Sunday, May 20, 2012

ပါရဂူ ဘာသာပြန်သော သိဒ္ဓတ္ထစာအုပ်


လွမ်းနေသူ

ကျွန်တော် တို့ သိဒ္ဓတ္ထ ဆိုလို့ ဘုရား မဖြစ်မီ ဘုရားလောင်း တော့ မထင်လိုက်ပါနဲ့။ ထို သိဒ္ဓတ္ထ သည်လည်း အစစ်အမှန်တရားကို ရှာဖွေခဲ့သည်။ သူသည် ဗြဟ္မဏ တစ်ယောက်ဖြစ်ပြီး ပထမဆုံး သာမဏ အဖြစ်ကို ခံယူခဲ့သည်။ ရောင့်ရဲခြင်း တရားကို သင်ယူတတ်မြောက်ခဲ့သည်။ ထိုတရားသည်လည်း အမှန်တရား မဟုတ်သဖြင့် ပြောင်းလဲ ခဲ့သည်။
"မင်းန့အဲ တူ ကြာမြင့်စွာ လျှောက်လာခဲ့တဲ့ ဒီသမဏတွေရဲ့ လမ်းကိုတော့  မင်းမိတ်ဆွေ မကြာခင်
စွန့်ရလိမ့်မယ် ဂေါဝိန္ဒ။ ငါ့ဆီမှာ မွတ်သိပ်မှုရှိနေတယ်။ ဒီသမဏတွေရဲ့လမ်းပေါ်မှာ ငါ့မွတ်သိပ်မှုဟာ
လျော့နည်းမသွားခ့ဘဲူး။ ငါဟာ အခါခပ်သိမ်းပဲ အသိပညာအတွက် မတ်ွသိပ်နေတယ်။
နှစ်ပေါင်းများစွာ ငါ ဗြာဟ္မဏတွေကို မေးခွန်းထုတ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ ငါ ဝေဒ
ကျမ်းဂန်များကို မေးခွန်းထုတ်လာခဲ့တယ် ဂေါဝိန္ဒ။ ငါ ကြံ့ကို မေးခွန်းထုတ်မိရင်၊ လူဝံကို
မေးခွန်းထုတ်မိရင် ကောင်းချင်ကောင်းလိမ့်ဦးမယ်။ လူဟာ ဘာကိုမှမသိနိုင်ဘူးဆိုတဲ့အချက်ကို
သိဖို့ရန်အတွက် ငါအချိန်အများကြီး အကုန်ခံခ့ရဲ တယ်။ အခုလဲ အဆုံးမသတ်သေးဘူး။ ငါ
ယုံကြည်တဲ့ အချက်တစ်ခုရှိတယ် အရာဝတ္ထုတိုင်းရဲ့အနှစ်သာရထဲမှာ ငါတို့သိခြင်းလို့ မခေါ်နိုင်တဲ့၊
သိခြင်းမှအပဖြစ်တဲ့ အရာဝတ္ထုအချို့ရှိတယ် မိတ်ဆွေ။ တစ်ခုတည်းသော အသိပညာသာလျှင်
ရှိတယ်။ အဲဒီအသိပညာဟာ နေရာအနှံ့မှာ ရှိတယ်။ အဲဒီအသိပညာဟာ အတ္တဖြစ်တယ်။
အဲဒီအသိပညာဟာ မင်းမှာလဲရှိတယ်။ ငါ့မှာလဲ ရှိတယ်။ သတ္တဝါတိုင်းမှာ ရှိတယ်။ ငါ တစ်နေ့တစ်ခြား
ယုံကြည်လာတာကတော့ အဲဒီအသိပညာရဲ့အကြီးဆုံးရန်သူဟာ ငါတို့အသိပညာရှင်လို့ ခေါ်တဲ့အရာ
ဖြစ်တယ်။ ငါတို့အသိပညာလို့ခေါ်တဲ့ အရာဖြစ်တယ်"

သူသည် အရှင် ဂေါတမနဲ့လည်း တွေ့ခဲ့သည်။ သို့ပေမယ့် အရှင်ဂေါတမရဲ့ တရားအဆုံးအမများကို သူပြောသည်မှာ....
