Monday, May 14, 2012

ကမ္ဘာ့အကြီးဆုံးရွှေတုံးကြီးကို မတော်တဆကောက်ရသူ


မာမာ 



၁၈၆၉-မှာ John Deason နဲ့ Richard Oates တို့က ဒီရွှေတုံးကြီးကို သြစတျေးလျနိုင်ငံ
Victoria ပြည်နယ်က မိုလီဂို လို့ခေါ်တဲ့မြို့ မှာ တွေ့ခဲ့ပါတယ်။ အလေးချိန်က ၇၁ ကီလိုရှိပါတယ်။
 ပိသာနဲ့ဆို ပိသာချိန် ၅၀ လောက်ရှိမယ်ထင်တယ်။


Jhon Deason က သူနဲ့ သူ့ရဲ့ သူငယ်ချင်း ရစ်ချက်တို့ ဒီရွှေတုံးကြီးကို ဘယ်လိုမျိုးကောက်ရလဲ
ဆိုတာကို ဒီလိုအသေးစိတ်ပြောပြပါတယ်။

၅၊၂၊ ၁၈၆၉ နေ့ ၉-နာရီလောက်မှာ ကျနော်တို့ ရွှေတုံးကြီးကိုတွေ့ရှိခဲ့တာပါ။ ကျနော်တွေ့တွေ့ခြင်း ကျောက်တုံးကြီးပဲ ထင်နေတာဗျ။ ဒါနဲ့ ကျနော် အဲဒိကျောက်တုံးကြီးကို မြေကြီးထဲကနေ အပြင်ကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့ ရွှေတုံးကြီးဖြစ်နေတာကို တွေ့ရတယ်။။ ပြောမပြတက်အောင်ကို ၀မ်းသာလိုက်တာဗျာ။ ရွှေတုံးကြီးကို မြေပေါ်ရောက်တဲ့အထိတူးထုတ်ရတာ တော်တော်လက်ဝင်တယ်ဗျ။

ပထမဆုံး ပေါက်တူးနဲ့ ရွှေတုံးကြီးဘေးပတ်လည်က ကျောက်တွေ၊ မြေကြီးတွေကို တူးရတယ်။ ပထမဆုံး တူးတူးခြင်း ရွှေတုံးသေးသေးလေးပဲထင်နေတာ။ တူးနေရင်းနဲ့ ရွှေတုံးကို ပေါက်တူးနဲ့ ကလော်ထုတ်လိုက်တာ ရွှေတုံးဘယ်လောက်ကြီးလဲဆိုရင် ကျနော့်ရဲ့ ပေါက်တူးလက်ကိုင်ကျိုးသွားတယ်။ဒါနဲ့ ကျနော် ဆက်တူးတယ်။ မြေကြီးထဲကနေ လက်နဲ့ဆွဲထုတ်လို့မရတော့ Crowbar လို့ခေါ်တဲ့ သံတူးရွင်းအကြီးကြီးနဲ့ ကလော်ထုတ်ရတယ်။ မြေပေါ်ရောက်တော့ ရွှေတုံးကြီးရဲ့ ပတ်လည်မှာ ကျောက်တွေကပ်နေသေးတယ်။

ဒီအချိန်မှာ ကျနော့်ရဲ့ သူငယ်ချင်း ရစ်ချက်က ကျနော်နဲ့ မနီးမဝေးတနေရာမှာ တူးနေတဲ့အချိန်။ ကျနော်တွေ့တာကို သူမသိသေးဘူး။ ဒါနဲ့ ကျနော့်သားက ရစ်ချက်ကို သွားခေါ်လိုက်တယ်။ ရစ်ချက်လာတဲ့အခါမှာ ကျနော်က ရစ်ချက်ကို ဒီလိုမေးတယ်။

"ဟရောင်...ဒါကြီးက ဘာလဲလို့" မေးတယ်။

သူတော်တော် အံ့သွားတယ်။ တခါမှ မမြင်ဘူးတဲ့အရာဆိုတော့။ ဒါနဲ့ ရစ်ချက်ကပြောတယ်။

"စတာလင်ပေါင် ငါးထောင်လောက်တန်တယ်ကွ" လို့ အသံတုန်တုန်နဲ့ ပြောတယ်။
(ယခုခေတ် ကာလပေါက်ဈေးနဲ့ဆိုရင် အမေရိကန်ဒေါ်လာ သုံးသန်းတန်ပါတယ်)

ကျနော်တို့နှစ်ယောက်ရွှေတုံးကြီးကို ကျနော်တို့ရဲ့ တဲ ဆီကိုသယ်ခဲ့တယ်။ တဲကိုရောက်တာနဲ့ မီးဖိုပေါ်မှာတင်တယ်။ မီးဖိုပေါ်မှာ ၁၀ နာရီလောက်မီးမြိုက်တယ်။ မီးဖိုပေါ်ကချပြီး ၂-နာရီလောက် အအေးခံတယ်။ အေးတာနဲ့ ရွှေတုံးကြီးမှာကပ်နေတဲ့ ကျောက်တွေကိုခွာထုတ်တယ်။ ဒီအချိန်မှာ ကျနော်၊ ကျနော့်သူငယ်ချင်းရစ်ချက်၊ ကျနော့်မိန်းနဲ့သားရှိတယ်။ သူတို့က ရွှေတုံးကြီးကို သဘာဝအတိုင်းပထမဆုံးတွေ့ဘူးတဲ့လူတွေပေါ့။

ကျနော်တို့ ရွှေတုံးကြီးမှာကပ်နေတဲ့ ကျောက်တွေကိုခွာထုတ်တယ်။ အဲဒိကျောက်တွေမှာရွှေတုံးလေးတွေကပ်နေသေးတယ်။ ဒီရွှေတုံးလေးတွေကို အက်ဝက်ရဲ့ ရွှေကျိုတဲ့နေရာမှာကျိုတယ်။ အဲဒိကနေ ရွှေအလေးချိန် ၆၀ အောင်စ ထပ်ရသေးတယ်။
ကျောက်တုံးတွေမှာကပ်နေတဲ့ရွှေ ၅-အောင်စလောက် ထုတ်မရတော့ လွှင့်ပစ်လိုက်တယ်။ တချို့ ရွှေအပိုင်းအစတွေကို သူငယ်ချင်းတွေကိုပေးတယ်။ ကျောက်တွေခွာပြီးတဲ့အချိန်မှာ ရွှေတုံးကြီးရဲ့ အလေးချိန်က( ပေါင် နှစ်ရာ) ၂၄၀၀-အောင်စရှိတယ်။

ကျနော်တို့ရွှေတုံးကြီးကို အိပ်ထဲထည့်ပြီး ကျနော့်သူငယ်ချင်းအက်ဒေးရဲ့ မြင်းလှည်းနဲ့ လန်ဒန်ဘဏ်မှာ ရောင်းခဲ့တယ်။ ရောင်းတဲ့အချိန်မှာ ကျနော့်သူငယ်ချင်း, ဒေး, ကဘေးနားမှာ ရှိတယ်။ ရွှေအလေးချိန် ၂၃၈၀ အောင်စရတယ်။ အရည်အသွေးကတော့ ၂၃ ကာရက်ရှိတယ်။ လန်ဒန်ဘဏ်က ရွှေတုံးကြီးကို စတာလင်ပေါင် ၉၅၈၃ ပေါင်ပေးပါတယ်။


--
အားလုံးပျော်ရွင်ပါစေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...