Thursday, May 17, 2012

ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ရေးရာ လေ့လာစရာများ

From - https://www.myanmarisp.com/HR
နိုင်ငံရေးသိပ္ပံ ဘာသာရပ်တွေဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ် စနစ်တို့နဲ့ ပတ်သက်တဲ့ စာစောင်၊ စာတမ်းနဲ့ စာအုပ်တွေကို စုစည်းပေးထားတာ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၊ Human Rights Education Institute of Burma (HREIB) က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာအုပ် စာတမ်းတွေ အပြင်၊ အခြား အဖွဲ့အစည်းပေါင်းစုံက ထုတ်ဝေခဲ့တဲ့ စာအုပ် စာတမ်းတွေကို ရှာဖွေ စုစည်း လွှင့်တင် ပေးထားတာ ဖြစ်ပါတယ်။ HREIB က ပုံနှိပ် ထုတ်ဝေတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာအုပ် စာတမ်းတွေကို ပြန်လည် ကူးယူ ဖော်ပြခွင့် ပြုခဲ့တဲ့ HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းနဲ့ HREIB အဖွဲ့သား အားလုံးကို အထူး ကျေးဇူးတင်ရှိရပါတယ်။

ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး အတွက် လက်စွဲ

Burma Fund က မြန်မာဘာသာပြန်ပြီး၊ (OSCE) ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရုံး (ODIHR) မှ ထုတ်ဝေ ဖြန့်ချိတဲ့ "ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး အတွက် လက်စွဲ" စာအုပ်ကို ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) ၏ ဒေသတွင်းရှိ ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး အဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ ရေးသားရန် အကြံအစည်ကို ၂၀၀၁ ခုနှစ်၊ မေလတွင် ဆလိုဗက်ကီးယားနိုင်ငံရှိ ဦးဆောင် ဆောင်ရွက်နေကြသော အဖွဲ့များနှင့် လုပ်ငန်းဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ တခုမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး၊ ထိုလနောက်ပိုင်းတွင်၊ ဝေါဆောမြို့တွင် ကျင်းပသော (OSCE/ODIHR) ကွန်ဖရင့်တွင် ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာနေသူ အဖွဲ့အစည်းပေါင်း ၂၅ ခုက တက်ရောက်၍ ထပ်မံဖြည့်စွက် ပြုစုခဲ့ကြခြင်း ဖြစ်သည်။ မူရင်း ဒီဇိုင်း - Damla Suar, Frankfurt Main, Germany၊ ပိုလန်နိုင်ငံတွင် Polygrafus Andrzej Adamiak မှ ပုံနှိပ်သည်။ မူရင်းစာအုပ် ပုံနှိပ်ဖြန့်ချိမှုကို ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အစိုးရက ထောက်ပံ့ ကူညီမှု ပေးပါသည်။ အရွယ်အစား 1.1 MB - ဖိုင်အမျိုးအစား application/pdf
ဒီမိုကရေစီအကြောင်း သိကောင်းစရာ၊ တရားဥပဒေ စိုးမိုးရေး အယူအဆနဲ့၊ စစ်မှန်သော ဒီမိုကရေစီကို တိုင်းတာသည့် စံနှုန်းများ

ဒီမိုကရေစီအကြောင်း သိကောင်းစရာ၊ တရားဥပဒေ စိုးမိုးရေး အယူအဆနဲ့၊ စစ်မှန်သော ဒီမိုကရေစီကို တိုင်းတာသည့် စံနှုန်းများ

by Aung Kyaw Myo — 2012-05-04 19:52
မျက်မှောက် ကာလမှာ ဒီမိုကရေစီ ဆိုတဲ့ အသုံးအနှုန်းဟာ အဓိပ္ပါယ် အမျိုးမျိုး ရှိနေရာ "ဒီမိုကရေစီအကြောင်း သိကောင်းစရာနဲ့ တရားဥပဒေ စိုးမိုးရေး အယူအဆ" ကောက်နှုတ်ချက်တွေနဲ့ ယူနိုက်တက်ကင်းဒမ်း (UK)၊ လိဒ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေးဗစ်ဗိဇင် ထုတ်ဖော် တင်ပြတဲ့ "စစ်မှန်သော ဒီမိုကရေစီကို တိုင်းတာတဲ့ စံနှုန်းများ" တို့ကို ထုတ်နှုတ် တင်ပြထားတာ ဖြစ်ပါတယ်။
ပိုလီအာခီနှင့် ဒီမိုကရေစီ

