Friday, April 20, 2012

မြန်မာ့ပညာရေး မြှင့်တင်ပေးပါ


by Ye Min Tun on Wednesday, April 4, 2012 at 1:54pm

မြန်မာ့ပညာရေးကို မြှင့်တင်စေချင်တယ် ကျနော်တို့ ငယ်ငယ်က ပညာသင်ကြားခဲ့တဲ့ ပညာရေးစနစ်ရဲ့ စာသင်ခန်း (Traditional Classroom)ကို  ပြောင်းလွဲပေးရန် မျော်လင့်ပါသည်။ ဘာလို့လဲဆိုတော့ တိုးတက်နေတဲ့ နိုင်ငံတွေနှင့် အင်မတန်မှ ကွာခြားလွန်းလို့ပါ။ ဟောဒီမှာမေးခွန်း ဒါကအဖြေ ဆိုတဲ့ ပညာသင်ကြားရေး စနစ်သည် အောင်မြင်လိုတဲ့ တိုင်းပြည်တခု အတွက် အဆိပ်လိုပါပဲ။ သင်ရိုးညွှန်းဖတ်စာ(Curriculum) တွေကို ပြောင်းလွဲပစ်ဖို့ လိုအပ်နေပါပြီ။ အဲဒါတွေဟာ အစိုးရလုပ်ပေးမှ ရမယ့်အရာမျိုး မဟုတ်ပါဘူး အောင်မြင်တဲ့ စီးပွါးရေးသမားများနှင့် ပညာရှင်များ ပေါင်းလုပ်ရင်လဲ ရနိုင်ပါသည်။

သက်သေပြချက် အဖြစ် အမေရိကန်ပြည်ထောင်စု အပြောင်းလဲတခုအရင်စပြောရအောင် Microsoft တည်ထောင်သူ သူဌေးကြီးဘီးဂိတ်(Bill Gates) အိုမင်းခေတ်နောက်ပြန်ဆွဲ နေတဲ့ အမေရိကန်ကျောင်းတွေ( U.S. schools as obsolete) လို့ ဝေဖန်ပြီး၊ ကျောင်းတွေကို ပြောင်းလွဲပစ်ဖို့ သူကြိုးစားတယ်။ IBM နှင့် Microsoft အနေနှင့် အဆင့်မြင့်နည်းပညာကျောင်း (High Tech Highs) တွေတည်ထောင်တယ်။ အဲဒီအဆင့်မြင့် ကျောင်းတွေက ခေတ်မှီနည်းပညာ အချက်လက်တွေကို ကျောင်းသားတွေကို သင်ပေးတယ်။ ရရှိလာတဲ့ ပညာတက်တွေဟာ သူတို့ စီးပွါးရေးနယ်ပယ်ချဲ့ထွင်ဖို့ အတွက် ပြန်လည်အသုံးပြုရန် အသင့်ဖြစ်ပြီးသား တပ်သားသစ်တွေ ဖြစ်လာသည်။ ဒီလိုဖြစ်လာအောင် လိုအပ်တာတွေအကုန် သင်ကြားပေးမယ့် ကျောင်းကို ဖန်တီးလိုက်တာ။ အဆင့်မြင့်နည်းပညာကျောင်း(High Tech Highs) မှာ မသင်တဲ့ ကျောင်းသားတွေက လုပ်ငန်းခွင်ရှာဖို့ ခက်ခဲသွားတယ် လုပ်ငန်းခွင်အတွက် နောက်ထပ် အချိန်ပေးပြီး IT နည်းပညာပိုင်းဆိုင်ရာ ဆည်းပူးမှုတွေ လုပ်ရလို့  ငွေထပ်ကုန်တယ် ပိုဆိုးကတာ အချိန်တွေထပ် ရင်းနှီးရတာ။ IT နည်းပညာပိုင်းဆိုင်ရာ ပညာရပ်တွေကို ဒီတော့ လုပ်ငန်းခွင် လိုအပ်ချက်အရ နည်းပညာကျောင်းတွေ လိုအပ်လာမှန်း သိလာတဲ့ အမေရိကန်ပြည်ထောင်စု အစိုးရသည် ပညာသင်ကြားရေး စနစ်ကို ပြောင်းလွဲမြှင့်တင်ပေးရတော့သည်။ ကစားပွဲလေးက ဒါပါပဲ ရှဥ့်လဲလျှောက်လို့ရသွားသလို ပျားလဲစွဲသွားတဲ့ တိုက်ပွဲလေးပါပဲ။ High Tech Highs တွေတည်ဆောက်တုန်းက IT နည်းပညာတွေကို အခြေခံပြီး ဘာသာရပ်တိုင်းကို သင်ကြားပေးဖို့ အတွက် တည်ဆောက် လိုက်တာ။ မျက်မှောက် အမေရိကန်ပြည်ထောင်စု ပညာသင်ကြားရေး စနစ်တွေမှာ ကွန်ပြူတာနှင့် IT အထောက်ကူပြု ပစ္စည်းတွေ အကုန်သုံးရတဲ့ အတွက် IBM နှင့် Microsoft နှစ်စဉ် သန်းထောင်ပေါင်းချီတဲ့ အမြတ်တွေကို ပြန်ရတယ်။ နောက်ပိုင်းလူငယ်တွေက ဘီးဂိတ် (Bill Gates)ကို ကျေးဇူးမတင်ပါဘူး အသားလို့အရိုးတောင်းတဲ့ ရင်းနှီးမြှုပ်နှံသူ(investor) လို့ပဲမြင်တယ်။ တခုတော့ သေချာတာ High Tech Highs ကိုတော့ ပေါ်ပေါက်လာဖို့ မလိုအပ်ဘူးလို့ အမေရိကန်ပြည်ထောင်စုမှာ ဘယ်သူမှ မပြောပါဘူး။ 

