူ ဝိုင်းလုပ်ကြဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာပါ။ ပြည်နယ်တွေကတော့ သူတို့ ဆိုင်ရာပြည်နယ်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ရရှိရေး အဲဒါတွေမှာ လိုအပ်တာတွေကို အကူအညီပေးဖို့ တင်ပြပါတယ်” ဟု
ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောသည်။

“သမ္မတကတော့ သူတို့ကလည်း အစီအစဉ်တကျ လုပ်နေတယ်ပေါ့လေ။ အခု တင်ပြတာတွေထဲက ဖြစ်နိုင်တာတွေကို ချက်ချင်း လုပ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်” ဟုလည်း ဦးသုဝေ က ဆက်ပြောသည်။
10party
ထို့အပြင် ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ၁ဝ ပါတီ
ခေါင်းဆောင်များသို့ သမ္မတ က ပြန်လည်ရှင်းပြခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။

ဆွေးနွေးပွဲတွင် ဦးခင်မောင်ဆွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းဖြေရှင်းနိုင်ရန် တင်ပြခဲ့သည်ဟုလည်း မဇ္ဈိမကို ပြောသည်။

NDF ၏ ပါတီခေါင်းဆောင်ဖြစ်သူ ဒေါက်တာသန်းငြိမ်း ကလည်း လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက်တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒနယ်တခုအတွင်း ပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ဦး ဝင်ပြိုင်ပါက မဲ တမဲ အသာဖြင့်ပင် အနိုင်ရသည့် စနစ် ဖြစ်ခြင်းကြောင့် မဲဆန္ဒရှင်အများစု၏ ဆန္ဒကို ကိုယ်စားပြုနိုင်ရန် လာမည့် ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ ကို ပြောင်းလဲ အသုံးပြုရန် ဆွေနွေးတင်ပြခဲ့သည်ဟု သိရသည်။

ထိုတင်ပြချက်နှင့်ပတ်သက်၍ “သမ္မတက ဒီစနစ်တခုဟာ လူအများစုကို အကျိုးပြုတာဆိုတော့ သူလည်းပဲ သဘောကျ တာ ရှိပါတယ်။ ဒီကိစ္စကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ အားလုံးလည်း သဘောတူမယ်
ကောင်းတယ်ဆိုရင်တော့ လုပ်ကြမယ်ပေါ့ဗျာ” ဟု ဦးခင်မောင်ဆွေ က ပြောသည်။

အဆိုပါ သမ္မတနှင့် တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေး
နှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီခေါင်းဆောင် ၁၂ ယောက် တက်ရောက်ခဲ့ကြသည်။ အစိုးရ ဘက်မှ သမ္မတ ဦးသိန်းစိန်
နှင့်အတူ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်က တိုင်းပြည်တိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် ၁ဝ ပါတီ ခေါင်းဆောင် များအား ပြောကြားခဲ့ပြီး “ကျနော်တို့လည်း အဲဒါပဲ လုပ်နေတယ်၊ ကျနော်တို့လည်း လိုလားတယ်ပေါ့လေ။ နောက် ဒီလို ကာလမှာ တယောက်နဲ့တယောက် သံသယတွေထားပြီးတော့ အငြင်းပွားနေကြရမယ့် အချိန် မဟုတ်တော့ဘူး။ အားလုံး စုပေါင်းပြီးတော့လုပ်ဖို့ ကြိုးစားမယ်။ ကျနော်တို့ကလည်း တိုင်းပြည်အတွက် ပူးပေါင်းပြီး လုပ်ဆောင်ဖို့ အဆင်သင့် ရှိပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်” ဟု  ဦးသုဝေက မဇ္ဈိမကို ပြောဆိုသွားသည်။

မျိုးသန့် |   
ရန်ကုန် (မဇ္ဈိမ)

Posted: 18 Jul 2012 07:05 AM PDT
မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ စစ်တပ်က လယ်သိမ်းပြီး သီးစားပြန်ချထားခံရတဲ့ လယ်သမားတွေဟာ သူတို့အခက်အခဲကို ဖြေရှင်းပေးဖို့ သမ္မတထံ စာရေးတောင်းဆိုလိုက်ပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ အစိုးရတပ်က တပ်မြေအဖြစ် ဧက ၃ သောင်းကျော်ကို သိမ်းပြီး လယ်သမားတွေကို ပြန်ပြီး သီးစားချနေတာပါ။

ကပစ ၂၄ တပ်က ရေဖြူ၊  မြှားပိုင်း၊ ပျဉ်းမ၊ ချောင်းကူး၊ တလောင်း၊ ယဉ်ကောင်၊ မိုးကောင်း၊ အုန်းပင်၊ လေးပင်အိုင် စတဲ့ ရွာပေါင်း ၁၂ ရွာက ရွာသားပိုင် လယ်မြေတွေကို ၂၀၀၈ ခု နှောင်းပိုင်းကစ သိမ်းယူခဲ့ပြီး မနှစ် ဇွန်လက ၁ ဧကကို ကျပ် ၅ ထောင်နှုန်း လျော်ပေးခဲ့ပါတယ်။

လျော်ကြေးပေးပြီးတာနဲ့ စစ်တပ်ဆီက ၁ နှစ် တခါ စာချုပ်နဲ့ ပြန်ငှားဖို့ ဒုစက်ရုံမှူး ဦးကျော်မြင့်နိုင်က လက်မှတ်ထိုးခိုင်းတာကြောင့် ရွာသားတွေ လက်မှတ်မထိုးကြဘူးလို့ ရွာသူ ဒေါ်တင်တင်ကြူက ပြောပါတယ်။ သိမ်းဆည်းခံရတဲ့ မြေဧကပေါင်း ၃ သောင်းဝန်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။

သူတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေမှာ ခုလိုပြန်ပြီး ငှားရမ်းလုပ်ကိုင်ရမယ့်အပြင် နယ်မြေထဲ သွားလာမှုနဲ့ လုပ်ကိုင်စားသောက်မှုတွေ စားကျက်တွေပေါ်မှာ စည်းကမ်းချက်တွေထုတ်ပြီး ကန့်သတ်လာတဲ့အတွက် ရွာသားတွေက သမ္မတ ဦးသိန်းစိန်ဆီ စာပေးပို့ တိုင်တန်းခဲ့ကြတာ ဖြစ်ပါတယ်။

မနှစ် အောက်တိုဘာလဆန်းမှာ သမ္မတဆီ စာပို့ပြီးနောက်ပိုင်း  နေပြည်တော်က ဗိုလ်မှူးတွေ ရောက်လာကာ ကွင်းဆင်းကြည့်ရှုသွားပြီး ရွာတချို့ မပြောင်းရွှေ့ရအောင် ပြောပေးမယ်လို့ ကတိပြုသွားပေမယ့် လက်တွေ့မှာတော့ လေးပင်ကိုင်း တရွာလုံး ပြောင်းရွှေ့ပေးခဲ့ရတဲ့ သာဓကတခုရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့်  ဇူလိုင် ၆ ရက်နေ့ နေ့စွဲနဲ့ သမ္မတဆီကို ဒုတိယအကြိမ် စာတစ်စောင် ထပ်မံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရွာသားတွေက သူတို့အခက်အခဲကို ဖြေရှင်းဖို့ ပေါက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုလည်း တိုင်ကြားထားရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးခင်မောင်ညိုက လွှတ်တော်မှာ တင်ပြမယ့်အကြောင်း အခုလို ပြောပါတယ်။

“နောက်တပတ် ဗုဒ္ဓဟူးလောက်မှာ ကျနော် ဆွေးနွေးခွင့်ရမယ်လို့ မှန်းထားတယ်။ လွှတ်တော်မှာ လယ်ယာမြေသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီးတော့မှ အမှန်တရားပေါ်ပေါက်ရေးဆိုပြီး ဇလွန်မဲဆန္ဒနယ်က ဦးတင်ထွတ်ရဲ့ အဆို ပြည်ထောင်စုလွှတ်တော်မှာတင်ထားတယ်။ တင်ထားတဲ့ အဆိုပေါ်မှာ ကျနော်က အခြေခံပြီးတော့ ကျေးရွာတွေရဲ့ မြေသိမ်းခံရမှုနဲ့ ပတ်သက်ပြီး နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးဖို့ ထည့်သွင်းဆွေးနွေးမယ်လို့ စာရင်ပေးထားတယ်။”

by နန်းမြနဒီ (ဒီဗွီဘီ)

Posted: 18 Jul 2012 06:32 AM PDT

စစ်တွေ အကျဉ်းထောင်ကို လုံခြုံရေး ယခုလို တင်းကျပ်ထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
မောင်တောမြို့တွင် ဖမ်းဆီးခံရပြီး စစ်တွေ အကျဉ်းထောင်သို့ လွဲပြောင်းခံရသူ ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား ယမန်နေ့က စစ်တွေ ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

“ နေ့လည် ၂ နာရီခွဲမှာ မနေ့က ရုံးထုတ်ပါတယ်။ ကျွန်တော်တို့လည်း နားထောင်ခွင့်ရမလားလို့ သွားတာ အထဲကို ၀င်ရောက်ခွင့်မရတဲ့ အတွက် အပြင်ကဘဲ နားထောင်ရပါတယ်။ အပြင်က နားထောင်တော့ ဘာမှ မကြားရပါ” အမည်မဖေါ်လိုသူ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

ဒေါက်တာ ထွန်းအောင်အား  အင်္ဂါနေ့က နေ့လည်တွင်  ရုံးထုတ်စဉ် ရန်ကုန်မှ ရှေ့နေ  အမျိုးသမီးကြီး တစ်ဦးလည်း သူ့အမူကို လိုက်ပါ ဆောင်ရွက်ရန် ရောက်ရှိသည်ဟု သူက ပြောသည်။

“ ရန်ကုန်က ရှေ့နေ အမျိုးသမီး တစ်ဦးရောက်ပါတယ်။ ရဲတွေလည်း အများကြီး လုံခြုံရေး ယူထားပါတယ်။ နောက်တစ်ပတ်ကို ရုံးချိန်းပေးလိုက်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

ဒေါက်တာ ထွန်းအောင် မည်သည့်အမူနှင့် စွဲချက်တင်ပြီး တရားရုံးလွတ်လပ်ခွင့် မည်မျှထိ ရှိသည်ကို နိရဉ္စရာမှ ဆက်လက် စုံစမ်းမေးမြန်း နေတုန်း ဖြစ်ပါသည်။

