Tuesday, April 17, 2012

ဒီလို အန္တရာယ် ရှိနေတဲ့ဆေး ဝါးတွေကို မသုံးတော့ပါဘူး


by Moenge Aung on Tuesday, April 17, 2012 at 5:10pm

ရိန်းကို ကြိုက်တဲ့ ကောင်မလေး 10 Apr 2012  | By Good Health
ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်၏ ဆေးလောက အတွေ့ အကြုံတစ်ခုကို ဖော်ပြလိုက်ပါတယ်။
"ဆရာ သမီးဆေးလိပ်သောက်လို့ ရမလား၊ စိတ်တွေ ဂနာမငြိမ်ဖြစ်နေလို့ စကားပြောလို့ မရလို့ပါ" ဆေးခန်းထဲကို ဝင်လာပြီး သူမက စပြောပါတယ်။ လူနာကောင်မလေး ကိုသတိထားကြည့်မိတော့ စီးကရက်ဘူး ရှည် ပါးပါးပြားပြားလေးကို ကိုင်ထားတဲ့ သူမလက်တွေက တုန်နေတယ်။
ဆရာ့ အခန်းထဲမှာတော့ ခွင့်မပြုပါဘူး၊ ခဏတော့ သည်းခံပါ လို့ ပြော ရတယ်။ "သမီးက ဘာအလုပ် လုပ်သလဲ" လို့ ဆရာ ကမေး လိုက်တော့ "သမီးအလုပ်က ဘာလဲဆိုတာကို မပြောပြချင်ပါဘူး ဆရာ။ သမီးက လူတွေအများကြီးနဲ့တော့ ဆက်ဆံပြော ဆိုရပါ တယ် "လို့ ပြောပြပါတယ်။
ကောင်မလေးနာမည်က ကေသွယ် တဲ့။ အသက်ကတော့ ၂၃ နှစ်ရှိပြီ။ စတိုး ဆိုင်လေးတစ်ခုလည်း ဖွင့်ထားပါတယ်။ လက်ရှိမှာ ကေသွယ်က သူ့ညီ မတွေနဲ့ အတူတူနေတယ်။ မိဘတွေက နယ်မှာ။ ကေသွယ်က ညညဆို နိုက်ကလပ်တွေ တက်တတ်တယ်။ ဆရာ့ဆီကို လာပြ ရတဲ့ အကြောင်း ရင်းကို မေး ကြည့်လိုက်တော့ "ဆရာ သမီးကိုကယ်ပါဦး။ သမီး သူငယ်ချင်းတွေနဲ့ နိုက်ကလပ်တွေတက် တဲ့အခါမှာ ဆိုကြ၊ကကြတယ်။ အဲဒီလို ကကြ၊ ဆိုကြ တဲ့အခါမှာ ပိုပြီးကနိုင်၊ ဆို နိုင်အောင်ဆိုပြီး ဆေးပြားလေးတွေ သုံး မိကြတယ်။
ဒီလိုဆေးတွေ သုံးပြီး နောက် ပိုင်းတွေမှာ ထူးထူးခြားခြား အသံတွေ ကြားလာတာတွေ ရှိလာတယ်။ ဆေးကို မသုံးဖို့ ကြိုးစားနေတဲ့အချိန်တွေမှာ အိပ် မပျော်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဆင်း ရဲတာတွေလည်း ဖြစ်လာတယ် ဆရာ"လို့ ပြောပြခဲ့ပါတယ်။ သူသုံးခဲ့တဲ့ ဆေးဝါးတွေကို မေးမြန်း ကြည့်တဲ့အခါမှာ စိတ်ကြွဆေးတွေဖြစ် နေတာကို တွေ့ရပါတယ်။ သူက စိတ်ြွက ဆေးတစ်မျိုးတည်းမဟုတ်ဘဲ အရက်နဲ့ ဆေးလိပ်ပါ သောက်တတ်တယ်ဆိုတာ ကို သိရတယ်။ တစ်ခါတစ်ခါမှာ ဘီယာ သောက်ပြီး တစ်ခါတလေ ဝိုင်သောက် တယ်။
