လူရိုင်းသူ
by Sat Paing on Thursday, April 19, 2012 at 10:41pm
ကျွန်တော်တအားဒေါသထွက်နေတယ် အကယ်၍အခုချိန်မှာခင်ဗျားသာ ကျွန်တော့်ကို အနည်းငယ်လောက်ပဲဖြစ်ဖြစ် ထိကပါးရိကပါးလုပ်မယ်ဆိုရင် ခင်ဗျားကိုကျွန်တော် ဆွဲထိုးမိလိမ့်မယ် လူလူချင်း လေးစားမှုရှိရမယ်ဆိုတာအလကား…ထွီ
အောက်တန်းစားတွေ ဆောင်ပုဒ်ထဲမှာပဲ အသက်ရှင်နေတဲ့ စကားလုံးတွေ….တောက် စိတ်ရှိလက်ရှိလုပ်လိုက်ရရင် အကုန်သေကုန်တော့မှာပဲ တကယ်ပဲ လူတွေမုန်းဖို့ကောင်းလိုက်တာ ဘာတဲ့ ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားညှာတာတဲ့ ဟုတ်လား သွားစမ်းပါကွာ စောက်ကျက်သရေမရှိ တစ်ခုခုဆိုလည်း ခေါင်းရှောင်တတ်တဲ့အကျင့် တွေဖြစ်လို့ပဲ မဆုံးနိုင်တော့ဘူး ခုချိန်မှာ ဘေးနားမှာတစ်ယောက်ယောက်ရှိရင် အဲ့တစ်ယောက်တော့ ဂြိုလ်ဝင်မှာပဲ သိပ်ကို ရင်နာဖို့ကောင်းတယ် ဖြစ်လိုက်တဲ့ မုဒိန်းမှုတွေ ဗုဒ္ဓဘာသာနိုင်ငံတဲ့ လူကြား လို့မှကောင်းသေးရဲ့လား ဟော.. တော်ကြာတစ်မျိုး တော်ကြာဘယ်မြို့မှာ တော်ကြာဘယ်နားမှာ လောင်လိုက်တဲ့မီးတွေကလည်း ပြီးမပြီးနိုင်တော့ဘူး ပျက်လိုက်တဲ့မီးတွေကလည်း လာကိုမလာတော့ဘူးအလကား တစ်နိုင်ငံလုံးက ကျက်သရေမရှိတော့ဘူး နေရာတကာ အနီရဲရဲ စတစ်ကာတွေ ကလည်းမြင်မကောင်းလောက်အောင် ပွစာတက်နေတယ် ကျားပေါက်သီချင်းထဲကလို ဖြစ်နေပြီ အဖိုးကြီးလည်း စု အဖွားကြီးလည်း စု မွေးကင်းစအာပြဲလေးလည်း စု အဲ့မှာ သေအောင်သာစုကြ ကိုယ့်ကြည့်တော့ ထမင်းတောင်နပ်မမှန်တဲ့ဟာတွေ ပြောလိုက်ရင်လည်း လေကြီးမိုးကြီးနဲ့ ဘာတစ်ခု မှလည်း ဘယ်နေရာမှာမှ သုံးစားလို့မရတဲ့ဟာတွေ မြန်မာနိုင်ငံကိုတောင် စင်ကာပူလိုဖြစ်အောင် လုပ်ဦးမယ် ဆိုလား အဟက်… စောက်ပိုတွေ တအားလုပ်တဲ့နိုင်ငံ ရှေ့နောက်မညီတဲ့တွဲလုံးစောက်ပိုတွေနဲ့ ကမ္ဘာကလှောင်ပြောင်နေတာလဲ ဆယ်စုနှစ်တွေများနေပြီ ဒီမိုကရေစီဆိုတာ ဂျိုနဲ့လားလို့ မေးရမယ့်အချိန်မှာ စောက်ကြီးစောက်ကျယ်တွေတအားပြောတဲ့ခင်ဗျားတို့အားလုံးကိုလေ ဆွဲဆောင့် ကိုင်ပေါက်ပစ်လိုက်ချင်တယ် ကိုယ့်အလုပ်ကိုယ်လုပ်မယ် မစဉ်းစားကြဘူး ၀င်ပါသင့်တဲ့အခါဆို လက်ပိုက်နေကြတယ် လက်ပိုက်သင့်တဲ့အခါဆို အာဝင်ချောင်တယ် ကောင်းတယ် သေကြတာ တောင်နည်းသေးတယ် အလကားဘာတစ်ခုမှလည်း ရေရေရာရာမရှိဘူး ဘာလဲ မကျေနပ်ဘူးလား ကျုပ်ပြောတာမှားနေတယ်ထင်လို့လား နေစမ်းပါဗျာ..ခင်ဗျားကရော ဘာအတွက်လုပ်နေတာလဲ ဘယ်သူတွေအတွက်လုပ်နေတာလဲ ဒီမယ်..