ဇွန်လ ၁၁ ရက်နေ့  နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်)  နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR  ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။ ဒေါက်တာ ထွန်းအောင် ဇွန်လ ၈ ရက်နေ့က  စတင်ခဲ့သော မောင်တော အကြမ်းဖက် ဆူပူမူတွင် တာဝန်ရှိသူဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့ မောင်တောမြို့  ငြိမ်းချမ်းစွာ ဘာသာရေး ဆုတောင်းပွဲကို ဘာပြဿနာမှ မဖြစ်စေရဟု အာဏာပိုင်များထံမှ အာမခံ ခွင့်တောင်းကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့်  နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG ၀န်ထမ်း တဦးဖြစ်သူ မွတ်ဆလင် လူမျိုး  ဦးကျော်လှအောင်ဆိုသူကိုလည်း စစ်တွေမြို့တွင် ရုံးထုတ် စစ်ဆေးနေသည် ဆိုသော သတင်းများ လက်ခံ ရရှိသော်လည်း နိရဉ္စရာမှ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါ။

 နိဉ္စရာ သတင်းဌာန

Posted: 18 Jul 2012 06:28 AM PDT
ယမန်နေ့က ဖွင့်လှစ်ခဲ့သော စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများကို ယနေ့ ကျောင်းဆင်းချိန်တွင်  မွတ်ဆလင် လူအုပ် တစ်ခုက တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။

“ ဖြစ်တာက နေ့လည် ၁ နာရီကျော် ကျောင်းဆင်းချိန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းကားတွေကို ဘင်္ဂလီတွေက ဆွဲလား ရမ်းလား လုပ်တယ်လို့ ဒီလိုဘဲ ကျွန်တော် တို့ သတင်းရပါတယ်” ရခိုင်ပြည်နယ် ပြန်ကြားရေး အရာရှိ ဦးဝင်းမြိုင်က ပြောသည်။

ယခုကဲ့သို့ ပြဿနာ ပေါ်ပေါက်ခဲ့သည့် အကြောင်းအရင်းကို မေးကြည့်ရာ သူက ယခုလို ဆက်ပြောသည်။

“ သူတို့က ကျောင်းကားတွေကို တိုက်ခိုက်တာတွေ လုပ်တယ်လို့ ပြောပါတယ်။ ဘတ်စ်ကားတွေက ကျောင်းသားတွေ အတွက် စီစဉ်ပေးထားတာ။ အရပ်သားတွေ အတွက် မဟုတ်ဘူး။ ကျောင်းကားတွေကို တိုက်ခိုက်ရာကနေ  ပြဿနာ ဖြစ်ကြတာပါ။ နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်လာတော့ ပြဿနာက ပီးဆုံးသွားခဲ့ပါတယ်” ဟု ဦးဝင်းမြိုင်က ပြောသည်။

ယခု တိုက်ခိုက်သည့် ဘင်္ဂလီရွာသားများမှာ ရေချမ်းပြင် အနီးရှိ ရွာကြီး၊ ရွာငယ်မှ ဖြစ်ပြီး တစ်ချို့မှာ ၎င်းရွာများ အနီးရှိ  ကုတင်ပိုက်ရွာက ဖြစ်ကြောင်း သိရသည်။

နည်းပညာကောလိပ်မှ ကျောင်းသားတစ်ဦးကလည်း သူတို့ ယနေ့ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ယခုလို ပြောသည်။

“ ကျွန်တော်တို့ ကျောင်းဆင်းချိန်မှာ နည်းပညာကောလိပ်  အနီးက အပြင်ဘက်မှာ ရှိတဲ့ ဘင်္ဂလီ ရွာသားတွေက တုတ်တွေ၊ ဓါးတွေကို ထမ်းပြီး အုပ်စုလိုက် ပြေးလိုက်လာကြတယ်။ ကျွန်တော်တို့လည်း ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းပြင် လမ်းပေါ်ကနေ ကျောင်းထဲကို ပြန်ဝင် ပြေးကြတော့ ဖရိုဖရဲ ဖြစ်ကုန်ပြီး ကျောင်းသူတွေ ငိုယိုပြီး အကူအညီ တောင်းကြတော့ အခြေအနေက ရုတ်ရုတ်သည်းသည်း ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ကြားတာက ဘင်္ဂလီတွေနဲ့ ဂျီအီး တပ်က လူတွေ ရှေ့မှာ ပြဿနာ တက်နေကြတယ်လို့ဘဲ ကြားပါတယ်” ဟု ပြောသည်။

အခင်း ဖြစ်ပွားစဉ် သုံးဘီး ဆိုင်ကယ်ပေါ်တွင် ပါလာသူ  ဆရာမ တယောက်က သူမြင်တွေ့ ခံစားရပုံကို ယခုလို ပြောသည်။

“-အခုဆိုရင် ကျွန်မတို့ လုံခြုံမှု လုံးဝမရှိတောပါ။ ကျွန်မတို့ကို ဆိုင်ကယ်ကို တုတ်တွေ ဓါးတွေနဲ့  ဘင်္ဂလီတွေက လာတိုက်ပါတယ်။ ကျွန်မတို့က အသက်လု ပြေးကြရပါတယ်။ ဆိုင်ကယ် တက်စီ ဒရိုင်ဘာမှာ ဒဏ်ရာ ရရှိသွားပါတယ်။   ဒီအတိုင်းဆိုရင် ကျောင်းကို ဆက်မသွားနိုင်တော့ပါ။ အလုပ်ဖြုတ်မယ်ဆိုရင်တောင် အလုပ်ပြုတ်ခံတော့မှာပါ” ဟု ပြောသည်။

ဦးဝင်းမြိုင်မှ  စစ်သားများနှင့် စတင် ပြဿနာ ဖြစ်ပွားခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသလို ဒဏ်ရ ရသူလည်း မရှိပါကြောင်း ပြောသည်။

