Monday, May 14, 2012

ကမ္ဘာပေါ်တွင် ပထမဆုံးသော ခြေထောက်ဖြင့်နင်း၍ မောင်းနင်နိုင်သော ရေငုပ်သင်္ဘော


by Aung Lat on Monday, May 14, 2012 at 7:52am


ကာဗွန်ဖိုက်ဘာ ကိုယ်ထည်ကို အသုံးပြုကာ ရေထုတွင် လွယ်ကူစွာ ထိုးဖောက် ခုတ်မောင်းသွားလာ လှုပ်ရှားနိုင်ရန် ပြေပြစ် သွက်လက် သည့် ပုံသ္ဌာန် ပြုလုပ်ထားသည့် Scubster အမည်ရှိ ခြေနင်း ပြီးမောင်းနှင်ရသော တစ်ယောက်စီး ရေငုပ်သင်္ဘောကို ပြင်သစ် ဒီဇိုင်နာ Minh-Lôc Truong နှင့် Stephane Rousson တို့က တက္ကသိုလ် အင်ဂျင်နီယာ အဖွဲ့၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်။
၂၀၁၀ ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါ ခြေနင်း ရေငုပ်သင်္ဘော Scubster ကို ဒီဇိုင်နာ Stephane Rousson က စီးနင်း လိုက်ပါလျက် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရေပြင်အောက်တွင် အောင်မြင်စွာ စမ်းသပ်မောင်နှင် နိုင်ခဲ့ပြီဖြစ်သည်။













ကိုယ်ထည် အဝါရောင် နှင့် တော်ပီဒို တစ်လုံးနှင့် ခပ်ဆင်ဆင်တူသော ထိုခြေနင်း ရေငုပ်သင်္ဘော Scubster ကို အမြန်နှုန်း တစ်နာရီလျင် ၁၀ ကီလိုမီတာ (တစ်နာရီ ၆.၂ မိုင်) အထိသွားနိုင်ပြီး ရေအနက် ၅ မီတာ (၁၆ ပေ) အထိငုပ်နိုင်ရန် ပုံစံထုတ်ထားသည်။
Scubster ကို လွန်ခဲ့သည့် ၂၀၁၁ ဇွန်လတွင် မေရီလန်းရှိ Naval Surface Warfare Center-Carderock Division တွင် ကျင်းပသည့် နိုင်ငံတကာ ရေငုပ်သင်္ဘော ပြိုင်ပွဲ (International Submarine Race) တွင် ပြသခဲ့ကြာင်း သိရသည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)
 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...