မြန်မာ့ပညာရေး ပြန်ဆက်ရအောင် ဒီတော့ ကျနော်တို့ကျောင်းတွေကို ပြောင်းလွဲပစ်ဖို့ မြန်မာနိုင်ငံက အစိုးရထက် သန်းကြွယ်သူဌေးကြီးတွေ စဉ်းစားရမယ့် အချက်ပါ။ လူတိုင်း ကွန်ပြူတာ သုံးဖို့မလိုတဲ့ ပညာရေး လုပ်ငန်းခွင်အခြေနေ စီးပွါးရေးအခြေနေ မရှိတဲ့ တိုင်းပြည်မှာ ကွန်ပြူတာရောင်းဖို့ စက်ရုံတည်ရင် ဟာသဖြစ်သွားမှာပေါ့။ ဒီတော့ လူတိုင်းကွန်ပြူတာ သုံးရမည့် အခြေနေတွေ ဖန်တီးရမည် အလုပ်ကိုင်ခွင့်တွေ အခွင့်လမ်းတွေကို ဖန်တီးပေးလိုက်ရင် မြန်မာ့ဘီးဂိတ်တွေ ဖြစ်လာနိုင်သလို မြန်မာ High Tech Highs ကျောင်းတွေ ဖြစ်ထွန်း လာမှာပါ။ အစိုးရလုပ်ပေးမှ ခေါင်းဆောင်တွေလုပ်ပေးမှ ဆိုတဲ့ လမ်းဟောင်းကြီးက ဖေါက်ထွက် စေချင်တယ်။ တခုပဲ စေတနာတော့မှန်ဖို့လိုပါသည် အမြှီးကျက်အမြှီးစားဖို့ ဖန်တီးတာမျိုးက ရေရှည်မှာ မလွယ်လှပါဘူး ခဏတော့ လူချောဖြစ်နေမှာပါ နောက်တော့ ကျရူံးရပါလိမ့်မယ်။ အခုနောက်ပိုင်း အဆင့်မြင့်ပညာသင်ကြားရေး အတွက် ကြော်ငြာတွေကို ကျနော် စိတ်ဝင်တစားဖတ်တယ်။ ဘာတွေတွေ့လဲ ဆိုတော့ တပတ်အတွင်း အပြီးသင်ပေးတဲ့ ပညာရပ်ကို အာမခံနေတာ ဖတ်ရတဲ့ လူတောင်ရှက်လာရတာမျိုး ရှိတယ်။ စံနှုန်းတွေ ဥပဒေသတွေ မရှိသေးခင်မှာတော့ ဒီလိုတွေ လုပ်နေကြပေမယ့် စံနှုန်းတွေရှိလာတဲ့ အခါမှာတော့ ဒီလိုကျောင်းတွေက ဖယ်ရှားစရာမလိုပဲ အလိုလို ပျောက်ကွယ်သွားမှာပါ။ ပြည်တွင်းက လူငယ်တွေနှင့် စကားပြောကြည့်တဲ့ အခါ ပြည်ပက ဆရာတွေနဲ့သင်တဲ့  ကျောင်းမှန်း သင်တန်းမှန်း ခွဲရခက်တဲ့ စာသင်ခန်းတွေ အများကြီးဖြစ်နေတာကို သိရတယ်။ ပွင့်လင်းတဲ့ အချိန်တွေမှာ ဒါတွေက ကြောက်စရာ မရှိပါဘူး ပင်လယ်ရေလို အချိန်တန်ရင် အမှိုက်က ကမ်းတင်သွားပြီး ရေက ပင်လယ်မှာ ရှိနေမှာ။ နောက်ပိုင်းမှာ လက်ရှိပညာသင်ကြားရေး စနစ်ပုံ ဖြစ်တဲ့ လွတ်လပ်စွာတွေးခေါ်ကြံဆခြင်း (Thinking Outside of Box)၏ ကျောင်းသားအပေါ် အကျိုးဖြစ်ထွန်းမှုကို ရေးပေးသွားပါအုန်းမည်။ ဒီလို ပညာသင်ကြားရေး Critical Thinking skills ပုံစံတွေကို တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် ဂျပန်တို့မှာ အပူတပြင်း ပုံတူကူးနေပြီ ဒါကြောင့်လဲ ဒေသတွင်း အကျိုးဖြစ်ထွန်းမှုတွေ တဟုန်ထိုး တိုးတက်နေတာကို တွေ့ရမှာဖြစ်ပါသည်။ တဦးတယောက်ထဲ မိုးပျံအောင် ပညာတွေသင်ပြီး လုပ်ငန်းတခုကို မောင်းနှင်လို့ ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ ပညာတက်တွေများမှ ဒေသတွင်းဖွံ့ဖြိုးမှု ပိုမိုရရှိမှာဖြစ်ပါသည်။

ရဲမင်းထွန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...