Thursday, April 5, 2012

စာသင်ခန်းရဲ့ နောက်ဆုံးတန်းမှာ နှစ်သက်စွာ ထိုင်နေသူများ.. Qualities of the Back-Benchers


by Aye Aye Soe Win on Thursday, April 5, 2012 at 9:33am 

စဉ်းစား ကြည့်ပါ။ 
တခါတရံမှာ မိမိခေါင်းထဲကို အယူအဆ (သို့) အတွေးအခေါ်တခုခုဝင်လာခဲ့ပြီးရင်  အဲဒီအယူ အဆ (သို့) အတွေးအခေါ်ကနေ အလုပ်တခု ဖြစ်လာစေရမယ် ၊ ပြီးတော့ လုပ်တဲ့အလုပ်မှာ ပြန်ပြီးရတာကို နည်းတယ် များတယ် အဓိကမထားပဲ ရလဒ်တခုခု ကျန်ခဲ့စေရမယ်လို့ ရည်မှန်းချက်တခုနဲ့ စဉ်းစားဖူးသလား။ စဉ်းစားဖူးရင်လဲ အလုပ်ဖြစ်ရေးကို ဦးတည်ပြီး အကြိမ်ကြိမ် စဉ်းစားဖူးပါသလား။

ကြည့် လိုက် ပါ ။
အ ပြောင်းအလဲ ဆို တာ တွေ ကို ဘယ်နေရာမှာ မှ အလကား မရတဲ့ ကာလ တ ခု မှာ ကိုယ်ရောက်နေ သလားဆိုတာကို ကြည့်လိုက်စမ်းပါ။  ဒီအခင်းအကျင်း ကို စာသင် ခန်း တခု လို ပုံဖော် ပြီးလျှင် အဲဒီစာ သင်ခန်းရဲ့ နောက် ဆုံး တန်း မှာ ငြိမ် သက်စွာ ထိုင်နေတဲ့ (အများစု မဟုတ်တဲ့) လူ နည်း စု ဆိုတာ မျိုးကို သေ သေ ချာချာ သိ ချင် စိတ်ဖြစ် ဖူး သလား။ ဆို ပါ စို့ …. သူ တို့ တွေ ဟာ နောက် တန်း မှာ ဆိုပေ မဲ့  အိပ်ပျော် ငိုက်မျဉ်းနေကြတဲ့ လေလွင့်သူ တွေ မဟုတ်ဘူး။  


နောက် တန်း ကကျောင်းသားဆို တာ ရှေ့ ခုံ က သူ တွေ ကို သိ နိုင် ဖို့ ပို ပြီးအခွင့်အရေး ရ တယ်။ ပြီး တော့ အ သံ တွေ ဟန် တွေ ပေါင်း စုံ နေ တဲ့ စာသင် ခန်း မှာ ကိုယ် ဖျောက် စရာ လဲမလိုဘူး၊ သူ တို့ လက် လေး တွေ ကို လဲပဲ အသာလေး ငြိမ် ငြိမ် ထားတတ် ကြ တယ်။  ဒါပေမဲ့ အလုပ် လုပ် နေတဲ့ သူ တို့ ရဲ့ လက် တွေ မှာ အား တ မျိုး ရှိ နေတယ်၊ လိုအပ် ချက် ကြောင့်ပဲဖြစ်ဖြစ်၊ ပင်ကိုယ်စရိုက် ကြောင့်ပဲဖြစ်ဖြစ် ၊ ကြွားဝါ ခြင်း ကို မ ယုံကြည် လို့ပဲ ဖြစ်ဖြစ်  မ ပြီး သေး တဲ့ ပန်း ချီ ကား ကို သူ တ ပါး ကို ထုက်ပြ စရာ မ လို ဘူး ဆို တာ ကိုလဲ သူတို့ က သိ နေ ကြတယ် ။ ဒါ ကို သိမ်မွေ့ မှု တ မျိုး ၊ ကျွမ်းကျင် မှု တ မျိုး လို့  ခေါ် လို့ ရ သ လို ခိုင်မာ တဲ့ ကိုယ် ပိုင် ယဉ် ကျေး မှု  ပုံစံတခု လိုလဲ သူ တို့က သ ဘော ထား တတ် ကြတယ် ။ သို့ သော် သူ တို့ ဟာ ရာသက် ပန် အရွက် ဖုံး နေ တဲ့ ရွက်ပုန်းသီး တွေ တော့ မ ဟုတ် ဖူး။

