Sunday, April 22, 2012

"မသင်မနေရ မူလတန်း ပညာရေးဝန်ကြီးဌာန ကူညီမည်"


by DVB Youth Voice on Sunday, April 22, 2012 at 5:49pm 

ရန်ကုန်၊
ဧပြီ ၁၇

တစ်နိုင်ငံလုံးရှိ မူလတန်း ကျောင်းနေအရွယ်ကလေးများ ပညာဆည်းပူးနိုင် ရန်အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဟု ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
''အရင်တုန်းက တစ်ရာမှာ ရှစ်ဆယ် တက်တယ်။ အခုဆိုရင် လာမယ့်နှစ်မှာ ၈၅-၉ဝ လောက် တက်နိုင်အောင် ဆောင်ရွက်သွားမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူ က ပြောသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်အတွင်း မသင်မနေရ မူလတန်းစနစ်ကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ မူလတန်းအဆင့် ကျောင်းသား များအား ပြဋ္ဌာန်းစာအုပ်များအပြင်
ကျောင်းသုံး ဗလာစာအုပ်အခမဲ့ ထောက်ပံ့သွားမည်ဖြစ်ရာ မူလတန်း အဆင့် ကျောင်းနေကလေး တိုးတက်မြင့်မားရေး အတွက် ထိုထောက်ပံ့ ကူညီမှုများမှာ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ထပ်လောင်း ဆိုသည်။

''ဒါက မူလတန်းအဆင့်ပါ။ ကျောင်းနေကလေးတွေ တိုးဖို့လုပ်ပေးတာ မျိုး ဖြစ်တယ်။ နောက်ပြီးတော့ ဆင်းရဲနွမ်းပါးပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးဝန်ကြီးဌာန ကနေပြီးတော့ လာမယ့်ပညာ သင်နှစ်မှာ ထောက်ပံ့ကြေးပေးဖို့လည်း ရှိတယ်''ဟု ၄င်းကဆိုသည်။
နိုင်ငံရှိ မူလတန်းကျောင်းနေအရွယ် ကလေးငယ်အချို့ စာသင်ခန်းပြင်ပ သို့ ရောက်ရှိကာ အလုပ်ခွင်ထဲသို့ ရောက်ရှိနေမှုအား ဆွဲထုတ်နိုင်မှ နိုင်ငံ၌ ပညာတတ် လူငယ်လူရွယ်များစွာ တိုးတက်နိုင်မည်ဟု မြန်မာ့ပညာရေး စောင့်ကြည့်လေ့လာသူ အချို့က သုံးသပ်ကြသည်။
''ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးငယ်တွေ စာသင်ခန်းမှာပဲ ရှိနေရမယ်။ အခု ဒီလိုမဟုတ်ဘဲ မြို့ကြီးတွေနဲ့ နယ်မြို့အချို့တွေမှာ စားပွဲထိုးလုပ်နေရတာ၊ အိမ်ဖော် လုပ်နေရ တာတွေကို တွေ့ရတယ်။ ဒါတွေ မြင်နေရတာ စိတ် မသက်သာဘူး။ နိုင်ငံအနေနဲ့ ဒါတွေကို ကူညီပေးသင့်တယ်။ ဆိုလိုတာကတော့ သူတို့တွေကို စာသင်ခန်းထဲထိ ရောက်အောင် ဆွဲခေါ်ပေး ရမယ်'' ဟု မြန်မာ့ပညာရေး စောင့်ကြည့်သူ တစ်ဦးကဆိုသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ အမျိုးသားစီမံကိန်း စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်တမ်း အရ နိုင်ငံ၌ မူလတန်း ပညာရေး ပြီးဆုံးမှုနှုန်း၊ မူလတန်း တက်ရောက်မှုနှုန်း မှာ ထွက်ပေါ်လာသည့် စာရင်းအရ အားရမှုမရှိဟု မြန်မာ့ပညာရေး လေ့လာ သူအချို့က ထောက်ပြသည်။

.uiUfiAddComment .mentionsAddComment .textBoxContainer, .uiUfiAddComment .mentionsAddComment .mentionsTypeahead { width:100%; float: left;} #megaphone_story_50{display:none !important}.permalinkBody {background-color: white !important;} .permalinkBody #contentArea {border: 0px !important; width: 560px !important;} .permalinkBody .fbTimelineUFI{ margin-left: 70px !important;} .fbTimelineUFI .uiUfi .ufiItem {border-bottom: 1px solid #D2D9E7 !important} .permalinkBody .permalink_stream .uiStream .uiStreamMessage, .permalinkBody .permalink_stream .uiStream .uiStreamAttachments {padding-left: 75px !important;}

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...