"ရှင်တော်ဗုဒ္ဓ၊ အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားသော အရာတွေထက်
အကြောင်းအရာ တစ်ခုအတွက်န့ပဲ တပည့်တော် အရှင်ဘုရား၏ တရားဒေသနာတော်ကို
လေးစားမြတ်နိုးလှပါပြီ။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုလျှင် တရားဒေသနာတော်မှာပါရှိတဲ့
အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်း ဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။
ကမ္ဘာလောကဟာ အကြောင်းအကျိုးများဖြင့် ဆက်ထားတဲ့ပြည့်ဝသော၊ မကျိုးပြတ်သော
ကွင်းဆက်တစ်ခုအဖြစ်၊ ထာဝရ တည်ရှိနေတဲ့ ကွင်းဆက်တစ်ခုအဖြစ် အရှင်ဘုရားက
ဖော်ပြပါတယ်။ အဲဒီလို မှန်ကန်တဲ့ သစ္စာတရားမျိုးကို ယခုလောက် ပြတ်ပြတ်သားသား
ဘယ်တုန်းကမှ တင်ပြခြင်းမရှိခ့ဖဲူးပါ။ အခုလောက် ယုတ္တိယုတ္တာ ရှိရှိ မည်သည့်အခါကမှ ပြောပြခြင်း
မရှိခ့ဖဲူးပါ။ အကယ်၍ ဗြာဟ္မဏတွေဟာ အကြားအပေါက်ဟူ၍ မရှိဘဲ လုံးဝတစ်သားတည်း
ဖြစ်နေတဲ့၊ ကျောက်သလင်းကဲ့သို့ ဒိုးယိုပေါက်မြင်နေရတဲ့ ကံအကြောင်းတရားနဲ့ နတ်ဒေဝတာတွေ
အပေါ်မှာ မှီမနေရတဲ့ ကမ္ဘာလောကကို အရှင်ဘုရားဟောကြားတဲ့ တရားဒေသနာ အားလျော်စွာ
ကြည့်ကြမယ်ဆိုလျှင် သူတို့ရဲ့နှလုံးသွေးဟာ ပိုပြီး အခုန်မြန်လာဖို့ ရှိပါတယ်။ ကမ္ဘာလောကဟာ
ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ဟုပဲ ဆိုဆို၊ သို့မဟုတ် အနိစ္စဖြစ်သည်ဟုပဲ ဆိုဆို၊ အဲဒီလို
ပြောတာတွေဟာ ဖြစ်နိုင်စရာ၊ မှန်နိုင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါတွေက ဒါလောက်အရေးမကြီးပါ။
အမှန်တကယ် အရေးကြီးတာက ကမ္ဘာလောကရဲ့ ပေါင်းစည်းနေမှု အဖြစ်အပျက်အားလုံး
တစ်ခုနှင့်တစ်ခု အညမညဆက်စပ်နေမှု တစ်သားတည်းဖြစ်နေမှု၊ ကြီးကြီးငယ်ငယ်အရာဝတ္ထု
အားလုံးကို တစ်ခုတည်းသော အလျဉ်၊ တစ်ခုတည်းသော စီးကြောင်းမှ ခံယူမှု၊ တစ်ခုတည်းသော
အကြောင်းကြောင့် အားလုံး၏ဖြစ်ပေါ်မှု၊ ဇာတိနှင့် မရဏ စက်ရဟတ်လည်မှုများဖြစ်ပါတယ်။
အဲဒါတွေဟာ အရှင်ဘုရားဟောကြားတဲ့ တရားဒေသနာတော်အရ လွန်စွာမှ ရှင်းလင်းပြတ်သား
