မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး
Author: lubo601 | 9:45 PM | No မှတ်ချက် |
Rose Mary
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ
လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြ...ို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှမပြောပြရန်အမျိုးမျိုးခြိမ်းခြောက်
ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်း
ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊
ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
မအေးယုအောင်အမှု ရဲနှင့် တရားသူကြီးကို တရားစွဲမည်။
(နောက်ဆုံးရ သတင်းတို- ဧရာဝတီ)
ပဲခူးမြို့နယ် ဒု တရားသူကြီး၏ ဇနီးက မီးပူနှင့် ကပ်၍ နှိပ်စက်ခံရသော အသက် ၁၅ နှစ်အရွယ် အိမ်ဖော်မိန်းကလေး မအေးယုအောင် ပျောက်ဆုံးနေကြောင်း ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ၎င်းတို့ကိုယ်တိုင် ကာယကံရှင်မိဘများထံ လိုက်လံ စုံစမ်းပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်သည်။ မအေးယုအောင်နှင့် ပတ်သက်ပြီး အိမ်ရှင် ဒု တရားသူကြီး ဦးအောင်ဖုန်းဝင်းက မိဘထံ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်အတွင်းက ပြည်တွင်း သတင်းဂျာနယ်နှင့် မြို့ခံရဲအရာရှိများကို သတင်းလွှင့်ထားသည်။ သို့သော် မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူမှာ သမီးဖြစ်ရပ်နှင့် ပတ်သက်၍ ရေဒီယိုများမှတဆင့်သာ သိရကြောင်း၊ ဦးအောင်ဖုန်းဝင်းက နှုတ်ပိတ်ရန် ငွေကျပ် ၃ သိန်းပေးကာ လက်မှတ်ထိုးခိုင်းရန် ကြိုးစားကြောင်း၊ သမီးဖြစ်သူကို ဘုရားဖူး ထည့်လိုက်သည်ဟု သိရကြောင်း လမ်းပြကြယ်အဖွဲ့က ဒေါ်ကြူကြူထံမှ စုံစမ်းသိရှိခဲ့ရသည်ဟု ဆိုသည်။ ယနေ့တွင် ဒေါ်ကြူကြူနှင့် လမ်းပြကြယ်အဖွဲ့တို့ ဖြူးမြို့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး အမှုထိန်ချန်သူ ပဲခူးမြို့ ရဲနှင့် တရားသူကြီးကို တရားစွဲရန် ပြင်ဆင်ထားကြောင်း ဦးအေးမြင့်ကပြောသည်။ (ဧရာဝတီ)

By: Zay Latt
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment