Sunday, May 6, 2012

ကျား/မ ဟာသလေးများ


by Moenge Aung on Sunday, May 6, 2012 at 1:44am

သြော်... မိန်းမ... မိန်းမ...
1 . (ဘာပဲဖြစ်ဖြစ်)

Men: ငါတို့ ညစာအတွက် ဘာကိုစီစဉ်သင့်လဲ မသိဘူးနော်?
Women: ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်ရယ်...
Men: မက္ကဆီကိုအစားအစာလေးများ မစားချင်ဘူးလားကွာ?
Women: ဟင်အင်း... ဟင်အင်း... ကျွန်မ တခါစားဖူးတယ်။ အဲနောက် မျက်နှာမှာ အဖုတွေ တစ်ခါတည်း ထွက်လာတော့တာပဲ။

Men: ကောင်းပြီလေ... ဒါဆိုလည်း တရုတ်စာလေး စားကြတာပေါ့...
Women: ရှင် မနေ့ကလည်း ဒါပဲ။ ဒီနေ့လည်း အဲဒါပဲလား? ကျွတ်!
Men: အင်း... ပင်လယ်စာ ဆိုရင်တော့ရော?
Women: ဟင်... ပင်လယ်စာတွေက မကောင်းပါဘူး ရှင်ရယ်... ဝမ်းတွေ လျှောတက်ပါဘိနဲ့...
Men: အင်း... ဒါဆိုရင် မင်း ဘာစားချင်သလဲ ပြောပြလေ?
Women : ဘာပဲဖြစ်ဖြစ်... ရပါတယ်ရှင့်...
2. (ဘာပဲလုပ်လုပ်)

Men: အင်း... ဒါဆို... ငါတို့ ဘာလုပ်ကြမလဲကွာ...?
Women: ဘာပဲလုပ်လုပ်လေ...
Men: ဇာတ်ကားလေးများ မကြည့်ချင်ဘူးလား.. ကိုယ်တို့ မကြည့်တာ အတော်ကြာနေပြီ ထင်တယ်။
Women: ဇာတ်ကားကြည့်တာ မကောင်းပါဘူး ရှင်ရယ်... အချိန်ကို သက်သက်ဖြုန်းနေကြတာပါ..
Men: ဒါဆိုလည်း.. ဘိုးလင်းသွား လှိမ့်ကြမလား? လှုပ်လှုပ်ရှားရှား ဖြစ်တာပေါ့..?
Women: ဒီလို ပူလောင်နေတဲ့နေမှာ ရှင်က?
Men: အင်း... လက်ဖက်ရည်ဆိုင်သွားပြီ တခုခုများ သောက်ကြမလား?
Women: လက်ဖက်ရည် ဖြတ်ထားတယ်ရှင့်...
Men: အင်း... ဒါဆိုရင် မင်း ဘာလုပ်ချင်လဲ ပြောကြည့်လေ?
Women: ဘာပဲလုပ်လုပ်... ရပါတယ်ရှင်...
3. (ရှင် ဆုံးဖြတ်ပါ.)

Men: ဒါဆိုလည်း... အိမ်ပဲ ပြန်ကြမလား?
Women: ရှင်ပဲ ဆုံးဖြတ်ပါ...
Men: အိုကေ.. ဘတ်(စ်)ကားစီးကြတာပေါ့... အတူတူး စီးမယ်လေ..
Women: အဲဒီကားတွေက ညစ်ပတ်ပြီး အမြဲတမ်း ကြပ်သိပ်နေတာပဲ..မကောင်းပါဘူး...
Men: ဟုတ်ပါပြီ... တက္ကစီပဲ ငှားလိုက်ပါမယ်...။
Women: ဘာ..ဒီလောက် နီးနီးလေးကို အသုံးဖြုန်း မကြီးစမ်းပါနဲ့ ရှင်ရယ်...
Men: ကောင်းပြီလေ.. လမ်းလျှောက်ပြီပဲ ပြန်ကြတာပေါ့.. ပတ်ဝန်းကျင်ကို ခံစားလို့ရတာပဲ..
Women: ကျမ ဗိုက်ဆာနေပြီ။ လမ်းမလျှောက်နိုင်တော့ဘူး ရှင့်...
Men: ဟင်..ဒါဖြင့်..ဘာလုပ်ချင်သလဲ ပြောလေ..?
Women: ရှင်ပဲ..ဆုံးဖြတ်ပါ..
Men: ညစာ အရင် စားကြမလားဟင်?
Women: ဘာပဲလုပ်လုပ်ပါရှင်...
Men: ဘာစားချင်လဲ ပြောကြည့်လေ..?
Women: ဘာပဲဖြစ်ဖြစ်..ရပါတယ်ရှင်...♦♣♠♥☺☻
အမဲရောင်နတ်ဆိုးလေး မှ တင်သွင်းခဲ့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...