Friday, April 13, 2012

ကားတင်သွင်းတဲ့ပါမစ် ဈေးကျရင် ကားဈေးနှုန်းလည်း ကျသွားမှာပါ ရွှေဗဟိုကားကုမ္မဏီ တာဝန်ခံ ကိုထွန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း


by General Knowledge on Thursday, April 12, 2012 at 8:57pm 

ကားတင်သွင်းတဲ့ပါမစ် ဈေးကျရင် ကားဈေးနှုန်းလည်း ကျသွားမှာပါ ပြုပြင်ပြောင်းလဲနေတဲ့ စနစ်မှာ ကားဈေးနှုန်းတွေ သက်သာနိုင်သလောက် သက်သာအောင် ရောင်းချပေးပါတယ်ဆိုတဲ့ ရွှေဗဟို ကားကုမ္ပဏီနှင့် တွေ့ဆုံမေးမြန်းခြင်း

By Myanmar News Weeks , Monday, April 9, 2012 - 14:24


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ အမျိုးသားကဇာတ်ရုံတွင် (၄) ရက်ကြာ ကျင်းပပြုလုပ်သည့်Myanmar Trade Exhibition & Expo 2012  ပြပွဲတွင် ကားအရောင်းပြခန်းများတွင် ပြည်ပမှ တင်သွားထားသည့် ကားသစ်များကို ပြသ၍ ရောင်းချခဲ့ကြသည်။

ယင်းပြပွဲတွင် ရွှေဗဟို ကားကုမ္ပဏီမှ ကားအရောင်းတာဝန်ခံ ကိုထွန်းထွန်းနှင့် တွေ့ဆုံမေးမြန်းမှု အချို့ကို ဖော်ပြလိုက်ပါတယ်။

ရွှေဗဟို ကားကုမ္ပဏီ အနေနဲ့ ဒီပြပွဲမှာ ကားအစီးရေ ဘယ်လောက် ပြသ ရောင်းချပါသလဲ။

ကားအရေအတွက် အစီး (၃၀) လောက် ပြသထားပါတယ်။

မော်ဒယ်တွေနဲ့ ရောင်းချတဲ့ ဈေးနှုန်း အဆင့်ဆင့်ကိုလည်း ပြောပြပေးပါ။

ကျွန်တော်တို့ တင်သွင်းဖြစ်တာက ၂၀၀၄၊ ၂၀၀၅ မော်ဒယ်တွေကနေ ၂၀၁၂ မော်ဒယ်တွေ အထိပေါ့။ အကုန်လုံးကBrand New ဂျပန်ကားတွေပဲ။ ဈေးနှုန်းတွေကတော့ အစားစားပဲ။ သူ့အထိုက်အလျောက်နဲ့ သူပဲ။ အနိမ့်ဆုံးကသိန်း (၃၀၀) ဝန်းကျင် လောက်ကနေ သိန်း (၂၀၀၀) ကျော်အထိ ပါဝင်ပါတယ်။ ကျွန်တော်တို့ ရွှေဗဟို ကုမ္ပဏီက ကားတွေက ညာမောင်းတွေချည်းပဲ။

ကားကောင်းတွေ တင်သွင်းခွင့်ပြုတဲ့အပေါ်မှာ သတ်မှတ်ထားတဲ့ အခွန်၊ စလစ်နဲ့ ပါမစ်ကြေး ပေးဆောင်ရတဲ့အပေါ် အကိုရဲ့ သဘောထား အမြင်လေး ပြောပြပေးပါ။

အမှန်အတိုင်း ပြောမယ်ဆိုရင်တော့ ယာဉ်အဟောင်းစလစ်တစ်ခုက တန်ဖိုး အရမ်းကြီး မြင့်နေတယ်။ အခုအချိန်မှာ ယာဉ်ဟောင်းကား တင်သွင်းမယ့် စလစ်၊ ပေါက်ဈေးက (၁၄၀) ဝန်းကျင်လောက် ပေါက်နေတော့ ဒီတန်ဖိုးသာ ဒီထက် လျော့ကျသွားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အခု န/ပ နံပါတ်တွေကို ပါမစ် တင်သွင်းခွင့်ပေးတယ်ပေါ့။ နောက်ထပ်လည်း သူ့အထိုက်အလျောက် အက္ခရာ နံပါတ်တွေအလိုက် အပ်နှံခွင့်ပေးပြီးတော့ လဲချင်တဲ့သူတွေ လဲဆိုတဲ့ အခွင့်အရေး ရသွားရင် ကားဈေးတွေက ဒီထက်မက သက်သာသွားဦးမှာပါ။ ကားတင်သွင်းခွင့် ပါမစ်က ဈေးကြီးမြင့်နေတဲ့အတွက် ဒီကားတွေက ဒီလောက်ဈေးတွေ ဖြစ်နေတာပေါ့။ ကားတင်သွင်းတဲ့ ပါမစ်သာ ဈေးထပ်ကျသွားရင် ကားဈေးနှုန်းတွေလည်း သက်သာသွားမှာပါ။


ကားတင်သွင်းခွင့် ပါမစ်က ဈေးကြီးမြင့်နေတဲ့အတွက် ဒီကားတွေက ဒီလောက်ဈေးတွေ ဖြစ်နေတာပေါ့။ ကားတင်သွင်းတဲ့ ပါမစ်သာ ဈေးထပ်ကျသွားရင် ကားဈေးနှုန်းတွေလည်း သက်သာသွားမှာပါ။