သူ တို့ ရဲ့ ရည်ရွယ် ချက် အစစ် တွေ က ဘာတွေလဲ၊ ဘယ် လမ်း ကို သူ တို့ ဦး တည်နေသ လဲ၊ အ ဆင့်ဆင့် မှန်း ထား တဲ့ လက် တွေ့ ဆန် တဲ့ အလုပ် နဲ့ ရနိုင် တဲ့ အကျိုး သက် ရောက် မှု တွေကို သူ တို့ဘယ်လောက် သိနိုင် ၊ ကြို တွက် ချက်နိုင်ကြပါသလဲ။ ဒီ လို မျိုး သိလို စိတ် သက် သက် နဲ့ သူ တို့ သဘာဝ ကို ရှင်တို့ ဆန်းစစ် ဖူး ပါသ လား။

သူ တို့ ဟာ အသွင်  အပြင်အား  ဖြင့် အများနဲ့ သိပ်မကွာပါဘူး။ သာမာန်ဝတ်စုံမျိုး ပဲ သူတို့ကိုယ် ပေါ်မှာရှိတယ်၊ (မလိုအပ်ပဲ)  စစ်ရောင်ပါတဲ့အင်္ကျီတွေကို  အမြဲမဝတ်သလို၊ ချေ ဂွေဗားရားဦးထုပ်ကို ဟန်ပြဆောင်းသူတွေလဲမဟုတ်ဖူး။ ရေဗင် မျက် မှန် လဲ သူ တို့ မ  ကြိုက် ဖူး။ ခတ်စား နေ တဲ့ ပင် နီ တိုက်ပုံ နဲ့ ပင်နီ အကျင်္ီ တွေကို လဲ တကူးတက ပွဲ တိုင်း မ ဝတ် ဖူး။ လက်နက် ကိုင် တော် လှန် ရေး အ ကြောင်း ကိုလဲ သိပ် မ ပြော ဘူး ။ ဒါ ပေ မဲ့ သမိုင်းစာအုပ် တွေထဲ က ဖြစ်ဖြစ်၊ ကြုံဖူးတဲ့ တိုက်ပွဲတွေထဲကပဲဖြစ်ဖြစ် တကဲ့ တိုက် ပွဲ တွေ ကို တော့ အ ထူး လေးစား တတ် ကြ တယ်။ သူတို့ စက်ဆုတ်ရွံရှာတာတွေကတော့  တိုက်ပွဲမရှိပဲ အသံစွာစွာ စွာစွာနဲ့ တကြော်ကြော်အော်တတ်တဲ့ မိုးဦကျဖားတွေလို အသံကောင်းဟစ်နေ၊ ကြွေးကြော်နေကြတဲ့သူတွေကိုပါပဲ။

အသံ တွေ နောက်က အ ခွင့် ထူး ယူ မဲ့ အ ခွင့် ထူး ခံ လူ တစု ရဲ့ ခြေ လှမ်း တွေ ကို သူ တို့ က နိုးနိုးကြားကြား စောင့် ကြည့် နေ သ လို အ သံ လုံးဝ မ ရှိ တဲ့ လူအများစု ကြီး  ရဲ့  အ သံ မဲ့ နစ်နာ ချက် တွေ ကို လဲ တ ချိန် ထဲ မှာ ကြား နေ ကြ တယ်။

ဒီလို နိုးကြားစိတ် ရှိ နေ တဲ့ သူ တွေ ကို တချက် လှမ်း ကြည့်။ သူတို့မှာ အထူးဝတ်စုံမရှိဘူး။ လူ တွေကြားက သူတို့တတွေဟာ မသိရင် သူလိုကိုယ်လို လူတွေပါပဲ။ ဒါပေမဲ့ ဘဝစာသင်ခန်းရဲ့ ဒေါင့် တဒေါင့်မှာ သူတို့မှာရှိတဲ့အသိနဲ့ သူတို့ အလုပ်လုပ်နေကြတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရ တာကို ဂုဏ်ယူကြတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ သူတို့မှာ ထူးခြားချက်လေးတွေရှိပါတယ်၊ ဘယ်လို ထူးခြားချက်တွေလဲ။ 

