Wednesday, May 23, 2012

၂၁ ရာစု အန္ဓ၀န်


by Nan Athinkhayar on Wednesday, May 23, 2012 at 1:19am ·

(၁)
            ဘီယာတွေသောက်ပြီး မူးမူးနဲ့ရင်ဖွင့်နေတာ .. သူက လွဲပြီး တခြားကောင်မလေးကို ပန်းကုံးမစွပ်ရဘူးတဲ့ ..။ ငယ်လေးက
အသည်းနုလွန်းတယ်ကွာ ..။ မနေ့က တစ်ခြားဝိုင်းမှာထိုင်နေရင်းနဲ့တောင်မှ ငါ့ကိုလှမ်းပြုံးပြပြီး ဖုန်းဆက်ဖို့ အချက်ပြသေးတယ်။ သူ ဖုန်းဆက်ခိုင်းတာထက်၊ အိမ်က မိန်းမက အနားမှာပါနေရင် ဆက်ရခက်တယ်။ မနေ့က သမီးကြီးကို ကျူရှင်သွားကြိုတဲ့အချိန် သမီး ကျူရှင်ကဆင်းမလာသေးတော့ အချိန်လေးရတုန်း ဖုန်းဆက်လိုက်သေးတယ်။ ဆယ်တန်းစာမေးပွဲနားနီးတော့ ငါ့သမီးက ကျူရှင်တွေ
ချည်းဆက်တိုက်တက်နေရတာ ..ငါလည်း အဲဒါတွေအကြောင်းပြပြီး သမီးကို ကျူရှင်ပို့ပြီးတာနဲ့ ငယ်လေးဆီ လစ်ရတာပဲ။ ဟိုနေ့က ငါ ၂သိန်းပေးတာ ဖုန်းထပ်ဝယ်လိုက်လို့တဲ့ .. ပိုက်ဆံမရှိတော့ဘူး ဆိုပြီး၊ ငိုနေသေးတယ်။ ငါလည်း မိန်းမမသိအောင် နည်းနည်း ဘုန်းပြီး ထပ်ပေးလိုက်သေးတယ်ကွ။

             အိမ်ကဟာမကြီးကတော့ လွန်တယ်။ သမီးကြီး ကျူရှင်စရိတ်ဆိုတာကတစ်မျိုး၊ သမီးငယ် ကျောင်းမုန့်ဖိုးဆိုတာကတစ်မျိုး၊ သူကိုယ်တိုင်လည်း ဟိုဟာဝတ်ချင် သည်ဟာစားချင်နဲ့၊ ငါ့မှာ လောက်လောက်ငငကို သုံးရတယ်ဆိုတာ မရှိဘူး။ တစ်ခါတစ်လေ ငယ်လေးနဲ့အပြင်သွားချင်ရင်တောင် အဲဒီ့နေ့ကို ကားပြင်သလိုလို၊ ဘာလိုလိုနဲ့ မိန်းမကို လှည့်ပတ်တောင်းနေရတာ။ ၀ဋ်ပဲကွ ..၀ဋ်ပဲ ..။ ဟဲ ..ဟဲ .. ဒါပေမဲ့ချိုမြိန်စရာလေးတွေလည်း အနားရှိနေလို့သာ တော်တော့တယ်။

