Wednesday, April 18, 2012

ကိုယ်ချင်းစာပါ (လူငယ်များသို့ ပန်ကြားလွှာ-၁)



အငယ်တည်းကကြားဖူးခဲ့သော် စကားတစ်ခွန်းဖြစ်သော်လည်း ဒီစကားလုံးရဲ့ အဓိ ပါယ်ကို ကျွန်တော်ထည်ထည်ဝါ၀ါ မသိခဲ့ရဘူး။ ဒီလိုပဲ ဘာဝလမ်းတွေကို ဖြတ်သန်းရင်းနဲ့ပဲ အချိန် တွေ ကုန်ခဲ့ရတယ်။ ဖြတ်သန်းချိန်ကြာလာတာနဲ့အမျှ ခံပြင်းစိတ်၊ နာကျဉ်းစိတ်၊ ဆုံးရှုံးမှုတွေ ကြုံ လာတာနဲ့အမျှ အတွေ့အကြုံက အသိတွေ ထပ်တလည်းလည်း ပေးခဲ့တယ်။ သတ္တာလောကမှာ ရှင်သန်နေကြတဲ့ အရာတွေထဲမှာ သတ္တာဝါတွေအပြင် ရှိသေးပါလာလို့ သိစိတ်ရရှိလာခဲ့တယ်။
ဟိုး . . . အရင်က သူများမခံချင်အောင် နောက်ပြောင်ကျီစယ်လိုက်ခြင်းကို အသိ အမှန်နဲ့ မကောင်းတဲ့အတွေးလို့ အဲဒီအချိန်က မသိခဲ့ရပေမယ့် ကိုယ့်မှာ များမကြာတဲ့အချိန် အဲဒီ လူ ခံစားခဲ့ရတဲ့ သဘောအတိုင်း ကိုယ်ခံလိုက်ရပြီးတဲ့အချိန်မှာတော့ ကိုယ့်စိတ်လေးက အသိလေး နည်းနည်းလေးနဲ့ စဉ်းစားတက်လာခဲ့တယ်။ လူငယ်ပဲ ပျော်ပါးမယ်။ အော်မယ်၊ ဟားမယ်၊ လုပ်ချင် တာတွေကို မသေခင်လုပ်သွားမယ် မှားမှားမှန်မှန်ဆိုတဲ့ စိတ်နဲ့ပေါ့။ လူဖြစ်တဲ့ ဒီဘာဝမှာ ကောင်း ကောင်းမကောင်းကောင်း မစဉ်းစားပဲ လုပ်ပစ်လိုက်မယ်လို့ လုပ်လာခဲ့သမျှ အရာတွေဟာ “ခလုတ် ထိမှ အမိကိုတ” ဆိုသလိုမျိုး တဖြည်းဖြည်း၊ နက်နက်နဲ့ နဲနဲ အသိတွေ တစတစ ကြီးမားလာခဲ့ တယ်။
လူတစ်ဦး ပျော်နေတဲ့အချိန်ကို မနာလိုမှု ဖြစ်ရခြင်း၊ လူတစ်ဦး ဂုဏ်ယူနေတဲ့ အ ချိန်ကို မလိုလားမှု ဖြစ်ခြင်း၊ အများအောင်မြင်နေခြင်းကို မမြင်ချင်မှုမျိုးထားခဲ့တဲ့ ဒီစိတ်တွေဟာ ကိုယ့်တစ်နေ့ အဲဒီလူ စားသုံးခွင့်ရခဲ့သလို ဖြစ်လာတဲ့တစ်နေ့ ကိုယ့်အပေါ်ကိုလည်းပဲ တခြား သတ္တာဝါတစ်ဦးက မလိုလားမှု ပြသလိုက်တဲ့အချိန်မှာတော့ ကိုယ်ဝဋ်လည်တာ ဘာကြောင့်လည်း ဆိုတာကို သိရှိနားလည်ခဲ့ရတယ်။ အဲဒီအမှားတွေအတွက် စပြီးပြင်ဆင်နေပေမယ့် အရင်အချိန် တွေက မိုက်မဲခဲ့သော ကံတရားမဆုံးသေးလို့ တုန်ပြန်မှုတွေ တစ်ခုပြီးတစ်ခု ၀င်ရောက်နှောက် ယှက်ပုံကို နုနယ်ပြီး မခိုင်မာသေးတဲ့ ဥာဏ်စဉ်နဲ့ ပြင်ဆင်ထားတဲ့အမှန်လမ်းက ဆက်လက်အ ကောင်အထည်မဖော်ပဲရပ်ပြီး နေချင်သလိုပြန်နေမယ်ဆိုတဲ့ ဖောက်ပြန်စိတ်တွေ အချိန်တိုင်း ၀င် မိပြီး လမ်းမှားကို ပြန်ရောက်ရှိပြီး ဆုံးရှုံးသွားတဲ့ သတ္တာဝါအများကြီးပါ။ ဒါတွေဟာ လောကဓံစိတ် မခိုင်မာကြသေးလို့ပဲ မဟုတ်လား။ 
လောကဓံရိုက်ခက်နေတဲ့အချိန် ဆုံးမခဲ့တဲ့စကားတွေဟာ ရင်ထဲထိရောက်ပြီး ဘယ် တော့မှ ပြန်မထွက်နိုင်တော့ဘူးဆိုတာကို သိခဲ့ရတယ်။ ခံစားနေရတဲ့အချိန်မှာ အသဲထဲထိရောက်ဖို့ ဆိုတာ လွယ်ကူသလိုမျိုးပေါ့။ ဒီနာကြည်းစိတ်တွေဟာ တစ်ဘာဝလုံးရဲ့ဥပမာတွေပဲ မဟုတ်လား။ ဒီလမ်းကျဉ်းလေးက ထွက်နိုင်ခဲ့ရင်တော့ လမ်းမကြီးကို မြင်ကြရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာ တက်ရင် ဗုဒဘာသာကောင်းတစ်ယောက်ဖြစ်ပြီလို့ ကျွန်တော်ငယ်ငယ်အရွယ်တုန်းက အဖေက ဆုံးမခဲ့ဘူးတယ်။ အဲဒီစာနာမှုလေးကို ဘာဝတစ်သက်တာ မှတ်မိနေဖို့ဆိုပြီး ကျွန်တော်တို့ မောင်နှမတွေအိပ်တဲ့ ခေါင်းရင်းမှာ မဂ္ဂဇင်းထဲမှာ ပါတဲ့ကဗျာလေးစာကို ကပ်ထားပေးခဲ့တယ်။ အဲဒီကဗျာ လေးကို ကျွန်တော်မှတ်မိနေဆဲပါ . . .
သူတော်ကောင်းဖြစ်လိုလျှင်
သတ္တိရှိရှိ သည်းခံပါ
သတိနှင့် ဒေါသကိုပယ်
မာန်ကိုချ လောဘမပွားရ
ဝိရိယနှင့် မေတ္တာပွား
ဥပက္ခာရှု စိတ်ငြိမ်းအောင်ပြု ဆိုတဲ့ ကဗျာလေးပါ။
ငါဟာလွတ်လပ်တဲ့ ယောင်္ကျားလေးတစ်ယောက် မိန်းကလေး တစ်ယောက်ပြီး တစ် ယောက်တွဲပစ်မယ်။ နောက်ပြသနာ နောင်ရှင်းဆိုတဲ့ တာဝန်မကျေသော၊ တရားမရှိ၊ စည်းမရှိ သော စကားကို ပြောတက်ကြသော လူယ်တွေရှိသလို ထိုစိတ်မရှိတဲ့ လူငယ်တွေလည်း ရှိကြပါ တယ်။ ထိုလိုမျိုးလူငယ်တွေနဲ့ တွေ့ကြုံလိုက်ရလို့ ခါးသီးစရာတွေ၊ ဆုံးရှုံးစရာတွေပဲ သူတို့မှာ ဖြစ် ခဲ့ကြလျှင် လူထဲကလူတစ်ယောက် လူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တန်မတန်ဆိုတာ နားလည်နိုင်ကြပါလိပ် မယ်။ ကိုယ်မှာရှိတဲ့ ပါးစပ်နဲ့ အများသဘောပေါက်အောင် လောကလမ်းပေါ် ကောင်းစွာသွားနိုင်ဖို့ ကူညီပေးလိုက်ရင် အဲဒီလူငယ် လူဖြစ်ကျိုးတန်သွားနိုင်ပါတယ်။ ကိုယ်ညီလေးကို သူများလက်သီး နဲ့ ထိုးလိုက်လို့ စိတ်တိုမှု ဖြစ်သွားခဲ့လျှင်၊ နောက်ထပ်သူ့လိုမျိုး နေရာကအကိုတစ်ဦးကလည်း ဒီလို နေမှာပါလားလို့ ကိုယ်စိတ်ထဲမှာ အမြဲတမ်း စဉ်းစားပေးစေချင်ပါတယ်။ ကိုယ့်သားသမီးကိုမှ ရွှေ လိုတန်ဖိုးထားပြီး အများသားသမီးရဲ့ တန်ဖိုးကျတော့ နားလည်မပေးနိုင်တာကတော့ လူ့အသိမရှိ ဘူးဆိုတာ ပေါ်လွင်စေပါလိမ့်မယ်။
