Wednesday, April 4, 2012

ဖတ်စရာ မှတ်စရာ (၂၁)


[By Dhamma Garden ]

ဘီလ်ဂိတ်
နည်းပညာလောကမှာ ၃၅နှစ်ကြာ ကြီးစိုးလာခဲ့တဲ့ ဘီလ်ဂိတ်တစ်ယောက် ယခုနှစ် ဇွန်လ ၂၇ရက်နေ့မှာ သူ့ရဲ့Microsoftကို လက်ပြနှုတ်ဆက် သွားပါပြီ။ ငြိမ်းချမ်းစွာ ခွဲခွာခဲ့တယ် ဆိုပေမယ့် သူ့လိုလူမျိုး ဘယ်သူ့ကို အစားထိုးမလဲဆိုတာ မေးခွန်းတွေဖြစ်လာပါတယ်။ တနည်းအားဖြင့် နောက်ထပ်ဘီလ်ဂိတ်တစ်ဦး ဘယ်လိုဖြစ်လာနိုင်လဲ ဆိုတာကိုပါ။ ဘီလ်ဂိတ်ရဲ့ အကြောင်းကိုအခြေခံပြီး သူ့လိုပုဂ္ဂိုလ်မျိုး ဖြစ်လာနိုင်မယ့် အချက်တွေကို လေ့လာသူတွေက အချက် ၇ချက်နဲ့ သုံးသပ်ထားပါတယ်။ ဝေဖန်ရေးသားချက် ၇ချက်နဲ့ ကိုက်ညီခဲ့ရင် နောက်ထပ် ဘီလ်ဂိတ်တစ်ဦး ပေါ်လာဦးမှာပါတဲ့။


(၁) ချာတိတ်ဘဝမှာ စဖို့လိုတယ် ဘီလ်ဂိတ်က ငယ်ငယ်လေးထဲက ကွန်ပြူတာနဲ့ ရင်းနှီးနေခဲ့တာပါ။ အလယ်တန်းကျောင်းသားဘဝမှာ ပရိုဂရမ်တွေ ရေးနေပါပြီ။ ကလေးသာသာအရွယ်ဖြစ်ပေမယ့် ဂိတ်က အရေးပါတဲ့ အချက်များကို ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ လူကြီးဖြစ်လာတော့ သူ့မှာ တည်ငြိမ်တဲ့ ကြံဆမှုတွေ လုံလုံလောက်လောက် ရှိနေပါပြီ။

(၂) အမြင်ကျယ်ရမယ် အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ရမယ် ဘီလ်ဂိတ် ၁၇နှစ်သားအရွယ်မှာ ဆော့ဖ်ဝဲကုမ္ပဏီကိုဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကော်ပိုရေးရှင်းကြီးဖြစ်လာမယ့် အိပ်မက်ဖြစ်ခဲ့ပြီး ဘီလ်ဂိတ်ရဲ့ ပင်ကိုအရည်အချင်းကို စမ်းသပ်တဲ့အချက်လည်း ဖြစ်ခဲ့ပါတယ်။ ဘီလ်ဂိတ်သည် ပြဿနာဖြေရှင်းခြင်းနဲ့ အကြံအစည်များကို အကောင်အထည်ဖော်ခြင်းတို့တွင် စိတ်ဝင်စားဖို့ကောင်းလောက်အောင် ထူးချွန်သူဖြစ်ပါတယ်။

(၃) အကြောင်းပြချက်တွေနဲ့ စည်းကမ်းချိုးဖောက်တတ်ရမယ် ကျောင်းပညာရေးသည် ဂိတ်အတွက် မဟုတ်ခဲ့ပါ။ ဒါကိုသိခဲ့လို့ အသက်၂ဝ အရွယ်မှာ တက္ကသိုလ်ကိုကျောခိုင်းခဲ့ပြီး မိုက်ခရိုဆော့ဖ်ကို တည်ထောင်ခဲ့ပါတယ်။ သင့်အနေနဲ့ ဒီလိုမျိုး ရွေးချယ်ရဲပါ့မလား။ တကယ်တမ်းမှာ ဘီလ်ဂိတ်အတွက် အမှားတစုံတရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်စီးပွားရေးမှာ စွန့်စွန့်စားစား ဆုံးဖြတ်ရတာတွေ ရှိနိုင်ပါတယ်။ ကံကောင်းဖို့လည်း လိုတာပေါ့။

(၄) အပေါင်းအသင်းရွေးတတ်ဖို့လည်း လိုတယ် ဘီလ်ဂိတ်နဲ့ လက်တွဲ အလုပ်လုပ်နေသူ အများစုဟာ အသက်ကြီးမှ ရွေးချယ်ခန့်ထားတဲ့ ဝန်ထမ်းများမဟုတ်ပါဘူး။ Pall Allen ဆိုရင် ဘီလ်ဂိတ်၁၃နှစ်သား ထဲက လက်တွဲခဲ့သူပါ။ အခုမိုက်ခရိုဆော့ဖ်ရဲ့ CEO Steve Ballmer ကလည်းဟားဗာဒ့်တက္ကသိုလ်မှာ စတွေ့ခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ဦးပါ။ သူတို့ရဲ့ သစ္စာရှိစွာ လက်တွဲခဲ့ကြတဲ့အချက်ဟာလည်း အောင်မြင်မှုရဲ့ အခြေခံအချက်ပါ။

(၅) ပုံရိပ်ကိုတည်ဆောက်ပါ ဘီလ်ဂိတ်သည် သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲရာတွင် အောင်မြင်ခဲ့ပါသည်။ အခုဆို သာမန်ကျောင်းသားလေးဘဝမှ ပရဟိတလုပ်ငန်းရှင်ကြီး ဖြစ်နေပါပြီ။ ကမ္ဘာတဝှမ်း ပြည်သူတို့က ဂိတ်ကိုသိလာပါတယ်။ အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတာထက် အများအကျိုးကို သယ်ပိုးသူဆိုပြီးပြောင်းပြီး သိတာပါ။

(၆) အားရကျေနပ်နေလို့မရပါ ဘီလ်ဂိတ်သည် အသက်၃၈နှစ် အရွယ်မှာ ကုဋေကြွယ်သူဌေးဖြစ်ခဲ့ပေမယ့် သူ့ရဲ့အလုပ်တွေကို မရပ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကျိုးအမြတ်ရဖို့ထက် သူ့ရဲ့ဆန္ဒများကို အကောင်အထည်ဖေါ်ဖို့က အဓိက ဖြစ်နေခဲ့ပါတယ်။ အတွေးသစ်တွေအတွက် အောင်မြင်အောင် လုပ်ဆောင်ဖို့အတွက်သာ အစွဲအလမ်းကြီးခဲ့တယ်။ အကျိုးအမြတ်နဲ့ ငွေဆိုတာ နောက်ကအလိုလို ကပ်ပြီးလိုက်လာပါတယ်။

(၇) ကိုယ့်ကိုကိုယ်သိပါ ဘီလ်ဂိတ်သည် သူ့ရဲ့ဆန္ဒနဲ့ စိတ်အားထက်သန်မှုကို အကောင်အထည်ဖော် လုပ်ဆောင်ရာမှာ အောင်မြင်မှုများ ရခဲ့ပါတယ်။ သူ့ရဲ့ဆန္ဒတခုဖြစ်တဲ့ ပရဟိတလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ရာက အခု အပြည်အဝ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ဂိတ်က "သူမယုံကြည်တဲ့ အလုပ်ဆိုရင် ဘယ်တော့မှ မလုပ်ဘူးလို့" ပြောဖူးပါတယ်။

@mmcybermedia

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...