Monday, May 14, 2012

မန်းစည်ပင်အတွင်းရေးမှူး ဦးစန်းမောင်၏သား ချိုသဲမောင်ဆိုသူမှ မိန်းကလေးတစ်ဦးအား အိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက် ရိုက်နှက်မှု


by General Knowledge on Monday, May 14, 2012 at 6:52am      

မထွယ်အောင်| Monday, 14 May, 2012


ထိုးကျိတ်ရိုက်နှက်ခံရသူ မထွယ်အောင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစန်းမောင်၏ သားဖြစ်သူ ချိုသဲမောင်သည် ၃၁-၃-၂၀၁၂ ရက်နေ့ နေ့လည် ၁၁း၃၀ နာရီအချိန်တွင် ၆၆ x ၆၇ ကြား၊ ၃၈ x ၃၉ ကြား မဟာမြိုင် အပိုင်း(၁)၊ အကွက်(၅) မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တွင်နေထိုင်သော ကျွန်မ မထွယ်အောင် နေအိမ်အတွင်းနေထိုင်စဉ် ကားနံပါတ် ၃၈/၉၉၄၆ စူပါစလွန်း အဖြူရောင် ကားဖြင့် ရောက်ရှိလာပြီး
မည်သည့်အကြောင်းမှ ပြောဆိုခြင်းမရှိပဲ ကျွန်မ၏ အင်္ဂျာီရင်ဘတ်အား ဆောင့်ဆွဲပြီး ထိုးကျိတ်ကန်ရိုက်နှက်ကာ ငါ့ကို ဘာကောင်မှတ်နေသလဲ ဘယ်ရုံးကိုတိုင်တိုင် စောက်ဂရုမစိုက်ဘူး တိုင်ချင်ရတိုင် နင့်ကိုငါသတ်ပစ်မယ်၊ ထိုးသတ်မည်ဟု ခြိမ်းခြောက်ကြိမ်းမောင်းပြောဆိုထွက်သွားပြီး ကားနားအရောက်တွင် သတ္တိရှိတဲ့ကောင်လာခဲ့ဟု ပြောဆိုကာ ကားမောင်းပြီး ထွက်သွားပါသည်။

ကျွန်မ မထွယ်အောင်မှ ၂.၄.၂၀၁၂ နေ့ တွင် မန္တလေးမြို့အမှတ်(၉) ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြား ခဲ့သော်လည်း ၅.၅.၂၀၁၂ နေ့အထိ မည်သို့မှ အကြောင်းပြန်ကြားခြင်း မရှိသဖြင့် ရဲစခန်းသို့ သွားရောက် စုံစမ်းမေးမြန်းရာ တရားခံအား အဖမ်းပြပြီး အာမခံပေးလိုက်သည်ဟု သိရပါသည်။

ဤအမှုနှင့် ပါတ်သတ်၍ ကျွန်တော်တို့အား အထက်မှ ဖိအားပေးနေသဖြင့် အမှုမှန် ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်ရာတွင် အနှောက်အယှက်အဟန့်အတားဖြစ်နေပါသည် ဟုလည်း ကျွန်မတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။


ထို့ ကြောင့်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် အတွင်းရေးမှူး ဦးစန်းမောင်၏ သားဖြစ်သူသည် ဖခင်အာဏာကို အလွှဲသုံးစားပြုလျှက် မြို့တော်နေ ပြည်သူ မိန်းခလေးတစ်ဦးအား နေအိမ်အတွင်းသို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်ကာ ကာအိနြ္ဒိ ပျက်ပျားစေခြင်း၊ ထိခိုက်နာကျင်စေခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကျိတ်ရိုက်နှက်ကာ ခြိမ်းခြောက်ကြိမ်းမောင်းသွားသည်ကို ထိရောက်မှန်ကန်စွာအရေးယူပေးပါရန်နှင့် အများပြည်သူသိရှိနိုင်အောင် တင်ပြလိုက်ပါသည်။


မထွယ်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...