သွားပါတယ် ရှင်တော်ဗုဒ္ဓ။ သို့သော်လည်း အရှင်ဘုရားဟောကြားတဲ့ ဒေသနာတော်အရ
ဖြစ်တဲ့အရာဝတ္ထု ဟူသမျှရဲ့ ပေါင်းစည်းဆက်စပ်နေမှုန့ဲ အရာဝတ္ထုအားလုံးတို့ရဲ့ တက္ကဗေဒနှင့်
ညီညွတ်သော အကျိုးကျေးဇူးဆိုတဲ့ သဘောတရားတွေဟာ နေရာတစ်နေရာမှာ ကျိုးပြတ်နေတာကို
တွေ့ရပါတယ်။ သေးငယ်တဲ့ အကြားအပြတ်ကနေပြီး ပေါင်းစည်းဆက်စပ်နေတဲ့ ကမ္ဘာလောကထဲကို
ယခင်ကလည်း မရှိ။ ယခုလည်း လက်တွေ့ပြလို့မရတဲ့ ဆန်းတဲ့ အရာတစ်ခု ဝင်လာပါတယ်။
အဲဒီအရာဟာ ဘာလဲလို့ ဆိုရင်ဖြင့် အရှင်ဘုရားရဲ့ ကမ္ဘာလောကအပေါ်တက်နေတဲ့၊ ကမ္ဘာလောကနဲ့
လွတ်နေတဲ့ အယူဝါဒ ဖြစ်ပါတယ်။ အရှင်ဘုရားရဲ့ နိဗ္ဗာန် အယူဝါဒဖြစ်ပါတယ်။ ယင်း သေးငယ်တဲ့
အကြား၊ ယင်း သေးငယ်တဲ့ အပြတ်ကြောင့် ဒီ ထာဝရဖြစ်တဲ့ ကွင်းဆက် ကမ္ဘာ့နိယာမဥပဒေကြီးဟာ
တစ်ဖန် အကျိုးပြတ်သွားရပါတယ်။ ဒီလိုလျှောက်ထားပြောပြတဲ့အတွက် တပည့်တော်ကို
ခွင့်လွှတ်တော်မူပါ အရှင်ဘုရား"

နောက်ဆုံးသူ သူ့ သူငယ်ချင်းနှင့် ပြန်တွေ့သောအခါ သူ့အတွေးအခေါ်အချို့ကို တင်ပြပုံကတော့

"နားထောင် မိတ်ဆွေ၊ ငါလဲပဲ အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ မင်းလဲ အပြစ်မကင်းတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ သို့ပေမယ့် အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာလဲ တစ်ဖန်
ဗြဟ္မာဖြစ်မှာပဲ၊ တစ်နေ့ကျရင် နိဗ္ဗာန်ကို ရမှာပဲ၊ တစ်နေ့ကျရင် ဗုဒ္ဓတစ်ဦး ဖြစ်မှာပဲ။ အခုအခါမှာတော့
အဲဒီ 'တစ်နေ့ကျရင်' ဆိုတာဟာ စိတ်ကူးယဉ်မျှသာ ဖြစ်တယ်၊ နှိုင်းယှဉ်ချက်မျှသာ ဖြစ်တယ်၊
အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓန့တဲူတဲ့အဆင့်သို့သွားတဲ့ လမ်းမပေါ်မှာ သွားမနေဘူး၊
တိုးတက်မနေဘူး၊ သို့ပေမယ့် ငါတို့ရဲ့အတွေးအကြံကတော့ အဲဒါကလွဲပြီး တခြားအရာဝတ္ထုကို
တွေးခေါ်ကြံဆခြင်းကိုတောင်မှ မလုပ်နိုင်ပေဘူး၊ ဟင့်အင်း၊ အဲဒီလို မဟုတ်ဘူး၊ အမှန်တကယ်