ပိုလီအာခီနှင့် ဒီမိုကရေစီ

by Aung Kyaw Myo — 2012-05-04 19:52
'ဒီမိုကရေစီ လေ့လာရေး စာစဉ်' (အထူးသဖြင့်၊ အခန်း (၂)၊ ပြည်သူများအတွက် ပြည်သူများက အုပ်ချုပ်သော ပြည်သူ့အစိုးရနဲ့ အခန်း (၃)၊ အာဏာကန့်သတ် အစိုးရ တို့နဲ့)၊ 'ဒီမိုကရေစီအကြောင်း သိကောင်းစရာနဲ့ စစ်မှန်သော ဒီမိုကရေစီကို တိုင်းတာတဲ့ စံနှုန်းများ' တို့နဲ့ နှိုင်းယှဉ် လေ့လာနိုင်ရန် The Voice Weekly Vol. 4/ No. 10, Monday, October 19-25, 2009, PERSPECTIVE ကဏ္ဍမှာ ဖော်ပြပါရှိတဲ့ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်နား တက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံ ဝိဇ္ဇာဘွဲ့နှင့် ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေး ဝိဇ္ဇာဘွဲ့များ အတွက် နောက်ဆုံးနှစ်တွင် တက်ရောက် သင်ကြားနေသူ နေသန်မောင်ရဲ့ "ပိုလီအာခီနှင့် ဒီမိုကရေစီ" ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ (DEMOCRACY) လေ့လာရေး စာစဉ်

'မျက်မှောက်ခေတ်တွင် ဒီမိုကရေစီ ကျင့်သုံးခြင်းနဲ့ အဓိပ္ပါယ် ကောက်ယူရာမှာ ပြည်သူများ ဆိုသည်မှာ မည်သူတို့နည်း၊ ၎င်းတို့ကို မည်သူတို့က ကိုယ်စားပြုသနည်း၊ အာဏာ သို့မဟုတ် အုပ်ချုပ်ရေး ဆိုသည်ကို မည်သူတို့က မည်သို့ ကျင့်သုံးကြသနည်း၊ စသည့် အဓိပ္ပါယ် ကောက်ယူမှု အကွဲကွဲ အပြားပြား ဖြစ်နေသော်လည်း၊ ဒီမိုကရေစီ ဟူသော ဝေါဟာရ ပါရှိနေသရွေ့ ရေဘုယျ တူညီရမည့် သဘောတရား (Basic Concept) ကား အတူတူသာ ဖြစ်ရမည်' ဖြစ်သည့် 'ဒီမိုကရေစီ ဆိုတာ ဘာလဲ (What is the Democracy?)' ဆိုတာကို လေ့လာ သုတေသနပြု တင်ပြထားတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)၊ All Burma Students' Democratic Front (ABSDF)၊ ဗဟိုကော်မတီ ဌာနချုပ် (ဒေါင်းဂွင်) က ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ "ဒီမိုကရေစီ (Democracy)" လေ့လာရေး စာစဉ်ကို ပြန်စာစီ စာရိုက်ပြီး လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။

