Saturday, May 12, 2012

အမေ့ မှာတမ်းများ (အပိုင်း-က)


by Shwe Eaim Si on Saturday, May 12, 2012 at 1:11pm                                   

by Zaw Htet Aung on Friday, January 6, 2012 at 3:50pm ·

ကျွန်တော့်အမေသည်စာမရေးတတ်၊ မဖတ်တတ်ပါ။

အမေ၏ဆုံးမစကားတို့သည် ရှင်းသည်၊ တိကျသည်၊ ပြတ်သားသည်၊ နားလည်လွယ်သည်။

ပါဠိစာသားများ မပါဝင်ပါ။


ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ မိဘတိုင်း သားသမီးများကို အမွေပေးခဲ့ကြသူများချည်း

ဖြစ်သည်။ အဖေ၊ အမေထံမှ ပစ္စည်းဥစ္စာ၊ ဓနကြေးငွေ၊ ပညာ စသည်တို့ကို ရရှိမှသာ

အမွေရသည်ဟု သားသမီးများက ထင်တတ်ကြပါသည်။ တကယ်တော့၎င်းးပစ္စည်းများတန်ဖိုးနှင့် တုနှိုင်းယှဉ်လို့ မရနိုင်အောင်ပင်

အဖိုးအနဂ္ဃထာဝရ မြင့်နေသော အမွေကို ကမ္ဘာပေါ်ရှိ သားသမီးတိုင်း ၎င်းင်းတို့၏

မိဘအသီးသီးထံမှ ရရှိကြသည်သာ။ ထိုအမွေကား အသက် ဟူသော အမွေတည်း။

 
"သတိမမူဂူမမြင်၊ သတိမူတော့ မြူပါမြင်သည်" ဟု ဆိုရိုးစကား ရှိပါသည်။

အသက်သည်အမွေတစ်ခုဟု အမေက ကျွန်တော် သိစေချင်သည်။ ဒီအသက်အမွေကို

အရင်းအနှီးပြုလုပ်ပြီး ကျွန်တော်၏ ကိုယ်ကျင့်သိက္ခာ မြင့်မားအောင်

နေထိုင်စေချင်သည်။ ဒါက အမေ၏ ဆန္ဒ၊ ထိုဆန္ဒနှင့်အညီ စာမတတ်သည့်ကြားမှ

အလျင်းသင့်သလို ကျွန်တော့်ကို ဆုံးမစကားများစွာကို ပြောခဲ့သည်။

ထိုဆိုဆုံးမစကားများသည်ပင် အမေ၏ နှလုံးသားမှ စေတနာ၊ မေတ္တာ၊ ဂရုဏာတို့ဟု

ကျွန်တော်နားလည် သဘောပေါက်ပါပြီ။ အမေက ပြောဖူးသည့် အမေ့ မှာတမ်းများကို...အမေ့ ကိုချစ်သောသားသမီးတိုင်းအတွက်…

ကျွန်တော်အလျှင်းသင့်သလိုပြောပြပါမည်..။


အမေမှာတမ်း-၁

 အမေ့ မှာတမ်း-၁ "မွေးလာကတည်းက သေမည့်အချိန်ကို ထမင်းစားရင်းစောင့်နေကြတဲ့ လူတွေ လောကမှာ အများကြီး ရှိတယ်။ ဒီအထဲမှာ ငါ့သားမပါစေနဲ့"(ရွှေအိမ်စည်)


အမေမှာတမ်း-၂

အမေ့ မှာတမ်း-၂ "၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့ မိခင်တိုင်းရဲ့ ကာယီကဒုက္ခနဲ့ စေတသိက ဒုက္ခတွေကို မျက်လုံးအစား နှလုံးသားနဲ့ခံစားကြည့်၊ မိခင်တိုင်းရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာစွမ်းအင်ကြီးမားပုံကိုလဲ မြင်အောင် လေးလေးနက်နက်တွေး၊ ဒါမှ အမေရဲ့ တန်ဖိုးကို သိလိမ့်မယ်၊ တန်ဖိုးသိမှ ကျေးဇူးကို နားလည်မယ် ငါ့သား" (ရွှေအိမ်စည်)


