Friday, May 18, 2012

ကိုယ့် Ph.D. ကျမ်းကို ကပြသရုပ်ဖော်ဖို့စတင်ခဲ့တဲ့ Scientist and Writer John Bohannon



အထက်ပါ ဗွီဒီယိုထဲက ပုဂ္ဂိုလ်ကတော့ "Dance your Ph.D." ဆိုတဲ့ ပြိုင်ပွဲကို ဦးဆောင်ကျင်းပစေခဲ့တဲ့ Scientist and Writer John Bohannon ပါပဲ။ ဒီပြိုင်ပွဲရဲ့ အဓိက သဘောတရားကတော့ ရှုပ်ထွေးတဲ့သိပ္ပံသဘောတရားတွေကို မျက်မြင်ထင်ရှားပေါ်လွင်စေဖို့အတွက် ရှင်းလင်းတင်ပြရာမှာ ယခုကမ္ဘာတလွှားမှာ သုံးနေကျဖြစ်တဲ့ Powerpoint အစား ခုလိုကချေသည်လေးတွေကို ပုံဖော်ကပြစေခြင်းဖြင့် ပိုမိုပုံပေါ်စေတယ်လို့ဆိုပါတယ်။


ဒီထဲမှာသူရှင်းပြထားတာကတော့ တစ်ခါတုန်းက Massachusetts Institute of Technology က သူ့သူငယ်ချင်းက လေဆာကိုသုံးပြီး Matter တွေကို အေးဆေတဲ့နည်းကို ရှင်းပြရာမှာ သူ့အတွက်ပင် နားလည်ရခက်ခဲခဲ့တယ်။ အဲ့ဒီကနေ လူတွေကိုပုံဖော် ကခိုင်းရရင်တော့ ဒီခက်ခဲတဲ့ သိပ္ပံသဘောတရားတွေကို လွယ်လွယ်ကူကူ နားလည်စေမှာဖြစ်တယ်ဆိုပြီး.. ဒီပြိုင်ပွဲကို စတင်ခဲ့တာပါပဲ။ နောက်.. အဲ့ဒီထဲကတချို့ superfluid တို့ဘာတို့ အစရှိတဲ့ သဘောတရားတွေကို ဒီမှာပုံဖော်ပြောဆိုပြသွားတာပါ။ Science ဖြစ်ဖြစ် Art ပဲဖြစ်ဖြစ် တကယ်တမ်းကတော့ ဒီသဘာဝတရားကြီးကိုပဲ ပုံဖော်ဖို့ကြိုးစားကြတာပါ။ ဒါ့ကြောင့် အရေးအကြီးဆုံးက ကိုယ်လေ့လာလုပ်ကိုင်နေတဲ့အလုပ်နဲ့ တကယ့်အရှိသဘာဝတရားနဲ့ ဆက်စပ်မိဖို့ အရေးကြီးပါတယ်။ ခုမြန်မာမှာဖြစ်နေတာက စာအုပ်ထဲကစာတွေက စာအုပ်ထဲမှာပဲနေတယ်၊ စာအုပ်အပြင်ကို ထွက်မလာတော့ဘူး။

ကျောင်းသားတွေက ခက်ခဲတဲ့ပုစ္ဆာတွေကို အဖြေထွက်အောင်ပဲ တွက်ကြတော့တယ်။ ဒီဟာက အပြင်လက်တွေ့မှာ တကယ်အသုံးဝင်တယ်ဆိုတာတောင် မသိကြတော့ဘူး။ အဓိကကတော့ ဆရာ၊ဆရာမတွေက ကျောင်းသားတွေကို ဒါကိုဒီလိုလုပ်လိုက် အဖြေရတယ်ဆိုပြီး သင်ပေးတာက အဓိကပြဿနာပဲ။ အဲ့ဒီလိုသင်ပေးနိုင်တဲ့ ဆရာကိုပဲ လူတွေက ဒီဆရာကတော့ အသင်အပြကောင်းတယ်။ ရှင်းလင်းတယ် စသည်ဖြင့် အမှတ်ပေးအသိအမှတ်ပြုကြတယ်။ ဆယ်တန်းဆိုပိုပြီးဆိုးတော့တယ်.. ပုံသေနည်းချပြ ဒါပါရင်ဒါအစားသွင်းလိုက်လို့ ပြောတဲ့ကျူရှင်ဆရာဆို ထောပြီပဲ။ တကယ်ဆို ဆယ်တန်းဆိုတာ ဘ၀မှာဘယ်လောက် အရေးပါသလဲ။ ဒီကပြီးတာနဲ့ လူငယ်တွေက လူကြီးစိတ်စပြီး ၀င်လာကြပြီ။ ငါလုပ်နိုင်တယ်ဆိုတာမျိုးပေါ့.. တကယ်တော့ ကိုယ်ကဘာမှသိသေးတာမဟုတ်။

