Tuesday, May 13, 2014

ကမ္ဘာကြီးနောက်ကို လျှောက်မလိုက်နိုင်ဘူး မေမေ


ကမ္ဘာကြီးနောက်ကိုလျှောက်မလိုက်နိုင်ဘူး မေမေကျွန်တော့်နောက်ကိုသာကမ္ဘာကြီး လျှောက်လိုက်စေ
ချင်တာ အဲ့ဒီအတွက် ဒဏ်ရိုက်ခံရမယ်ဆိုရင်လည်း ခံလိုက်မယ်။ အင်တာနက်ခေတ်မှာ အင်ဗာတာတောင် မသုံးနိုင်လို့ ဖယောင်းတိုင်နဲ့ နေခဲ့ရတဲ့ ညတွေလည်းများလှပါပြီ။

ကမ္ဘာရွာကြီးထဲမှာတစ်နေ့တစ်ခြား တံငါတွေများများလာမုဆိုးတွေ များများလာအဲဒီကြားထဲ တံငါနားနီးတံငါမုဆိုးနားနီး မုဆိုး မဖြစ်ခဲ့တာကိုပဲ ဂုဏ်ယူပါရစေ။
ဟိုဟာလမ်းညွှန်ဒီဟာလမ်းညွှန်လမ်းညွှန်စာအုပ်တွေအလည်မှာကိုယ်သွားရမယ့်လမ်းကိုကိုယ့်ဟာကိုယ်ပဲ ရှာဖွေရွေးချယ်ခဲ့ပါတယ်။
အိမ်ခန်းထဲ ပြန်လှည့်ကြည့်လိုက်တော့လည်းဇိမ်ခံပစ္စည်းဆိုလို့နဲ့နေတဲ့ ပက်လက်ကုလားထိုင်အိုတစ်လုံးရယ်ဓါတ်ခဲရေဒီယိုလေးတစ်လုံးရယ်ဆေးပေါ့လိပ်တိုတွေပဲ ရှိပါတယ်။
ဈေးကွက်စီးပွားရေးခေတ်မှာပဲပြုတ်နဲ့ ဝေးခဲ့ရပဲပင်ပေါက်နဲ့ ဝေးခဲ့ရနောက်ဆုံးဈေးနဲ့တောင် ဝေးခဲ့ရပါပြီ။
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာကြီးကိုမေမေ့ကို ကျွန်တော် ဘယ်လိုရှင်းပြရမလဲ
တစ်ခါတစ်လ နောက်ဘ၀ကို မေ့နေသလိုအနာဂတ်ကို မေ့နေမိတယ်ဒါပေမယ့် တတိယလှိုင်းဆိုတာကြီးကကျွန်တော်တို့ ထမင်းဝိုင်းထဲဝင်လာခဲ့ပြီလေ
ဘာပဲဖြစ်ဖြစ်ကမ္ဘာကြီးနောက်ကိုလျှောက်မလိုက်နိုင်ဘူး မေမေကျွန်တော့်နောက်ကိုသာကမ္ဘာကြီးကို လျှောက်လိုက်စေချင်တာအဲဒီအတွက် ဒဏ်ရိုက်ခံရတာတွေလည်း များလှပါပြီ မေမေ။ ။
လှသန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...