lubo601.com ၏"ဘုရားသခင်သည် ဖြေရှင်းချက်မဟုတ်၊ တကယ်ပြသနာ..!" ဆောင်းပါးအားတုန်ပြန်ချက်။
(((ဘုရားသခင် သည် ဖြေရှင်းချက် မဟုတ်၊ တကယ့် ပြဿနာ !)))
by Shwe Eaim Si on Saturday, March 31, 2012 at 11:1·
Osho: ဘုရားသခင် မရှိဘူးလို့ ကျနော် ယုံကြည်နေတာ မဟုတ်ပါဘူး။ ဘုရားသခင် ဆိုတာ မရှိဘူးလို့ ကျနော် ကျိန်းသေ သိတာ ဖြစ်ပါတယ်။ ဘုရားသခင် ဆိုတာ မရှိတဲ့ အတွက်လည်း ကျနော် ဘုရားသခင်ကို ကျေးဇူး တင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘုရားသခင် ရှိနေရင် – သူ တည်ရှိနေပါတယ် ဆိုတဲ့ အချက် က ပြဿနာတွေ အများကြီး ဖန်တီးပေးနေလို့ပဲ။ သူ ရှိနေတယ်လို့ ယူဆ နေကြ တဲ့ အတွက် အခက်အခဲတွေ အများကြီး ကြုံကြရတယ်။ အထူးသဖြင့် – ဘုရားသခင် ရှိနေရင် ကျနော်တို့ ဘဝ – ဖြစ်မလာနိုင်ဘူး ဆိုတာ မြင်ဖို့ လိုပါတယ်။
ဒီရှုထောင့် ကို ခင်ဗျား လည်း တွေးထား ချင်မှ တွေးထားမယ်။ ဘုရားသခင် တည်ရှိနေတယ်လို့ ယုံကြည်ကြသူ တိုင်း ဒီရှုထောင့်ကို မတွေးခဲ့ ကြဖူးဘူး ထင်ပါတယ်။
ဘုရားသခင်ဟာ ကမ္ဘာကို ဖန်ဆင်းခဲ့တယ် လို့ ခရစ်ယာန်တွေ ပြောကြတယ်။
တကယ်က – ဖန်ဆင်းဖို့ လိုအပ်နေတယ် ဆိုတဲ့ အကြောင်း သက်သက်နဲ့ ဘုရားသခင် ဆိုတဲ့ အယူအဆ ဝင်လာရတာပဲ ဖြစ်ပါတယ်။ ကမ္ဘာက ဒီမှာ တကယ် ရှိနေတယ်။ တွေ့နေရတယ်။ ဒါကို တစ်ယောက်ယောက် က ဖန်ဆင်း တာပဲ ဖြစ်ရ မယ် ။ ဒီ ကမ္ဘာကို ဘယ်သူ ဖန်ဆင်းတယ် လို့ ပြောပြော – အဲ့ ဖန်ဆင်းရှင်ကို ဘုရားသခင် လို့ ခေါ်မယ်။ ဟုတ်တယ်ဟုတ် ။ ဒါပေမယ့် – တကယ်တမ်း သာ အဲ့လို ဖန်ဆင်း ခံရတာပါ ဆိုရင် – ဘာတွေ ဖြစ်လာမလဲ ခင်ဗျား သိပါသလား။
ကမ္ဘာဟာ တကယ်တမ်း ဖန်ဆင်းခံရတာ၊ ဖန်တီး ခံရတာပါ ဆိုရင် – ကမ္ဘာမှာ အသွင်သဏ္ဍာန် ပြောင်းလဲမှု၊ ဆင့်ကဲ ဖြစ်စဉ် ဆိုတာ – ဘာတစ်ခု မှ ဖြစ်မလာ နိုင်ဘူး။ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် ( Evolution ) ဆိုတာ – ဆက်ကာ ဆက်ကာ ဖန်တီးနိုင်စွမ်း ရှိနေတယ် လို့ အဓိပ္ပာယ် သက်ရောက် ပါတယ်။