လုံခြုံရေးနှင့် ပတ်သက်ပြီးလည်း ဦးဝင်းမြိုင်က ယခုလို ပြောသည်။

“ လုံခြုံရေးကတော့ ကျောင်းဝင်းထဲမှာ ရှိပါတယ်။ လမ်းတွေမှာတော့ မရှိဘူး။ ဒါကြောင်း မနက်ဖြန်က စပြီး လမ်းတွေမှာလည်း လုံခြုံရေး တိုးမြှင့်သွားပါမယ်” ဟု ပြောသည်။

ယနေ့ ကျောင်းကားများကို တိုက်ခိုက်ရာတွင် မွတ်ဆလင် ရွာသား ၃၀၀ ခန့်ပါဝင်သည်ဟု ဆိုသည်။

မောင်အေး၊ ထွန်းထွန်း - နိဉ္စရာ သတင်းဌာန

Posted: 18 Jul 2012 06:21 AM PDT
မြန်မာနိုင်ငံ၏လက်ရှိအခြေ အနေအရ ပညာရေးအဆင့်အ တန်းအား မြှင့်တင်ရန် ကြိုးစား နေလျက်ရှိရာ ယခုတွင် နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင် ရန်အတွက် ပထမအဆင့်အနေ ဖြင့် ယခင်ကအပိတ်ခံထားရသော နည်းပညာကျောင်းတစ်ကျောင်း ဖြစ်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ် YTU အားပြန်လည် ဖွင့်လှစ်ခွင့်ရပြီဖြစ်ကြောင်း သိပ္ပံ နှင့် ပညာရေးဝန်ကြီးဌာနမှသိရ သည်။

အဆိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ်သည်ကမ္ဘာကအသိအ မှတ်ပြုသည့်ကျောင်းတစ်ကျောင်း ဖြစ်ပြီး လူတော်လူကောင်းမြောက် များစွာနှင့် အတတ်ပညာရှင်များကို မွေးထုတ်ပေးနေသည့် ၎င်းကျောင်း သည် ယခုပြန်လည် ဖွင့်လှစ်ရာ တွင်လည်း ယခင်နည်းစနစ်များ အတိုင်းသင်ကြားသွားမည်ဖြစ် ကြောင်း ကျောင်းသားခေါ်ယူ သည့်နေရာမှာ လည်းအခြားနည်း ပညာတက္ကသိုလ်များနှင့်အတူ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြား သည်။

““ဒီရန်ကုန်နည်းပညာ တက္ကသိုလ်မှာတော့အခြားကျောင်း တွေနဲ့မတူ ဘာသာရပ် (၁၂)ခုကို သင်မယ်။ ကျောင်းသားခေါ်ယူ တဲ့နေရာမှာလည်း အမှတ်(၄၅၀) နှင့်အထက် ကျောင်းသားကျောင်း သူဦးရေ (၂၅၀)ကို သာခေါ်ယူ သွားမှာဖြစ်ပါတယ်။ သင်ကြား သည့်နေရာမှာလည်း နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းများ သင်ကြားမှုစနစ်များဖြင့် အင်ဂျင် နေရာပုံစံကျကျ သင်ကြားပေး သွားမည်ဖြစ်ပါတယ်””ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 အဆိုပါကဲ့သို့ ကမ္ဘာအသိအမှတ် ပြုသည့် ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးခြင်းကြောင့် နည်း ပညကျောင်းသားများ၏ ပညာ ရည်အဆင့်အတန်းသည်ယခင် ထက်ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း နည်းပညာကျောင်းသားတစ်ဦးဖြစ် သူ ကိုကြည်ဟိန်းညွန့်မှပြောကြား သည်။

 ““အခုလို ကမ္ဘာကအသိအ မှတ်ပြုခံရတဲ့ ဒီလိုကျောင်းကြီးကို ပြန်ဖွင့်ပေးတော့ အရမ်းကိုဝမ်း သာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုကျောင်းကြီးကိုတက်ခွင့်မရတဲ့ အခါ နောင်တလည်းရပါတယ်။    ဒီကျောင်းမှာက သင်ထောက်ကူ ပစ္စည်းက အစုံအလင်ရှိသလို သင်ကြားတဲ့ ဆရာ ဆရာမတွေ ကလည်း အရမ်းတော်တဲ့ ဆရာ ဆရာမတွေကိုစုထားတဲ့ကျောင်း တစ်ကျောင်းဖြစ်ပါတယ်။ ကျွန် တော်ကျောင်းတက်တုန်းက ကျွန် တော့်ကျောင်းမှာမရှိတဲ့စာအုပ်တွေ ကို ဒီမှာပဲလာရှာရတယ်။ ဒီကျောင်း  ကြီးပြန်ဖွင့်တာအရမ်းကိုဝမ်းသာ ပါတယ်။ နည်းပညာကျောင်းသား တွေအတွက်တော့ နည်းနည်း အခက်အခဲရှိတယ်။ ဘာလို့လည်း ဆိုတော့ ဒီလိုကမ္ဘာက အသိ အမှတ်ပြုတဲ့ရန်ကုန်နည်းပညာ တက္ကသိုလ်ကြီးကို ပြန်ဖွင့်လိုက်ပြီ ဆိုတော့ အခြားနည်းပညာ တက္ကသိုလ်က ဘွဲ့ရထားတဲ့ကောင်တွေ သေရော၊ ဘွဲ့ခြင်းတူတာတောင် ဒီလိုကျောင်းကြီးနဲ့ ဂုဏ်ခြင်းမတူ ပါဘူး””ဟုနည်းပညာကျောင်းသား တစ်ဦးဖြစ်သူ ကိုကြည်ဟိန်းညွန့် မှပြောကြားခဲ့သည်။

