စဉ်းစားကြည့်စေချင်ပါတယ်။
(၁) အမေရိကားမှာ Starbucks coffee တခွက်ကို (၁.၆၀) ဒေါ်လာပေးရချိန်မှာ
နယူးဇီလန် မှာ အဲ့ဒီကော်ဖီတခွက်ကို (၅) ဒေါ်လာပေးရတယ်။
ထို့အတူပဲ
အမေရိကားမှာ နှုတ်ခမ်းနီတထောင့် (၇) ဒေါ်လာ၊ Salmon fish တပေါင် (၈) ဒေါ်လာ ပေးနေရချိန်မှာ၊ နယူးဇီလန် မှာ နှုတ်ခမ်းနီတထောင့် (၃၀) ဒေါ်လာ၊ Salmon တကီလို (၃၀) ကျော်ပေးရတယ်။
(၂) ကနေဒါမှာ ကျန်းမာရေးကုသခွင့်က လူတိုင်းအတွက် အလကားဖြစ်ပေမဲ့၊ အမေရိကန်ပြည်ထောင်စုမှာတော့၊ သန်းပေါင်းများစွာသော ပြည်သူတွေမှာ ဆေးဝါးကုသခွင့်အာမခံမှု မရှိကြဘူး။
မေးခွန်းတခုကတော့ ရှိလာပြီ။
အစိုးရက ဦးဆောင်ပြီး ပညာရေး၊ လူမှုဖူလုံရေးကို ဦးစားပေးထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေမှာ ဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်လို့ရတယ်။ ဒါက ကောင်းတဲ့ အချက်
မကောင်းတဲ့ အချက်ကတော့ ဈေးဝယ်ရတာတွေက အစစအရာရာ ဈေးကြီးတယ်။
ပြည်ပနိုင်ငံတွေက တင်ပို့တဲ့၊ ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်တွေ တအားချထားသလို၊ ဝင်ငွေမြင့်မားတဲ့သူတွေအပေါ်မှာလ ည်း အခွန်တွေကို အမေရိကားထက် မြင့်မားစွာ ချထားတယ်။
အမေရိကန်ပြည်ထောင်စု မှာလည်း ဈေးကွက်ကို လွှတ်ထားတာတော့မဟုတ်ပါဘူး။
အစိုးရက ဦးဆောင်ပြီး Protectionist policy လို့ ခေါ်တဲ့ ကိုယ့်နိုင်ငံထုတ်ထွက်ကုန်တွေကို
ဦးစားပေးထုတ်လုပ်နိုင်မှု၊ ရောင်းချနိုင်မှု အနေအထားတွေကို ရရှိတဲ့
မူတွေကို ချထားပေမဲ့၊ သွင်းကုန်တွေ အပေါ်မှာလည်း ဈေးကွက်ကို
အရှင်ဖွင့်ထားပြီး လည်ပတ်နိုင်အောင် လုပ်ပေးထားတယ်။
ဒါကြောင့်လည်း နိုင်ငံတကာကလာတဲ့ အစားအသောက်တွေ၊ အဝတ်အထည်တွေ၊ လူသုံးကုန်ပစ္စည်းတွေဟာ ဈေးကွက်ပြိုင်ဆိုင်မှု စံနစ်ထဲမှာ လည်ပတ်နေတော့ ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံတွေထ က် သက်သက်သာသာ ဝယ်ယူနိုင်တယ်။
မကောင်းတဲ့အချက်ကတော့ လူဆိုတာ အပြိုင်များလာရင် စိတ်မောရတာတွေများလာတယ်။
(၅) သိန်းတန် အိမ်နဲ့နေပြီး ရင် (၁) သန်းတန်အိမ်လောက်ကို တမ်းတလာတယ်။ ဈေးကွက်ကလည်ပတ်နေသလို၊ ပြန်လည်ဆန်းသစ်မှုတွေ၊ အသစ်တည်ထွင်မှုတွေကလည်း တမျိုးပြီးတမျိုးပေါ်လာတော့ လိုချင်တပ်မက်မှုတွေကလည်း များလာတယ် မို့လား။
ကိုယ့်လိုချင်တပ်မက်မှုကို ကိုယ့်ရဲ့ တကယ်တည်ရှိနေတဲ့ ဘဝ နဲ့ ချိန်ဆ စဉ်းစားမှု မရှိတဲ့အခါ မျိုးကျ၊