ခရစ်ယာန် ပုံပြင်ကို တွေးကြည့်မယ်။ ဘုရားသခင်က ကမ္ဘာကို ခြောက်ရက် နဲ့ ဖန်ဆင်းတယ်။ ခုနှစ်ရက် မြောက်နေ့မှာ သူ အနားယူတယ်။ အဲ့ နောက်ပိုင်း ကတည်းက သူ အငြိမ်းစား ယူသွား တော့တာပဲ။ သူ ဖန်ဆင်းခဲ့တာဟာ ခြောက်ရက် ထဲရယ်။
အပြည့်အဝ – “ပြီးပြည့်စုံအောင် ဖန်ဆင်း” သွားတာ ဖြစ်တယ် လို့ ဆိုတယ်။ ဒါဆိုရင် အခု – ဆင့်ကဲ ပြောင်းလဲမှု၊ တစ်ခုနဲ့ တစ်ခု တော်လှန် ပြောင်းလဲ နေမှု တွေက ဘယ်နေရာက ပေါ်ပေါက် လာကြရတာလဲ။ ဖန်ဆင်းတယ် ဆိုတဲ့ အဓိပ္ပာယ် ကိုယ်နှိုက် က – အပြည့်အဝ ပြီးဆုံးသွားပြီ။ “ပုဒ်မ” ချ ၊ အချောသတ် သွားပြီ လို့ ဆိုလိုတယ် မဟုတ်လား ။
ဒီပုံပြင် အရ – ကမ္ဘာဟာ ခြောက်ရက် မြောက် နေ့ကတည်းက ပုဒ်မ ချပြီးသား။ အပြည့်အဝ ပြီးပြည့်စုံပြီးသား။ ဒါဆို – နောက်ထပ် ဆင့်ကဲ ပြောင်းလဲ လာစရာ ဘာအကြောင်းမှ မရှိဘူး ရယ်။
နို့ပေမယ့် ဆင့်ကဲ ပြောင်းလဲမှုတွေက တကယ် ရှိနေတယ် ။ ဒီ အချက် က – သူ အပြည့်အဝ ( ပြီးပြည့်စုံ အောင် ) မဖန်ဆင်း နိုင်ခဲ့ကြောင်း ညွှန်ပြ နေတယ်။
ဘုရားသခင်ဟာ မပြီးပြည့်စုံတဲ့ ကမ္ဘာကို ဖန်ဆင်းခဲ့မှာ မဟုတ်ဘူး ဆိုတဲ့ အချက် ကလည်း ရှိနေပြန်တယ်။ ဘာလို့ ဆို ဘုရားသခင် ဆိုတဲ့ ဂုဏ်ရည် နဲ့ ဆန့်ကျင် နေလို့။ ဘုရားသခင် ဆိုတာ ပြီးပြည့်စုံ တယ်။ ပြည့်ဝပြီးသား လို့ အဓိပ္ပာယ် ထွက်တယ်။ အဲ့တော့ သူ ဘာလုပ်လုပ် – ပြီးပြည့်စုံ နေရမယ်။ တစ်နည်းပြောရင် – အရာရာတိုင်းဟာ တသမတ်တည်း ၊ တသားတည်း ငြိမ်ဝပ်နေတယ်။ တစ်နည်း ထပ်ပြောရင် – “အသေ” တွေ ချည်းပဲ။
ဒီအကြောင်းကြောင့် – ပုပ်ရဟန်းမင်း တွေဟာ ချားစ်ဒါဝင်ကို ဆန့်ကျင် တားဆီး ခဲ့ ကြတာပဲ ဖြစ်ပါတယ်။
ဒီ ချားလ်စ်ဒါဝင် ဆိုတဲ့ ပုဂ္ဂိုလ် ပြောတဲ့ စိတ်ကူးကိုသာ အားလုံး လက်ခံ လိုက်မယ် ဆိုရင် – ဘုရားသခင်ဟာ နောင်အချိန်မှာ အနှေးနဲ့ အမြန် သေသွားဖို့ ရှိတယ်။ ပုပ် ရဟန်းမင်းတွေ အမြင်စူးရှကြတယ် ပြောရမယ်။ အီဗော်လူးရှင်း သီဝရီ ရဲ့ အကျိုးဆက်ကို တော်တော် ဝေးဝေး အထိ မြင်နိုင်ခဲ့ကြပါတယ်။