 အဆိုပါ ရန် ကုန်နည်းပညာတက္ကသိုလ် YTU သည် ရုရှားနိုင်ငံမှ တည်ဆောက် ပေးခဲ့သော ကျောင်းတစ်ကျောင်း ဖြစ်ပြီး သင်ကြားသည့် ဆရာ၊ ဆရာမများသည်လည်း နာမည် ကျော်ဆရာ၊ ဆရာမများဖြစ်ပြီး သင်ထောက်ကူပစ္စည်းများသည် လည်း အစုံအလင်ရှိသည့်ကျောင်း တစ်ကျောင်းဖြစ်ကြောင်း သိရ သည်။

ဖြိုးအောင် - Hot News

Posted: 18 Jul 2012 06:16 AM PDT
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ပါတီမှ ခေါင်းဆောင်များ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးအခင်းနှင့် ရွေးကောက်ပွဲ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း သိရသည်။ သမ္မတနှင့် တွေ့ဆုံသည့် ပါတီများမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းအမျိုးသား ပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့ ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

Posted: 18 Jul 2012 05:54 AM PDT
 မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံရွာ အနီးတွင် ဇေကမ္ဘာကုမ္ပဏီက တည်ဆောက် လျက် ရှိသည့် ဘိလပ်မြေစက်ရုံ စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ၁၅ ပေမြင့် နိတုံ-အတ္တရံ မော်တော်ကားလမ်း
ဖောက်မှုကြောင့် ရွာ ၉ ရွာ ရေမြုပ်နိုင်သည့်အတွက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း
 ဒေသခံများက ပြောသည်။

နိတုံတောင် (စပယ်ဂူ) အနီးရှိ စက်ရုံမှ ကျိုက်မရောမြို့သို့ တိုက်ရိုက်ဆက်သွယ်မည့် အဆိုပါ တာလမ်းကို ဧပြီလက စတင်ဖောက်လုပ်လျက်ရှိပြီး ပြီးစီးပါက တောင်ကျရေများ အတ္ထရံမြစ်အတွင်းသို့ စီးဝင်နိုင်ခြင်း မရှိတော့ဘဲ ရေလှောင် တမံကဲ့သို့ ဖြစ်ကာ ရေကြီးနိုင်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီရွာတွေက နှစ်တိုင်း ဝါခေါင်လလောက်မှာ ရေကြီးတယ်။ ဒူးလောက် ရင်လောက်ထိ ရှိတယ်။ ရေတခါကြီး ဆယ့်ငါးရက် ရက်နှစ်ဆယ်လောက် ကြာတယ်။ တခါတလေနှစ်တွေမှာ နှစ်ကြိမ်လောက် ရေကြီးတယ်။ အခုလို ၁၅ ပေအမြင့်လမ်းကို ဖောက်လိုက်ရင်တော့ အိမ်တွေပါ မြုပ်သွားနိုင်တယ်” ဟု နိတုံရွာခံ ဘုန်းတော်ကြီးတပါးက မိန့်ဆိုသည်။

ဒေသခံများအနေနှင့် တာလမ်း ဖောက်လုပ်ခြင်းကို မကန့်ကွက်သော်လည်း ရေနုတ်မြောင်းများ ရှိသည့် အမြင့် ၃ ပေရှိ လမ်းကိုသာ ဖောက်လုပ်စေချင်ကြသည်ဟု ဆိုသည်။

တာလမ်းကြောင့် နိတုံ၊ ကွမ်ငန်း၊ မယ်ကသာ၊ ဦးလေး၊ ငါးပြည်မ စသည့် မြေနိမ့်ပိုင်းရှိ ရွာ ၉ ရွာမှာ တနှစ်လျှင် ၄ လခန့် ရေမြုပ်သွားနိုင်ပြီး လူဦးရေ ၁၃,၀၀၀ ကျော် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဆိုသည်။

အတ္ထရံမြစ်ကွေ့အနီးတွင် တည်ရှိသည့် ၎င်းရွာများသည် မြစ်အထက်ပိုင်းမှ စီးဆင်းလာသည့် တောင်ကျရေများကြောင့် မိုးရာသီတွင် နှစ်စဉ် တလခန့် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့ရလေ့ ရှိပြီး စာသင်ကျောင်းများကို ပိတ်ထားရလေ့ ရှိသည်။

၁၅ ပေအမြင့် လမ်းဖောက်လုပ်ခြင်းကို ရပ်တန့်ပေးရန် ဇူလိုင်လ ၅ ရက်နေ့က ရွာ ၉ ရွာမှ ဒေသခံ ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။

လမ်းဖောက်လုပ်ခြင်းကြောင့် ကြုံတွေ့လာရမည့် နစ်နာဆုံးရှုံးမှုအတွက် နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာဌာနများသို့ စုပေါင်းလက်မှတ်ထိုးကာ တင်ပြသွားမည် ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာများကို မှတ်တမ်းကောက်ယူနေသည့် ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည် လူ့အခွင့် အရေး ဖောင်ဒေးရှင်း HURFOM မှ တာဝန်ခံ ကိုဦးမွန်က အဆိုပါလမ်း ဖောက်လုပ်ခြင်း စီမံကိန်းသည် ဒေသခံများ၏ လယ်မြေများကို ကုမ္ပဏီက နည်းပရိယာယ်ဖြင့် သိမ်းယူနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီတာလမ်း ဖောက်လိုက်ရင် လယ်တွေလည်း ရေမြုပ်သွားမယ်။ ရေနက်ကွင်း ဖြစ်သွားရင် တန်ဖိုး မရှိတော့ဘူး။ လယ်သမားတွေလည်း ဒီမြေကို မလုပ်ချင်တော့ဘူး။ ဒီတော့ ဇေကမ္ဘာအနေနဲ့ လယ်သမားတွေဆီက ဈေးပေါပေါနဲ့ ယူလို့ ရသွားမယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

