NLD သို့ပေးစာ (သို့မဟုတ်) ဒီမိုကရေစီမျိုးစေ့ကောင်းကိုသာ ချပေးစေချင်
၂ဝ၁၁ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ကစ ပါတီစုံဒီမိုကရေစီနိုင်ငံသစ်အြ ဖစ် စတင် အသက်ဝင်လာခဲ့ပါတယ်။ ပါတီစုံစနစ်စဖို့ တာအထွက်မှာ နိုင်ငံရေးပါတီပေါင်း ရာချီရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီဘဲ ပေါ်ပင် ပါတီ များ ပျက်ပြယ်သွားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ ပါတီပေါင်း (၄၈) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းကြောင်းဟာလည်း ယခင်အစိုးရမှ ချမှတ်ပေးခဲ့တဲ့ လမ်းပြမြေပုံ အတိုင်း တည်တည်ငြိမ်ငြိမ်ခရီးဆက်နိုင်ခဲ့ ပါတယ်။
ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုတွေကိုလည်း ပါတီပေါင်းစုံက ပုံစံအစုံ၊ အသွင် အမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ကြတာကို အားပါးတရ တွေ့ခဲ့ပါတယ်။ ပြည်သူတွေကလည်း ဒီမိုကရေစီ စနစ်ကို ကြိုဆိုတဲ့ အနေနဲ့ ပါတီမဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။
ယခု ၂ဝ၁၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှာလည်း အားလုံးသိကြတဲ့အတိုင်းဘဲ လစ်လပ် သွားတဲ့ ကိုယ်စားလှယ်(၄၈)ဦးရဲ့ နေရာမှာအစားထိုးဖို့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပ သွားဦးမှာ ဖြစ်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့မှာ နေအိမ်အကျယ်ချုပ် က ပြန်လည် လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ပါဝင် လာတာတွေ့ရပါတယ်။ NLDပါတီ ပြန်လည် အသက်ဝင်လာချိန်ကစလို့ မြန်မာ့နိုင်ငံရေး ပွဲခင်း ဟာ ရုတ်ရုတ်သည်းသည်း လှုပ်လှုပ် ရှားရှားဖြစ်လာပါတော့တယ်။ အရင်ကဆို NLD အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ရပြီး တရားဝင်မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ ဒီဇင်ဘာလ(၂၃)ရက်နေ့ကစလို့ ပေါ်ပေါ်ထင်ထင်ဘဲ ပြည်သူကြား ထဲ ရောက်လာခဲ့ပါတယ်။ ပါတီရန်ပုံငွေရှာပွဲတွေကတစ်ဆင့် NLD ပါတီ စတစ်ကာ၊ တီရှပ်၊ ဦးထုပ်၊ အလံ၊ ရင်ထိုး၊ သော့ချိတ်၊ ဓာတ်ပုံ၊ ပြက္ခဒိန်၊ ဂျာနယ်၊ အစရှိသဖြင့် ခွပ်ဒေါင်းနဲ့ ကြယ်တစ်ပွင့်ဟာ ပြည်သူ တွေ ဆီကို ရောက်ရှိခဲ့ပါတယ်။
