Monday, May 14, 2012

လူ့ဘ၀ ပူဇာပဲလေ့ နှင့် ရွေးချယ်ခွင့် အပိုင်းအစများ


ယမန်နေ့ညက မြ၀တီရုပ်မြင်သံကြားအစီအစဉ်ကို ပက်လက်ကုလားထိုင်တလုံးပေါ်တွင်
ရေနွေးကြမ်းလေးသောက်ကာ ဇိမ်ယူပြီး ကြည့်မိသည် ။ ကိုမောင်မောင်အေး ၊ ကိုဆန်းထွဋ် 
တို့၏ ပူဇာပဲလေ့ အစီအစဉ်နှင့်ကြုံကြိုက်လေသည် ။

ထိုအစီအစဉ်ကား မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားသော အစီအစဉ်များထဲတွင် ထိပ်ဆုံးမှ ပြေးသော အစီအစဉ်ပင်ဖြစ်ကြောင်းစာဖတ်သူလည်း သိမည်ထင်သည် ။ ဟုတ်သည် ၊ 
ထိုအစီအစဉ်အချိန်ရောက်လျှင် တစ်ရပ်ကွက်လုံးရှိ လူများထံမှ ဟာ ၊ ဟင်သွားပါပြီကွာ ၊ ဟေးး ၊
ကောင်းတယ်ဟေ့ အစရှိသော အသံများကို အစဉ်အမြဲ ကြားရတတ်သည် ။
 ကျနော်တို့ ရပ်ကွက်မှာလက်လုပ်လက်စားပေါများသော ရပ်ကွက်မို့ထင်သည် ။ လူများသည်
ကိုယ်တိုင်မရသော်လည်း စင်ပေါ်မှ ကံထူးသူကို သိန်းသုံးဆယ်ဆုကြီးကို ရစေချင်ကြလေသည် ။



ကျနော်ကိုယ်တိုင်လည်း လူအများကြီးထဲမှ ကံထူးစွာ ( ကံထူးစွာဟုသုံးရခြင်းမှာ ကိုဆန်းထွဋ်
မေးသော မေးခွန်းများမှာ မည်သို့ပင် ပညာတတ်သော်လည်း ကျိန်းသေသိနိုင်မည့် မေးခွန်းများ
မဟုတ် ၊ လောဂျစ်နည်းဖြင့် လည်းတွက်၍မလွယ် ထိုကြောင့်ကံကို ထိုးချရခြင်းဖြစ်သည် ) ဖြင့်
 စင်ပေါ်ရောက်လာသော ထိုပုဂ္ဂိုလ်အား ယခင်က ဆယ့်ငါးသိန်း ၊ ယခု သိန်းသုံးဆယ် ကံ
ထူးရှင်ကြီး ဖြစ်စေချင်လှသည် ။ မုဒိတာများပေ ။

အားလုံးသိကြသည့်အတိုင်း ကစားနည်းမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည် ။ နှစ်သက်ရာ နံပါတ်တခုကို
 ရွေးလိုက်ပါ ၊ ပြီးရင်
ကျန်တဲ့နံပါတ်များကို တခုခြင်း ဖယ်ထုတ်ပါ ၊ ထို ဖယ်ထုတ်နေရင်းပင် စပွန်ဆာခေါ်ထောက်ပံ့ပေးသူက ကျန်ရှိသည့်ဆုအလိုက် ဆက်မဆော့ပါက ငွေပေးသော ကစားနည်းပင်ဖြစ်သည် ။
 ရွေးချယ်သူမှာလည်း နောက်ဆုံးကိုယ်ရွေးထားသော 

