Friday, May 25, 2012

ကိုကိုလှိုင်အကြောင်း ဖေါ်ပြဖို့  လိုပါပြီ။


by စတုထ္ထလှိုင်း on Friday, May 25, 2012 at 7:58pm ·


သမတရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့  ဖေါ်ပြဖို့  လိုပါပြီ။ ဒီ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတကာရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတစ်ဦးဆိုတာကို။

တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတစ်ဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာသုတေသီလိုလိုနဲ့  နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့  သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့  နအဖသန်းရွှေတို့ အတွက် အကြီးစားလက်ပါးစေဖြစ်ခဲ့သူပါ။ဒီလို နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်အောက်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ ရဲ့  ၀ါဒဖြန့် ချီရေးခြေလှမ်းတစ်ခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Star Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တစ်ဦးပါ။ ကိုကိုလှိုင်တို့ ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေအမျိုးမျိုးနဲ့  သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။
ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့  အတုအယောင် အမျိုးသားညီလာခံအောင်မြင်ရေးအတွက် ကလောင်နာမည်အမျိုးမျိုးနဲ့  ဆောင်းပါးတွေ ရေးခဲ့တယ်။ အာဏာရှင် သန်းရွှေ အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြခဲ့တယ်။
သိန်းစိန် အခု သမတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ ဖွတ်က စိမ်းလဲ့ရွှေပြည်နဲ့  နွယ်သာကီဂျာနယ်စာစောင်တွေကို ထုတ်နေချိန်မှာ တစ်ဘက်ကလည်း ကိုကိုလှိုင်တို့ က ဒီ Northen Star ဂျာနယ်ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်တို့ ဟာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန်တဲ့ဆောင်းပါးတွေကို ရေးသားခဲ့ကြတယ်။
နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့  ကလောင်အမည်ခွဲတွေထဲမှာတော့ စည်သူအောင်၊ ကိုကိုလှိုင် (မြင်းမူ) နဲ့  လှိုင်အောင်ဆိုတဲ့ အမည်တွေက အများဆုံး အမည်ခံ ရေးသားပါတယ်။
မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဝင်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ သေလုမြောပါး ဘေးဒုက္ခကြုံနေစဉ်အတွင်းမှာ နအဖရဲ့  ၀ါဒဖြန့် ချီရေးသတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ဖတ်ရသူ သိရသူတိုင်း ဒေါသအမျက်မျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။
၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ ထုတ် နအဖရဲ့  ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့  ဝေကြပေလိမ့်မည်” ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံအနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့  နာဂစ်မုန်တိုင်းကြီးကို ကျေးဇူးတင်ရတယ်ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကို သိန်းပေါင်းမြောက်မြားစွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှတာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ ရဲ့  နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရမ်းကာင်းဖို့ အတွက် အလိမ်အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်းအလှူပစ္စည်းတွေ အစားအသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား ဖားရှာစားဖို့ ကို ပြောဆိုရေးသားထားတာကတော့ အလွန့် ကို မိုက်ရိုင်းစော်ကားလိုက်ခြင်းဘဲ ဖြစ်ပါတယ်။
