Saturday, April 14, 2012

ဆေးဝန်ထမ်းတွေနဲ့ လက်အိတ်


by Khun Saing on Sunday, April 15, 2012 at 10:26am 

ဇွဲရန်နိုင်ရဲ့ အပြုံး နဲ့ မေတ္တာ

 အိန္ဒိယမှာ ဆေးရုံတက်နေတဲ့ ကိုစောလှိုင်နဲ့ ခုတလော- မကြာခဏဖုံး- စကားပြောဖြစ်ပါတယ်။ သူ့ကျန်းမာရေးက ကောင်းမွန်လာပြီဖြစ်ပါတယ် ။ အခု ချုပ်ရိုးဖြည်လိုက်ပါပြီ။ သူ့ချုပ်ရိုးတွေဖြည်တုန်းမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ကို မတင်ချင်ဘူး။  မိတ်ဆွေတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ။ သူ့အသက်ကို ကယ်လိုက်တဲ့ သားတော်မောင် ဇွဲ ဓါတ်ပုံပဲ တင်လိုက်ပါတယ်။

 အဓိကကျွန်တော် ပြောချင်တဲ့ အကြောင်းက သူတက်နေတဲ့ ဆေးရုံမှာ ဗမာပြည်က အသဲအစားထိုးဘို့ လူနာ ၉ယောက်ရောက်နေတဲ့အကြောင်း ။ အဲဒီအထဲက လူနာ ၆ယောက်က ဆရာဝန်တွေဖြစ်တဲ့အကြောင်းပါ။  သမားတော်တွေပါတယ်။ အသက် ၃၀ လောက်သာရှိသေးတဲ့  ရန်ကုန်မြို့လည်ခေါင်က ဆရာဝန်လည်းပါတယ်။ ရောဂါလက်သည်တရားခံက စီပိုး ကူးစက်ခံရတာပါ။ လူနာတွေနဲ့ နေ့တဓူဝထိစပ်နေရတဲ့ သူတို့ကို စီပိုး ကူးစက်တာပါ။

                     ကျွန်တော်သိသလောက် ဆရာဝန်တော်တော်များများ ခုထိ လက်အိတ်မစွပ်ပဲလူနာကို စမ်းသတ်နေကြတုန်းပါ။ သူနာပြုတွေ နဲ့ တခြားဆေးဝန်ထမ်းတွေလည်း ဒီလိုပါပဲ။ လက်အိတ်စွပ်စမ်းသတ်တာက  ကျွန်တော်တို့ ဓလေ့ထုံးစံနဲ့ နဲနဲ အားနာစရာကောင်းလို့လည်းဖြစ်ပါလိမ့်မယ်။ လက်အိတ်အလွယ်တကူမရတာ။  ဈေးပေါပေါ မသုံးနိုင်တာလည်း ဖြစ်နိင်ပါတယ်း သူအကျိုးဆက်က ကြီးပါတယ်။

             ဗမာပြည်မှာ စီပိုးဘယ်လောက်အထိ အန္တရာယ်ပေးနေတယ်ဆိုတာ ကိန်းဂဏန်းအရ ကျွန်တော်မသိပါ။ ကျွန်တော်မိတ်ဆွေတွေအမျိုးတွေထဲမှာ စီပိုးကြောင့်အသဲကင်ဆာနဲ့ ဆုံးပါးတာ ၃ဦးရှိတာပြန်အမှတ်ရပါတယ်။ မကြာခင်က ဆုံးပါးသွားသူ နိုင်ငံရေးအကျဉ်းသား၂ဦးဟာလည်းအသဲကင်ဆာနဲ့ပါပဲ။စီပိုးကာကွယ်ဆေးက ဈေးကြီးပါတယ်။ လူတိုင်းလက်လှမ်းမမှီပါ။

                       အသုတ်ကြိုက်တဲ့လူမျိုးတွေ သတိထားနိုင်ကြဘို့။ အသဲရောက်အသားဝါလူနာကို ထိစပ်နေရသူတွေ မပေါ့ဆကြဘို့ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...