အခြားနိုင်ငံရဲ့ ဈေးနှုန်းနဲ့ ယှဉ်လိုက်ရင် ကွာခြားချက် ဘယ်လိုရှိလဲ။ အများ ဝယ်စီးနိုင်တဲ့ အနေအထားကော ဖြစ်လာနိုင်မယ် ထင်ပါသလား။

ဒီနိုင်ငံမှာတော့ နည်းနည်းတော့ ဈေးကြီးတာပေါ့။ ဒါပေမဲ့ အရင်ကထက်စာရင်တော့ အများကြီး ဈေးသက်သာလာပါပြီ။ အခြားနိုင်ငံတွေမှာက အရစ်ကျပေးသွင်းတဲ့ စနစ်တွေ၊ ဘာတွေနဲ့ ဒီမှာက အကုန်လုံး လက်ငင်းပေးပြီး ဝယ်ရတာ များတယ်။ အဲဒီတော့ နည်းနည်းပါးပါးတော့ ကွာဟမှုတွေ ရှိတာပေါ့။

ကားအရောင်းအဝယ် အခြေအနေကော ဘယ်လိုရှိလဲ။

အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ သူ့အထိုက်အလျောက်တော့ ရောင်းရပါတယ်။

ကားတင်သွင်းမှု အပိုင်းနဲ့ အခွန်ပေးဆောင်မှု အပိုင်းအတွက် ဘာများ ပြောကြားချင်လဲ။

အခွန်နဲ့ပတ်သက်ပြီး ဆန္ဒရှိတာက သက်ဆိုင်ရာအစိုးရအနေနဲ့ လျော့ပေါ့ပေးရင်တော့ ဝယ်စီးမယ့် ပြည်သူတွေ သက်သာ တာပေါ့။ ပြုပြင်ပြောင်းလဲနေတဲ့စနစ်မှာ ကားဈေးနှုန်းတွေလည်း သက်သာနိုင်သလောက်သက်သာအောင်တော့ မျှော်လင့်ပါတယ်။

ပြပွဲအချိန်မှာ  ရောင်းချတဲ့ ကားဈေးနှုန်းနဲ့ အခြားအချိန်မှာ ရောင်းချတဲ့ ဈေးနှုန်းက ကွာခြားမှုရှိလား။

အတတ်နိုင်ဆုံး သက်သာမှု ဖြစ်အောင်တော့ စီစဉ်ပြီး ပြပွဲမှာရောင်းပေးတာပေါ့။ ဈေးနှုန်းက ပြပွဲမှာရောင်းတာနဲ့တော့ မတူဘူး။ အရင်ပြပွဲ မတိုင်ခင်က ဈေးနှုန်းမြင့်တာ ရှိတယ်။

အရစ်ကျစနစ်နဲ့ ရောင်းချဖို့ စီစဉ်ထားတာရှိရင် ပြောပြပေးပါ။

အရစ်ကျစနစ်က နောက်နောင် စီစဉ်ပြီး လုပ်သွားမယ်။ လောလောဆယ်တော့ အစီအစဉ် မရှိသေးဘူး။

လောလောဆယ် မဖြစ်နိုင်သေးရင် ဘယ်အချိန်ကာလလောက် ခန့်မှန်းလဲ။

နောက် (၆) လ ဝန်းကျင်လောက်တော့ ကြာဦးမယ်။ အဲဒီအချိန်ကျရင်တော့ အရစ်ကျစနစ်နဲ့ ဝယ်စီးနိုင်ဖို့ ဖြစ်လာနိုင်ပါတယ်။

ဒီလိုပြပွဲမှာ တင်ပြရောင်းချတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်လဲ။

အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီပြပွဲမှာ ပြသတဲ့သူ မျိုးစုံရှိတယ်။ သူ့ရည်ရွယ်ချက်တွေနဲ့ သူပြကြတာပေါ့။ ကျွန်တော်တို့လည်း ကိုယ်ပြသရောင်းချချင်တဲ့ အတိုင်းအတာအလျောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတော့ ရလဒ်တစ်ခု အနေနဲ့ အကောင်းဆုံးမျှော်မှန်းထားပါတယ်။




မော်တော်ကား ရောင်းချမှုနဲ့ ပတ်သက်ပြီး ထပ်မံပြောကြားချင်တဲ့ အကြောင်းအရာတွေ ရှိရင်လည်း ပြောကြားပေးပါဦး။

အကုန်လုံးကတော့ အခုအချိန်မှာ ကံကောင်းလာပြီပေါ့။ ကားကောင်း ကားသန့်တွေလည်း စီးခွင့်ရတယ်ဆိုတော့ နောက်နောင်လည်း ဘယ်လိုပြောမလဲ၊ အစိုးရကသာ လျော့လျော့ပေါ့ပေါ့နဲ့ အခွန်တွေဘာတွေ လျော့ပေးမယ်။ ကားတင်သွင်းခွင့်ပါမစ်တွေ ထပ်ပြီးတော့ ချပေးမယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ ကားကောင်း၊ ကားသန့်တွေ စီးနိုင်တော့မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...