ဖက်ဒရယ် (FEDERAL) လေ့လာရေး စာစဉ်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ဖို့ ဆိုရင်၊ တိုင်ရင်းသား လူမျိုး အသီးသီးရဲ့ မွေးရာပါ အခွင့်အရေးတွေကို အာမခံချက် ပေးနိုင်မယ့် စစ်မှန်တဲ့ မူတွေနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ရေးဟာ အရေးပါဆုံး အခြေခံ အကြောင်းတရား ဖြစ်တယ်လို့ ၈၈ နောက်ပိုင်း၊ ဒီမိုကရေစီ လိုလားသူ နိုင်ငံရေးသမားတွေက သဘောတူ လက်ခံထားကြပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်နောက်ပါ အချို့က၊ "ဖက်ဒရယ် (Federal)" နဲ့ "ခွဲထွက်ရေး" (ဝါ) "နိုင်ငံပြိုကွဲခြင်း" ကို တွဲပြီး ဝါဒဖြန့်ခဲ့ရာက မြန်မာ့နိုင်ငံရေးမှာ လွဲမှားတဲ့ သိနားလည်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါကြောင့် လူမျိုး၊ နိုင်ငံနဲ့ နိုင်ငံရေး၊ တပြည်ထောင် စနစ်နဲ့ ပြည်ထောင်များ စုပေါင်းခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ အာဏာခွဲဝေရေး၊ ဖက်ဒရယ်နဲ့ ဆက်စပ်တဲ့ နိုင်ငံရေး အကြောင်းချင်းရာတွေနဲ့၊ ကမာ္ဘပေါ်က ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တွေအကြောင်း နှိုင်းယှဉ်ချက် တို့ကို အခန်းလိုက် အခန်းလိုက် ခွဲပြီး လေ့လာ တင်ပြထားတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)၊ All Burma Students' Democratic Front (ABSDF)၊ ဗဟိုကော်မတီ ဌာနချုပ် (ဒေါင်းဂွင်) ရဲ့ ၁၉၉၄ ခုနှစ်၊ မေလ၊ ပထမ အကြိမ်ထုတ် "ဖက်ဒရယ် (Federal)" လေ့လာရေး စာစဉ်ကို ပြန်စာစီ စာရိုက်ပြီး လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။

အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) ပဋိဉာဉ် စာတမ်း

"အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) ပဋိဉာဉ် စာတမ်း" အပြည့်အစုံကို Burma Partnership ကနေ မြန်မာ အဖွဲ့အစည်းတွေနဲ့ အခြား စိတ်ဝင်စားသူ ဘယ်သူမဆို အသုံးပြုနိုင်ဖို့ ဘာသာပြန်ဆို ပေးထားတာ ဖြစ်ပါတယ်။ အရွယ်အစား 205.2 kB - ဖိုင်အမျိုးအစား application/pdf

"ကမာ္ဘ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ (၂၀၀၂)" လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း ဆောင်ရွက်ချက်များ

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ ဆောင်ရွက်ရာမှာ နိုင်ငံတကာရဲ့ စံချိန် စံညွှန်းများ၊ လူ့အခွင့်အရေး ကော်မရှင်နဲ့ လူ့အခွင့်အရေး ကောင်စီ အကြောင်း၊ သူတို့ရဲ့ ယန္တရားတွေက ဘာတွေလဲ၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်က ဘာတွေလဲ၊ သူတို့ ဘာတွေ ဆောင်ရွက်နေသလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ အတွက် လန်ဒန် အခြေစိုက် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International) နဲ့ (The Law Society) အင်္ဂလန်နဲ့ ဝေးလ် ဥပဒေရေးရာ အဖွဲ့ကြီးတို့ ၂၀၀၂ ခုနှစ်က ပူးတွဲ ထုတ်ဝေခဲ့တဲ့ The United Nations 'Thematic Mechanisms 2002' An overview of their work and mandates ဆိုတဲ့ စာအုပ်ကို "ကမာ္ဘ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ (၂၀၀၂)" လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း ဆောင်ရွက်ချက်များ အမည်နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) က ၂၀၀၈ ခုနှစ်၊ ဇွန်လမှာ ဘာသာပြန်ဆို ထုတ်ဝေ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 773.6 kB - ဖိုင်အမျိုးအစား application/pdf
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

by Aung Kyaw Myo — 2012-05-04 19:52
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမာ္ဘ့ ကုလသမဂ္ဂ အဖွဲ့ ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာ ထိုကြေညာ စာတမ်းကြီး၏ စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံ ပါရှိသည်။ ဤကဲ့သို့ ရာဇဝင် တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံ အစည်းအဝေးကြီးက ကမာ္ဘ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးအား ထိုကြေညာ စာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့် အကြောင်းကို လည်းကောင်း၊ ထို့ပြင်နိုင်ငံများ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲ အဓိက အားဖြင့် စာသင်ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာ စာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။ (UNHCR ကွန်ရက် စာမျက်နှာ [unhchr.ch/udhr/index.htm] ကနေ မြန်မာဘာသာ ပြန်ဆိုထားချက်ကို ပြန်လည် ကူးယူဖော်ပြတာ ဖြစ်ပါတယ်။)