အလုပ်ပြုတ်တဲ့အခါ အိမ်လခ မပေးနိုင်တာတွေ၊ အိုးအိမ်စွန့်ခွာရတာမျိုးတွေဖြစ်လာတယ်။
ဖိစီးမှုတွေများလာ၊ ကိုယ့်ကိုယ် ကို သေကြောင်းကြံတာတွေလည်း ဖြစ်လာတယ်။
ဘဝကို ရွေးချယ်ပါ။
ကိုယ်က ဘဝကို ဘယ်လို ပုံစံရွေးချင်တာလဲ။ အစိုးရက များများထောက်ပံ့ပေးတဲ့၊ ဝင်ငွေကောင်းသူတွေကလည်း အခွန်များများပေးတဲ့၊ အေးအေးဆေးဆေးဖြတ်သန်းရတဲ့
စကင်ဒီနေးဗီးယန်းအပါအဝင်၊ လူမှုဖူလုံရေးထောက်ပံ့ရေးနိုင်ငံ တွေမှာ နေချင်တာလား
ဒါမှမဟုတ်
စွန့်စားမှုကို ကြိုက်ပြီး၊ ဖိစီးမှုပေါင်းစုံကို ကိုယ့်ဘာသာ စီမံခန့်ခွဲတတ်ပြီး၊ ကြီးပွားတိုးတက်မှုအခွင့်အရေးတွေ ပိုမိုရနိုင်တဲ့ အမေရိကန် လို စံနစ်မျိုးကို ကြိုက်တာလား။
အမေရိကန်တွေကတော့ တရားဝင် ကြွေးကြော်ထားတယ်။
We are cowboys တဲ့။
သဘောက ပစ်တာခပ်တာကြိုက်တယ်။ နယ်သစ်ပယ်သစ် ဈေးကွက်သစ် ကို ရှာပြီး စွန့်စားကြတယ်။
အင်ပါယာတည်ထောင်ချင်သူ နဲ့ အေးအေးဆေးဆေးနေချင်သူ
စရိုက်လက္ခဏာတွေက တူညီနိုင်မယ် မထင်ဘူး။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာကို ကိုယ့်ဘာသာ ရွေးချယ်ကြတာမို့လား
မြန်မာပြည်က Domestic policy ကို အားသန်သူတွေကရော
ကုန်သွယ်မှုစံနစ်တွေ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု နဲ့ ဘဏ်လုပ်ငန်းတွေကို ဘယ်လိုလည်ပတ်မလဲ။
လူတဦးချင်းစီ ကို ဘယ်လို စံနစ် ထဲမှာ ထည့်ပြီး လည်ပတ်ကြမလဲ။
စဉ်းစားကြည့်စေချင်ပါတယ်။
နယူးဇီလန် မှာ အဲ့ဒီကော်ဖီတခွက်ကို (၅) ဒေါ်လာပေးရတယ်။
ထို့အတူပဲ
အမေရိကားမှာ နှုတ်ခမ်းနီတထောင့် (၇) ဒေါ်လာ၊ Salmon fish တပေါင် (၈) ဒေါ်လာ ပေးနေရချိန်မှာ၊ နယူးဇီလန် မှာ နှုတ်ခမ်းနီတထောင့် (၃၀) ဒေါ်လာ၊ Salmon တကီလို (၃၀) ကျော်ပေးရတယ်။
(၂) ကနေဒါမှာ ကျန်းမာရေးကုသခွင့်က လူတိုင်းအတွက် အလကားဖြစ်ပေမဲ့၊ အမေရိကန်ပြည်ထောင်စုမှာတော့၊ သန်းပေါင်းများစွာသော ပြည်သူတွေမှာ ဆေးဝါးကုသခွင့်အာမခံမှု မရှိကြဘူး။
မေးခွန်းတခုကတော့ ရှိလာပြီ။
အစိုးရက ဦးဆောင်ပြီး ပညာရေး၊ လူမှုဖူလုံရေးကို ဦးစားပေးထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေမှာ ဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်လို့ရတယ်။
မကောင်းတဲ့ အချက်ကတော့ ဈေးဝယ်ရတာတွေက အစစအရာရာ ဈေးကြီးတယ်။
