Friday, April 20, 2012

တိုင်းပြည်အနာဂတ် ကောင်းစားဖို့ကိုသာ စဉ်းစား ဆုံးဖြတ်ကြပါ


by Lwin Aung Soe on Saturday, April 21, 2012 at 10:38am


ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲ ဝင်မလာနိုင်အောင် စစ်အာဏာရှင် လူတစုက နည်းအမျိုးမျိုးနဲ့ ထိန်းချုပ် ကန့်သတ်တာတွေဟာ ၁၉၈၈ ခုနှစ်ကတည်းကပါပဲ။ သူတို့ဘက်က ဆက်လုပ်ဖို့ မတတ်သာတဲ့အတွက် တဆင့်ပြီးတဆင့် လျှော့ပေးခဲ့ရာမှာ အခုနောက်ဆုံ့း အရပ်သားအစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေကို ထိထိရောက်ရောက် လုပ်ပေးနိုင်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်ထဲကို ဝင်ရောက်လာနိုင်တဲ့အထိ ဖြစ်နေပါပြီ။


ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ထဲကို ရောက်မလာရင် နိုင်ငံရေး ရည်မှန်းချက်တွေကို ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ဒီလိုပဲ အစိုးရရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကလည်း ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဒီမိုကရေစီ ရည်မှန်းချက်တွေလည်း ကွယ်ပျောက်နေဦးမှာ ဖြစ်ပါတယ်။

အားလုံးပါဝင်တဲ့ နိုင်ငံရေး မဟုတ်ဘူးဆိုရင် လွှတ်တော်အပါအဝင် အစိုးရအနေနဲ့ ရှေ့ဆက်လုပ်ရမယ့်ကိစ္စတွေမှာ အခက်အခဲတွေ ပြန်ရှိလာမှာ ဖြစ်ပါတယ်။ တဘက်မှာ စီးပွားရေးနဲ့ သံတမန်ရေး ပိတ်ဆို့ပြစ်ဒဏ်ခတ်တာတွေ အပေါ် တနှစ်ဆိုင်းငံ့တာတွေ၊ တချို့ ပြန်လည်ရုပ်သိမ်းတာတွေအပြင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေအားလုံး သဲထဲရေသွန် ပြန်ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရေးကြောင့် ဖြစ်ရတဲ့ ဒီလိုကိစ္စတွေ ပြန်ဖြစ်လာရင် နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးမှာလည်း ဖွံ့ဖြိုး တိုးတက်လာတော့မှာ မဟုတ်ပါဘူး။ လူတိုင်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ မဖြစ်ဘဲ ရှိနေပါလိမ့်ဦးမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင်း နိုင်ငံရေးကို လုပ်ရတဲ့ ရည်ရွယ်ချက်ကို ထပ်ရေးပြပါဦးမယ်။
(၁) တရားဥပဒေ စိုးမိုးရေး
(၂) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
(၃) အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးတို့ ဖြစ်ပါတယ်။

ဒီရည်ရွယ်ချက် ၃ ခုကို မဖြစ်စေရအောင် နည်းအမျိုးမျိုးနဲ့ တားဆီးချင်ပုံမျိုးတောင် ဖြစ်လာတာကို တွေ့နေရပါပြီ။ တကယ်လို့ တားဆီးချင်နေပြီဆိုရင် တားဆီးသူတွေဟာ တိုင်းပြည်အကျိုး ဖြစ်ထွန်းစေလိုတဲ့ဆန္ဒ မရှိတဲ့သဘော၊ အမျိုးသားရေးစိတ်ဓါတ် ခေါင်းပါးတဲ့သဘော ဖြစ်သွားနိုင်တာကို သတိပြုစေလိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားဟာ အမျိုးသားစိတ်ဓါတ်ကို အခြေခံနိုင်မှ ဒီမိုကရေစီ ဖြစ်ထွန်းနိုင်မှာကိုလည်း အမြော်အမြင် ကြီးကြီးမားမား ထားစေလိုပါတယ်။  

လွင်အောင်စိုး
၂၁-၄-၂ဝ၁၂
......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...