ကိုယ်ကိုယ်တိုင်က ဘာကောင်မှမဟုတ်ဘဲ ကျုပ်ကို ဘာမှလာပြောဖို့ မစဉ်းစားနဲ့ အေး…ဘာဖြစ်လဲ ကျုပ်ဟာကျုပ် ဘာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် ခင်ဗျား ထက်တော့သာတယ် သွား..သွား.. နေရင်းထိုင်ရင်းခေါင်းကွဲချင်လို့လား..ဟိုကောင် အငယ်ကောင် ကြိုးဆွဲနေတယ် အောက်မှာ ဘယ်သူလဲဆိုတာသွားကြည့်စမ်း… ဘာ.. ဘယ်သူမှမရှိဘူးဟုတ်လား အဲ့တာဆို ဘယ်ခွေးမသား လက်သရမ်းတာလဲ အဲ့မှာစောင့်ကြည့်နေစမ်း ဘယ်သူစောက်ကမြင်းကြော ထနေတာလဲဆိုတာ ကြည့်ထား.. ပြီးရင် ငါ့ကိုပြော..မှတ်လောက်အောင်ဆဲပေးလိုက်ဦးမယ် စောက်ရေးထဲ ဖုန်းကလာပြန်ပြီ ဟဲလို…ဟဲလို..ဟာကွာ.. တောက်…လိုင်းကမမိပြန်ဘူး ဒါနဲ့များ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တဲ့... အကြီးကောင် မင်းအမေဘာလုပ်နေတာလဲ… ငါထမင်းစားတော့မယ်လို့ ပြောလိုက်…ဘာ…မရှိဘူး ဟုတ်လား မရှိလို့ဒီကောင်မက ဘယ်လင်ငယ် အိမ်သဝေထိုးနေတာလဲ… ရောက်လာမှနားပန်ကျင်းပေးလိုက်အုံးမယ်…သွား..သွားရှာစမ်း မင်းအမေ ကို ပြဿနာပဲ လလည်းကုန်နေပြီ..မီတာခတွေ ရေဖိုးတွေပေးရဦးမယ် ရတဲ့လစာက နှစ်ပဲတစ်ပြား ဒီနေ့ထုတ် မနက်ဖြန်ပြောင်တဲ့ စောက်ပိုက်ဆံကို ဘယ်ကလာသွားစုနေလို့ရတော့မှာလဲ မင်းတို့ နှစ်ယောက်ကလည်း စောက်သက်ကမြန်မြန်မကြီးနိုင်တော့ဘူး
တကယ်..တကယ်..ဒီနိုင်ငံမှာလူလာဖြစ်တဲ့ကျုပ်ကပဲကံဆိုးတာလား နိုင်ငံကိုအုပ်ချုပ်နေတဲ့လူတွေကပဲ ရုပ်ဆိုးတာလား. ထိုင်းမှာအလုပ် သွားလုပ်မယ်ပြောတော့လည်း အိမ်ကဟာမက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူဟာသူရေကြီးတာငါနဲ့ ဘာဆိုင်လို့လဲ..အချိန်တန်ကောင်းသွားမှာပါပြောတော့ ရှင့်ကိုမခွဲနိုင်လို့ပါ ဆိုတာတစ်မျိုး သားနှစ်ယောက်ကရှင်ရှိမှဖြစ်မှာကတစ်ဖုံနဲ့ အလကားမိန်းမ ဘာတစ်ခုမှလည်းအသုံးမကျဘူး ဟော..ခုပဲကြည့် ဘေးခန်းကကောင်တောင် သူ့မိန်းမစီပိုက်ဆံပို့တာ သိန်း၃၀တောင်ရှိပြီဆိုပဲ ငါ့လောက်မှပညာမတတ်တဲ့ကောင်တောင် သိန်း၃၀ပို့နိုင်တာ ငါဆိုသိန်း၅၀လောက်က အသာလေးပဲ ဒင်းစောက်သုံးမကျလို့ အဲ့ဒါ…ဘာပဲလုပ်လုပ်ရှေ့ကကန့်လန့်ကန့်လန့်နဲ့ ဒီမိန်းမကွာပစ်တာပဲ အေးမယ်ထင်တယ်တစ်ဖက် တစ်လမ်းက ၀င်ငွေအပိုလေးရအောင် စာရေးပြန်တော့လည်း ကျက်သရေမရှိတဲ့ အယ်ဒီတာတွေနဲ့ပဲလာလာဆုံနေတယ် သူတို့ရွေးတဲ့စာမူတွေကျတော့ စောက်တလွဲ ဒါနဲ့များ မြန်မာနိုင်ငံစာပေကိုတိုးတက်အောင်လုပ်အုံးမယ် ဆိုလားပဲ အလုပ်ကမန်နေဂျာကိုလည်း ဘယ်တော့ခေါင်းရိုက်ခွဲ မိမယ်မသိဘူး ဒီကောင်လူပါးဝနေတာများနေပြီ တော်ကြာတစ်မျိး တော်ကြာတစ်မျိုးနဲ့ လူကို သူ့ကျွန်ပဲထင်နေလားမသိဘူး