Sunday, May 20, 2012

ဗုဒ္ဓဘာသာ၏ အသိပညာအထွတ်အထိပ်


by Wai Maw on Sunday, May 20, 2012 at 7:16pm 

Ref:Stephen Hawking and the supernatural
Sunday September 5, 2010
ယောဂီများ .. ..
စာရေးသူကတော့ မြန်မာကို အထင်ကြီးတယ် .. ..
စာရေးသူတို့ မြန်မာနိုင်ငံမှာ မိုးကုတ်ဆရာတော် ဘုရားကြီး ပေါ်ထွန်းတော်မူခဲ့တယ်၊ ဆရာမြတ်ကြီး ပေါ်ထွန်းတော်မူ ခဲ့တယ်၊ အခုတော့ စာရေးသူကိုယ်တိုင်ပဲပေါ့ .. .. နှိုင်းတာရယ်လို့တော့ မဟုတ်ပါဘူး – ဒါပေမယ့် သားစဉ် မြေးဆက်ပေါ့။

မြန်မာနိုင်ငံကိုလည်း အထင်မသေးဘူး – မြန်မာကိုလည်း အထင်မသေးဘူး၊ ဗုဒ္ဓဘာသာကိုလည်း အထင်မသေးဘူး – ဒါ စာရေးသူရဲ့ ခံယူချက်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သိပ္ပံပညာရှင်တွေ တဖွဖွပြောနေတဲ့ “The Highest Triumph of Human Knowledge” – လူ့အသိပညာရဲ့ အထွတ်အထိပ်ပိုင်း ပေါ့လေ .. .. ဒါက မြန်မာနိုင်ငံမှာ ရပြီးပြီပဲ။ ရဟန္တာတွေ မဆိတ်ဘူးဆိုတဲ့ မြန်မာနိုင်ငံမှာ အမြင့်ဆုံးသော အသိပညာတွေ ရတော်မူပြီးခဲ့ကြပြီပဲ .. ..
စာရေးသူကိုယ်တိုင်ပဲ သာမန် ပုထုဇဉ်တွေ မတွေ့နိုင်တဲ့ နိဗ္ဗာန်ကို တွေ့မြင်ခဲ့ရတယ်။ ဆရာမြတ်ကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်ပါပဲ။ ဒီလိုပြောရတာက အမှန်ကို အမှန်အတိုင်း အရှိကိုအရှိတိုင်းနဲ့ လက်တွေ့ သက်သေပြနိုင်တဲ့ အချိန်အခါမှာ လက်တွေ့ပြောချင်တဲ့ သဘောပါပဲ။
ဆိုကြပါစို့ အခုသူ့ရဲ့ စာအုပ်အသစ်မှာ သူပွင့်ပွင့်လင်းလင်း ရေးတယ်လို့ သိရတယ် .. ..
.. .. an intelligent creator was not necessary for the creation of the Universe.
“စကြ၀ဠာ ဖန်ဆင်းဖို့ဆိုတာ God လို ပုဂ္ဂိုလ်မျိုး မလိုဘူး” ပေါ့လေ .. ..
Hawking has long argued against the need for a supernatural being to create the Universe, ….
“ဟော့ကင်းဟာ စကြ၀ဠာဟာ ဖန်ဆင်းဖို့ သဘာဝလွန် ရုပ်လွန် God လိုမျိုး ရှိခြင်းကို ငြင်းဖျက်ခဲ့တာတော့ သမိုင်းတလျှောက် ပါပဲ” လို့လည်း ဖော်ပြထားတယ်။
.. .. in this new book he speaks out with particular clarity, saying that the laws of physics can create the universe out of nothing, it doesn’t require God.
အဓိပ္ပာယ်ကတော့ “စာအုပ်သစ်မှာ ရှင်းရှင်းလင်းလင်းပဲ ဖော်ပြထားတယ်၊ ရုပဗေဒ ဥပဒေသတွေဟာ စကြ၀ဠာကို ဖြစ်ထွန်းစေနိုင်တယ် ဘာမှ မရှိတဲ့နေရာကလည်း ဖြစ်ထွန်းစေနိုင်တယ်- ဘုရားသခင်က လိုကိုမလိုဘူးလို့ အတိအလင်း ဖော်ပြထားတယ်”
ဒါက အခု သိပ္ပံပညာရှင် အိုင်းစတိုင်းပြီးရင် နာမည်အကြီးဆုံးလို့ ပြောလို့ရတဲ့ ဟော့ကင်းပြောခဲ့ ရေးခဲ့တာတွေပါ .. ..