သာမာန်အနေနဲ့ ခင်ဗျား ဆိုရင် – ဖန်ဆင်းမှု ( Creation ) နဲ့ ဆင့်ကဲဖြစ်စဉ် ( Evolution ) အကြား ဆက်စပ်ချင်မှ ဆက်စပ် ကြည့်လိမ့်မယ်။ ဘုရားသခင် နဲ့ ချားလ်စ်ဒါဝင် အကြားမှာတော့ ဆက်စပ်မှု ရှိနေပါတယ်။ ချားလ်စ်ဒါဝင်က – ဖန်တီးမှု ဆိုတာ ရှေ့ဆက်ပြီး ဖြစ်ပွားနေမယ့် ဖြစ်စဉ် တစ်ခုပဲ – ဖြစ်တည်ချက် တစ်ရပ်ဟာ ဘယ်တော့မှ မပြည့်စုံသွားဘူး၊ အမြဲတမ်း ပြောင်းလဲနေ တယ်၊ ရှေ့ကိုဆက်ပြီး ပြောင်းလဲ နေဦးမယ် – လို့ ဆိုတယ်။
အဲ့ဒီနောက် မှသာ – ခံယူချက် အသစ် အသစ်တွေ၊ အညွှန်းဘောင် အသစ်အသစ်တွေ ရှိလာမယ်။ ရှုမြင်မှု အသစ်နဲ့၊ တံခါးသစ်တွေ ဖွင့်မယ်။ ဖြစ်နိုင်ချေ အသစ် အသစ်တွေနဲ့ ရှေ့ဆက် နေမယ်။
ဘုရားသခင် ကတော့ ခြောက်ရက်နဲ့ သူ့အလုပ်ကိုသူ အပြီးသတ် သွားတယ်။ သိပ်လည်း မကြာသေးပါဘူး ခရစ်တော် မပေါ်ခင် နှစ်လေးထောင့်နဲ့ လေးနှစ်လား ရှိပါတယ်။ အဲ့ဒီနေ့ဟာ ဇန်နဝါရီလ တစ်ရက်နေ့၊ တနင်္လာနေ့ ဖြစ်ပါလိမ့်မယ်။ ဘာလို့ဆို ကျနော်တို့ ဖန်တီးတဲ့ အရာရာတိုင်းနဲ့ သင့်တော်အောင် ဘုရားသခင်ကို ပြန်ပြီး ပုံစံချရတော့မှာ မို့လို့။
ကျနော်တို့ ဖန်တီးခဲ့တဲ့ ပြက္ခဒိန် အတိုင်း ဘုရားသခင် လိုက်နာရတော့မယ်။ ( ပြက္ခဒိန် အရ – ဘုရားသခင် ကမ္ဘာ ကို ဖန်ဆင်းတာ ဘယ်နေ့လဲ လို့ ) ခင်ဗျား ကျုပ်ကို မေးမယ် ဆိုရင် – ရက်စွဲ အားဖြင့် တနင်္လာနေ့ ၊ ဧပြီလ ( ၁ ) ရက် ၊ April Fools’Day မှာ ဖြစ်ပါလိမ့်မယ် လို့ ပြန်ဖြေလိုပါတယ်။ ဘာလို့ဆို အဲ့နေ့ဟာ သူလုပ်ခဲ့တဲ့ ကိစ္စ အတွက် သူနဲ့ သင့်လျော်တဲ့ နေ့ မို့လို့ပါ။ သူက – ကမ္ဘာ ကို ရယ်ဒီမိတ် ( အသင့် လုပ်ပြီးသား ) ဖြစ်တည်မှု တစ်ရပ်လိုလို အပြည့်အစုံ ဖန်ဆင်း ခဲ့တယ် ဆိုတာကိုး။
တကယ်လို့သာ ဆင့်ကဲ ပြောင်းလဲ ဖြစ်တည်မှု ( Evolution ) တွေ မရှိနိုင်ခဲ့ဘူး ဆိုရင် – ဘဝ ဟာ ဘာ အဓိပ္ပာယ်၊ ဘာအနာဂတ်၊ ဘယ် ပြောင်းလဲမှုမှ မရှိနိုင်တော့ဘူး။ အတိတ်တွေနဲ့ ချည်း သက်သက် ပြည့်သွားမယ်။ ဒဲ့ဒိုး ပြောရင် ဘဝ က ရှင်သန် မနေနိုင်တော့ဘူး။ “ဘဝ သေ” တွေပဲ ဖြစ်သွားလိမ့်မယ်။
