Friday, April 13, 2012

ဒေါ်ခင်ကြည်ပြောပြတဲ့ လူငါးယောက်အကြောင်း( မိုးမခ ၊ လှကွန့်။ ဧပြီ ၁၃၊ ၂၀၁၂ )


by Ko Thaung on Friday, April 13, 2012 at 9:37pm 

 လှကွန့်။  ဧပြီလ-၂၀၁၂၊ မြန်မာသစ်မဂ္ဂဇင်း
မောင်သာမန်၊ ဧပြီ ၁၃၊ ၂၀၁၂

ဒေါ်ခင်ကြည်ဆိုရင် အခုခေတ်လူငယ်အချို့၊ သိပ်မသိဖြစ်နေမလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီးဖြစ်ပါတယ်။ လက်ရှိ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ ဧရာဝတီသတင်းဌာန အင်တာဗျူး ဗီဒီယို၊ဆောင်းပါးအရ ဦးခင်အောင်မြငက “မှန်တဲ့ သစ္စာစကားပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျနော့်ကို တခါပြောဖူးတယ်။
ဒီနိုင်ငံမှာ အကြည်ညိုဆုံးက ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိတယ်။ ယူနီဖောင်း ၃ စုံနဲ့ နိုင်ငံအတွက် လုပ်သွားပြီးတော့ သက်တမ်းတိုတော်လည်း အလုပ်တွေ အများကြီး လုပ်သွားတယ်။ အဲဒီလို ခေါင်းဆောင်မျိုးရှာ၊ လုံးဝ မရှိဘူးတဲ့။’ လို့ ပြောသွားပါတယ်။
အခုခေတ် မြန်မာနိုင်ငံမှာ လူမှန်၊ နေရာမှန် ရောက်လာမဲ့ အစပျိုးအခြေအနေလို့ ပြောရပါမယ်။ အောက်ခြေက ပြောင်းလဲဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သေးတော့ အလွန်စိတ်ရှည်၊သည်းခံ၊ စောင်းစည်းပြီး အထူးသဖြင့် နှုတ်စောင့်စည်းရမဲ့အချိန်ဖြစ်ပါတယ်။
မီဒီယာကို စတ္တုထမဏ္ဍိုင် သတ်မှတ်ထားချိန်၊ မီဒီယာသုံးပြီး ခေါင်းဆောင်များ ရင်ကြားစေ့စပ်မှုကို ပျက်ပြားအောင်၊  အာဏာရှင်ဝါဒ (အထူးသဖြင့်၊ မရတော့တဲံအာဏာများပြန်ရအောင်) လုပ်ဆောင်နေသူ ရှိနေမှာပါပဲ။ဒီ မီဒီယာတွေကြားမှာ ဒေါ်ခင်ကြည်ပြောပြတဲ့ လူငါးယောက်အကြောင်း – လှကွန် ရေးသားတဲ့ ဆောင်းပါးတိုလေးကို  ဧပြီလ-၂၀၁၂၊ မြန်မာသစ်မဂ္ဂဇင်း မှာ ဖေါ်ပြခဲ့ပါတယ်။ လူတိုင်းမဖတ်နိုင်ပေမဲ့ ဖတ်မိသူများ အထူးသဖြင့် စင်ကာပူက လမ်းပြကြယ်မြန်မာစာကြည့်တိုက် လူငယ်များကို ဖတ်စေလိုပါတယ်။အာဏာရှင်များ၊ အာဏာမဲ့သွားချိန် သူတို့ကို သွားတွေ့ရင် ဖိစီးမှုများစွာနဲ့ တွေ့ရပါတယ်။
အဲ .. ဒေါ်ခင်ကြည်လို မေတ္တာတရား ရှေ့ထားတဲ့ ခေါင်းဆောင်မျိုးကတော့ ခင်ပွန်းသည်၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ၊ သားငယ် ရင်သွေးတဦးလည်း ထပ်မံဆုံးရှုံးရချိန်မှာ လူတွေ အရမ်းစိတ်မကောာင်းဖြစ်ရပါတယ်။ ဒါပေမဲ့ သွားရောက်တွေ့ဆုံ၊ အားပေးသူဖြစ်တဲ့ စာရေးသူ (ဦး) လှကွန့် က
“ညှိုးငယ်နေမဲ့ ဒေါ်ခင်ကြည်ကို မြင်ရမဲ့အစား ခြံဝင်းထဲက အဆင်အပြင်ကအစ၊ ဒေါ်ခင်ကြည် ကိုယ်တိုင်အထိ သားကွဲ၊ လင်ကွဲဘ၀၊ အိမ်နိုမ့စံဘ၀မှာတောာင် စိတ်ဓါတ်မကျဘဲ၊ သဘာဝပတ်ဝန်းကျင်ကို လန်းဆန်းတက်ကြွလာအောင် ဖန်တီးနိုင်စွမ်းရှိသလို သူ့ကိုယ်သူလည်း စိတ်ဓါတ် ခိုင်ထားနိုင်တယ်ဆိုတာ တွေ့ရတယ်”