ကလေးစစ်သားများ အသုံးပြုမှုရပ်တန့်ရေး

မြန်မာနိုင်ငံအတွင်းက ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းအသုံးပြုတဲ့ နည်းလမ်းမျိုးစုံ၊ DDR စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရေး၊ အဖွဲ့အစည်းကဏ္ဍ အသီးအသီးသို့ အကြံပြုချက်တွေနဲ့ ကလေးများညီလာခံက ကောက်နုတ်ချက်တွေကို စုစည်းကာ “မြန်မာနိုင်ငံမှာ ကလေးစစ်သားများ အသုံးပြုမှုရပ်တန့်ရေး” ဦးတည်ချက်နဲ့ ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

လူ့အခွင့်အရေးလက်စွဲ

လူ့အခွင့်အရေး သင်တန်းတွေ ပို့ချပေးနေသူတွေနဲ့ သင်တန်းတွေ မတက်နိုင်ပေမဲ့ လူ့အခွင့်အရေး သိလို လေ့လာလိုသူတွေအတွက် ရည်ရွယ်ကာ ရေးသားထားတဲ့ ၂၀၀၂ ခုနှစ် မေလထုတ် "လူ့အခွင့်အရေးလက်စွဲ" စာအုပ်ဖြစ်ပါတယ်၊

လူ့အခွင့်အရေး ဝေါဟာရများ

လူ့အခွင့်အရေး ပညာပေးတဲ့နေရာမှာ နိုင်ငံတကာလူ့အခွင့်အရေး စကားအသုံးအနှုံးတွေဟာ သက်ဆိုင်ရာ ဒေသခံတွေနဲ့ ကိုက်ညီတဲ့ စကားဖြစ်ဖို့ အထူးအရေးကြီးပါတယ်။ ဒါကြောင့် International Bureau of Education က ထုတ်ဝေတဲ့ 100 and 1 terms for Human Rights Education စာအုပ်ကို အဓိကထား ကိုးကားပြီး HREIB ၂၀၀၄ ခုနှစ် မတ်လမှာ ထုတ်ဝေခဲ့တဲ့ “လူ့အခွင့်အရေး ဝေါဟာရများ” စာအုပ်ကို ပြည်လည်ကူးယူ ဖော်ပြလိုက်တာဖြစ်ပါတယ်။

လူ့အခွင့်အရေး မေးခွန်းနှင့် အဖြေများ

လူ့အခွင့်အရေး ကာကွယ်မှု၊ လူအခွင့်အရေး ဥပဒေ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေး၊ လူသားမျိုးနွယ်စုတခုလုံး အမြစ်ပြုတ်သတ်ဖြတ်မှု၊ လူမျိုးရေးအခြေခံ၍ ခွဲခြားဆက်ဆံမှု၊ ကလေးငယ်ဆိုင်ရာ အခွင့်အရေး၊ လူနည်းစုများ၊ မူရင်းဌာနေလူမျိုးများ၊ လက်နက်ကိုင်ပဋိပက္ခများကာလ၊ တဦးချင်းတိုင်ကြားမှုများ၊ အထူးစုံးစမ်းစစ်ဆေးရေးအရာရှိများ၊ လူ့အခွင့်အရေးမဟာမင်ကြီးရုံး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးပညာပေးနဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း စတဲ့ အကြောင်းအရာတွေကို စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ကလေးအခွင့်အရေး ဆိုင်ရာစာချုပ်

ကလေးအခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့ ကလေးများ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေးများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများ၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေးများနဲ့ ပါဝင်မှုဆိုင်ရာအခွင့်အရေးများ စတဲ့ ကလေးအခွင့်အရေးဆိုင်ရာစာချုပ် အပုဒ် (၁) မှ (၄၀) အထိကို စုစည်းတင်ပြထားတဲ့ "ကလေးအခွင့်အရေးဆိုင်ရာစာချုပ်" စာအုပ်ဖြစ်ပါတယ်။

ပြောင်းလဲမှုများ လုပ်ဆောင်ခြင်း MAKING A DIFFERENCE

အောင်မြင်သော လူ့အခွင့်အရေးပညာပေးမှုဇာတ်လမ်းများ (A COMPILATION OF SUCCESS STORY), Asian Regional Resource Center for Human Rights Education (ARRC) and Human Rights Education Institute of Burma (HREIB) Supported by DANIDA. Compiled and edited by Theresa J.Limpin and Ploychompoo Sukustit. Editorial Team : Theresa J.Limpin, Ploychompoo Sukustit, Anjani F.Abella and Jonathan Wong. Translated by: Aung Myo Min (HREIB).

ပင်လုံစိတ်ဓာတ် ရှင်သန် ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးဆီသို့

ကယန်း အမျိုးသား စည်းလုံး ညီညွတ်ရေး ဒီမိုကရေစီ အဖွဲ့မှ ဖယ်ခုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ခွန်းမာတ်ရ်ကိုဘန် ရေးသားပြုစုတဲ့ "ပင်လုံစိတ်ဓာတ် ရှင်သန် ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးဆီသို့" စာအုပ်ကို National Reconciliation Program (NRP) ကူညီ ပံ့ပိုးမှုနဲ့ ၂၀၀၇ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးတွေဟာ ဘယ်ပုံ ဘယ်နည်းနဲ့ ပူးပေါင်းပြီး လွတ်လပ်ရေး ရယူခဲ့ကြတာလဲ၊ ဘာကြောင့် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် (ယခင်အခေါ် ကရင်နီ ပြည်နယ်) ကို လွတ်လပ်ရေး ရပြီး ၁၀ နှစ်အကြာမှာ ခွဲထွက်လိုက ခွဲထွက် ပေးခဲ့ရတာလဲ ဆိုတာကို သိလိုသူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်း တအုပ် ဖြစ်ပါတယ်။ အရွယ်အစား 1.5 MB - ဖိုင်အမျိုးအစား application/pdf

ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာတမ်း (ဖက်ဒရယ်မူ)

၁၉၆၂ ခု၊ ဖေဖော်ဝါရီလ ၂၅ ရက်။ ၁၃၂၂ ခု၊ တပေါင်းလဆန်း ၁၂ ရက် စနေနေ့၌ တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ် ညီလာခံကြီးမှ အတည်ပြုသည့် ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာတမ်း ဖြစ်ပေသည်။ ဖက်ဒရယ်မူ ဆိုသည်ကား ဤတင်သွင်းထားသော စာတမ်းပါ အချက်အလက်များပင် ဖြစ်ပေသည်။ ဤစာတမ်းတွင် ပင်လုံစာချုပ်ကိုပါ ဖော်ပြထားပေသည်။ ၁၆-၃-၆၁ ခု၊ ရှမ်းပြည်နယ် အစိုးရ ပြန်ကြားရေး ဌာနမှ ထုတ်ဝေသည့် ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာတမ်းမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။

ဖက်ဒရယ်မူ အဆိုပြု တင်သွင်းခြင်း

၁၉၆၀ - ၆၂ ခုနှစ် အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံကို ဖက်ဒရယ် ပြည်ထာင်စု ပုံစံ ပြန်လည် ဖွဲ့စည်းရန် အတွက် ရှမ်းပြည်နယ် အစိုးရက ဦးဆောင် ကြိုးပမ်း ခဲ့တဲ့ "ဖက်ဒရယ်မူ အဆိုပြု တင်သွင်းခြင်း" မှတ်တမ်းကို ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်း အစိုးရ (NCGUB) - Border Office က 'မြန်မာ နိုင်ငံရေး ၁၉၅၈ - ၁၉၆၂' စတုတ္ထတွဲ ကနေ ကောက်နှုတ် စုဆောင်း တင်ပြ ထားတာကို ပြန်လည် ထုတ်လွှင့် ပေးလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 169.1 kB - ဖိုင်အမျိုးအစား application/pdf

ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ညီမျှမှု ဆိတ်သုဉ်းခြင်း

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC) မှ နဝတ အမျိုးသား ညီလာခံမှ ချမှတ်သည့် အခြေခံ ဥပဒေမူများ အပေါ် နိုင်ငံရေး သုံးသပ်ချက် စာတမ်း တစောင် ဖြစ်သော "ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ညီမျှမှု ဆိတ်သုဉ်းခြင်း (Lack of Democracy, Lack of Equality)" ကို အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ၁၉၉၅ အောက်တိုဘာမှာ ထုတ်ဝေ ဖြန့်ချိခဲ့တယ်။ ဒီစာတမ်းမှ မြန်မာဘာသာ သက်သက်ကို ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာမှာ Internet Version (Burmese) အဖြစ် ပြန်လည် စီစဉ် ထုတ်ဝေလိုက်တဲ့ "ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ညီမျှမှု ဆိတ်သုဉ်းခြင်း" ကို ကူးယူ လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 250.2 kB - ဖိုင်အမျိုးအစား application/pdf

ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (ပထမတွဲ)

ဒီမိုကရေစီနှင့် တန်းတူရေး တိုက်ပွဲ ကာလ အတွင်း ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ သမိုင်းဝင် မှတ်တမ်းများကို စုဆောင်း တင်ပြ ထားတဲ့ ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) ရဲ့ "ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (ပထမတွဲ)" ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 485.5 kB - ဖိုင်အမျိုးအစား application/pdf

ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (ဒုတိယတွဲ)

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ပထမ အကြိမ် ညီလာခံ မှတ်တမ်း ခရစ် သက္ကရာဇ် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှ ၁၉ ရက် အထိကို ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) နဲ့ စိုင်းတွိ (Sai Doue) တို့ စိစစ် တည်းဖြတ် စုစည်း တင်ပြပြီး ၂၀၀၁ ခုနှစ်၊ မေလမှာ ပထမ အကြိမ် အဖြစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) က ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ "ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (ဒုတိယတွဲ)" ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 307.5 kB - ဖိုင်အမျိုးအစား application/pdf

ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (တတိယတွဲ)

ဗိုလ်ချုပ် အောင်ဆန်း (ဗမာ)၊ တောင်ကြီး ဦးထွန်းမြင့် (ရှမ်း)၊ ဦးဇန်ထာရှင် (ကချင်)၊ ဦးလျန်အုပ် (ချင်း) နဲ့ စာရေး ဆရာကြီး ဒဂုန်တာရာ စတဲ့ ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြည်ထောင်စု အပေါ် ဝေဖန် သုံးသပ်တဲ့ စာတမ်းတွေကို ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) က စုဆောင်း တင်ပြကာ ၂၀၀၂ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) က ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ "ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (တတိယတွဲ)" စာအုပ် ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 972.3 kB - ဖိုင်အမျိုးအစား application/pdf

ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (စတုတ္ထတွဲ)

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ဒုတိယ အကြိမ် ညီလာခံ မှတ်တမ်းကို ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) နဲ့ စိုင်းမော (န်) ဆေ့လီတို့ စိစစ် တည်းဖြတ် စုစည်း တင်ပြပြီး ၂၀၀၃ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) က ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ "ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (စတုတ္ထတွဲ)" ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 833.3 kB - ဖိုင်အမျိုးအစား application/pdf

PEACEFUL COEXISTENCE : TOWARDS FEDERAL UNION OF BURMA SERIES NO. (8)