ကျနော် တီဗီကို ကြည့်ရင်း ကြည့်ရင်းတွေးတွေးမိသည် ။ ကျနော်တို့ ဘ၀တွင်လည်း ဤကဲ့သို့ပင်
 ဖြစ်ပေလိမ့်မည် ။ 
ကျနော်တို့သည် ကံအားလျှော်စွာ လူဖြစ်လာကြရသည် ။( စင်ပေါ်ရောက်လာသော ကံထူးရှင်နှင့်တူ
သည် )။ 
ထိုနောက် ကျနော်တို့သည်လူလားမြောက်သောအခါ ကိုယ်နှစ်သက်ရာတခုကို ပန်းတိုင်ထား၍ 
လူ့ဘ၀ခရီးလမ်းကို
 လျှောက်ကြရသည် ။ (ကြိုက်နှစ်သက်ရာ ဆုတစ်ခုကို ရွေးချယ်လိုက်သည် နှင့် တူလေသည် ။)

ကျနော်တို့ ပန်းတိုင်ထားသော အရာ ဆီကို မရောက်ပဲ ကြားတွင် ဖြစ်သင့်ဖြစ်ထိုက်သော 
အလုပ်များကိုလုပ်ရင်း
 ရည်မှန်းချက်ပန်းတိုင်ကို မရောက်သူများလည်းရှိသည်။ ( သိန်းသုံးဆယ် ဆုကိုရွေးလျှက်
 ငါးသိန်း ၊ ရှစ်သိန်း
 စသည်ဖြင့်သာ ရသွားသူများနှင့်တူသည်)အချို့ကလည်း မိမိရွေးချယ်ထားသော ဆုကိုသာ
 တရှိုက်မတ်မတ် နည်းသည်ဖြစ်စေ 
များသည်ဖြစ်စေ လက်ခံသွားကြသည် ၊ တနည်းအားဖြင့် လေးစားမိသည် ။ အမှန်အားဖြင့် ဆိုသော်
 လူ့ဘ၀ ပူဇာပဲလေ့မှာ 
ကျနော်တို့နေ့စဉ်ကစားနေရသော ကစားနည်းပင်ဖြစ်သည် ။ ကျနော်ဆို ငယ်စဉ်က စစ်ဗိုလ်ဖြစ်ချင်သည် ၊ ဖြစ်မလာခဲ့ ၊ 
ကံကြမ္မာက ခွင့်မပေး ။ထိုနောက် ရဲအရာရှိဖြစ်ချင်သည် ၊၊ ဆေးပင်စစ်ပြီးပြီ ၊ ဖြစ်မလာခဲ့ ၊ ကံကြမ္မာက နှောင့်ပြန်သည် ။

ကျနော်တို့သည် မိမိစိတ်ထဲတွင် ရွေးချယ်ထားသော ဘ၀ ရှိစမြဲပင် ။ သို့သော်ထိုဘ၀များကိုမရပဲ
 ဖြစ်သင့် ဖြစ်ထိုက်သော 
နေရာများတွင်သာ အသက်ဆက်နေရသူများ အဘယ်လောက်ရှိသနည်း ။ မိမိ လိုချင်သော ဘ၀ 
ကိုရပြီးမှ ထိုဘ၀ ကိုရွေးမိသည့်အတွက်နောင်တရကြသူများမည်လောက်တောင်ရှိသနည်း ။
 မှန်းသည်က သိန်းသုံးဆယ် ၊ ရသည်က နှစ်ထောင် ၊ 
ထိုကဲ့သူလူများလည်း ရာထောင်ချီ၍ ရှိလိမ့်မည် ။ ကျနော်တို့သည် ထိုလူ့ဘ၀ ပူဇာပဲလေ့တွင်
 ညဏ်ကိုလွှာသုံးကာ ထိုက်သင့်သော 
ဆုကြေးယူကြမည်လော ၊ ရွေးချယ်ထားသောအရာဆီကို သာ ဇွဲခတ်သွားကြမည်လော ၊
 တွေးရင်းတွေးရင်း ၊ တီဗွီထဲမှ ကံထူးရှင်ပုဂ္ဂိုလ် သိန်းသုံးဆယ်ရပါစေကြောင်းဆုမွန်ကောင်း
တောင်းမိနေတော့သည် ၊

မာဃလုလင်
http://www.facebook.com/margalulin


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...