Saturday, April 14, 2012

ကိုယ်တွေ့ သတင်းလေး

TeZa Hlaing shared Zaw Lwin Win's photo.


၁၇.၂.၂၀၁၂ နေ့ နံ နက် ၁ဝနာရီခွဲ ခန့် အချိန်က သံတွဲ မြို့ မဇင်လေယာဉ်ကွင်းမှာ Air KBZ လေယာဉ် အဆင်း ဟိုက်ဒရောလစ် ဘီးစနစ်များချို့ယွင်း၍ ကွင်းလယ်လောက်ကပင် ဝမ်းဗိုက်နှင့်ဆင်းသက်ခဲ့ ရတယ် ဆိုတဲ့သတင်း ကြားတော့ အံ့သြမိတယ်။

ဒီလေယာဉ်ကို ကျွန်တော် အခုလ ၉ ရက်နေ့က စီးခဲ့ပါတယ်။ ဘာကြာသေးလို့လဲ ဒီနေ့က ၁၇ ရက်နေ့ ဆိုတော့ ရှစ်ရက်အတွင်းဘဲပေါ့။ နာဂတောင်တန်း လေရှီးမြို့ကနေ ရန်ကုန်ပြန်မယ့် ကျွန်တော်ဟာ ဟုမ္မလင်းအထိ ဆင်းလာပြီး Air KBZ လေယာဉ်စီးခဲ့တာပါ လေယာဉ်ခ ကျပ်တစ်သိန်း သုံးသောင်းပေးရတယ်။ ဟုမ္မလင်းမြို့ လေယာဉ်ကွင်း ကွင်းချိန်းက ၈ နာရီ၊ လေယာဉ်ဆင်းချိန်က နေ့လည် ၁၂ နာရီကျော်၊ ရန်ကုန်မှာ မြူတွေကျနေလို့ အတက် နောက်ကျနေတာပါ တဲ့။



ကျွန်တော် လေယာဉ်ပေါ် တက်လိုက်ကတည်းက သိပ်ကိုကောင်းတဲ့ လေယာဉ်အဖြစ် မှတ်ချက်ပြုမိတယ်။

(မြန်မာ့လေကြောင်း လေယာဉ်တွေထက် ဆယ်ဆမက သာပါတယ်။) လေယာဉ်ပေါ်မှာ လေယာဉ်မယ် ၂ ယောက်၊ လေယာဉ်မောင် တစ်ယောက်က အပြုံးတွေနဲ့ ကြိုတယ်။ လေယာဉ်ပေါ်မှာ စားစရာတွေလည်း ကျွေးလိုက်တာ ခဏခဏ မစားနိုင်လောက်အောင်ပါဘဲ။ ဂျာနယ်လေး ဖတ်ဖို့ လိုက်ပြပေးတာ ငါးခါလောက်ရှိမယ်။ လေယာဉ်မှူးကြီး ဦးဇော်ဝင်းထွန်း ကလည်း လေယာဉ်မောင်း သိပ်ကို တော်တဲ့ တပ်မတော် လေတပ်က အရာရှိဟောင်းတစ်ယောက်ပါ။

ဒါပေမယ့် ဆိုးရွားတာ တစ်ခုက အဲ့ဒီလေယာဉ်ဟာ ကျွန်တော့်ရှိတဲ့ ဟုမ္မလင်းကို မ၀င်ခင် မန္တလေးမှာ ဆင်းခဲ့ရတယ်။ ပြီးတော့မှ ဟုမ္မလင်းကိုသွားတယ်။ ဟုမ္မလင်းကနေ မုံရွာကိုပြန်တယ်၊ မုံ၇ွာမှာ ကမ္ဘောဇ ဘောလုံးအသင်းက ဘောလုံးသမားတွေတင်ပြီး မန္တလေးမှာ နိုင်ငံခြားသားတွေ ၀င်ခေါ်ပြီး ဟဲဟိုးလေဆိပ်ကို ခရီးဆက်တယ်။ ဟဲဟိုးကနေမှ ရန်ကုန်ပြန်တယ်။ လေယာဉ် ရန်ကုန်ဆိုက်တော့ ညနေ ၅ နာရီကျော်နေပြီ။

လေယာဉ်ဆင်းပြီးတော့ လေယာဉ်မှူးကြီးက အင်ဂျင်နီယာတစ်ယောက်လာပေးပါ လို့ ခေါ်တယ်။ ဒီလောက် ခရီးစဉ်အဝေးကြီးကို လေယာဉ်တစ်စင်းထဲနဲ့ မနားတမ်း ဆက်တိုက်ပျံနေမှတော့ တနေ့နေ့မှာ တစ်ခုခု ဖြစ်မှာလို့ ကျွန်တော့် စိတ်ထဲက မှတ်ချက်ပြုလိုက်မိပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ ကျွန်တော် မရေမတွက်နိုင်အောင် စီးဖူးတဲ့ လေယာဉ်တွေထဲမှာ ကမ္ဘောဇ လေကြောင်းလိုင်းရဲ့ ဆက်ဆံရေး နဲ့ လေယာဉ်ကို သဘောအကျဆုံးပါဘဲ။ အခုလို ဖြစ်ပွါးခဲ့တဲ့ ကိစ္စမှာ ကျွန်တော် ခင်မင်စိတ် ဖြစ်နေတဲ့ လေယာဉ်အမှုထမ်းအားလုံး ကျန်းမာပါစေ အဆင်ပြေကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်။

"နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်" ဆိုတဲ့ နုတ်ဆက်သံလေး ကျွန်တော် ကြားယောင်နေတုန်းပါ။ ကျွန်တော်လည်း ဒီနေရာကနေ သူတို့ကို အဲ့ဒီလိုဘဲ ပြန်လည် နုတ်ဆက်ပါရစေ။ လေယာဉ်မှူးကြီးနဲ့ လေယာဉ်အမှုထမ်းအားလုံး ဘေးအန္တရာယ်တွေကနေ ကင်းကွာနိုင်ပါစေ...
(မနေ့က ရှေ့ဘီးကြောင့် ၀မ်းဗိုက်နဲ့ ရှပ်ဆင်းခဲ့ရတဲ့ အဲ့ဒီ Air KBZ ပေါ်မှာ ရှိတဲ့ ၀န်ထမ်းတွေနဲ့ ခရီးသည် အားလုံး ဘေးကင်းတယ် ဆိုတာ သတင်းကောင်း ကြားရပါတယ်။)
မနေ့က စာကို ပုံအသစ်နဲ့ ပြန်တင်ပေးလိုက်တာပါ လေယာဉ်မယ်လေး ချောတယ်ဆိုပြီး ပြောကြလို့၊ တောင်းဆိုမှုများအရ ဖြစ်ပါကြောင်း...

 ·  ·

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...