ရှေ့ သို့ တိုးကာ ငါတို့ ချီ...ချစ်တဲ့ ဗမာပြည်..မီးထိန်ထိန်လင်းစေမည်.............
by Daungkhit Burma on Tuesday, May 22, 2012 at 7:03pm
ဖယောင်းတိုင်လှုပ်ရှားမှုတွေနဲ့ ပက်သက်လို့ ဆန္ဒပြပွဲက ရပ်သင့်နေပြီ အာဏာပိုင်တွေလဲသိကုန်ကြပြီ ဒီလောက်နဲ့ တော်ပြီ...
အစိုးရက ပြန်ပြီးတွယ်အုံးမည်ဆိုပြီး.....ရွှေပြည်အေးတရားဟောနေတဲ့ သူတချို့ ရဲ့ ကွန်းမန့် တွေကိုဖတ်ရပါတယ်...
ထို့ အပြင် ဒီမိုကရေစီအစပဲရှိသေးတာ ဒီလိုဖြစ်ကုန်ပြီဆိုပြီး တိမ်သောဥာဏ်ဖြင့်.... အခွင့်အရေးတိမ်ကောရန်ဝါဒဖြန့် လာတာလဲတွေ့ ရပါသည်..။ ထိုသူများကို
(စာဖတ်ပါ၊စာသင်ပါ၊လေ့လာပါ၊ဆည်းပူးပါ၊မိမိရပိုင်ခွင့်ကိုပြန်လည်သုံးသပ်ပါဟုပြောချင်ပါသည်)
ကမ္ဘာကျော်အဆိုအမိန့် တခုရှိတယ် လူတိုင်းက အစလုပ်နိုင်တယ် လူတော်တွေမှသာအဆုံးသတ်တတ်တာတဲ့ ...
ဆန္ဒအစကတည်းကမပြချင်မပြနဲ့ လေ....ဒီလိုအချိန်ရောက်မှ နဲနဲလေးပြပြီးတော်တော့ တော်သင့်ပြီဟု ရွှေပြည်အေးတရားဟော
တဲ့ လူတွေ...တို့ လို့ တန်းလန်းကြီးထားရမှာလား...ပြီးတော့ လူနဲနဲဖမ်းပြ(အဖမ်းခံရသူတွေ၊ခေါ်စစ်ခံရသူတွေအတွက်စိတ်မကောင်းပါ)
နဲနဲလေး ရဲတွေနဲ့ တားပြတာက စိတ်ဓါတ်စစ်ဆင်ရေးဆိုတာမမေ့ကြပါနဲ့ ....အဓိကက မိမိလိုချင်တာကို မိမိတို့ အနေနဲ့ အကြမ်းမဖက်
ပဲ တောင်းဆိုနေတယ်ဆိုတာ ပြန်လည်သတိပြုမိဖို့ လိုပါတယ်...။
၅၀၀၀တန်ဆင်းကဒ်ကိစ္စက ရက်စွဲအတိအကျမထုတ်ပြန်ပဲ....ပလပ်ခံထားရတယ်...ပြန်စဉ်းစားပါ....အောင်မြင်မှုအလားအလာနည်း
သွားတယ်.........အခုမီးကိစ္စက ဒါထက်ပိုဆိုးတယ်.......လူတန်းစားအားလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ.....ဒီလိုသာ တ၀က်တပျက်နဲ့ ရပ်လိုက်မည်
ဆိုလျှင်.......လူတွေအကြောက်တရားပိုတိုးလာမယ်........လုပ်လဲအစိုးရက ဘာမှမှ ပြန်မတုန့် ပြန်တာကွာ ...အလကားပါပဲလို့ ထင်သွား
မည်...ရွှေပြည်အေးတရားဟောဆရာတွေ.......နဲနဲသုံးသပ်စေချင်ပါသည်...။
ကျနော်တို့ အနေနဲ့ အစိုးရကတိကျတဲ့ အဖြေမပေးမချင်း......သို့ မဟုတ်......ဇော်မင်းကသူ့ အပြစ်သူဝန်မခံမချင်း..........
မီးမှန်မှန်မရမချင်း ဆန္ဒပြရမည်ဖြစ်သည်..........မီးမလာတော့ ခင်ဗျားသားသမီးတွေ စာကျက်လို့ ရမလား.....ပညာရေးတချက်နဲ့ 
တင်သုံးသပ်ပါ.......ကျုပ်တို့ အဖိုးပြောသလို ငါတို့ က စစ်ထဲမှာ ဗုန်းဆံတွေကြားထဲကျောင်းတက်လာတာလိုမျိုး.............
ခင်ဗျားတို့ သားသမီးတွေကလဲနောက်မျိုးဆက်တွေကိုပြောပါလိမ့်မယ်..........
ငါတို့ က ဖယောင်းတိုင်တွေကြားထဲမှာ စာကျက်လာရတာဆိုပြီးတော့........
ဒါကျနော်တို့ တောင်းဆိုရမှာပါ ကျနော်တို့ ရပိုင်ခွင့်ပါ.......လျှပ်စစ်တွေထုတ်ရောင်းတာ သိပြီးဖြစ်ပါတယ်....မနာလိုတတ်ကြစမ်းပါ......တရုတ်တွေ ထိုင်းတွေက ငါတို့ မီးတွေနဲ့ သူတို့ သားသမီးတွေစာကျက်လို့ ....
ငါတို့ သားသမီးတွေခမျှာ........ဖယောင်းတိုင်နဲ့ စာတောင်ကောင်းကောင်းမကျက်နိုင်....နည်းပညာနဲ့ ပက်သက်တာတွေကိုသုံးဖို့ 
မစဉ်းစားလေနဲ့ ဦး........
ထို့ ကြောင့်ဆက်လက်ပြီးတောင်းဆိုသူများ အနေနဲ့ တောင်းဆိုကြပါလို့ မေတ္တာရပ်ခံပါတယ်...
ရှေ့ သို့ တိုးကာ ငါတို့ ချီ...ချစ်တဲ့ ဗမာပြည်..မီးထိန်ထိန်လင်းစေမည်.............
ရွှေပြည်အေးတရားဟောသူများနှင့်...ကြားနေတုံဏှိဘာဝေများသို့ ....
"မတရားမှုတခုမှာသင်ဟာကြားနေလိုက်ပြီဆိုရင် အဲ့ဒီမတရားမှုကိုအားပေးတာပဲ"
ဘုန်းတော်ကြီးဒက်စမွန်တူးတူး
ခေတ်သစ်မီးမောင်း
0 comments:
Post a Comment