ဒါတွေက တိုင်းပြည်အနာဂတ်အတွက် အရမ်းအရေးကြီးတယ်။ ပညာရေးကို ခြေဆုံးခေါင်းဆုံး ဆန်းစစ်ပြင်ပါမှ တော်တည့်မှန်ကန်စွာ တွေးတတ်ခေါ်တတ်တဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်မှာပါ။ သူများနိုင်ငံတွေ ဘယ်လောက်ထိ နောင်လာနောက်သားတွေကို စဉ်းစားသလဲ.. ခုဒီဗွီဒီယိုမှာပဲကြည့်လေ ကျွန်တော်တို့တွေက Powerpoint လေးလုပ်ပြီး Presentation လေးလုပ်တတ်ဖို့ကို ဘ၀ကြီးအောက်မေ့ပြီး ခေါင်းကြီးငုံ့လို့ တစိုက်မတ်မတ်လုပ်လာလိုက်ကြတာ.. ဟောခုကြည့် သတို့ကနောက်တစ်မျိုးတိုးလိုက်ပြန်ပြီ Powerpointတွေ၊ တကယ့် computer ကြီးတွေသုံးပြီး.. simulation ကြီးတွေလုပ်တာ ငွေကုန်ကျေးကြအရမ်းများတယ်.. ခုလိုကချေသည်လေးတွေနဲ့ ပုံဖော်တာဟာ အကုန်အကျသက်သက်သာသာနဲ့ ကွက်ကွက်ကွင်းကွင်းမြင်စေတယ်ဆိုပြီး တင်ပြလာကြပြန်ပြီ။

ဒါကသူတို့ ဓလေ့ပဲ.. အမြဲတမ်းကောင်းသထက်ကောင်းအောင် ကြံဆနေကြတာပဲ။ သူတို့ပညာရေးကောင်းလား သွားမေးကြည့် မကောင်းဘူး.. လိုအပ်ချက်တွေအများကြီးပဲဆိုတာမျိုးပဲ ကြားရလိမ့်မယ်။ အဲဒါကြောင့်ပဲ သူတို့ကအစဉ်အမြဲ တိုးတက်ပြီး.. မြုံစိစိကျုပ်တို့လို နိုင်ငံတွေက အမြဲနောက်ကောက်ကျနေတာ။ ခုတော့ ကိုယ့်နိုင်ငံကပြောင်းလဲစပြုလာပြီဆိုတော့ ဒီမိုကရေစီကျကျ ထောက်ပြပြောဆိုတာတွေလုပ်လာကြတာ ကြားနေသိနေရလို့ ၀မ်းသာမိတယ်။ အကြီးအကဲတွေနားလည်း တကယ်တတ်သိတဲ့ ပညာရှင်တွေ အကြံဥာဏ်ပေးနေကြပါစေလို့ ဆုတောင်းမိတယ်။

ဒါပေမယ့် အဲ့ဒီပညာရှင်ဆိုတဲ့ စကားပါလာရင်ကို စိတ်ကမချမ်းမသာ ဖြစ်ရတယ်။ သူများနိုင်ငံတွေမှာ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ရိုက်သတ်လို့မကုန်ဘူး။ ကိုယ့်နိုင်ငံမှာက ဘယ်ပညာရှင်ကဘာပြောတယ်ဆို ပြီးသွားပြီ။ နောက်ထပ်ကြားစရာ အကြောင်းမရှိတော့ဘူး။ ဒါကိုပဲ အမှန်တရားလုပ်ရတော့မယ်။ ဒါက အန္တာရာယ်ကြီးတယ်။ သူများနိုင်ငံမှာဆို ဟိုတက္ကသိုလ်ကတော့ ဘယ်လိုမြင်တယ်၊ ဒီအဖွဲ့အစည်းတွေကတော့ ဒီလိုမြင်တယ်ဆိုပြီး အမြင်တွေစုံနေအောင်ကြားပြီးမှ ဆုံးဖြတ်ချက်ဆိုတာလာတယ်။ ကိုယ့်နိုင်ငံမှာတော့ ပညာရှင်က ဒီ ၁ ယောက် ၂ ယောက်ပဲ။ ဒီပြင်လူမရှိတော့ဘူး။ ပညာရေးကို ခုကတည်းကပြင်ဖို့ အသည်းအသန်စဉ်းစားမှ နောက် ဆယ်စုနှစ်တွေအတွင်းမှာ ပညာမြိုင်တဲ့ လူ့မလိုင်တွေကို မွေးနိုင်မှာဖြစ်တယ်။ အမိနိုင်ငံပညာရေး အစဉ်မနှေးတိုးတက်ပါစေလို့ပဲ ဆုတောင်းမိတယ်။

http://myanmar-yis.net/forum/topic/show?id=4971275%3ATopic%3A24162&xgs=1&xg_source=msg_share_topic မှ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...