Thursday, April 5, 2012

အွန်လိုင်း သတိပေးချက်



( ဒီစာလေးကိုလည်း တတ်နိုင်သမျှ လက်ဆင့်ကမ်း ပေးကြစေလိုပါတယ် ။ )

Facebook မှာဖြစ်စေ Gmail မှာဖြစ်စေ ငါးမျှားသလို ငါးစာတပ်ပြီး မျှားတဲ့ Phishing နည်းဟာ ရေပန်း အစား ဆုံးပါပဲ ။ လင့် အတုအယောင်တွေပို့ပြီး sign in ၀င်စေခြင်းအားဖြင့် hacker ဆီက log ဖိုင်မှာ ကိုယ့်ရဲ့ပါ့ စ၀ပ်တွေ ပေါ်နေစေမှာဖြစ်ပါတယ် ။ သတိထားမိသူတွေကို့ hack ဖို့မလွယ်ပေမယ့် သာမန်ရိုးရိုး user တွေ ကိုတော့ အဲဒီနည်းနဲ့ hack တာ ခေတ်စားလာပါတယ် ။ နောက်တစ်ခုကတော့ Hacking Software တွေ သုံးတာပါ ။ Password ပြန်ဖော်တဲ့ software တွေကို အဆင့်မြှင့်တင်ပြီး Gmail and Facebook hacking software အဖြစ် အသုံးပြုကြပါတယ် ။ အများဆုံးခံရတာကတော့ ပါ့စ၀ပ်မှာ special character တွေမပါပဲ ရိုးရိုး အင်္ဂလိပ် စာလုံးလေးတွေ ဂဏန်းလေးတွေကို တိုတိုလေးတွေရိုက်ထားသူတွေ ခံရလေ့ရှိပါတယ် ။ ( ကျွန်တော့် လိုပေါ့ ကျွန်တော်အရင်က ပါ့စ၀ပ် အရှည်ကြီးရိုက်ရမှာကို အရမ်း ပျင်းတယ် ) ။ နောက်တစ်နည်းကတော့ နာမည်အ ရမ်းကြီးတဲ့ Key logger ဆော့ဝဲပါပဲ ။ အင်တာနက်ဆိုင်တွေမှာ hacker လို့အမည်ခံချင်တဲ့ ကလေးတွေ က လိုက်တင်လေ့ရှိတယ် ။ ပြီးတော့ ပြန်ဖော်ပြီး ဒီနေ့ ဂျီမေလ်းအကောင့် ဘယ်နှစ်ခု ဟက်လိုက်ပါသည်လို့ ခပ်တည်တည်ကြေငြာတာမျိုးပေါ့ ။

Blogger များနှင့် User များ လုပ်ဆောင်ထားသင့်သည့်အချက်များ

၁ ။ မိမိဂျီမေးလ်ရဲ့setting ထဲက Account setting ထဲဝင်ပြီး ပါ့စ၀ပ်ကို အနည်းဆုံး ၂၈ လုံးအထက်ပြောင်းပါ ။ ( # $ % * & စတဲ့ Special character များပါပါစေ ။ ပါ့စ၀ပ် ၂၈ လုံး အထက် ဆို Hacking software တွေနဲ့ ဟက်လို့ မရဘူးလို့ နည်းပညာသမားတစ်ယောက်က ပြောပြဖူးပါတယ် ။ )

၂ ။ Secondary mail ကို ခိုင်မာသော မေးလ်တစ်ခုထည့်ထားပါ ။

၃ ။ ကိုယ်သုံးနေတဲ့ မေးလ်က အသက်တမျှ အရေးကြီးတဲ့မေးလ် ( ဥပမာ ဘလော့ဝင်တဲ့မေးလ် ) လိုမျိုးဆိုရင် 2 step verification လုပ်ထားပါ ။ 2 step ရဲ့သဘောက ပါ့စ၀ပ်မှန်အောင် ရိုက်ပြီးတာတောင် ဖုန်းထဲက နံပတ်နဲ့ အဲဒီအချိန်တူအောင်ရိုက်နိုင်မှ ပွင့်မှာဖြစ်ပါတယ် ။ အလွယ်တကူ hack မလွယ်ပါဘူး ။ ၂ ဆင့်ဖြစ်တဲ့အတွက် ပါ့စ၀ပ်သိယုံနဲ့ မလုံလောက်ပဲ ဖုန်းအကူအညီပါမှ ရနိုင်မှာပါ ။ Andriod OS သုံးတဲ့ဖုန်းတွေမှာ လုပ်လို့ရပါတယ် ။ မြန်မာနိုင်ငံမှာလည်းရပါတယ် ။ ကျွန်တော်အခု အဲဒီလိုလုပ်သုံးနေပါတယ် ။ ဂျီမေလ်း ၀င်ခါနီးရင် နည်းနည်းအ လုပ်ရှုပ်တာပေါ့လေ ။ ဒါပေမယ့် ၁၀၀ % စိတ်ချရပါတယ် ။

