"ရှင်းရှင်းပြော"
ကျနော့်မှာ... သူငယ်ချင်းတစ်ယောက်ရှိတယ်
ကိုမဲလုံးတဲ့
သူ့မှာ သမီးလေးတစ်ယောက်မွေးထားတာ၊ မြီးကောင်ပေါက်အရွယ်ရောက်လာပြီ။
တရက်တော့ သူက သူ့သမီးကို ဆုံးမတယ်... ...

"သမီး... အရွယ်ရောက်လာလို့ အိမ်ထောင်ဘက်ကို ရွေးတဲ့အခါ
အရက်သောက်တတ်သူတို့၊ လောင်းကစားလုပ်တဲ့သူတို့၊ အပျော်အပါး မိန်းမလိုက်စားတဲ့သူတို့၊ ယောက်ျားမပီသတဲ့သူတို့၊ အဲလိုလူမျိုးကို ရှောင်ရမယ်"
အဲလို သူကဆုံးမနေတာကို ဘေးက နားထောင်နေတဲ့ သူ့မိန်းမက ဝင်ပြောတယ်... ...
"ရှင်ကလည်း ကလေးနားရှုပ်အောင် ရှည်ရှည်ဝေးဝေးပြောနေသေးတယ်၊ အဖေ့လိုလူကိုရှောင်ဆို တစ်ခွန်းထဲ ပြီးတာကိုများ"
"ငင်.... မတာမ"
သန်၎ကို-ကြားဖူးနားဝ။
https://www.facebook.com/thanlayko

0 comments:
Post a Comment