                                                                                    ++++++

(၂)
            ကိုကို ..နောက်ကျနေပြီထင်တယ်။ ပြန်ရအောင်။ အချစ်ကလည်း နေပါဦးမလုပ်နဲ့။ အခုတောင် ၆နာရီထိုးတော့မယ်။ ကျူရှင်
ဆင်းချိန်ရောက်နေပြီ။ အခုလို နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချစ်ရတာ ပျော်တာပေါ့ ..။ အဲဒါကြောင့်လည်း အခုလို ကိုကိုခေါ်တဲ့နောက်ကို လိုက်လာတာ။ အင်း ..အိမ်တောင် ပြန်ချင်ပါဘူး။ စာမေးပွဲက နီးနေလို့ပါ။ မေမေတို့ ကျေနပ်အောင်တော့ စာကလည်း ကျက်ပြရဦးမှာ ကိုကိုရဲ့။ မေမေတို့က ဆယ်တန်းဆိုတော့ စိတ်ပူနေတယ်။ ကျမှာကြောက်နေတာ။ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့ကျရင် သူငယ်ချင်းတွေနဲ့ အပြတ်ကဲမယ်။ ရှိုးပွဲတစ်ခုခုသွားမယ်။ ပြီးရင် .... ကိုကိုနဲ့ ..... ခိခိ .....။ အင်းပါ .. အိမ်ကို ပိုင်အောင်ပြောမှာပေါ့ ကိုကိုရဲ့။ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ အိပ်မယ်ပြောမယ်လေ။ ပြီးမှ ..သူတို့အတွဲနဲ့ အတူတူသွားမယ်နော်။           
             ပြီးခဲ့တဲ့လက ကျူရှင်လခတွေ မပေးဘဲ၊ ကိုကိုနဲ့ အတူလျှောက်လည်ရင်း သုံးလိုက်တာသာသိရင် ဆူမှာသိလား။ သြော် ..ဒါနဲ့
ကိုကို တိုက်တဲ့ဆေးတွေ သောက်တယ်နော်။ တစ်ခါတစ်လေတော့ စိတ်ပူတယ်။ ဟို ... ကလေးတွေ ..ဘာတွေ ...။ အင်း ..အင်း ..သိပါတယ်။ စိတ်ပူလို့ပါ ကိုကိုရဲ့ ..။ လက်ကြီးက ဖယ်ဦးလေကွာ ..။ တွေ့တာနဲ့ ကဲမယ်ဆိုတာချည်းပဲ ..။           
             ကိုကို ချစ်တယ်နော် ..။ အခန်းအပ်တော့မယ်ဆို လုပ်တော့လေ။ ပြန်မယ် ပြန်မယ်။ နက်ဖြန်ကျူရှင်က လေးနာရီနော်။
မေ့မနေနဲ့ဦး။ ဖေဖေ လာမကြိုခင် ကျူရှင် အမီပြေးရတော့မယ်။