၎ ။ Security Question မှာ တခြားအရာတွေအစား ကိုယ့်ဖုန်းနံပတ် ထည့်ထားပါ ။ Password recover option ထဲက ဖုန်းထဲကို မက်ဆေ့ ပို့ဖို့လည်း ကိုယ့်ဖုန်းကိုထည့်ထားပါ ။

၅ ။ Blogger တွေအနေနဲ့ ဘလော့ရဲ့ Admin မေးလ်ကို ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ မသိတဲ့ ကိုယ်တစ်ယောက် တည်းသိတဲ့ မေလ်းထည့်ထားပါ ။ အဲဒီမေလ်းကို လူကြားထဲ ချမပြပါနဲ့ ။ အဲဒီမေးလ်ကို 2 step verification လုပ်ထားပါ ။ ပြီးရင် နောက်ဂျီမေးလ်တစ်ခုနဲ့ ကိုယ့်ဘလော့ကိုပဲ Contributor အကောင့်လုပ်ထားပါ ။ ဒါဆိုရင် Contributor အနေနဲ့ ပို့စ်တင်လို့ရမယ် တခြားဘလော့တွေ လျှောက်လည်ကွန်းမန့်ပေးလို့ရမယ် ။ အကယ်၍ လူကြားထဲ ချပြတဲ့မေလ်းအနေနဲ့ မတော်တဆ အဟက်ခံရလည်း ဘလော့မပျက်တော့ပါဘူး ။ Admin မေးလ် နဲ့ဝင်ပြီး အဟက်ခံရတဲ့မေးလ်ကိုထုတ် အသစ်ပြန်ထည့်ယုံပါပဲ ။ ကဲ 100 % စိတ်မချရပေဘူးလား ။

၆ ။ Facebook ပဲသုံးသုံး Gmail ပဲသုံးသုံးကိုယ်အရမ်းယုံကြည်ရတဲ့ လူဆီကဖြစ်စေ လင့် တစ်ခုပေးပြီဆိုရင် ဖွင့်သင့်မ ဖွင့်သင့်သေချာစဉ်းစားပါ ။ လင့် အတိုကောက်တွေက ပိုအန္တရာယ်များပါတယ် ။ Phishing link လား virus လား malware လား စဉ်းစားရမှာပါ ။ ကဲ ယုံကြည်လိုက်ပြီ နှိပ်လိုက်လို့ Sign in ၀င်ခိုင်းနေပြီဆိုရင်တော့ ချက်ချင်း သာ ပိတ်ပစ်လိုက်တော့ အဲဒါဟာ Phishing link ကျိန်းသေနေပါပြီ ။ ဂျီမေးလ်တို့ ဖေ့ဘုတ်တို့သည် တစ်ခါကိုယ် sign in ၀င်ထားပြီးသားကို ဘယ်တော့မှ နောက်တစ်ခါ ထပ်မ၀င်ခိုင်းဘူးဆိုတာ အသေမှတ်ထားဖို့ လိုပါတယ် ။

၇ ။ အင်တာနက်ဆိုင်မှာ သွားသုံးသူတွေအနေနဲ့ မှာချင်တာက desktop က gtalk icon တွေကို နှိပ်ပြီး မ၀င်ကြပါနဲ့ ။ အန္တရာယ်များပါတယ် ။ My Computer > Local disk C > Program files > Google > google talk .exe ကိုနှိပ်ပြီး ၀င်ကြပါ ။ Mozilla သုံးပြီးရင်လည်း clear recent history နှိပ်ဖို့ မမေ့ကြပါနဲ့ ။ တစ်ခါ အင်တာနက်ဆိုင်သွားသုံးတော့ Privacy ထဲက show password ကိုနှိပ်ကြည့်လိုက်တာ ဂျီမေးလ်အကောင့် ၅၀ လောက်ရဲ့ ပါ့စ၀ပ်တွေ မှတ်ထားတာတွေ့ရတယ် ။ ကျွန်တော်အံ့သြသင့်သွားပြီး အကုန်ပြန်ဖျက်ပေးခဲ့တယ်။ ကျွန်တော်စက်တိုင်းကို လိုက်ဖျက်မပေးနိုင်ပါဘူး ။ အဲဒီလောက် မ အ ကြပါနဲ့ ။

ဒါတွေအားလုံးဟာ ဂျီမေးလ်အကောင့် ၂ ခု အဟက်ခံရပြီးနောက် လေ့လာပြီး သိရှိလာတဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပါ ။ စာလည်းရှည်သွားပြီမို့ ဒီမှာတင်ရပ်နားပါရစေ ။

( ဒီစာလေးကိုလည်း တတ်နိုင်သမျှ လက်ဆင့်ကမ်းပေးကြစေလိုပါတယ် ။ )

သက်တန့်ချို
22 August 2011

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...