သိထားသင့်တာက ကံစီမံလို့သာ ဒီလိုဖြစ်ရတာ၊ ကံကို ဘယ်သူပြုလုပ်သလဲဆိုတာ ပါ။ အများသူတွေရဲ့သားသမီးများကိုလည်း စာနာစိတ်နဲ့ လမ်းမှန်ကို ပြသပေးရင် မိမိတို့ရဲ့ သားသ မီးတွေကိုလည်း ပြသပေးဖို့ ဖြစ်လာပါလိမ့်မယ်။ တောထဲမှာ ကောက်ညှင်းထုတ်တဲ့ ဖက်ရွက်ကြီး တွေ ခူးနေတဲ့ မျက်စီစမ်းတ၀ါးဝါးနဲ့ အဖိုးအဖွားတွေကို ထားခဲ့နိုင်ကြတဲ့ သားသမီးတွေ ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင် ဆိုတဲ့လူလေးမျိုးထဲက မထွက်နိုင်ကြသေးဘူးဆိုတာ ပြသနေကြ တာပါ။ သူတို့တစ်နေ့ခံစားမှုကို သဘောတွေ့ကြပါလိမ်မယ်။ လမ်းမကြီးဘေးတွေက အသားတုန် လှုပ်ပြီး တောင်းရမ်းနေတဲ့ သက်ကြီးတွေ၊ ဒုက္ခိတဖြစ်နေကြတဲ့ အဖိုးအဖွားတွေ၊ သူများအိမ်ပေါ် မှာ ခိုကပ်ပြီး အလုပ်လုပ်နေတဲ့ သက်ကြီးတွေ၊ အသက်ကြီးပြီးမှ အလုပ်ကြမ်းဘာဝကို လုပ်နေရ တဲ့ သက်ကြီး အဖိုးအဖွားတွေ၊ သူတို့တွေကို ခံစားမှုနားမလည်သေးတဲ့ သူတို့မွေးဖွားပေးလိုက်တဲ့ သားသမီးတွေက ရှောင်ဖယ်ထွက်သွားကြတယ်။
မိဖနှစ်ဦးက သားသမီး ၁၀ယောက်ကို ကျွေးမွေးနိုင်ပေမယ့်၊ သားသမီးကျင့်ဝတ် ကို ဖောက်ပြားခဲ့ကြတဲ့ လူငယ်တွေကိုတော့ ဘယ်လိုမြင်ကြည့်ပေးရမလဲ။ တကယ်ပဲ ကိုယ်ဖြစ်လာ မယ့် တစ်ချိန်ကို မတွေးမိပဲ အပစ်မဲ့စွာ အနေသာကြီး ရှင်သန်နေကြတဲ့ အသိမဲ့သားသမီးတွေ နောင်တနောင်မှ နောက်ကောက်ဖြစ်ကြရတဲ့ ဘာဝဟာ ဘယ်လောက်ထိ အခံရခက်သလဲ၊ အ သက်ရှုရတာ ကြပ်သလဲဆိုတဲ့ အသိဥာဏ်မရသေးသမျှ ကာလပတ်လုံး လူဖြစ်ရှုံးနေတာပဲ မြင်မိပါ တယ်။ အသက်ကြီးတော့ မလုပ်နိုင် ကြတော့ဘူး။ ဒါကြောင့် သားသမီးအိမ်မှ နေကြရတယ်။ ဒါပေ မယ့် တစ်ချိန်က သားသမီးကို ကျွေးမွေးခဲ့ရတဲ့ မိဖမှာ သားသမီးအတွက် လိုလေသေးမရှိအောင် ရှင်သန်စေပေမယ့် အခုသားသမီးအိမ်ပေါ် ရောက်နေတဲ့အချိန်မှာတော့ သားသမီးအော်တာက တစ်မျိုး၊ မြေးကလေး မထိမဲ့မြင် ပြုတာကတဖုံ ဘယ်လောက်ထိ အခံရခက်နေရှာမလဲ။
