သိပ္ပံဆိုင်ရာ အသိပညာ အပိုင်း(၄)
Hawking က သူ၏နာမည်ကျော်ဖြစ်သော “A Brief History of Time” ၌ စင်္ကြာဝဠာ ဖြစ်စဉ်၏အစ ရှိကို ရှိရမည်ဟု အခိုင်အမာတင်ပြထားသည်။ ဤအချက်ကို အခြားသူတွေလက်ခံလာအောင် သူဘ၀နင့်ရင်း၍ ကြိုးပမ်းလုပ်ဆောင်မည်ဟု ဆက်လက်တင်ပြထားပါသည်။ ထို့နောက်သူက “ဘုရားသခင်သည် ကြွေအံ ကစားယုံမျှမက ကြွေစေ့ ကလေးမျာကို လူတို့မမြင်ကွယ်ရာသို့ ပစ်ပေါက်တက်ကြောင်း” အိုင်းစတိုင်း၏ အယူအဆကို ဆန့်ကျင်ပြောဆိုပါသည်။ Black Holes များ၏ သဘာဝကို လေ့လာသောအခါ ဤသဘောကို တွေ့ရသည်ဟု သူကဆိုပါသည်။
စင်္ကြာဝဠာကြီး၏ မူလအစဖြစ်တည်မှုကို Hawking က အထူးအာရုံစိုက်ပါသည်။သိပ္ပံပညာအကြောင်း ရှင်းလင်းပြောကြားရခြင်း၊ ယင်းနှင့်ပတ်သက်သော မေးခွန်းများဖြေဆိုရခြင်းကို နှစ်ခြိုက်သည်ဟု သူက ထုတ်ဖော်ပြောဆိုပါသည်။ ထို့အပြင် စင်္ကြာဝဠာစနစ်ကြီးသည် လူုတို့နားမလည်နိင်လောက်အောင် ရှုပ်ထွေး နက်နဲလွန်းလှသည် ဆိုသောအမြင်ကိုလည်း သဘောမတုကြောင်း သူကဆိုပါသည်။
ပြီးပြည့်စုံသော သိမြင်နားလည်ခြင်းဆိုသည်ကိုလူသား၏ အသိညဏ်စွမ်းပကားကလက်လှမ်းမီရာ၏ ဟု သူက ယုံကြည်ထားလေသည်။ ကျွန်နုူပ်တို့သည်အမြဲတမ်းဆိုသလိုအမှောင်လမ်းတွင်စမ်းတ၀ါးဝါး လျှောက်လှမ်း နေသူများတော့ မဟုတ်ပါ။ မဝေးတော့သော အနာဂတ်ကာလတွင် လူသားတို့အနေဖြင့် စကြ်ာဝဠာ အကြောင်း ပြည့်ပြည့်စုံစုံ နားလည်တန်ကောင်းပါသည်ဟုလည်းသူမျှော်လင့်ထားသည်။ လူ့အသိဥာဏ် လေးကန်ထိုင်းမှိုင်း ပြီး မျော်လင့်ချက်ဆိတ်သုန်းနေခြင်းထက် လောကအကြောင်း ပြည့်ပြည့်စုံစုံသိမြင်နားလည်ရေးကို ကြိုပမ်း လုပ်ဆောင်ခြင်းကပိုကောင်းမွန်မှန်ကန်သည်ဟု သူကကောက်ချက်ဆွဲလိုက်ပါသည်။
စကြ်ာဝဠာကြီးကိုဖန်တီးဖို့ ဘုရားသခင်လိုအပ်ပါသလား စကြ်ာဝဠာကြီးဟာဘုရားသခင်အလိုကျ စခန်းသွား နေသလားဆိုသည်ကို Hawking က စူးစမ်းလေ့လာကြည့်သည်။ ကျွှန်နုပ်တို့ဘယ်ကလာသနည်း ဘယ်လို ဦးတည်ချက်နှင့် ခရီးဆက်နေသနည်း ဆိုသည်ကိုလည်းစူးစမ်း အဖြေရှာလေ့ရှိပါသည်။ Hawking အဆိုပြု တင်ပြလိုက်သည့်အဖြေကား” စကြ်ာဝဠာကြီးကို မည်သည့်ဘုရားသခင်ကမျှ ဖန်ဆင်းမထားသလို စကြ်ာဝဠာကြီး ပျက်သုန်းသွားအောင် ဖျက်ဆီးပစ်မည့် တန်ခိုးတော်ရှင်လည်းမရှိ”ဟူ၍တည်း။
သို့ဆိုလျှင်အဘယ်သော အကြောင်းကြောင့်ကျွှန်နုပ်တို့သိမြင်တွေ့ရှိထားသည့်အတိုင်း စကြ်ာဝဋ္ဌာ စနစ်ကြီး တည်ရှိနေရသနည်း။ အဖြေကတော့ ဤကဲ့သို့မဟုတ်ဘဲအခြားနည်းဖြင့် စကြ်ာဝဋ္ဌာကြီး တည်ရှိနေသည် ဆိုပါက ယခုလိုမေးခွန်းထုတ်မည့် သူတစ်ဦးတစ်လေမျှ မရှိနိင်ဟူ၍ပင်။
မကြာမီအချိန်ကာလတွင် လူသားတို့အနေဖြင့် စကြ်ာဝဋ္ဌာအတွင်းရှိ တသမတ်တည်းရှိသော လိုက်ဖက်ညီသော ဖြစ်စဉ်ပုံစံများကိုရှာဖွေတွေ့ရှိလိမ့်မည်ဟု Hawking မျှော်လင့်ထားပါသည်။ သူမျှော်လင့်ထားသည့် အတိုင်း ဖြစ်လာမည်ဆိုလျှင်တော့ လူသားယဉ်ကျေးမှုဖြစ်စဉ်တွင် အရေးပါသောအောင်မြင်မှုတရပ် ဟုဆိုရပေမည်။ ငါတို့ဘာကြောင့်ဒီမှာရှိရသလဲ ဆိုသောပုစ္ဆာနှင့်ပတ်သတ်၍ Hawking က သူ့ကိုယ်သူပြန်ပြီး အဖြေရှာကြည့် သည်။ သူ၏ A Brief History of Time စာအုပ်၌အမေးအဖြေပုံစံတခု ဖော်ပြထားရာ ဘယ်အကြောင်းကြောင့် စကြ်ာဝဋ္ဌာဖြစ်တည်နေမှုအကြောင်းကိုကျွန်ုပ်တို့လူ သားတွေကသိမြင်သနည်း ဆိုသောမေးခွန်းအတွက် Hawking ပေးသောအဖြေက ရိုးရှင်းလှပါသည်။ အကယ်၍ စကြ်ာဝဋ္ဌာ ကြီးအကြောင်းကို ကျွနုပ်တို့သိခွင့်မရှိခဲ့ ဘူးဆိုရင် ကျွနုပ်တို့ဆိုတာကော ရှိနိင်ပါအုံးမလား တဲ့။
ဆက်လက်ဖော်ပြပါမည်။
ဘာသာပြန်ဆိုသူ- ဝေမော်
၃ ဧပြီ ၂၀၁၂
0 comments:
Post a Comment