တတိယ အကြိမ်မြောက် တိုင်းရင်းသား လူမျိုးများ နှီးနှော ဖလှယ်ပွဲ (သက္ကရာဇ် ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ) မှတ်တမ်း တွေကို ၂၀၀၄ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် စုစည်း တည်းဖြတ် ထုတ်ဝေထားတဲ့ ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) ရဲ့ "PEACEFUL COEXISTENCE: Towards Federal Union of Burma Series No. (8)" ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] ဘာသာစကား မြန်မာ - အရွယ်အစား 1.4 MB - ဖိုင်အမျိုးအစား application/pdf

PEACEFUL COEXISTENCE: TOWARDS FEDERAL UNION OF BURMA SERIES NO. (9)၊ ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (စာစဉ် အမှတ် - ၉) "ပြည်ထောင်စု စစ်စစ်မူ"

ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) နဲ့ စိုင်းမော (န်) စုဆောင်း တင်ပြတဲ့ '၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံ ခန်းမမှာ ကျင်းပတဲ့ ပြည်နယ်များ ညီညွတ်ရေး အဖွဲ့က တင်သွင်းတဲ့ ပြည်ထောင်စု စစ်စစ်မူနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲနဲ့ ၁၉၆၂ မတ်လ ၁ ရက်နေ့မှာ ဒီမူ အပေါ် တုံ့ပြန် ဆွေးနွေးချက် မှတ်တမ်း' တွေကို National Reconciliation Program (NRP) ရဲ့ အထောက်အပံနဲ့ ၂၀၀၅ မှာ ထုတ်ဝေ ဖြန့်ချီ ခဲ့တဲ့ "PEACEFUL COEXISTENCE: Towards Federal Union of Burma Series No. (9)၊ ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒမှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (စာစဉ် အမှတ် - ၉) ပြည်ထောင်စု စစ်စစ်မူ" စာအုပ် ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 280.1 kB - ဖိုင်အမျိုးအစား application/pdf

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (မြန်မာ၊ ရှမ်း၊ ပိုးနဲ့ စကော ကရင်နဲ့ ဖလမ်း၊ ဟာခါးနဲ့ တီးတိန် ချင်းဘာသာတို့သို့ ပြန်ဆိုထားချက်)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights) ကို မြန်မာ၊ ရှမ်း၊ ကရင် (ပိုးနဲ့ စကော)၊ ချင်း (ဖလမ်း၊ ဟာခါးနဲ့ တီးတိန်) ဘာသာတို့နဲ့ ပြန်ဆိုထားချက်ကို ပီဒီအက်ဖ် အမျိုးအစား ဖိုင် တဖိုင်အဖြစ် တစုတစည်းတည်း ပေါင်းစည်းထားတာ ဖြစ်ပါတယ်။ ဒီမြန်မာနဲ့ တိုင်းရင်သားဘာသာ ပြန်ဆိုချက်တွေကို UN Information Centre in Yangon ရဲ့ ကွန်ရက်စာမျက်နှာ [http://unic.un.org/imucms/yangon/80/342/information-materials.aspx] ကနေ ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ သင်ခန်းစာများ

ဒီမိုကရေစီအကြောင်း စတင်လေ့လာ ဖတ်ရှုသူတွေကို နားလည်သဘောပေါက်စေဖို့ လမ်းညွှန်ပေးရန် ရည်ရွယ်ပြီး၊ ဒီမိုကရေစီရဲ့ အခြေခံမူတွေ၊ တာဝန်နဲ့ တာဝန်ယူမှု၊ ဒီမိုကရေစီ ကျင့်သုံးတဲ့ အသင်းအဖွဲ့ ဌာန အစည်းအရုံးတွေနဲ့ ဒီမိုကရေစီအပေါ် စိန်ခေါ်မှုတွေအကြောင်းကို ပြုစုရေးသားထားတဲ့ ရိုလန်ဝပ်ဆန် (Roland Watson) ရဲ့ 'Lessons in Democracy' ကို လွင်အောင်စိုး မြန်မာဘာသာ ပြန်ဆိုထားတဲ့ "ဒီမိုကရေစီ သင်ခန်းစာများ" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 801.9 kB - ဖိုင်အမျိုးအစား application/pdf

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...