ဖြစ်လတ္တံ့ဖြစ်တဲ့ ဗုဒ္ဓဟာ အပြစ်မကင်းတဲ့ပုဂ္ဂိုလ်မှာ မဆွကတည်းက ကိန်းအောင်းနေတယ်၊
အနာဂတ်ဟာ ယခင်ကတည်းက ထိုနေရာမှာ တည်ရှိနေတယ်၊ သူ့မှာရော မင်းမှာရော လူတိုင်းမှာ
ကိန်းအောင်းနေတဲ့ ဖြစ်လတ္တံ့ဖြစ်တဲ့ ဗုဒ္ဓကို အသိအမှတ်ပြုရလိမ့်မယ်၊ ဂေါဝိန္ဒ၊ ဒီကမ္ဘာလောကဟာ
မပြည့်စုံတာ မဟုတ်ဘူး၊ ပြည့်စုံမှုကို တစ်ဖြည်းဖြည်းတစ်စစ တိုးသွားနေတာလဲမဟုတ်ဘူး၊
ဒီကမ္ဘာလောကဟာ ခဏတိုင်း ခဏတိုင်းမှာ ပြည့်စုံမှုရှိတယ်၊ အပြစ်ဟူသမျှရဲ့အတွင်းမှာလဲ
ဂုဏ်ကျေးဇူးရှိနေတယ်၊ ကလေးသူငယ်အားလုံးဟာ ဖြစ်လတ္တံ့လူကြီးများဖြစ်ကြတယ်၊ နို့စို့ကလေး
တစ်ယောက်ရဲ့အတွင်းမှာ သေခြင်း သဘောတရား ကိန်းအောင်းနေတယ်၊ သေသူမှန်သမျှရဲ့
အတွင်းမှာလဲ ထာဝရ အသက်ဇီဝိန်ရှိနေတယ်၊ ပုဂ္ဂိုလ်တစ်ဦးဦးအနေဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးကို
လမ်းခရီးမှာ ဘယ်လောက်ဝေးဝေး ရောက်နေပြီလဲလို့ ကြည့်ဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ဓါးပြနဲ့
ကြွေအန်လောင်းကစားသမားမှာလဲ ဗုဒ္ဓကိန်းအောင်းနေတယ်၊ မြင့်မြတ်စင်ကြယ်တဲ့ ဗြာဟ္မဏမှာလဲ
ဓါးပြ ပုန်းကွယ်နေတယ်၊ ကမ္မဋ္ဌာန်း ဘာဝနာကို အတွင်းနှိုက်ပြီး ပွားများနေတဲ့အခါမှာဆိုရင်
အချိန်ကာလအဖုံးကိုဖွင့်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို တစ်ပြိုင်နက်တည်းမှာ ကြည့်နိုင်တယ်၊
အဲဒီအခါမှာဆိုရင် အရာဝတ္ထုဟူသမျှဟာ ကောင်းတယ်၊ ပြည့်စုံတယ်၊ အရာဝတ္ထုဟူသမျှဟာ
ဗြဟ္မာဖြစ်တယ်၊ အဲဒါကြောင့် ငါ သဘောပေါက်တာကတော့ ရှိရှိသမျှ အရာဝတ္ထုဟာ ကောင်းတယ်၊
သေခြင်းရော၊ အသက်ရှင်ခြင်းရော၊ ကောင်းမှုရော၊ မကောင်းမှုရော၊ ပညာရှိခြင်းရော၊ မိုက်မဲခြင်းရော
အားလုံးကောင်းတယ်၊ အရာဝတ္ထုဟူသမျှဟာ လိုအပ်တယ်၊ အရာဝတ္ထုဟူသမျှနဲ့ ငါသဘောချင်း
ကိုက်ညီဖို့ပဲလိုတယ်၊ ငါ့ရဲ့လက်ခံမှု၊ ငါ့ရဲ့မေတ္တာရှေ့ထားတဲ့နားလည်မှုပဲလိုတယ်၊ အဲဒါတွေရှိရင်
ငါ့အတွက် ဘာမဆို ကောင်းမှာပဲ၊ ဘယ်အရာဝတ္ထုမှ ငါ့ကို အကျိုးယုတ်အောင် မလုပ်နိုင်တော့ဘူး၊