လမ်းဖောက်လုပ်ခြင်းကြောင့် လယ်သမားများက လယ်မြေများ ထုတ်ရောင်းမည်ကို ရွာခံဘုန်းတော်ကြီးများက စိုးရိမ်ပြီး ထုတ်မရောင်းကြရန် သစ္စာရေတိုက်ကာ ကတိသစ္စာ တောင်းဆိုထားကြောင်းလည်း သိရသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီက ဘိလပ်မြေစက်ရုံ ဆောက်ရန် အတွက် ၂၀၁၀ ခုနှစ်တွင် နိတုံရွာမှ လယ်မြေဧက ၈၃ဝ ကို တဧက ၃၅၀,၀၀၀ ကျပ်နှုန်းဖြင့် လျော်ကြေးပေးကာ သိမ်းယူခဲ့သည်။

၂ဝ၁၁ ခု နှစ်ဆန်းမှ စ၍ ဇေကမ္ဘာကုမ္ပဏီက အမေရိကန် ဒေါ်လာ သန်း ၂၂၀ ကုန်ကျမည့် သုံးနှစ် စီမံကိန်း စက်ရုံ အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီး စက်ရုံမှ တနေ့လျှင် ဘိလပ်မြေ အိတ်ပေါင်း ၆၆,၀၀၀ (တန်ချိန် ၃,၃၀၀) ကို ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီသတင်းရပ်ကွက်မှတဆင့် သိရသည်။

ကွန်းချမ်း |
စံခလပူရီ (မဇ္ဈိမ)

Posted: 17 Jul 2012 10:31 PM PDT

နေပြည်တော်၊ ဇူလိုင် ၁၈

အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် ၌ပြုလုပ်နေသည့် လွှတ်တော် အစည်းအဝေး များကို ဇူလိုင် ၁၉ အာဇာနည်နေ့နှင့် ဇူလိုင် ၂၂ရက်နေ့ထိ ခေတ္တရပ်နား ထားမည်ဟု လွှတ်တော် အစည်းအဝေး၌ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့မွှန်းလွှဲပိုင်းတွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက် မည်မဟုတ်ပဲ ၁၂ နာရီခန့်တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်ကြောင်း၊ လွှတ်တော် အစည်းအဝေး ခေတ္တရပ်ဆိုင်းချိန်တွင် သူရ ဦးရွှေမန်းနှင့် ထပ်မံ တွေ့ဆုံခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က သတင်းမီဒီယာများသို့ ပြောကြားသည်။

The Voice Weekly


Posted: 17 Jul 2012 10:27 PM PDT

ပြည်တွင်းဈေးကွက်တွင်း ၀င်ရောက်လာသော တရုတ်နိုင်ငံလုပ် မုန့်များအား အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းဝင်းအတွင်း ဈေးဆိုင်များ၌ လုံးဝမရောင်းချရန် တားမြစ်ထားကြောင်း ကောလင်းမြို့နယ် ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

“ကျောင်းသားကလေးငယ်တွေ တရုတ်နိုင်ငံလုပ် မုန့်မျိုးစုံ၊ ချဉ်စပ်ထုပ်တွေစားပြီး ၀မ်းပျက်ဝမ်းလျှောဖြစ်သလို ဗိုက်အောင့်တာတွေလည်း မကြာခဏဖြစ်တယ်လို့ မြို့ပေါ်ရပ်ကွက် ကျောင်းသားမိဘအချို့က ပြောဆိုနေတာကြောင့် ယခုလို တားမြစ်လိုက်ရခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ထုတ်တဲ့မုန့်တွေနဲ့ ပတ်သက်ပြီး ကျေးလက်ဒေသမှာ ရောင်းချတာနည်းသလို ၀ယ်စားတဲ့ကလေးတွေလည်း မရှိသလောက်ပါဘဲ။ တရုတ်မုန့်တွေ အစားများတာ မြို့ပေါ်က ကလေးတွေဆိုတော့ ကြိုတင်ကာကွယ်တဲ့ သဘောအနေနဲ့ ကျောင်းဝင်းထဲမှာ ရောင်းချနေတဲ့ ဈေးဆိုင်တွေကို မရောင်းချဖို့ တားမြစ်ခြင်းဖြစ်ပါတယ်”ဟု မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဟန်က ပြောကြားသည်။

