Wednesday, May 9, 2012

ကျန်းမာကြံ့ခိုင်တဲ့အသားအရေ



လူအတော် များများဟာ အသားအရေ နုပျို အောင်၊ ချောမွေ့နူးညံ့အောင်၊ တင်းတင်း ရင်း ရင်း
ရှိအောင် ထိန်းသိမ်း စောင့်ရှောက် ခြင်းကို ပွဲတစ်ပွဲစာ ၄ - ၅ နာရီခန့်ကြာ လှပအကြည့် ခံရ
လေအောင် မိတ်ကပ် လိမ်း၊ ပါးနီဆိုး၊ ပေါင်ဒါ ရိုက်၊ နှုတ်ခမ်းနီဆိုး၊ မျက်တောင် ကော့စတဲ့
တစ်ခဏသာ ခံအောင် လိမ်းခြယ် ပြုပြင်ခြင်း နှင့် လွဲမှား နေကြတာ များပါတယ်။
ဖော်ပြတဲ့ဓာတုဗေဒ ပစ္စည်း တွေဟာ အရေပြား ထိခိုက် ပျက်စီး စေတဲ့အပြင် အသား အရေကို မြန်မြန်
အိုမင်း လွယ်ပါတယ်။

လှချင်ရက် စက်စက်ယို အခန်း ကဏ္ဍမှာ အပတ်စဉ် ဖော်ပြပေး နေတဲ့
အလှအပ ကဏ္ဍက အမျိုးသမီးလေး များရော၊ အမျိုးသား လေးတွေပါ ဆယ်ကျော်သက်မှ သည်
အသက် အရွယ် ကြီးလာသည်အထိ အသား အရေကောင်းခြင်း၊ ဆံပင်ကောင်းခြင်း၊
ခြေသည်းလက်သည်း စိုလက်နူးညံ့နေအောင် ထိန်းသိမ်းခြင်း၊ ပြုံးအလှ ပိုင်ရှင် အဖြစ်
သွားလေးတွေရဲ့ အလှပေါ်လွင် ဖြူစင်စေခြင်း စသည်ဖြင့် ကျန်းမာရေးနှင့် ကိုက်ညီပြီး အလှအပ
မှာလည်း ထိပ်တန်းက ဖြစ်အောင် ဘယ်လိုပြုပြင် နေထိုင် သင့်သလဲ ဆိုတာတွေကို ဖော်ပြနေခြင်း
ဖြစ်ပါတယ်။

မျက်နှာပေါ်မှာရှိတဲ့ အသားအရေဟာ ခန္ဓာကိုယ်မှာ အပါးဆုံး အရေပြား ဖြစ်ပါတယ်။
အရေပြားဟာ အသက်ရလာလေလေ ပိုပြီး ပါးလာသလို ခြောက် လည်း ခြောက်သွေ့လာပါတယ်။
ဒီအချက်ကို အသက် ၄၀-၅၀ ထဲ ဝင်လာတဲ့ အမျိုးသမီး ကြီးတွေ ပိုသိပါတယ်။

အပြင်ထွက်ဖို့မိတ်ကပ် သို့မဟုတ် ပေါင်ဒါလေး တဖြန်းဖြန်း တဖုတ်ဖုတ်ရိုက်ပြီး အလင်းရောင်
ကောင်းကောင်းနေရာ တစ်ခုမှာ မှန် ထောင်ကြည့်ပါက မိတ်ကပ် သို့မဟုတ် ပေါင်ဒါဟာ
ဟိုတစ်ကွက် ဒီတစ်ကွက် `ချောကလက်မှိုတက်´ ဆိုတဲ့ စကားလို စိတ်မသက်မသာစွာ တွေ့ရမှာ
ဖြစ်ပါတယ်။

အသားအရေ အဆီပျံ စိုလက်တဲ့နေရာမှာ ဘာမှ မဖြစ်ပေမယ့် အသားအရေ
ခြောက်သွေ့ နေတဲ့ နေရာမှာ မိတ်ကပ်က ပျစ်ခဲပြီး ကပ် နေတဲ့အတွက် ဗြုတ်ထသလို အကွက်တွေ
ပေါ်လာရခြင်း ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လို့တော့ စိတ်ပျက်စရာ မရှိပါ။ ဒီခေတ်မှာ မည်သူမဆို
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အစိုဓာတ်ခံ လိမ်းဆေးခရင်မ် moisturizer လေး
အသားအရေထဲ စိမ့်ဝင်သွားအောင် ညီညီလေး နေ့စဉ် ပွတ်ပေး လိုက်ရုံဖြင့် အသား အရေ ဟာ
သိသိသာသာကြီး စိုလက်ချောမွေ့ နူးညံ့လာမှာ ဖြစ်တယ်။