ဒါတွေကို ကျွန်တော်တို့ မြန်မာ မျက်စိနဲ့ကြည့်လို့ရှိရင် သိပ်ဆန်းတာ မဟုတ်ပါဘူး၊ ကျွန်တော်ဆိုရင် ဒီစာပိုဒ်ကို ကောင်းကောင်းနားလည်တယ် ဆိုကြပါစို့ – ဒီတော့ မြန်မာ ဦးနှောက်တွေဟာ မညံ့ပါဘူး၊ မြန်မာတွေ ပြောရင်တော့ တန်ဖိုးထားကြမှာ မဟုတ်ဘူး၊ သိပ္ပံပညာရှင်တွေ ပြောရင်တော့  တန်ဖိုးထားတယ်၊ ဒါကတော့ ခေတ်အခြေအနေ ပေါ့လေ .. .. အခုအချိန်မှာ သိပ္ပံက ရေပန်းစားတာကိုး၊ ဗုဒ္ဓဘာသာက လက်ကျန်လောက်ပဲ ရှိတော့တာကိုး၊ ဒီတော့ အဖိုးတန် ပညာရှင် လက်ကျန်တွေလောက်ပဲ ဗုဒ္ဓဘာသာကို ယုံကြည်ကြတော့မှာပါ။ ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ သံသရာလည်ကြမှာဆိုတော့ အထူးပြောစရာ လိုမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေလည်း ထူးခြားတဲ့ နိဗ္ဗာန်ကိုတွေ့တာပဲ .. .. သိပ္ပံပညာရှင်တွေ အက်တွမ်တွေ၊ နျူးကလိယပ်(စ)တွေ၊ အီလက်ထရွန်တွေ၊ ကွာဒ်တွေ (The Most Fundamental Substantial Elements) တွေ့သလို – ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ၀ိပဿနာတရားနဲ့ သီလ သမာဓိ ပညာနဲ့ အဟုတ်လက်တွေ့ ကျင့်တဲ့အခါ နိဗ္ဗာန်ကို တွေ့တာပဲ။ ဒီတော့ ကျွန်တော်တို့ နိဗ္ဗာန်ကို တွေ့တာက လူတွေနဲ့ အလှမ်းသိပ်ကွာတယ်။
လူတွေဘယ်လိုမှ လက်လှမ်းမမီကြတဲ့ အခါကျတော့ သူတို့အနေနဲ့ ဘယ်လိုမှ မမှန်းဆနိုင်ဘူး ဒါဟာ ကျွန်တော်တို့ အမှန်တွေ့ခြင်းရဲ့ အပြစ်မဟုတ်ဘူး .. .. လူတွေရဲ့ ဗုဒ္ဓဘာသာအပေါ်မှာ မလေ့လာ မလိုက်စား မကျင့်ကြံ အားမထုတ်တဲ့ ဒါဏ်ရာဒါဏ်ချက်တွေပဲ ဖြစ်တယ်။ လူတွေဟာ ပါးစပ်ကသာ ပြောနေကြတာ လက်တွေ့ မကျင့်ကြဘူး .. .. မကျင့်လို့လည်း မတော်တာပဲ – ဒါကြောင့်မို့လည်း ကျွန်တော်တို့လို ကျင့်တဲ့ ပုဂ္ဂိုလ်လေးတွေဟာ အထိုက်အလျောက် ထူးချွန်နေတာ ပြောင်မြောက်နေတာပဲ။
ကျွန်တော်ဆို နိဗ္ဗာန်တွေ့ဖူးတာ ကြာပါပြီ – ပြောသင့် မပြောသင့် ချိန်တဲ့အခါက ချိန်ခဲ့တယ်။ အခုတော့ ပြောမိပါပြီ ပြောလည်း ပြောနေပါပြီ .. .. ကျွန်တော် မသေသေးခင်မှာလည်း ပြောချင်လို့ ပြောခဲ့တာပါ။
နိဗ္ဗာန်တွေ့တာပေါ့ – ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်တွေ့တာပဲ .. .. အနိစ္စကုန်ရင် နိစ္စနိဗ္ဗာန်တွေ့တာပါပဲ .. .. မြတ်စွာဘုရားက သာသနာထားခဲ့တာ ကျွန်တော်တို့က မကျင့်လို့သာ – စာနဲ့သာ သုံးသပ်ပြီး ဝေဖန်ပြီးတော့ ၀င်စားနေတဲ့ အခါကျတော့ စိတ်ကူးယဉ်သမားတွေ ဖြစ်နေလို့သာ မြတ်စွာဘုရားရဲ့ တရားကို အကျိုးခံစားခွင့် မရကြတာ .. .. အဟုတ်ကျင့်ရင် အဟုတ်သိတာ အဟုတ်တတ်တာ အဟုတ်ကို ခံစားရတာ၊ အဟုတ်ကို မြော်မြင်ဆင်ခြင်နိုင်တာ ပါပဲ .. ..
ဒီတော့ သိပ္ပံလေ့လာပါတယ် ချီးကျူးစရာရှိပါတယ်၊ လူ့အသုံးအဆောင်တွေကိုလည်း မြိုင်ဆိုင်ကြွယ်ဝ ပြည့်စုံပြီး အထောက်အပံ့ပြုပါတယ် – သို့သော် သိပ္ပံနဲ့ ကိစ္စမပြီးပါဘူး ..  .. ဗုဒ္ဓဘာသာဟာ ခက်ခဲနက်နဲ့တယ် လူတိုင်းမသိနိုင်ဘူး ဒါပေမယ့် အဟုတ် အလုပ်လုပ်တဲ့လူက အဟုတ်လေ့လာတဲ့အခါ အောင်မြင်ပြီးမြောက် ခရီးရောက်ပြီး သိပ္ပံအိမ်မက်တွေကို ဗုဒ္ဓဘာသာတွေက ရယူဆွတ်ခူးနေပြီဖြစ်ကြောင်း သတင်းကောင်းလေး ပေးလိုပါတယ် .. ..
ချစ်ငယ်(ဒဿန)
M.A, Ph.D (Philosophy in Religious Sciences) LONDON.
chitngephilo@chitnge.com
မြန်မာနိုင်ငံ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...