သူငယ်ချင်းတွေနဲ့ ကကြတဲ့အခါမှာတော့ ပိုပြီးကနိုင်အောင်လို့ ဆေးကိုသုံးရင်းနဲ့ ပမာဏ များများလာပြီး ဆွဲနေတာပါ။ နောက်တစ်နေ့ မနက်ရောက်သွားတာနဲ့ ပြီးခဲ့တဲ့ ညက ဘာတွေဖြစ်ခဲ့မှန်း တစ်ခုမှမသိတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်ဖြစ်လာပါတယ်။ အိမ်ကိုလည်း ညညဆို မိုးချုပ်မှ ပြန်ပြန်လာတယ်၊ တစ် ခါတစ်ခါ ညဘက် ပြန်မလာဘဲ မနက် ကျမှ အစောကြီး ပြန်ရောက်လာတယ်။ ဒီအကြောင်းတွေကို မိဘတွေက သိသွား တယ်။ ကေသွယ်ရဲ့ မိဘတွေ သိသွား ပုံက တစ်နေ့မှာ သူ့ညီမတစ်ဦးနဲ့ စကား အချေအတင် များကြတယ်။
အဲဒီ ညီမက သူ့မိဘတွေကို လှမ်းအကြောင်းကြားလိုက်လို့ မိဘတွေက သိသွားတယ်။ အဲဒါကြောင့် သူ့မိဘတွေက အိမ်ကို လိုက်လာ ကြတယ်။ မိဘတွေရောက်တော့ ညဘက် အပြင်တွေမထွက်ရတော့တဲ့အခါ အရင် သုံးနေကြဆေးတွေ မသုံးဖြစ်တော့ဘူး။ သုံးနေကြဆေးတွေ မသုံးရတော့တဲ့အခါ စိုးရိမ်စိတ်တွေ များလာတယ်၊ စိတ်ပင် ပန်းမှုတွေ ဖြစ်လာတယ်။ အိပ်လို့လည်း မပျော်တော့ဘူး။ အိပ်မပျော်တာကို တစ်ရက်၊ နှစ်ရက် လောက်တော့ ခံနိုင်ပေ မယ့် သုံးလေးရက် ကြာလာတဲ့အခါမှာ နားထဲမှာ အသံကြား လာတာနဲ့အတူ စိုးရိမ်စိတ်တွေ၊ကြောက် လန့်တဲ့စိတ်တွေဖြစ်လာတယ်။ပြာယာ ခတ်ပြီး ကယောင် ကတမ်းနဲ့ နေလို့မရတ အဆင့်အထိဖြစ်လာတယ်။
ဒီလိုနဲ့ ဆရာ့ ဆီကိုရောက်လာတာ ဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာကို ကြည့်ရင် ကေသွယ်ဟာ ဆယ်တန်းအ ထိ ကျောင်းမှာလည်း စည်းကမ်း လိုက်နာ တဲ့ ကျောင်းသူဖြစ်ခဲ့ပါတယ်။ ဆရာ၊ ဆရာ မတွေရဲ့ စကားတွေကိုလည်း နားထောင် ခဲ့တယ်။ သူငယ်ချင်း၊ အပေါင်းအသင်း လည်းများပြီး လူမှုရေး ဝင်ဆန့်တယ်။ စာ လည်း တော်ပါတယ်။ အဲဒီလိုနဲ့ နယ်က နေ ရန်ကုန်ကို ရောက်လာတဲ့အခါမှာ လူအများနဲ့ ပြောဆိုဆက်ဆံရတဲ့ အလုပ် အကိုင်တွေ လုပ် တယ်။ အရောင်းအ ဝယ်လုပ်တယ်။ စတိုးဆိုင်လေး ဖွင့်ထား တယ်။ လုပ်ငန်းအဆင်ပြေလာတဲ့အခါ မှာ သူငယ်ချင်းအပေါင်းအသင်း ပိုစုံလာ ပြီးတော့ နိုက် ကလပ်တွေမှာ ကတာ တွေ၊ ဆိုတာတွေ ရှိလာတယ်။
အဲဒီလို ကတဲ့ အခါမှာ အစောပိုင်းတုန်းကတော့ ရိုးရိုးပဲကတယ်။ ရိုးရိုးပဲကရာကနေ တဖြည်းဖြည်းနဲ့ ဘီယာလေးသောက်ပြီး၊ ဝိုင်လေးသောက်ပြီး ကတယ် ။ နောက်ပိုင်း မှာတော့ သူငယ်ချင်းတွေက ဆေးပြား လေးတွေသုံးပြီးကတဲ့အခါမှာ ပိုပြီးတော့ လည်း မြူးမြူး ကြွကြွကကွက်တွေနဲ့ ကနိုင်တယ်၊ အကြာကြီး လည်းကနိုင် တယ်၊ မမောဘဲနဲ့လည်း ကနိုင်တယ်လို့ ပြောပြီး တိုက်တွန်းရာက ကေသွယ်လည်း စမ်းသုံးလိုက်မိတယ်။ အဲဒီလို စမ်းသုံးဖြစ် ရာကနေ တစ်လုံး ကနေ နှစ်လုံး၊ နှစ်လုံး ကနေ သုံးလုံးနဲ့ တဖြည်းဖြည်း များများ လာတယ်။ အခုတော့ မိဘတွေသိသွား တာကြောင့် ဆေးပြတ်တဲ့ လက္ခဏာတွေ နဲ့ ဆရာ့ ဆီ ရောက်လာတာဖြစ်ပါတယ်။