သူတို့ နေ ထိုင်တဲ့ လူ့ ပတ်ဝန်းကျင် နဲ့သူတို့ဆည်းပူးသင်အံနေတဲ့ စာသင်ကျောင်းတွေက အဆုံးအရှုံးတွေ၊ ယိုပေါက်တွေကို သူတို့က တည့်တည့်ပဲ ကြည့်လေ့ရှိတယ်။ မျက်စိနဲ့မြင်သမျှ တွေ့သမျှ စိတ်တိုင်းမကျရင် မေးခွန်းထုက်တတ်ကြတယ်။ အကြောက်တရားနည်းတယ်။ အခွင့်အလမ်းဆိုတာထက် ပြဿနာတွေကို ရှင်းနိုင် ခြေ ဖျက်နိုင်တဲ့ အောက်ခြေသန့်ရှင်းခိုင် မာရေးကို ပိုအားသန်သူတွေ ဖြစ်ကြတယ်။ သူတို့အတွက်တော့ လူမခိုင်မာလျှင် အခွင့်အလမ်းဆို တာ ခဏပဲဖြစ်မယ်တဲ့။ သင်းကွဲဘဝရဲ့ လွတ်လပ်တဲ့အရသာကိုလဲ အထူး တန်ဖိုးထားတယ်။

ကိုယ့်အားကိုယ်ကိုး သူတွေဖြစ်တဲ့အတွက် မူမကောင်းတဲ့သူတွေရဲ့ အုပ်စုတွင်းညီညွတ်ရေးကြီးကို အင်မတန် ဆိုးရွားခက်ခဲတဲ့ အရာတခုလိုပဲ မြင်ထား ကြတယ်။ သူတို့က နေရာတိုင်းမှာ ခွန်အားကို အလဟဿ မ ဖြုန်းတတ်ကြဘူး။ ဒီလို  စုဆောင်းထားတဲ့အားတွေကြောင့် သူတို့ဟာ လိုအပ်တဲ့အခါ တကယ်အရေးကြုံရင် သက်လုံ ကောင်းကြတယ်။  ခြုံ ပြောရရင် စာသင်ခန်းရဲ့ နောက်ဆုံးတန်းမှာ နှစ်သက်စွာထိုင်နေသူများဟာ လူရှေ့နဲ့စင်ပြင်ထက်မှာ မမြင်ရနိုင်ပေမဲ့  လူကြားထဲမှာ ရှိနေသူ သိနေသူတွေ ဖြစ်တယ်။

သူတို့ ရွေးထားတဲ့ဒေါင့်တနေရာ ကိုသွား ကြည့် လိုက်စမ်းပါ ။ ဘယ်သူ့ ဖိအားမှမပါ ပဲ တက်ကြွစွာ အလုပ် လုပ် နေ တတ်တဲ့ သူ တွေ ဖြစ် တယ်၊ ပင်ကိုယ်ဓါတ်ခံကောင်းသူတွေ ဖြစ် တယ်၊ ပြီး တော့ အနှစ်သာရ မရှိတဲ့ပွဲတွေကို ကြောက်သူ တွေ ဖြစ် ကြ တယ်။ ဒီနေရာမှာ သူ တို့ပင်ကို သ တ္တိ ၊ပင်ကိုယ်ဓါတ် ခံ တွေ ကြောင့် ဘာ တွေ များ ဖြစ် လာ မှာလဲ၊ ဘဝ မှာ ဘာ တွေ ကို ဘယ် လို မျှော် လင့်ထားကြ လို့လဲ၊ လို့ မေးစရာ ရှိ တယ် ။  သူတို့ ဟာ စရိုက်ထူးခြား သူတွေဖြစ်တယ် ။  စရိုက်ထူးခြား မှုပေါ် မှာ အ ခြေ ခံထား ကြသူများ ဖြစ် တော့ သူ တို့ နေ မှု ထိုင်မှု တာဝန်ယူ မှု က တ ခြားသူ တွေ အ ပေါ် တစုံတခု တွေး မိစေ၊ စိတ်မှာတခုခု ဖြစ်ကျန်ရစ်စေ တယ်။ ဒါသူ  တို့ ရဲ့ လွှမ်းမိုးနိုင်မှု ဖြစ်တယ်။ နောက်တခု က အ ကြောင်းအရာ အားလုံး ရဲ့ လားရာ သွားရာ ကို သူတို့ မသိနိုင် တော့ လူ တွင်ကျယ် မ လုပ် ချင် ကြ ဘူး။ ဧဧဆေးဆေးပဲ။

