Friday, May 18, 2012

သူကိုက ျငိမ္မွ မျငိမ္ဘဲ


Zay Ya
6 minutes ago 

လူက လူကို အော်တယ်
"ကယ်တင်ခြင်းနဲ့ စောင်မခြင်း"
ပန်းသတင်းတွေက 
မီးခိုးအမှောင်ကို အညှော်ရှောင်ရင်း
သတင်းအဖျင်းကြားက အတင်း ဇွတ် ထွက်လာတယ်။ 

ငြိမ်းချမ်းရေးလား 
လူမလိုသူ များ ဆက်လုပ်ကြပါလိမ့်မယ်။
စစ်လက်နက်တွေ တပ်ဆင်ကြ 
သတ်ကြ၊ ပုတ်ကြ၊ 
ဆဲနိုင်မှ၊ ဆိုနိုင်မှ 
မကြာခင်ကာလ အေးချမ်းကြမယ်

ကောင်းကင်ဘုံမှာ ပျော်စံပါစေ
မေတ္တာသံတွေ ဝေတော့ 
ဟိုလူကြီး နာမကျန်းဖြစ်
သိပ်ချစ် မိကြတယ်မလား။ 

စာဖတ်သူ၊ စာပြင်သူ၊ စာရှုသူ၊ စာကျန်သူ၊ 
သူရို့တွေ လူ ဆိုတာ 
ရှူနေတုန်း ခဏ
ဖယ်ထားလိုက်ကြစို့။

အရေးရယ် အကြောင်းရယ် - 
ကန်ရေပြင်မှာ ဝဲကယက်တွေ ပွ၊ 
အနည်တွေ ထတယ်။
မုဆိုးမသားရဲ့ ကန် ရေ --
စိတ်မရှည်လို့ - တဗြန်းဗြန်းရိုက်ဆွဲ
အေးလေ ~ သူကိုက အဓိပ္ပာယ်မဲ့ 
ငြိမ်မှ မငြိမ်ဘဲ ......။ 

..................
May 19th 2012 @11:45 AM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...