ကိုဇေယျ
ဝန်ခံချက်...ကိုဇေယျ ပိုစ့်ပါ..ကျနော်ကောမက်တော့ထားခဲ့ တယ်..လင့်ယူနေတုံး..Aprial foolစလိုက်တာ...အကုန်အစကပြန်ဖွင့်ရတယ်..။သိရင်လင့်လေး..မစပါ
********************** **************************
အပေါ်ကဆောင်းပါးကတော်တော်လေးဆိုးပါတယ်
ကျနော်(မောင်ဇိုဖေ)အနေနဲ့တော်တော်လေး စိတ်မကောင်းဖြစ်လို့ ကူးယူပြီး ပြန်လည်ခြေပ ရှင်းလင်းထားပါ တယ် စာပေဝါသနာရှင်တယောက်အနေနဲ့ရော.ခရစ်ယာန်တယောက် အနေနဲ့ရော ဘယ်လိုမှ လက်မခံနိုင် လို့ပါ။
(ဘုရားသခင်၏ဆောင်းပါးရှင်ကိုခွင့်လွှတ်ပါ။သူတို့အပြစ်ကိုသူတိုမသိကြပါ။)
အင်း..ဒီ ပိုစ့်နဲပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့တချို့ကို ပဲပြောပါမယ် ပထမအချက်ကတော့လွတ်လွတ်စွာ ရေးသားခွင့်ပါ။မိမိယုံကြည်ရာကိုလွတ်လတ်စွာရေးသားခွင့်ရှိပါတယ်၊အဒီလွတ်လပ်ခွင့်ကအခြားသူတယောက်ရဲ့အမျိုး၊ဘာသာ၊သာသာသနာကိုမထိခိုက်ဘူး၊မစော်ကားဘူးဆိုရင်ပေါ့။
၁.အချက်က Holly Bible ဆိုတဲ့ သမ္မာကျမ်းစာအုပ်ဟာ ပုံပြင် စာအုပ်မဟုတ်ပါဘူး။ ပြီးတော့ဘုရားသခင်ဟာ(၇)ရက်မြောက်နေ့မှာ နားပြီးတော့ လုံးဝအ ငြီမ်းစားယူသွားတယ် ဆိုတာမျိုး ကတော့ တော်တော်ဆိုးဝါးလွန်းပါတယ်သမ္မာကျမ်းစာတအုပ်လုံးကိုသေသေချာချာမဖတ်ပဲနဲ့ရမ်းသမ်းပြီးမရေးသင့်ပါဘူး။သမ္မာကျမ်းစာတအုပ်လုံးဟာ ဘုရားသခင် အငြိမ်းစားမယူပဲလူသားေ တွအတွက် ကမ္ဘာဦးကနေယနေ့အထိတောက်လျှောက် အလုပ် လုပ်လာခဲ့တဲ့အခိုင်မာဆုံးသက်သေသေတွေပါ။ဘုရားသခင်ဟာခရစ်ယန်တွေရဲ့ဘုရားကြီးပဲအဟုတ်ပါဘူး၊ခရစ်တော်မပေါ်ခင်ကတည်းကယနေ့အထိမပြောင်းလည်းပဲ သူ့ကိုယုံကြည်သူ လူသားတွေအားလုံးအတွက် ထာဝရတည်ရှိနေတဲ့ဘုရားပါ။
ချားလ်စ်ဒါဝင်ရဲ့အီဗော်လူးရှင်းသီဝရီနဲ့ပတ်သက်ပြီးတခုတော့ပြောချင်ပါတယ်။တကယ်လို့သာ ဆင့်ကဲ့ဖြစ်စဉ်ပြောင်း လဲမှု သီ အိုရီအရပေါ့