                                                                                ++++++

(၃)
             အစ်မ ဒီနေ့ ဘာကောင်းလဲ။ အင်း ..ဟုတ်တယ်။ မနေ့က ထိပ်စီးမှန်ရဲ့သားနဲ့။ နောက်ဆို တစ်လုံးဘိုင်ရရင်ပြောနော်။ ကျမကကလန်ဒါ ကျရှိတယ် အစ်မရဲ့။ ဒီတစ်ပတ်လုံး ငါး တစ်လုံးပျောက်နေတာလေ။ မွေးထား ..မွေးထား။ ဆတိုးပတ်တာအကောင်း
ဆုံးပဲ။မနေ့က ပတ်တာက သုံး။ ထွက်တော့ ..ကိုး။ တော်သေးတယ်။ ပေါက်သီး တစ်ထောင်ဖိုးပါလို့။ သြော် .. ပတ်တာက ငါးသောင်း
ဖိုးလေ။ဘိုးတော်က အပိုင်ပဲတဲ့။ အာ ..ဒီလောက် လက်ငါးချောင်းထောင်ပြပြီး အဲဒီ့လက်နဲ့ ခေါင်းကို ရိုက်ပြတာ ..။ ကျမတို့က ငါးနှစ်
လို့အပိုင်တွက်တာပေါ့။ လက်က ငါး ..ခေါင်းက နှစ်လေ။ တကယ်ထွက်တော့ ကိုးလေး။ အဲဒါ သွယ်ဝိုက်ပေးတာ။ တကယ်ဆို လက်က ငါးချောင်းလက်ဆိုတာ လေး ငါးချောင်းက ငါး။ ပေါင်းတော့ ..ကိုး။ ခေါင်းဆိုပေမဲ့ ..သူက ရိုက်ပြတာလေ။ အဓိက ရိုက်တာကို ကောက်
ရမှာ။ရိုက်တာက ..လေး။ ကွက်တိပဲ ..ကိုးလေး။ ဟုတ်တယ် ..ဟုတ်တယ် ..။ အဘက ပေးသား။ ကျမတို့က ညံ့တာ။           
             အခု မချိုတို့ သွားနေတဲ့ ဘုန်းကြီးဆိုတာ ..အကြားအမြင်တဲ့။ အတိတ်လည်းပေးတယ်။ အမယ် ..သီလရှင်ကပေးတယ်ဆိုတာ
ဒီဘုန်းကြီး ဘယ်မီမလဲ။ အဲဒီ့ ဆရာလေးဆီရောက်ဖူးပါတယ်။ သူက တစ်ပတ်စာပေးတာ။ အခု ဘုန်းကြီးက ရက်အလိုက်ပေးတာတဲ့။
ကိုယ်သာမရောက်ဖူးသေးတာ။ သွားတဲ့လူတွေက ကျိတ်ကျိတ်တိုး။ မနက် ၇နာရီတောင်မထိုးသေးဘူး။ တိုးမပေါက်တော့ဘူး။ ဟိုနေ့က ဘယ်လောက်ထူးဆန်းလဲ ပြောပြဦးမယ်။ အဲဒီ့ ဘုန်းကြီးက တစ်ချိန်လုံး ကွမ်းစားချင်တယ် ကွမ်းစားချင်တယ်လို့ ပြောပြောနေတာ။
လူတွေက နှစ်သုံးကို အောထိုးတာ။ ၀က်ဝက်ကွဲပေါက်ကြတယ်တဲ့။ အဲဒါ ကြားထဲက သွားချင်နေတာ။ အင်း ..သွားကြမယ်လေ။            ဟုတ်ပြီ အစ်မ ..။ ဒီမနက်တော့ ငါးတစ်လုံး ကျိန်းသေပတ်လိုက်နော်။ နက်ဖြန်ကျ မနက် ၆နာရီခွဲလောက် ဆုံရအောင်။ သွားမယ်..သွား
မယ်။ ဟင်းအိုး အနံ့ထွက်လာလို့ ပြေးကြည့်လိုက်ဦးမယ်နော်။

                                                                                        ++++++

(၄)
              ဖေဖေ .. မီး ကျူရှင် သွားတော့မယ်။
              မေမေ ...မီးကို မုန့်ဖိုးပေးလေ။

             မိန်းမ ..ငါ့ကားက ဆီအရမ်းစားနေတယ်ကွ။ အေး ..တစ်လက်စတည်း ..အောက်ပိုင်းပါ နည်းနည်း လုပ်လိုက်မယ်။ ငါ သမီးကိုကျူရှင်ပို့ပြီးရင် ၀ပ်ရှော့ပ် ၀င်လိုက်မယ်နော်။ ငါ ..ပိုက်ဆံနည်းနည်းယူသွားတယ်။

              မောင် ... နက်ဖြန် မချိုတို့နဲ့ ဘုန်းကြီးတစ်ပါးဆီသွားမလို့။ အင်း .. ၀တ်အဖွဲ့က လူတွေပါပါတယ်။ သြော် ..မောင့်သမီးက စာကျက်တာများပြီး အားနည်းလို့တဲ့ ..။ ဘရင်း(န်) ကြက်ပေါင်းရည်လေး ၀ယ်တိုက်လိုက်ဦး။              

                                                                                   ++++++

(၅)
               ငယ်လေး .. စောင့်နေရတာ ကြာပြီလား။

               မချို ...စောင့်နေရတာ ကြာသွားလား။

               ကိုကို ...စောင့်နေတာ ကြာပြီလားဟင် ..။


                                                                    +++++++++++++++++++++

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...