မီးပွိုင့်မှာ မီးနီလို့ ကားရပ်လိုက်ရင် ကားပေါ်ပါလာတတ်တဲ့ မြေးကလေးကတောင် NLD ဈေးသည် လာတော့မယ်ဆိုပြီး ပြောတတ်နေပါပြီ။ ရပ်ကွက်ဈေးလေးတွေအထိ NLD ပါတီက ညီငယ်၊ ညီမငယ်တွေ က ဒီလှိုင်းစာစောင်တွေ လက်ပွေ့လာရောင်းကြရှာပါတယ်။ ဘယ်သွားသွား NLD ရန်ပုံငွေ ရှာနေတာနဲ့ မကင်းပါဘူး၊ ဆိုတော့ NLD ပါတီဟာ နိုင်ငံရေးလုပ်တာကိုမတွေ့ဘဲ စီးပွားရေးလုပ်နေတာနဲ့ချည်း တွေ့နေ ရပါတယ်။ ရန်ပုံငွေလိုချင်တာလား၊ ပါတီစည်းရုံးရေး ဆင်းတာလား ရည်ရွယ်ချက် (၂)ခုလုံးနဲ့ဘဲလားတော့ မသိတော့ဘူး၊ ဘုရားပွဲဈေးတန်းတိုင်းမှာ NLD ဆိုင်တွေ တွေ့ရပါတယ်။ ရေငံပိုင်ဦးရှင်ကြီးပွဲဈေး၊ ဗဟန်းမြို့နယ် ဆရာစံ နှစ်ကျိပ်ရှစ်ဆူပွဲ ဈေး၊ ကျိုက်ဝိုင်းဘုရားပွဲဈေး၊ကျိုက် ခေါက်ဘုရား ပွဲဈေး၊ ရွှေတိဂုံ ဘုရား ပွဲ စုံလို့ပါဘဲ၊ အောင်မြင် တယ်လို့လည်း ဆိုနိုင်ပါတယ်။ တိုင်းရင်းသားများပညာရေး ရန်ပုံငွေပွဲ စတိတ်ရှိုးပွဲမှာလည်း အမြတ်သိန်း ၅ဝဝ ကျော်တောင်ရခဲ့ပါတယ်။
ခုဒီစာရေးနေရင်းတောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း စည်းရုံးရေးဆင်းတဲ့အချိန် ညစာစားပွဲမှာ မန္တလေးသားတွေ လှူလိုက်ကြတာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းအတွက် ပစ္စည်း လက်ဆောင်တွေမပါသေးဘဲ ငွေသား ချည်းသိန်း(၆ဝဝ)ကျော်နဲ့ NLD ပါတီအတွက်ကတော့ သိန်း(၁၇ဝဝ)ကျော် ရခဲ့ကြောင်း မန္တလေး နည်းပညာကောလိပ်၊ ဇီဝနည်းပညာဌာနမှာ ဆရာမလုပ်နေတဲ့ ကထိကသမီးက ပြောပြလာ ပါတယ်။ ကျန်တဲ့ခရီးစဉ်တွေကိုတော့ အဘလည်း လက်လမ်းမမှီလို့မသိပါဘူး၊ ‘ဒေါ်အောင်ဆန်း စုကြည်ကိုကြိုဆိုကြတဲ့ ပရိသတ်ကိုကြည့်တာနဲ့တင် အခြားမြို့တွေမှာလည်း အလှူငွေတွေ ဒီ့လောက်မများတောင် ဒီ့ထက်မလျော့ဘူးဆိုတာ သိနိုင်ပါတယ်။ အဲဒီလောက်ရန်ပုံငွေတွေ ရနေတာကို လည်း ဝမ်းသာပါတယ်။ ရခဲ့တဲ့ရန်ပုံငွေတွေ ဘယ်မှာသုံးမယ်၊ ဘာတွေလုပ်မလဲ အဘ စိတ်မဝင်စားပါဘူး။
အဘအနေနဲ့ကတော့ ပါတီစုံနိုင်ငံရေးဆိုတာ မြေစမ်းခရမ်းပျိုးစ၊ ဒီမိုကရေစီဆိုတာ ခုမှသင်ယူခါစ၊ လူ့အခွင့်အရေးဆိုတာ ခုမှအသုံးချခါစ မြန်မာပြည်သူတွေကို စီးပွားရေး လုပ်နည်းနဲ့ ဒီမိုကရေစီနိုင်ငံရေးကို မိတ်ဆက်ပေးနေတဲ့ NLD ပါတီမှ တာဝန်ရှိ သူများအနေနဲ့ အချိန်မီပြင်ဆင်နိုင်ဖို့ နိုင်ငံ့တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်လာတဲ့ဝန်ထမ်းပင်စင်စား တစ်ဦးအနေ နဲ့ရော၊ မြန်မာပြည်မှာမွေး၊ မြန်မာ့ရေ ကိုသောက်ပြီး မြန်မာပြည်သူ တွေကိုချစ်တဲ့၊ ဒီမိုကရေစီ စစ်စစ်မြန်မာနိုင်ငံတော်ကြီးအြ ဖစ် မသေခင်မြင်ချင် လှတဲ့ ဘိုးဘိုးကြီး တစ်ယောက်အနေနဲ့ပါ စေတနာရှေ့ရှု အပြုသဘော ထောက်ပြဝေဖန်လိုက်ရခြင်းဖြစ်ပါ တယ် ခင်ဗျား၊ စာရေးသားရာမှာ မှားတာပါတယ် ယူဆရင်တော့ အဘရဲ့စေတနာအမှားသာ ဖြစ်ပါ တယ်ဗျာ။ ။
ဘိုးတော်ဖိုးဇော်
0 comments:
Post a Comment