ပြည်ပနိုင်ငံတွေက တင်ပို့တဲ့၊ ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်တွေ တအားချထားသလို၊ ဝင်ငွေမြင့်မားတဲ့သူတွေအပေါ်မှာလ
အမေရိကန်ပြည်ထောင်စု မှာလည်း ဈေးကွက်ကို လွှတ်ထားတာတော့မဟုတ်ပါဘူး။
အစိုးရက ဦးဆောင်ပြီး Protectionist policy လို့ ခေါ်တဲ့ ကိုယ့်နိုင်ငံထုတ်ထွက်ကုန်တွေကိ
ဒါကြောင့်လည်း နိုင်ငံတကာကလာတဲ့ အစားအသောက်တွေ၊ အဝတ်အထည်တွေ၊ လူသုံးကုန်ပစ္စည်းတွေဟာ ဈေးကွက်ပြိုင်ဆိုင်မှု စံနစ်ထဲမှာ လည်ပတ်နေတော့ ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံတွေထ
မကောင်းတဲ့အချက်ကတော့ လူဆိုတာ အပြိုင်များလာရင် စိတ်မောရတာတွေများလာတယ်။
(၅) သိန်းတန် အိမ်နဲ့နေပြီး ရင် (၁) သန်းတန်အိမ်လောက်ကို တမ်းတလာတယ်။ ဈေးကွက်ကလည်ပတ်နေသလို၊ ပြန်လည်ဆန်းသစ်မှုတွေ၊ အသစ်တည်ထွင်မှုတွေကလည်း တမျိုးပြီးတမျိုးပေါ်လာတော့ လိုချင်တပ်မက်မှုတွေကလည်း များလာတယ် မို့လား။
ကိုယ့်လိုချင်တပ်မက်မှုကို ကိုယ့်ရဲ့ တကယ်တည်ရှိနေတဲ့ ဘဝ နဲ့ ချိန်ဆ စဉ်းစားမှု မရှိတဲ့အခါ မျိုးကျ၊
အလုပ်ပြုတ်တဲ့အခါ အိမ်လခ မပေးနိုင်တာတွေ၊ အိုးအိမ်စွန့်ခွာရတာမျိုးတွေဖြစ
ဖိစီးမှုတွေများလာ၊ ကိုယ့်ကိုယ် ကို သေကြောင်းကြံတာတွေလည်း ဖြစ်လာတယ်။
ဘဝကို ရွေးချယ်ပါ။
ကိုယ်က ဘဝကို ဘယ်လို ပုံစံရွေးချင်တာလဲ။ အစိုးရက များများထောက်ပံ့ပေးတဲ့၊ ဝင်ငွေကောင်းသူတွေကလည်း အခွန်များများပေးတဲ့၊ အေးအေးဆေးဆေးဖြတ်သန်းရတဲ့
စကင်ဒီနေးဗီးယန်းအပါအဝင်၊ လူမှုဖူလုံရေးထောက်ပံ့ရေးနိုင်ငံ
ဒါမှမဟုတ်
စွန့်စားမှုကို ကြိုက်ပြီး၊ ဖိစီးမှုပေါင်းစုံကို ကိုယ့်ဘာသာ စီမံခန့်ခွဲတတ်ပြီး၊ ကြီးပွားတိုးတက်မှုအခွင့်အရေးတွေ
အမေရိကန်တွေကတော့ တရားဝင် ကြွေးကြော်ထားတယ်။
We are cowboys တဲ့။
သဘောက ပစ်တာခပ်တာကြိုက်တယ်။ နယ်သစ်ပယ်သစ် ဈေးကွက်သစ် ကို ရှာပြီး စွန့်စားကြတယ်။
အင်ပါယာတည်ထောင်ချင်သူ နဲ့ အေးအေးဆေးဆေးနေချင်သူ
စရိုက်လက္ခဏာတွေက တူညီနိုင်မယ် မထင်ဘူး။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာကို ကိုယ့်ဘာသာ ရွေးချယ်ကြတာမို့လား
မြန်မာပြည်က Domestic policy ကို အားသန်သူတွေကရော
ကုန်သွယ်မှုစံနစ်တွေ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု နဲ့ ဘဏ်လုပ်ငန်းတွေကို ဘယ်လိုလည်ပတ်မလဲ။
လူတဦးချင်းစီ ကို ဘယ်လို စံနစ် ထဲမှာ ထည့်ပြီး လည်ပတ်ကြမလဲ။
စဉ်းစားကြည့်စေချင်ပါတယ်။
0 comments:
Post a Comment