“တရုတ်မုန့်တွေနဲ့ ပတ်သက်ပြီး မြို့ပေါ်ကျောင်းတက်တဲ့ ကလေးတွေ ကြိုက်နှစ်သက်ပြီး စားသုံးနေတာတွေ အမြဲတွေ့နေရပါတယ်။ တချို့ရပ်ကွက်တွေမှာဆိုရင် အဲဒီမုန့်တွေစားလို့ ဗိုက်အောင့်တာတွေ ၀မ်းကိုက်တာတွေ ရှိကြတယ်လို့ မကြာခဏ ကြားနေရတာပါပဲ။ ကျွန်တော်တို့ ကျောင်းမှာတော့ အဲဒီမုန့်တွေစားလို့ ဖြစ်တယ်ဆိုတာတော့ မကြားမိခဲ့ပါဘူး။ ကျွန်တော်ကတော့ တရုတ်က၀င်တဲ့ မုန့်တွေမှ တားမြစ်တာ မဟုတ်ပါဘူး။ ကျောင်းသူ/သားတွေ ရေခဲချောင်းစားရင်တောင် တားမြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေခဲချောင်းထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ရေဟာ သန့်ရှင်း/မသန့်ရှင်းဆိုတာ မသိရတော့ မသန့်ရှင်းတဲ့ရေနဲ့ ထုတ်လုပ်ပြီး ရောင်းချတယ်ဆိုရင် ကလေးတွေအတွက် ၀မ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်မှာစိုးလို့ ကျောင်းဝင်းထဲမှာလည်း မစားဖို့တားမြစ်သလို ရောင်းချခွင့်လည်း မပေးထားပါဘူး”ဟု မြောက်အင်း အ.မ.က ကျောင်းအုပ်ဆရာကြီး ဦးညိုမြင့်က သုံးသပ်ပြောကြားသည်။

ယခုအခါ တရုတ်နိုင်ငံမှ ဈေးကွက်ထိုးဖောက်မှုများတွင် ဟင်းချိုမှုန့်၊ ကြက်အူချောင်း၊ မုန့်မျိုးစုံ အများဆုံးပါဝင်ပြီး ထိုပစ္စည်းများ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ မပါသောကြောင့် စားသုံးသူများအတွက် အန္တရာယ်ရှိနိုင်ပြီး ထိုစားသောက်ကုန်ပစ္စည်းများသည် နယ်စပ်မှတစ်ဆင့် ၀င်ရောက်လာမှုများဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံလုပ် မုန့်များသည် ဈေးနှုန်းသက်သာသလို ထုပ်ပိုးမှုကောင်း၍ မျက်နှာပန်းလှသည့်အတွက် အခါကြီး၊ ရက်ကြီးနေ့များတွင် ကန်တော့ကြသည့်အခါ ပြည်တွင်းထုတ် မုန့်များထက် ထုပ်ပိုးမှုစနစ် ကောင်းခြင်းကြောင့် ပြည်တွင်းမုန့်များနှင့် နှိုင်းယှဉ်ပါက ၎င်းမုန့်များသည် ပိုမိုအရောင်းသွက်လျက် ရှိသည်။

7Day News Journal


Posted: 17 Jul 2012 10:15 PM PDT

ပညာရေး ၀န်ကြီးဌာန၏ ၂၀၁၂/၁၃ ဘတ်ဂျက်နှစ် အတွက် တည်ဆောက် ရန်ရှိသော
တက္ကသိုလ် /ကောလိပ်များ၏ တည်ဆောက်ရေး လုပ်ငန်းများ အတွက် သတင်းစာများမှ
တဆင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီများအား ဇူလိုင်လဆန်းတွင်
အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ပါသည်။

ထိုသို့ခေါ်ယူထားသော တက္ကသိုလ်အသီးသီးရှိတည်ဆောက်ရေးလုပ်ငန်းများမှာ
 လုပ်ငန်းတန်ဖိုး အနည်းဆုံးကျပ်သိန်းတစ်ရာခန့် မှ အများဆုံး ကျပ်သိန်းတစ်သောင်းခွဲခန့်
အထိလုပ်ငန်းများပါရှိခဲ့ပါသည်။

တင်ဒါတင်သွင်းသည်ကုမ္ပဏီများမှလည်း အလယ်/အလတ်ကုမ္ပဏီများပါဝင်သကဲ့သို့
ဧရာရွှေဝါ ၊ Original Group စသည်ဖြင့်ယခင်အစိုးရလက်ထက်တွင်ကြီးပွားလာခဲ့သော Crony
စီးပွားရေးလုပ်ငန်းရှင်အုပ်စုများ နှင့် ယခုအစိုးရလက်ထက် ထိပ်ပိုင်း
အစိုးရ၀န်ကြီး ၊ အရာရှိကြီးများနှင့် ဆက်နွယ်သော ကုမ္ပဏီကြီးများလည်း
ပါဝင်သည်ကိုတွေ့ရှိရပါသည်။

 Tender ပွဲအပြီး ၀န်ကြီးဌာန အရာရှိတစ်ဦး၏ မှတ်ချက်စကားကြောင့် အလယ်အလတ်တန်းနှင့်
 ကုမ္ပဏီငယ်များမှ စိတ်ပျက်အားရော့မှုကြုံတွေ့ခဲ့ရပါသည်။ ထိုအရာရှိ၏ မှတ်ချက်မှာ ၀န်ကြီး
ဒေါက်တာမြအေး မှ ကုမ္ပဏီကြီးများကိုသာ ဦးစားပေးရွေးချယ်ရန်
မှာကြားကြောင်း ပြောဆိုခြင်းဖြစ်သည်။

ထိုမှတ်ချက်အရဆိုလျှင် အလယ်အလတ်ကုမ္ပဏီများ  နှင့် ကုမ္ပဏီငယ်များမှာ ကုမ္ပဏီကြီးအဆင့်သို့
ရှင်သန်ကြီးထွားခွင့် ကိုပိတ်ပင်ထားသကဲ့သို့ ဖြစ်နေပါသည်။