လို့ ရေးထားပါတယ်။ခိခင်ဖြစ်သူ ဒေါ်ခင်ကြည်အတိုင်းပဲ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း အနိုမ့်ဆုံးအခြေအနေမှာတောင် ကိုယ်တိုင်သာမက၊ သူ့ပတ်ဝန်းကျင်၊ လူအများကို လန်းဆန်းတက်ကြွလာအောင် ဖန်တီးနိုင်စွမ်းရှိသူ ဆိုတာ အထူးသဖြင့် အနီးကပ်ဆက်ဆံသူများ ပိုသိကြမှာဖြစ်ပါတယ်။
ဦးအောင်ဆန်း (ခင်ပွန်းသည်)။ ဦးနု (၀န်ကြီးချုပ်ဟောင်း)၊ ဦးနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း)၊ သခင်သန်းထွန်း (ကွန်မြူနစ်)၊ သခင်ဗဟိန်း တို့ ငါးဦးအကြောင်းမှာ သူခင်ပွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ အထူးသဖြင့် ဦးနေ၀င်း အားဏာရှင် အကြောင်းများကို အလေးပြု ရေးပါတယ်
။ဒေါ်ခင်ကြည်ရဲ့ အကျဉ်းအထုပ္ပတိလည်း နောက်ဆုံးပိုင်းမှာ ရေးထားပါတယ်။
၁၉၁၂ ဧပြီ (၁၆)ရက် မြောင်းမြမြိုမှာ မွေးသူ ဒေါ်ခင်ကြည်ဟာ မောင်နှမ (၁၀)ဦးမှာ ရှစ်ယောက်မြောက်ဖြစ်ပါတယ်။ မော်လမြိုင်း မော်တင်လိန်း ဆရာအတတ်တင်မှာ ပညာသင်ခဲ့ပြီး၊ မြောင်းမြအမျိုးသမီးကျောင်းမှာ ဆရာမလုပ်ခဲ့တယ်။ နောက် ၀ါသနာပါတဲ့ သူနာပြုပညာကို သင်ယူပြီး၊ ရန်ကုန်ဆေးရုံကြီးမှာ သူနာပြုလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်မှာ လူပျိုကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ငန်းဖိစီးပြီး၊ နေမကောင်းဖြစ်ချိန် ဆေးရုံမှာ ပြုစုပေးရင်း မေတ္တာမျှ၊ အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၄၇ ခင်ပွန်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးကွယ်လွန်ခဲ့တယ်။
၁၉၆၀ခုနှစ်မှာ ဦးနုအစိုးရက  နိပေါ၊ အိန္နိယဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး၊ ၁၉၆၇ခုနှစ် ဦးနေ၀င်းအစိုးရက အငြိမ်းစားပေးခဲ့ပါတယ်။
၁၉၈၈ ဒီဇင်ဘာ၂၇ ကွယ်လွန်ခဲ့ပါတယ်။
သားသမီး ၃ဦး ထွန်းကားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်) ဟာ အငယ်ဆုံးသမီးဖြစ်ပါတယ်။
ဒေါ်ခင်ကြည်က သားသမီးများကို အနီးကပ် ပြုစု၊ထိမ်းကျောင်း၊ လမ်းပြခဲ့တဲ့ အတွက် မိခင်ဒေါ်ခင်ကြည်ရဲ့ မေတ္တာ ကို အမွေခံရရှိခဲ့ပါတယ်။
ဆောင်းပါးရှင် လှကွန့် ရဲ့ ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် စာလုံး တခုမှ မရေးထားပါ။ ဒေါ်ခင်ကြည် စံပြမိခင် အကြောင်းပဲ ရေးသွားပါတယ်။
ဧပြီလ (၁၂) ရက်နေ့ ဒေါ်ခင်ကြည်ရဲ့ အသက်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စာရေးသူ လှကွန့်ကို ကျေးဇူးတင်ပါတယ်။
Thein Thein Aung ရဲ့ ဖေ့စ်ဘုတ်မှ တဆင့်ဖေါ်ပြပါတယ်။ ဆောင်းပါးတခုလုံးကို Typing ရိုက်ချင်ပါတယ်။ လောလောဆယ်တော့ PDF file ၉မျက်နှာရှိတဲ့ ဆောင်းပါးတို  Download Link ပေးလိုက်ပါတယ်။

http://www.mediafire.com/download.php?jacmgjdclzee3ex
မောင်သာမန်/ ၁၃-ဧပြီ-၂၀၁၂

အပြည့်အစုံ ဖတ်လိုပါက အောက်ပါလင့်တွင် ဖတ်နိုင်ပါသည်။
http://www.facebook.com/lubo601/posts/120769864721469?notif_t=like

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...