သူတို့ အသေအချာသိ တာက သူတို့ကိုယ်ပိုင် ယဉ်ကျေးမှု တခု ထဲ ပဲ။  ဒါကိုတော့ သူတို့ က သေချာ တယ် တဲ့ ။ အဲ ဒီ ကိုယ်ပိုင် ယဉ်ကျေးမှု ထဲ မှာ သူတို့သိ တဲ့ သ စ္စာ တရား နဲ့ သူတို့ရောက်ရှိ နေ တဲ့ အသင်းအဖွဲ့တွေကို အတင်း ကြီး အဆက်အစပ် ပြု တွဲ ကြည့် တဲ့ ခပ်ညံ့ညံ့အ ကျင့်ကို အဝင်မခံဘူး။ အသင်းအဖွဲ့ ဆို တာ တခဏ..
သ စ္စာ ဆိုတာ ထာဝရ မ ဟုတ် ဖူး လား ။ တခဏ ပဲ ခံ မဲ့ အ ကြောင်းအရာ ကို သူတို့က ရေးကြီး ခွင်ကျယ် လုပ် ရ လောက်အောင်သူ တို့ မညံ့ ဘူး။ အဖွဲ့ အသင်း တွေ ရဲ့ ရှေ့ နောက် တောင် မြောက် မှာ တိုးသွား ပြေး လွှား နေကြ  တဲ့ သူ တွေ နဲ့ နှိုင်း ယှဉ် ကြည့် ရင် လွတ်လပ် တဲ့ သူ တို့မှာ ကိုယ်လုပ်ချင်ရာ လုပ်နိုင်တဲ့ အချိန်ပိုတွေရှိတယ် ၊ သိချင်တာ ဖြစ်ချင်တာတွေအတွက် စဉ်းစား  နိုင်ခွင့်.. ကြိုးစားလေ့လာနိုင်ခွင့် လဲ ပို တယ်၊  အသင်းအဖွဲ့ တခု အတွက် ဘဝ ကို ရပ် တန့်ပစ်လိုက် မဲ့ သူမိုက်တွေ မဟုတ်တော့ အသင်းအဖွဲ့တွေရဲ့  ရေသေကို သူတို့က သာမန်ကာလျှံကာ သဘောမထားဘူး။ ရောဂါပိုးမွှားတွေ အပုတ်နံ့တွေနဲ့ မသန့်ရှင်းတော့တဲ့ ရေသေဆိုတာကို မ ဖြစ်မနေ ဖောက်ထုတ်ပစ်ရမယ်ဆိုတဲ့ တော်လှန်တဲ့စိတ်လဲရှိ တယ်..                                       