သူဌေးယောက်ဖမို့လို့ မန်နေဂျာဖြစ်နေတာကိုပဲ ဟုတ်လှပြီထင်နေ တယ် လမ်းထိပ်ကွမ်းယာဆိုင်ကကောင်မကလည်း မယားနဲ့ကလေးရှိမှန်းသိသိနဲ့ ကြာလာလာ ပစ်နေတယ် ငါဆွဲစားလိုက်ရင်တော့ နာတော့မှာပဲ တစ်နေ့တစ်နေ့ဒင်းတို့ကိစ္စတွေရှင်းနေရတာနဲ့ ငါ့မှာတရားအလုပ်တောင် ဖြောင့်အောင်မလုပ်နိုင်ဘူး တကယ်အကုသိုလ်များတဲ့ နိုင်ငံပဲ ကိုယ့်မိသားစုတောင်နပ်မှန်အောင်စားနေရတဲ့အထဲ ကောင်မကသူ့ဆွေမျိုးတွေ အလည်ခေါ်နေသေးတယ် ရှုပ်ပါတယ် ဒီမိန်းမတကယ်ကွာပစ်မှ ကောင်းမယ်ထင်တယ် ပြောရင်းဆိုရင်း မီးကလည်းပျက် ပြန်ပြီ အကြီးကောင်လာစမ်း..ငါ့ကိုယပ်ခပ်ပေးစမ်း…ဘာ…ကျူရှင်သွားမယ်..ဟုတ်လား..ငါ့ကိုများ ဘာအထွန့်တက်နေလဲ မင်းတို့ပညာရေးက ဘယ်လောက်အဆင့်ရှိလို့လဲ ကျောင်းထွက်ပြီး အလုပ်လုပ်ကြ ဆိုတော့ ထုံးစံအတိုင်း ကန့်လန့်မက ၀င်ဝင်ရှုပ်သေးတယ် ပညာမတတ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ပညာတတ်တော့ရော ဘယ်သူတွေက ဘာတွေများဖြစ်ကြတာ မြင်ဖူး လို့လဲ မသွားနဲ့…အဲ့ဒီကျူရှင်…ဟိုကောင် အငယ်ကောင် လာတော့လေ… ဘယ်သူမှ မတွေ့တာကို ဘာဆက်ထိုင်နေတာလဲ..မင်းတို့ကောင်တွေ မပြောရင်မပြောသလိုပဲ… အိမ်အလုပ်ကျတော့ ဘာလုပ်မယ်မစဉ်းစားဘူး…အားရင် စားမယ် ကစားမယ်ပဲ အဲ့ဒီ အားကစားဆိုတာလည်း ဘာမှစောက်ဆင့်ရှိ တာမဟုတ်ဘူး အခုမှ ဘောလုံးသမားတွေလစာလေး တစ်ပဲနှစ်ပြားပေးပြီး မြန်မာ့အားကစား ကမ္ဘာ ကိုလွှမ်းရမယ်တွေ ဘာတွေနဲ့ ဟုတ်တာလည်းမဟုတ်ဘူး စောင့်ကြည့်နေသေးတယ်၂၀၁၃ ဆီးဂိမ်း မှာရွှေဘယ်နှစ်ခုရမလဲဆိုတာ… ဟာ..တိုက်ပြန်ပြီလား…ဒီလမ်းမက ကားတွေခဏခဏတိုက်နေတာပဲ … တိုက်မှာပေါ့..မီးပွိုင့်ကခဏခဏပျက်တာကို..မီးပွိုင့်ပျက်လို့လည်း ကင်းတဲက မော်တော်ပီကယ်က ထွက်ရှင်းမယ်မစဉ်းစားဘူး..ကက်ဆက်လေးဖွင့်လိုက်…ဆေးလိပ်လေးသောက်လိုက်နဲ့…နိုင်ငံတော်က ပေးထားတဲ့လစာကို အချောင်ယူပြီး ရေသာခိုနေတဲ့ကောင်တွေ…ဖြစ်ရမယ်…ဘေထုပ်တန်းက ၀ယ်လာ တဲ့မျက်မှန်ကိုပဲ နိုင်ငံခြားကပို့လိုက်တာတွေ ဘာတွေလာရွှီးနေတယ် မသိရင်ခက်မယ် မင်းတို့အဆင့်နဲ့များ…ဟိုကောင် အငယ်ကောင် အပေါ်ထပ်မှာသွားမေးစမ်း.နှစ်လုံးဘာဂဏန်းထွက် တယ်ဆိုတာ..စောက်နှစ်လုံးကလည်း ထိုးသာထိုးနေရတယ်..ဘယ်တော့မှ ကောင်းကျိုးမပေးဘူး တကယ်ပဲစိတ်ပျက်ပါတယ် ငါစိတ်ရှိလက်ရှိလုပ်လိုက်ရရင်ေ
တာ့ အကုန်လုံးမသာပေါ်ကုန်တော့မှာပဲ
တကယ်ပဲ ကျွန်တော်တအားဒေါသထွက်နေတယ်
ဇာတိ (ဖျာပုံ)
7.4.2012
12:40 AM
zartipyapon@gmail.com
0 comments:
Post a Comment