ကိုယ်ချင်းစာပေးကြပါ။ တစ်နေ့အားလုံး အိုလာကြတဲ့အခါ လူငယ်တွေ ဒီလို မျိုးအဖြစ်နဲ့ ကြုံချင်ကြမှာ မဟုတ်တန်လေရာ ကိုယ်ချင်းစာပြီး နာလည်သဘောပေါက်ပေးကြပါ။ အရက်သောက်ပြီး မူဝေနေသော စိတ်ကြောင့် စဉ်းစားမရ တစ်ဦးနဲ့ တစ်ဦး လက်တုန်ပြန်ကြ၊ နှစ် ဖက်စလုံးသွေးထွက်သံယိုမှုတွေနဲ့ ဖြစ်နေကြတယ်။ ဒီစိတ်တွေနဲ့ လူငယ်တွေ စိန်ခေါ်ထိုးသတ်၊ ပြစ်မှုတွေနဲ့ အချိန်တွေ ကုန်နေကြတယ်။ သူတို့စိတ်ထဲမှာတော့ ငါတို့ဟာ တစ်ခြားတစ်ဖွဲ့ထက် သတ္တိရှိသောအဖွဲ့၊ ဒီနားတ၀ိုက်မှာ ငါတို့ထက်မိုက်တဲ့ အဖွဲ့မရှိတော့ဘူးလို့ သူတို့သာ သတ္တိအရှိ ဆုံးဆိုပြီး ထင်နေခဲ့ကြတယ်။ သူတို့ကိုယ်သူတို့တော့ အသုံးဝင်သော သတ္တိ၊ အသုံးမ၀င်သော သတ္တိဆိုပြီး ခွဲ့ခြားဝေဖန်တက်တဲ့ အသိမရှိကြတော့ပါဘူး။ ဒီလိုနဲ့ ဒီလူ့ပတ်ဝန်းကျင်မှာ သူတို့အ ချိန်ကုန်ခဲ့ကြတယ်။
ကြေကွဲဝမ်းနည်းစရာ ကြိမ်ဖန်များစွာ ဖြတ်သန်းခဲ့ကြပြီးနောက်မှာတော့ အ နည်းငယ် သိလာကြတော့တယ်။ ကိုယ်ချင်းစာစိတ်ကလေးတွေ ၀င်လာမိခဲ့ကြတယ်။ ငါတို့အငယ် တုန်းက လုပ်ခဲ့၊ ရမ်းကားမှုခဲ့မှုတွေဟာ ၀ဋ်လည်စေပြီ၊ အခုတို့သားသမီးတွေ လက်ထက်မှာ ခံစား မှုတွေနဲ့ ဖြတ်သန်းလာခဲ့မိချိန်မှာတော့ အများကြီးနားလည်ခဲ့ကြပါပြီ။ အသိရှိမှုရဲ့ကွာခြားမှုရလဒ်၊ အသိမဲ့မှုရဲ့ ကွာခြားမှုရလဒ်ကို နှိုင်းယှဉ်ပြီး အသိစိတ်ဓာက်နဲ့ ကြည့်တက်ပြီး အလင်းလမ်းမကြီးကို ရှာဖွေနိုင်ကြပါစေ။
အချိန်တစ်ချိန်ထဲမှာ အခြေအနေဟာ မိမိနဲ့ အများအတွက် မကောင်းဘူး ဆိုရင် ဒီလိုလုပ်ရပ်မျိုးကို ချပြဖို့ တန်ပါမည်လား။ မိဖ၊ ညီအကိုမောင်နှမ၊ ဆွေမျိုးအားကောင်းမှု ရဲ့အရှိန်တွေကြောင့် လုပ်ချင်သလိုလုပ်၊ မိုက်မဲနေကြမယ်ဆိုလျှင် ကိုယ်ချင်းစာပါဆိုတဲ့ နာမ်စားကို ပိုင်ဆိုင်တဲ့ သူကြီးကံဆိုတဲ့ တရားသူကြီးလက်ထဲကို တစ်နေ့ရောက်ရှိလာပြီး သင်တို့ အပြစ်ပေးခံ ရပါလိမ့်မယ်။ အဲဒီအချိန်ကြမှ ဆရာသမားကောင်း(အကျင့်မြတ်)ကို မတမ်းတနဲ့လို့ အမှာစကားပြု ရင်း . . .
. . . ကိုယ်ချင်းစားနာမှုကို နားလည်ပေးနိုင်သော လူငယ်များ ဖြစ်ကြပါစေ။ . . .
လောကလူ(အတွေးအခေါ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...