သူတို့ရဲ့ ရွေးချယ်မှုတိုင်းမှာ ဆိုင်ရာ သက် ရောက် မှု တွေ ရှိ တယ်။  စိတ်ခံစားမှု ရော၊ သဘောတရားရော၊ သုံးသပ်နိုင်စွမ်းရော၊ လက်တွေ့မြောက်တဲ့အစီအစဉ်တွေရော  အားလုံးပါဝင် တဲ့ အရာတခုကို ပြတ်ပြတ်သားသားရွေးချယ်မှုမှာကော အလုပ်စဖြစ်နေပြီမဟုတ်လား။ ရေရှည် မှာ…….သူ တို့ဟာ အသွင်အပြင်အားဖြင့် အများနဲ့သိပ်မကွာတဲ့အတွက် ပို အလုပ်ဖြစ်လိမ့်မယ်။ (မလို အပ် ပဲ)  စစ်ရောင်ပါတဲ့ အင်းကျီ တွေ ကို  အ မြဲ မဝ တ် သူ တွေမို့ ပို အလုပ် ဖြစ် လိမ့် မယ်။ ချေ ဂွေဗားရား ဦး ထုက် နဲ့  ရေဗင် မျက် မှန် ကို ဟန်ပြ မ သုံး ဆောင်တတ် သူတွေမို့  ပို အလုပ် ဖြစ် လိမ့် မယ် ။ ခေတ်စားနေတဲ့ ပင်နီတိုက်ပုံ နဲ့ ပင်နီ အကျင်္ီ တွေကို လဲ တကူးတကစိတ် ထား ပြီး ပွဲတိုင်း မဝတ် ချင်သူတွေ  မို့ ပိုအလုပ် ဖြစ် လိမ့်မယ်။ လက်နက်ကိုင်တော် လှန် ရေး အကြောင်းကိုလဲ ပြောစရာမလို ၊တောင့်တနေစရာမလိုပဲ သက်ရောက်မှု တွေ ရှိ လာ မဲ့ အဓိက အလုပ်တွေမှာ ပဲ အာရုံစိုက်ကြ သူတွေ ဖြစ်မှာမို့ပို အလုပ် ဖြစ်လိမ့်မယ် ။

အရည်အချင်း တွေ ပြိုင် ရ မဲ့ ၊ ခံနိုင်ရည် တွေ အချည်းနှီး မဖြစ် နိုင် တော့ တဲ့ ခေတ် တခေတ် က မနီး မဝေး ဖြစ်နေ ပြီ။ တကယ်တော် တကယ်မှန် တကယ်အလုပ် လုပ်တဲ့ သူတွေ စုမိ ဖို့ လိုတဲ့အချိန် ရောက် နေ ပြီ ။ ထူးချွန် တဲ့ လူငယ် တွေ ကိုနေရာတိုင်း က မျှော်လင့်နေပြီ ။

အားလုံး ရှေ့ ဆက် ရ မဲ့ ရေ ရှည်ခရီး မှာ လိုအပ်ချက် တွေ က ရိုးရိုး လေး ပါ ပဲ ။ တကဲ့  စိမ်ခေါ် မှုတိုက်ပွဲတွေကို ရင်ဆိုင်ရတော့မဲ့ ခေတ်အခြေပြု လူတွေ ကြားမှာ ဘာတွေလိုအပ်သလဲ??     
ရိုးသား မှု နဲ့အချောင်မလိုက်တာ ၊ ရဲဝံ့မှု နဲ့သမ ရိုး ကျ ဖြစ်စဉ်တွေ က ခွါထွက်တတ်တာ၊ သုံးသပ်မှု နဲ့ အဖွဲ့ စွဲ ပုဂ္ဂိုလ် စွဲ တွေကနေ လွန်မြောက်တာ ၊ရလဒ် ရှိရှိ မရှိရှိ   မှုစရာမလိုဘူးဆိုတဲ့ စိတ်ဓတ် နဲ့ မိမိကိုယ် မိမိ အမြဲ သေချာနေဖို့နဲ့ ယုံကြည်တဲ့အလုပ်ကို စွဲစွဲမြဲမြဲ လုပ်နေ ဖို့ပဲ မဟုတ်လား။  ထူးချွန်ထက် မြက် သူ တွေ ၊ တိုင်းပြည်အပေါ် စေတနာ ရှိသူတွေ၊ ကိုယ့်အသိ နဲ့ကိုယ်  နိုင်ငံ အတွက် စွမ်းအင် ထုက်သုံးမဲ့ သူ တွေ အများ ကြီး ရှိ ပါ တယ်။ မနီးမဝေးအ ချိန်တ ခု မှာ သူ တို့ အားလုံး ရှေ့ကို ရောက် လာ ကြ ပါ လိမ့် မယ်။ 

Thanks.
Aye Aye Soe Win
April 2, 2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...