ဥပမာ.လက်ပတ်နာရီတလုံးနဲ့(cell)ဖုန်းတလုံးကိုတစဆီဖြုတ်ပြီး ဗူးတစ်လုံးထဲ အတူထည့်ပြီး မြှပ်ထားကြည့် ပါလား နောက်နစ်ပေါင်းများစွာကြာလာရင် ဘာတွေဖြစ်လာမလဲလို့။
ပြီးတော့လူဖြစ်လာတယ်လို့ခန့်မှန်းထားကြတဲ့မျောက်တွေကိုကြည့်ရအောင်။အာဖရိကကနှစ်ချို့မျောက်တွေအခုထိလူမျီုးတမျီုးရဲ့ဘာသာစကားပြောတယ်လို့မကြာရသေးပါဘူး။ဆရာသမားလိုပြောရမယ်ဆိုရင်တော့ကျနောကတော့ မျောက်မြေး/မြစ်ဖြစ် ရတာထက်စာရင် ဘုရားသခင်ရဲလက်က လွတ်ကျပြီးလူဖြစ်ရ တာပိုကောင်းမလားလို့ စဉ်းစားမိတယ် ဗျ။ ခင်ဗျားတို့လည်း ကြိုက်တာရွေးချယ်ပိုင်ခွင့်ရှိပါတယ် မျောက်တွေရဲ့မြေး/မြစ်အဖြစ်လား၊original လူသား အနေနဲ့လား။ဗြမ္မာကြီးတွေရဲ့၊ဓာတ်လေး ပါး ကနေလား?။
နောက်တခုကကမ္ဘာပေါ်ကသမိုင်းဆိုင်ရာစာအုပ်တွေထဲမှာသမ္မာကျမ်းစာအုပ်လောက်ရှေးကျပြီး၊ခိုင်မာ၊တိကျ၊သေချာတဲ့စာအုပ်အခုထိ မရှိသေးပါဘူး။ဒါကြောင့် ထပ်ပြောပါ့မယ် သမ္မာကျမ်းစာအုပ်ဆိုင်ရာ အချက်အလက်တွေဟာ ယုံတမ်း စကား၊ဒဏ္ဍာရီ၊ပုံပြင်မဟုတ်ပါဘူး။
ပြီးတော့ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းရက်(၆)ရက်ဟာလူသား တွေရဲ့(၆)ရက်မဟုတ်နိုင်ပါဘူး။အနည်းဆုံးတော့ ဗုဒ္ဓဝင်ထဲက သကြားမင်းတွေ၊ဘုရားရှင်တွေရဲ့ (၁)ရက်တောင် လူသားတွေ အတွက် နှစ်တွေ အသင်္ချာပါင်း များစွာကြာတယ်လို့ အဆိုရှိ တယ်မဟုတ်လား။ဘုရားသခင်ရဲ့တရက်ဟာလည်းအဲဒီလောက်တော့ နည်းမယ် မထင်ပါဘူး။
ဘာသာရေးနဲ့ပတ်သက်ပြီးApril fool မလုပ်သင့် ပါဘူး။ပြီးတော့ ဘုရားသခင်ဟာ ပြက္ခဒိန်အောက်ကသူ မ ဟုတ်ပါဘူး၊ပြက္ခဒိန်တွေကို ဖန်တီးတဲ့ လူတွေကို ဖန်ဆင်းသူပါ။သူဟာ အာလဖာ နဲ့ အိုမီဂါ ဖြစ်ပါတယ်။ဂရိ လိုဆိုရင်တော့(အစနဲ့အဆုံး)ထာဝရလို့အ ဓိပ္ဓါယ်ရပါတယ်။သူဟာ ထာဝရအသက်ရှင်သော သေခြင်း ကိုအောင်မြင်သော တပါးတည်းသောအရှင်၊ဘုရားတကာတို့ရဲ့ဘုရား၊ဘုရင်တကာတို့ရဲ့ အရှင်သခင် ဖြစ်ပါတယ်။
မောင်ဇိုဖေ(ကလေး)
17/4/2012

0 comments:
Post a Comment