ကေသွယ်ကို ဆေးရုံမှာ ၁၀ရက် လောက်တော့ တင်ပြီး ကုသခဲ့ရတယ်။ ကေသွယ်မှာဖြစ်ပေါ်နေတဲ့ ဆေးပြတ်တဲ့ လက္ခဏာတွေအတွက် လိုအပ်တဲ့ ကု သ မှုတွေ ပေးရပါတယ်။ ဆေးဝါးမပါဘဲနဲ့ ဘဝကို နေသွားနိုင်ဖို့ နည်းလမ်းတွေကို ညွှန်ပြပေးရတယ်။ ရောဂါ စမ်းသပ်တဲ့ အခါမှာ သူ့မှာ တခြားတွဲ ဖက်ရောဂါတွေ ရှိလားဆိုတာတွေလည်း စစ်ဆေးခဲ့ကြ တယ်။ သူရဲ့ ဆီး၊ ဝမ်း၊ သွေးတွေကို စစ် ဆေးကြည့်ခဲ့တဲ့အခါ တခြားရောဂါတွေ ကြီးကြီး မားမား မရှိ တာကို တွေ့ရ တယ်။ သိမှုအပြုအမူကုထုံး(Cognitive Behaviour Therapy)တွေနဲ့ သူ့ကို ဘဝမှာ အကောင်းဆုံးနည်းလမ်းတွေနဲ့ နေတတ်ဖို့၊ အရာရာကို အဆိုးမမြင်ဘဲ အကောင်း မြင်တတ်ဖို့ နည်းလမ်းတွေကို ညွှန်ပြပေး ခဲ့ပါတယ်။ စိုးရိမ်စိတ်တွေကို လျော့နည်း စေတဲ့ဆေး၊ စိတ်ဓာတ်ကျ သက်သာစေ တဲ့ဆေးတွေ ပေးခဲ့ ပါ တယ်။
အဲဒီလိုဆေး တွေ ပေးရင်း၊ ပေးရင်းနဲ့ သူရဲ့ရောဂါဟာ ၁၀ရက်လောက်အတွင်းမှာ သိသိသာသာ သက်သာလာတာကို တွေ့ရပါတယ်။ ကေသွယ်ကို ကုသနေ စဉ်မှာ သူ ဟာ ကိုရီးယားအဆိုတော် ရိန်းကို အ တော်လေး ရူးသွပ်တယ်ဆိုတာကို ဆရာ တို့ သိလိုက်ရပါတယ်။ ဘာလို့လဲဆို တော့ သူဆေးရုံတက် လိုက်တဲ့ ခဏမှာပဲ သူရဲ့အခန်းထဲမှာ ရိန်းပုံတွေ အပြည့်ဖြစ် သွားအောင် သူကပ်ထားတာကို တွေ့ခဲ့ ရတယ်။ ဆေးရုံက ဆင်းပြီးချိန်မှာလည်း ဆရာ့ ဆီကို တစ်ပတ် တစ်ခါလောက် လာပြပါတယ်။ နောက်ပိုင်းမှာတော့ ကေသွယ်က ဆေးမသုံးဘဲ နေနိုင်လာပြီဖြစ်တဲ့အတွက် နောက်ဆို ဒီလို အန္တရာယ် ရှိနေတဲ့ဆေး ဝါးတွေကို မသုံးတော့ပါဘူးဆိုတာ ကတိပေးပြီး သူ့ရဲ့စတိုးဆိုင်အလုပ်ကိုပဲအောင်မြင်အောင် ကြိုးစားလုပ်ကိုင်နိုင်တဲ့ အမျိုးသမီးလေး တစ်ယောက်ဖြစ်သွား ပါတော့ တယ်။ အားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။
မူရင်းမှာ http://yoyarlay.com/health/health/article/25242-2012-04-10-07-24-06 မှ ဖြစ်ပါသည် မူရင်းစာရေးဆရာ အမည် မသိပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...