အခြားကြားသိရသည့် အချက်တစ်ခုမှာလည်း Tender စတင်ခေါ်ယူစဉ်ကာလက ကုမ္ပဏီ
Profile နှင့် Details တွက်ချက်မှုများ ပါရှိရမည်ဟု စည်းကမ်းသတ်မှတ်ထားသော်လည်း
 လူသိများသော ကုမ္ပဏီကြီးတော်တော်များများမှာ ထိုအချက်များကိုယူဆောင်လာခြင်း
မရှိကြောင်းတွေ့ရှိရပါသည်။

Tender ပွဲမှာလည်း ရှုပ်ရှက်ခတ် ၍ လူများအုံလျှက် ဘုရားပွဲဈေးတန်းကဲ့သို့
ဖြစ်နေပါသည်။ ထိုကြောင့် အထက်ပါအချက်များကို ကြည့်၍ Open Tender
ဟုဆိုသော်လည်း စည်းကမ်းနှင့် ပြည့်စုံမှုမရှိသော ကုမ္ပဏီကြီးများကို
သာဦးစားပေးရွေးချယ်မှုပြုခဲ့လျှင် ပညာရေးဝန်ကြီးနှင့် ကုမ္ပဏီကြီးများ၏
လက်ဝါးရိုက်ပြီးသား Tender ပွဲကြီးဟုသာ ထင်မြင်ရန်ရှိသည်ဟု Open Tender
ပွဲ တက်ရောက်ခဲ့သူများက Myanmar News Now ကိုပြောပြပါသည်။


Posted: 17 Jul 2012 09:56 PM PDT

စစ်တွေ (GTC) မှ ဆရာမများ ဘင်္ဂလီရိုဟင်ဂျာများ၏ တိုက်ခိုက်ခြင်းခံရ

ယနေ့ ၁၇.၇.၂၀၁၂ ရက်နေ့ နေလည် ၃ နာရီပတ်ဝန်လောက်တွင် စစ်တွေမြို့
 ရေချမ်းပြင် ကျေးရွာနားတွင် ရှိသော အစိုးရနည်းပညာတက္ကသိုလ်(GTC)မှ
 ကျောင်းပြန်လာသော ဆရာမများ စီးနှင်းလိုက်ပါလာသော သုံးဘီးဆိုင်ကယ်ကို
 လမ်းပေါ်ရှိ ရွာကြီး၊ ရွာငယ် ဘင်္ဂလီကျေးရွာများမှ ဘင်္ဂလီရိုဟင်ဂျာ ၃၀၀
 လောက်က တားဆီပြီး ဒုတ်၊ ဓားများဖြင့် သတ်ဖြတ်ခဲ့---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 စစ်တွေမြို့  ရေချမ်းပြင် ကျေးရွာနားတွင် ရှိသော အစိုးရနည်းပညာ တက္ကသိုလ်(GTC)



Posted: 17 Jul 2012 09:52 PM PDT

ညောင်ရွှေအုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းမှ လာရောက်စစ်ဆေးသည့်အခါ 
ရွှေ  ကျပ်  ပဲ ဘောက်ချာ ကို သက်သေအဖြစ်ရယူခဲ့ပြီးမည်သို့ မျှ 
အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါ။

အမှန်တကယ် ရှေးဟောင်းဘုရားပေါ်မှာ ချွတ်ယူခဲ့သည့် ရွှေမှာ ၇၀ 
ကျပ်သားကျော်သည်ဟု သိရှိရပါသည်။

မည်သည့် ဒါယကာ အထောက်အပံ့မည်မည်ရရ မရှိပါပဲ ၂၀၁၂ ဂျွန်လ 
တွင် သိန်း ၂၅၀ တန်ကားဝယ်စီးခြင်း၊ ဆိုင်ကယ်အသစ်ဝယ်ခြင်း၊ 
လယ်သစ်ဆရာတော် ဦးကောဝိဒမှ ဆိုင်ကယ်အသစ်ဝယ်ယူခြင်း၊ 
ကွန်ပြူတာ ၀ယ်ယူခြင်း များအပြင် လယ်ယာမြေများအပေါင်ခံခြင်းများ --



ရွှေများကို သင်းကန်းများကာ၍ ချွတ်ယူခဲ့ပုံ

ရွှေသင်္ဃန်းများ ခွါယူပြီးနောက်တွေ့ ရစဉ်
ရွှေမှင်များဖြင့် ပြန်သုတ်ပြီး ဟန်မပျက် ပြန်လည်ထားရှိခဲ့ပုံ



Posted: 17 Jul 2012 10:02 PM PDT
မသန်စွမ်း သူများဖြင့် ဖွဲ့စည်းထားပြီး မသန်စွမ်း သူများဘ၀ ဖွံ့ဖြိုး တိုးတက်ရေး
အတွက် ဆောင်ရွက် လျက်ရှိသော ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)မှ
 မသန်စွမ်းသူများ စိတ်ဓါတ်မြှင့်တင်ရေး၊ စာပေအသိပညာနှင့် ဗဟုသုတ
အမြင်ပွင့်လင်းစေရေးအတွက် (၆၅)ကြိမ်မြောက် "အာဇာနည်နေ့အကြို"
 စာပေဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊
 "ဒို့ရိုးရာစားသောက်ဆိုင်" တွင် (၁၅.၇.၂၀၁၂)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီမှ စတင်၍ကျင်းပပြုလုပ်ခဲ့ပါသည်။

 စာပေဟောပြောပွဲတွင် ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ဦးဇာဂနာတို့မှ ဟောပြောမည်ခဲ
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...