ငါဟာ မိမိရဲ့ ကိုယ်ခန္ဓာန့ဲ အတ္တမှတစ်ဆင့် ဘယ်လိုသင်ကြားတတ်မြောက်သလဲဆိုရင် ငါ့အတွက်
မကောင်းမှုကို ကျူးလွန်ခြင်းဟာလဲ လိုအပ်တာပဲ။ ငါ့အတွက် ကာမဂုဏ် အာရုံကို ခံစားစံစားခြင်းလဲပဲ
လိုအပ်တာပဲ။ ပစ္စည်းဥစ္စာရရှိရေးအတွက် ကြိုးပမ်းအားထုတ်ခြင်းတို့၊ စိတ်ပျက်အားလျော့ခြင်း
အတွေ့အကြုံတို့လည်း လိုအပ်တာပဲ၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီလိုဖြစ်မှ ငါ အဲဒါတွေကို မဆန့်ကျင်ဖို့
နားလည်သဘောပေါက်နိုင်မယ်။ ကမ္ဘာလောကကြီးကို ချစ်ဖို့ နားလည်သဘောပေါက်နိုင်မယ်။ အဲဒါမှ
ငါ ဒီကမ္ဘာလောကကို လိုလားမျှော်မှန်းနေတဲ့ စိတ်ကူးယဉ် ကမ္ဘာလောက တစ်မျိုးမျိုးနဲ့ဖြစ်စေ၊
ပြည့်စုံမှုရဲ့ စိတ်ကူးယဉ်အသွင်အပြင် တစ်မျိုးမျိုးနြဲ့ဖစ်စေ နှိုင်းယှဉ်ဖို့ မလိုတော့ဘဲ သူ့အတိုင်း
လက်ခံနိုင်တဲ့၊ ချစ်နိုင်တဲ့၊ သူ့အစိတ်အပိုင်းဖြစ်သွားနိုင်တဲ့ စွမ်းရည်သတ္တိမျိုး ငါ့မှာ ပေါ်လာနိုင်မယ်၊
ဂေါဝိန္ဒ၊ အခု ပြောပြတာတွေဟာ င့ါစိတ်ထဲမှာ ရှိနေတဲ့ အတွေးအခေါ်တစ်ချို့ဆိုပါတော့"

သိဒ္ဓတ္ထ"အင်း...ပြောပြမှာပေါ့။ ဟိုနေရာသည်နေရာမှာ ဆိုသလိုပဲ ငါ့ ဦးနှောက်ထဲမှာ
အတွေးအခေါ်များ၊ အသိဉာဏ်များပေါ်လာတတ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် မိမိ
နှလုံးသားထဲမှာ အသက်ရှိမှုကို သိရှိသကဲ့သို့ တစ်ခါတစ်ရံတစ်နာရီကြာမျှ သို့မဟုတ် တစ်နေ့တာမျှ
ငါ အသိဉာဏ်ကို သိရှိနားလည်လာတယ်။ ငါ့မှာ အတွေးအခေါ်တွေ အများကြီးရှိခ့တဲ ယ်။ သို့ပေမယ့်
အဲဒီအတွေးအခေါ်များအကြောင်းကို မင်းကို ပြောပြဖို့မလွယ်ဘူး။ ငါ စွဲမြဲနေတဲ့ အတွေးအခေါ်
တစ်ခုတော့ ရှိတယ် ဂေါဝိန္ဒ။ အဲဒါ တခြားမဟုတ်ဘူး။ အသိပညာဆိုတာ ဖြန့်ဖြူးလို့မရဘူး
ဆိုတဲ့အချက်ပဲ။ အကယ်၍ ပညာရှင်တစ်ယောက်ယောက်က အသိပညာကို ဖြန့်ဖြူးမယ် ကြိုးစားလျှင်
အဲဒီကြိုးစားချက်ဟာ အခါခပ်သိမ်း မိုက်မဲတဲ့ အသွင် ပေါ်နေတာပဲ"

ငါ့မှာ အတွေးအခေါ်တစ်ခုရှိသေးတယ် ဂေါဝိန္ဒ။
အဲဒါကိုလဲ မင်းက ပြောင်ချော်ပြက်ချော်ပြောတာလို့၊ သို့မဟုတ် ရူးတာလို့ထင်ဦးမှာပဲ။ အဲဒါက
