လူမှုတာဝန်ထမ်းခြင်းနှင့် ဖြစ်တည်မှုပဒါန၀ါဒ ရှုထောင့်မှစဉ်းစားမိခြင်း
by Daungkhit Burma on Sunday, May 20, 2012 at 8:08pm
ဤစာကိုရေးသားခြင်းမှာ လူငယ်များအတွက်ရည်ရွယ်ခြင်းဖြစ်ပါသည်။
ကျနော့တို့ လူ့ လောကတွင် လူဖြစ်လာသည်ဆိုကတည်းက လူ့ တာဝန်ကိုထမ်းဆောင်လာရမည်ဖြစ်သည်။ဤတွင်ယခု နိုင်ငံရေး၊ လူမှုရေးလုပ်ဆောင်နေကြသည့် လူငယ်များ အလိုက်လွဲနေသည်ကို ကျနော်တွေ့ မြင်ထားမိပါသည်။
" ငါသည်သာငါ၏လွတ်လပ်မှုပင်ဖြစ်၏"ယန်းပေါဆာ့တ် ဖြစ်တည်မှုပဒါန၀ါဒီသမား တဦးက ပြင်သစ်တော်လှန်ရေးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် အတွက် နိုဘယ်ဆုပေးခြင်း ကိုငြင်းဆိုခဲ့သည်။ သူပြောသည့် စကားလေးတလုံးကိုတော်တော်သဘောကျမိပါသည်။ ထိုသည်မှာ ကျနော့ဘာသာ ကျနော်မှန်တယ်ထင်လို့ လုပ်သင့်တယ်ထင်လို့ လုပ်တာ ကျနော့တာဝန်ထင်လို့ ထမ်းဆောင်လိုက်တာ ဒီဆုကြီးအတွက်လဲလုပ်တာမဟုတ်ဘူး ထို့ အပြင်ဒီဆုကို ကျနော်လက်ခံလိုက်လျှင် ကျနော်ဒီဆုအတွက်လုပ်တာဖြစ်သွားမည့်အတွက်ကြောင့် ကျနော်မယူလိုပါ။ကျနော့လူသားဂုဏ်သိက္ခာကျသွားမည် ကျနော်ဒီဆုရဲ့ အသုံးချခံဖြစ်သွားမည်ဆို၍ဖြစ်သည်။
စဉ်းစားကြည့် ပါ။ယနေ့ လူငယ်များ နိုင်ငံရေးလုပ်လာကြသည် လူမှုရေးလုပ်လာကြသည် မိမိဘာသာမိမိတာဝန်ထင်၍ လုပ်ခြင်းမျိုးသားဖြစ်ရမည်ဖြစ်သည်။ ထို့ ထက်ဘာမှမပို ဘာမှမလိုရပါ။ဘာကြောင့်ကျနော်ရေးသနည်းကို လူငယ်တို့တွေ့ မြင်မှာဖြစ်ပါ
သည်။နေရာလုခြင်းများ မြောက်မြားစွာဖြစ်လာသည့် အတွက်ကြောင့်ရေးခြင်းဖြစ်ပါသည်။ကျနော်တို့ လူသားပါ ကျနော်တို့ သည် ရုပ်ဝတ္တု(၀ါ) နာမည်တလုံးအတွက်အသုံးချခံမဖြစ်သင့်ပါ။
ကျနော်တို့ လူတိုင်းလိုချင်သည့် ဘ၀မှာ မိမ်မိသားစု(၀ါ)မိမိအသိုက်အ၀န်းလေးဖြင့် မိမိဝါသနာပါသည်ကို လုပ်ဆောင်
ရင်းနေခြင်သည့် သဘောရှိသည်။ဒါဆိုလျှင် ဘောက်မယ်ကြောင့်ကျနော်တို့ ဒီလိုနေရာတွေကိုမက်မောနေဦးမည်နည်း ?အချိန်တန်လျှင်
သေဆုံးရမည်ဖြစ်သည်။ကျနော်တို့ ဘ၀က ဒီလို နေရာတွေအတွက်မွေးဖွားလာခြင်းလား၊ကျနော်တို့ ဘ၀က ဒီလိုအသုံးချခံဖို့ လား ?
စဉ်းစားကြည့်ရမည်ဖြစ်သည်။
လူဆိုသည်မှာ ဖြစ်ပျက်ပြောင်းလဲနေသောလောကကြီးတွင် အရာရာကိုကိုယ်လိုချင်သောလည်းကောင်းမလိုချင်သော
လည်းကောင်း လက်ခံပြီး မစွန့်လွှတ်ချင်လဲ စွန့် လွှတ်ရသည့် သဘောတရားရှိသည်။လူဖြစ်တည်ခြင်းမှာ ရေပွက်ပမာသာဖြစ်သည်။
မစွန့် လွှတ်ချင်လဲ စွန့် လွှတ်ပြီး လက်မခံချင်လဲ လက်ခံရသည့် သဘောများစွာရှိသည့် အနက် မိမိတို့ လူဂုဏ်သိက္ခာကိုအကျခံမည်လား
ဤဘာမျှမဟုတ်သည့် နေရာကိုအတင်းလုပြီး အပူအပင်တွေများနေမည်လား...ရတော့ကော....တရားရကြပါစေဟုဆုတောင်းရင်း....
ဥပမာတခုပေးပါမည်....
ကောင်မလေးတယောက် ကျနော်တို့ ရှေ့ မှာ ပဲတွေများပြတယ်ဗျာ
အ၀တ်အစားတွေနဲ့ ဖုန်းတွေကိုင်ပြီး လုပ်ပြတယ်
ဒီကောင်မလေးက ကျနော်တို့ ရဲ့ အသုံးချခံ ရုပ်ဝတ္တုတွေအတွက်အသုံးချခံ ဖြစ်မှန်းမသိဖြစ်သွားသည်...။
ဥပမာ ဖြစ်သင့်သည်က ကိုယ်ကိုယ်တိုင်ကြိုက်လို့ လိုက်ဖက်မည်ထင်လို့ ဝတ်ရမည်သာဖြစ်သည်
ထိုအပေါ်တွင်ဘာမှ အကျိုးသက်ရောက်မှုမရှိစေရပါ...ဒါမှသာလူသားဂုဏ်သိက္ခာမကျမည်ဖြစ်သည်..။
ရိုသေစွာဖြင့်
ဒေါင်းခေတ်
0 comments:
Post a Comment