တစ်ရက် တည်းဖြင့်သော်လည်းကောင်း၊ တစ်လအတွင်း ချက်ချင်းကြီး မသိသာ ပေမယ့်လေး ငါးလကြာတဲ့
နောက်မှာတော့ moisturizer နေ့စဉ် လိမ်းပေးတဲ့ အသားအရေဟာ သူများနဲ့ မတူ သိသိ
သာသာကြီး ထူးခြား စိုလက်နုပျိုတာကို လိမ်းနေကျ သူမှာသာလျှင် သိသာပါတယ်။ အရေပြား
Treat လုပ်ထား သူမှသာ ခံစားရရှိနိုင်တဲ့ အကျိုးထူး ဖြစ်ပါတယ်။

အသားအရေကိုအမြဲသန့်စင်အောင် ရေကြက်သီး နွေးလေးဖြင့် မှန်မှန် ဆေးကြောပေးပြီး ဖြစ်နိုင်ရင်
သန့်စင်ဆေးရည်ဖြင့် တစ်နေ့ ၂ကြိမ် သန့်စင်ပေးနိုင်လေ အရေပြားရှိ မွေးညင်း ပေါက်လေးတွေ
ပွင့်လာပြီး အဆီ၊ အပျစ်ချွဲချွဲ၊ ဖုန်၊ အမှုန်စတဲ့ အညစ် အကြေးကင်း သွားတော့ ဝက်ခြံလည်း
ထွက်တာ နည်းသွားတယ်။

အသားအရေလည်း နူးညံ့ချောမွတ် စေတယ်။`ဖက်ရှင်ကို စိတ်မဝင်
စားတော့ပေမယ့် ဖက်ရှင် ကျကျလေး ဝတ်ကြည့် လိုက်ပါ။ တစ်မျိုး တစ်ဖုံ အသွင် ပြောင်းလဲ
သွားတာကို မှန်ထဲမှာ သင်မြင်ရမှာပါ´ ဆိုတဲ့ ဖက်ရှင် ဒီဇိုင်နာ တစ်ဦး ရဲ့ စကား လက်ဆောင်
တစ်ခုလို သင်ကော အသားအရေ ကောင်းမွန်အောင် ထိန်းသိမ်း စောင့်ရှောက် ဖူးပါသလား။ ဒါဆို
ရင် ယခုသိပြီမို့ ယခုပင် အသားအရေ ထိန်းသိမ်း ကြည့်ပါ။ သိသိ သာသာ တိုးတက်လာတာ
ကိုကိုယ်တိုင် သိမြင်ခံစား ရမှာပါ။

ညဒီနေရာမှာ ဆယ်ကျော် သက်တွေအဖို့ အသက် ၃၀ကျော်
အမျိုးသမီး လေဒီကြီးတွေ အတွက် တီထွင် ဖော်စပ် ထားတဲ့ Anti - aging ဆိုတဲ့စာတန်းပါတဲ့
ပစ္စည်းမျိုး မှားပြီး မဝယ်မိ အောင် စာကိုသေချာ ဖတ်ပြီးမှ ရွေးချယ်ဝယ်ပါ။

မိတ်ကပ်တွေလိမ်းပြီးတိုင်း အိမ်ရောက်တာနဲ့ မျက်နှာကို သန့်စင်ဆေးကြော လိုက်ပါ။ အိုင်းရှဲဒိုး၊ အိုင်းလိုင်နာ
သုံးပြီးရင် လည်း Eye Remover နဲ့ သန့်စင်ပါ။ ဆံပင်ကိုလည်း တစ်ပတ် ၂ကြိမ် ခေါင်းလျှော်ပါ။

ပေါင်းတင်ပါ။ ဆီလူးပါ။ ဆီလူးတာ ဟာလည်း ဆံပင်ကို အာဟာရဓာတ် ဖြည့်စွက် သလိုပါပဲ။
လက်သည်း ခြေသည်းကို လည်း သံလွင်ဆီ တစ်စက်လောက် ချပြီး စိမ့်ဝင် သွားအောင်
ပွတ်သပ်ပေးပါ။

အပြင်က ပြန်လာပြီးတိုင်း ခြေလက်သန့်စင် ပေးပါ။ ကျန်းမာရေးနှင့် ညီညွတ်တဲ့
အစား အစာ များဖြစ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အစေ့၊ အဆန်စသည်တို့ကို
သင့်တင့် မျှတအောင် စားပြီး လေ့ကျင့် ခန်းမှန်မှန် လုပ်ပါလျှင် ကျန်းမာကြံ့ခိုင်တဲ့ အသားအရေ
ကိုရမှာမလွဲပါ။

Source By - Health Digest Journal

ကဲ ကျန်းမာကြံခိုင်တဲ့ အသားရေရဖို့ ...ဒီနေ့ ကစဆောင်ရွက်ကြပါစို့ လား

ချစ်ခင်လေးစားသော


ဆေးလောကhttp://www.facebook.com/medicalworld

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...