ဘာလဲဆိုတော့ အမှန်တရားရဲ့ဆန့်ကျင်ဘက်ဟာလဲ အမှန်တရားလိုပဲ မှန်ကန်မှုရှိတယ်ဆိုတဲ့
အချက်ပဲ။ ဥပမာအားဖြင့်ပြောရလျှင် အမှန်တရား တစ်ခုဟာ တစ်ဘက်သတ်ဖြစ်ပါမှ စကားအားဖြင့်
ဖော်ပြလို့ရနိုင်တယ်။ စကားအားဖြင့် ဖော်ပြလို့ရတဲ့၊ ကြံဆလို့ရတဲ့ အရာဝတ္ထု မှန်သမျှဟာ
တစ်ဘက်သတ်တစ်ဘက်စီးနင်းဖြစ်တယ်။ တစ်ဝက်တစ်ပျက်သာ၊ တစ်ဘက်သာ မှန်ကန်မှုရှိတယ်။
ပြည့်စုံမှု၊ ပြည့်ဝမှု၊ ပေါင်းစည်းမှု မရှိဘူး။ ကမ္ဘာလောကအကြောင်းကို ပြောပြတဲ့အခါ ဂေါတမဗုဒ္ဓလဲပဲ
ကမ္ဘာလောကကို သံသရာနဲ့ နိဗ္ဗာန်အဖြစ်လည်းကောင်း၊ မောဟနဲ့  သစ္စာအဖြစ်လည်းကောင်း၊ ဒုက္ခနဲ့
လွတ်ငြိမ်းမှုအဖြစ်လည်းကောင်း ခွဲခြားပြတာပဲ။ အဲဒီလို မလုပ်လို့ မဖြစ်ဘူး။ တရားအဆုံးအမကို
ဟောပြသူတို့အတွက် တခြားနည်းလမ်းမရှိဘူး။ သို့ပေမယ့် ငါတို့ရဲ့ အတွင်းနဲ့ ငါတို့ရဲ့ ပတ်ဝန်းကျင်မှာ
ရှိနေတဲ့ ကမ္ဘာလောက ကိုယ်တိုင်ကတော့ ဘယ်တော့မှ တစ်ဘက်သတ်မဟုတ်ဘူး။ မည်သည့်
ပုဂ္ဂိုလ်မှ သို့မဟုတ် မည်သည့်အပြုအမူမှ အကြွင်းမဲ့သံသရာတွင်းကလဲ မဟုတ်ဘူး။ အကြွင်းမ့ဲ
လွတ်ငြိမ်းမှု ရရှိနေတာလဲ မဟုတ်ဘူး။ မည်သည့်ပုဂ္ဂိုလ်မှ အကြွင်းမ့ဲ သူတော်မြတ်လဲမဟုတ်ဘူး။
အကြွင်းမဲ့ သူယုတ်မာလဲ မဟုတ်ဘူး။ အဲဒီလိုဖြစ်နေပုံရတဲ့ အကြောင်းကတော့ အချိန်သမယဟာ
မှန်တဲ့အရာဖြစ်တယ်လို့ ငါတို့ထင်ယောင်ထင်မှား ဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ အချိန်သမယ
ဆိုတာ မှန်တဲ့အရာ မဟုတ်ဘူးဂေါဝိန္ဒ၊ အဲဒီအချက်ကို ငါ ထပ်ခါထပ်ခါ သဘောပေါက်တယ်၊
တကယ်လို့ အချိန်သမယဟာ မှန်တဲ့အရာ မဟုတ်လျှင် ဒီကမ္ဘာလောကနဲ့ ထာဝရလောက
အတွင်းမှာလည်းကောင်း၊ ဒုက္ခန့ဲ လွတ်ငြိမ်းမှုအတွင်းမှာလည်းကောင်း၊ အကောင်းနဲ့ အဆိုးအတွင်းမှာ
လည်းကောင်း၊ ခြားနားထားသလိုလိုထင်ရတဲ့ စည်းကြောင်းဟာလဲ အမှန်မဟုတ်ဘူး၊
မောဟဖုံးနေခြင်းသာ ဖြစ်တယ်"

စာအုပ်ကို ဒေါင်းချင်ပါက ဒီမှာ ဒေါင်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...