မြန်မာပြည်သူပြည်သား မုန်တိုင်းဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး စေတနာထက်သန်စွာနဲ့  ပေးပို့ လှူဒါန်းကြတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာလည်း နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက်ပိုပြီး ဒုက္ခရောက်နေကြသူ မြန်မာပြည်သူပြည်သားတွေကို ကိုယ်ချင်းစာတရား ခေါင်းပါးစွာနဲ့  ဒီဆောင်းပါရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် “ကိုကိုလှိုင်” ဘဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။
ဒီလို ဆောင်းပါးရေးသားပြီး မြန်မာပြည်သူပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင်အမည်ခံ လူယုတ်မာ ကိုကိုလှိုင်ရဲ့  ဆောင်းပါးကို အပြည့်အစုံ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
ဆောင်းပါးရှင် လှိုင်အောင် က “ လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နာဂစ်လေဘေးဒုက္ခသည်တွေဟာ " နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်" .... ဒါ့ အပြင် .... "ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့ ၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်းအိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ်နာဂစ် မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း" ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင်ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဖူး။ ဆောင်းပါးရှင်ကို ကြိုးနဲ့ တုတ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ချောင်းမြောင်းတွေထဲ သွားပစ်ချပြီး သေဆုံးသွားရတဲ့ ပြည်သူတွေအလောင်းတွေကြားထဲ နှစ်သတ်ပြီး အဲ့ဒီက ငါးတွေ ဖားတွေကို ပေးစားအောင်ကို ဒေါသထွက်ကြရတယ်ဆိုတာ အများပြည်သူတွေ ခံစားကြရပါတယ်။
ငါးရှာစား ဖားရှာစားဆိုပြီး ပြောခဲ့တဲ့ လှိုင်အောင်ကတော့ အာဏာရူး သန်းရွှေတို့ ရဲ့  လက်ပါးစေအကြီးစား ယခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးခေါင်းဆောင်လုပ်နေတဲ့ ကိုကိုလှိုင်ဘဲ ဖြစ်တယ်ဆိုတာ ပြည်သူအများ သိကြပြီမို့  ဒီ လူယုတ်မာ ကိုကိုလှိုင်ကို ငါးစား ဖားစာကျွေးဖို့  ဆောင်ရွက်ကြဖို့ ဘဲ လိုပါတော့တယ်။
ယခုလည်း မြန်မာပြည်သူပြည်သားတွေ မီးမလာလို့  အမှောင်ထဲမှာ နေ့ စဉ် နေထိုင်နေရတဲ့ဘ၀၊ ရေမရှိလို့  ရေငတ်ဒဏ်ကို ခံစားနေကြရတဲ့ ဘ၀တွေကို ကိုယ်ချင်းမစာသူတွေထဲမှာ ကိုကိုလှိုင်လည်း ထိပ်ဆုံးထဲက တစ်ယောက်ဖြစ်နေပြန်ပါပြီမို့  ကိုကိုလှိုင်ကို ပြည်သူ့ ပေးတဲ့ အပြစ်ဒါဏ် ခံစေဖို့ သာ ရှိပါတော့တယ်။
ဒီ လူယုတ်မာ ကိုကိုလှိုင်က သမတ အကြံပေးတက်လုပ်နေပြီး လျှပ်စစ်မီး မလာလို့  ဆန္ဒပြကြတဲ့ ပြည်သူတွေကို အကြံပေးတဲ့စကားတဲ့ - "ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေ အကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။" …… လို့  ပြောသွားပါတယ်။ ဒီနေ့  နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
လျှပ်စစ်မီးထုတ်လုပ်တယ်ဆိုတာ ရေလာမှာ ဖြစ်တာလားဆိုတာနဲ့ ၊ အခုမှ လျှပ်စစ်မီးက မလာတာလား၊ အခုမလာတဲ့ ရေကြောင့် မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာလားဆိုတာတွေကို မေးမြန်းလိုပါတယ်။
ပြည်သူအပေါ်မှာ စာနာတရား လုံးဝ မရှိတဲ့ ကိုကိုလှိုင်ရဲ့  ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ၊ ပြည်သူ့ မျက်နှာကို ငဲ့ညှာကြည့်ဖေါ်မရတဲ့ ကိုကိုလှိုင်ရဲ့  ပါးစပ်က ထွက်ဆိုရဲတဲ့ စကားတွေကို လက်ခံကြတဲ့သူတွေ အကြံပေးတဲ့သူရော အကြံယူတဲ့ရော အတူတူနဲ့ အနူနူကြီးဘဲလို့  ယဉ်ယဉ်ကျေးကျေးလေးဘဲ ပြောလိုက်ရပါတယ်။
နစ်နေမန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...