အမေ့ မှာတမ်း-၃

''သားရေ.. တဖက်ကလဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ကြိုးစား၊ ဘာသာရေးကလဲ အရေးကြီးတာပဲ ငါ့သားရဲ့"

"အမေကလဲ....ကြံကြံဖန်ဖန် ပူနေပုံရတယ်၊

၊ အမေရယ်၊ အဖေရော အမေကပါဗုဒ္ဓဘာသာတွေ ဆိုတော့ ကျွန်တော်ကလဲ မိရိုးဖလာ ကိုယ်နှိုက်က ဗုဒ္ဓဘာသာ

ဖြစ်ပြီးသားပါ"

"ငါ့သားဒီလိုပြောလို့လဲ မရဘူး၊ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင် တစ်ဦးမှာ မရှိရင် မဖြစ်တဲ့

အရည်အချင်းဆိုတာရှိတယ်၊ ဘာလဲဆိုတော့ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှုပဲ၊ ဘုရားကို ယုံကြည်ရမယ်၊

  • တရားကို ယုံကြည်ရမယ်၊

  • သံဃာကို ယုံကြည်ရမယ်၊

  • ကံကို ယုံကြည်ရမယ်၊

  • ကံရဲ့အကျိုးကို ယုံကြည်ရမယ်..

ဒါဟာ သိပ်အရေးကြီးတဲ့ အချက်ပဲ၊ အဲဒီယုံကြည်မှု ငါးမျိုးထဲက တစ်ခုခု ပျက်ရင် ဗုဒ္ဓဘာသာဝင်စစ်စစ်မဖြစ်နိုင်တော့ဘူး၊ ဒါဟာ ဘုရားဟောထားတယ်"



အမေ့ မှာတမ်း-၎

"ဒီမယ်သားရဲ့ ...လူတစ်ဦးတစ်ယောက်ဆီကအင်မတန်မှ ရခဲတဲ့အရာ လောကမှာ ရှိတယ်။  

အမေနဲ့ သား၊ ဆရာနဲ့ တပည့်ဆိုပြီး၊

ဇွတ်အတင်း တောင်းလို့ မရဘူး၊ ဒါဟာ ဘာလဲဆိုတော့ ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရား

ငါးမျိုးဘဲ၊ သဒ္ဓါတရားဆိုတာ ကာယကံရှင်ရဲ့ ရင်ထဲ၊ အသည်းထဲ၊ နှလုံးအိမ်ထဲက

ဘယ်သူမှ မတောင်းဆိုရဘဲ ဘယ်သူမှ မတိုက်တွန်းရဘဲ အလိုလို မြစ်ဖျားခံနိုးကြားလာမှ စစ်မှန်တယ်၊ ဒါမှ ဗုဒ္ဓဘာသာဝင်

စစ်စစ်ဖြစ်တယ်တဲ့"

ဘာသာရေးခံယူချက်တွင် မှန်ကန်စေချင်သော အမေ၏ ဆန္ဒနှင့် စေတနာကို ကျွန်တော်များစွာ

တန်ဖိုးထားရပါမည်။ ထို့ကြောင့်လည်း ထိုနေ့ညက ကျွန်တော် အမေ့ခြေအစုံကို

ဦးခေါင်းဖြင့် ထိ၍ ရှိခိုးရင်း ကျွန်တော်ဟာ သဒ္ဓါတရားနှင့် ပြည့်ဝသော

ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ဦး ဖြစ်ရပါစေ့မည်ဟု အမေ့ကို ကတိပေးခဲ့ပါသည်။ အမေကသာဓု သုံးကြိမ်ခေါ်ပါသည်။

ကျနော်ငယ်စဉ်ကလူကြီးသူမဆုံးမစာများသာဖြစ်ပါတယ်။

ဘ၀ပေါင်းများစွာတော်စပ်ခဲ့ ရသောအမေများနှင့်မတော်စပ်ခဲ့ သောအမေများအား..ကန့် တော့ရင်း

အမေ့ များနေ့ အမှတ်တယ်


အာလူးပူတီ(adinoctober@gmail.com)
ရွှေအိမ်စည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...