Saturday, May 10, 2014

အမေသို့တမ်းချင်း

အမေသို့တမ်းချင်း
▬▬▬▬▬▬▬
အမေ....
သား..အမေ့ရင်ခွင်ထဲကနေ ထွက်ခွါသွားတဲ့အချိန်ကစပြီး အမေ့ကိုအရမ်းလွမ်းတယ်အမေ။

မြို့ကြီးပြကြီးရောက်လို့ မိုးထိအောင်မြင့်တဲ့တိုက်တွေပေါ်မှာနေရပေမဲ့ အမေ့အိမ်လေးကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ အစားအသောက်ကောင်းတွေစားနေရပေမဲ့ အမေချက်ကျွေးတဲ့ တောထမင်း၊တောဟင်းလေးတွေ ကို အရမ်းလွမ်းတယ် အမေ။

မြို့ကြီးပြကြီးမှာ အ၀တ်အစားအကောင်းတွေဝတ်နေရပေမဲ့ အမေကိုယ်တိုက်ယက်ပေးတဲ့ ဖျင်လုံချည်နဲ့၊ဖျင်တဘက် ကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာဖုန်းကိုနှိုးစက်ပေး၊နာရီကိုနှိုးစက်ပေး၊ကွန်ပြူတာတွေနှိုးစက်ပေးနေရပေမဲ့ အမေ့ရွာကကြက်ဖတွန်သံကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာ လေပန်ကာတွေနဲ့လေတွေအေးအောင်လုပ်နေပေမဲ့ အမေ့ယပ်တောင်လေးကိုပဲလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာ ယာဉ်မျိုးစုံအကောင်းစားကြီးတွေစီးနေရပေမဲ့လည်း အမေ့အိမ်ကနွားလှည်းလေးကိုအရမ်းလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာရနံ့ပေါင်းစုံကိုရှုရှိုက်နေရပေမဲ့သားတို့ရွာလယ်ကွင်းထဲကဖြတ်တိုက်လာတဲ့လေနုအေးလေးတွေကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာ သူများတွေ မိတ်ကပ်၊ရေမွှေး သိန်းကျော်တန်တွေ သုံးနေတဲ့အချိန်မှာ သားကတော့အမေ့ပါးပြင်ကသ နပ် ခါးနံ့လေး ကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးက စက်သံတွေဆူညံနေတဲ့အချိန်မှာ အမေ့ရွာကကျေးငှက် သာရကာလေးတွေအော်နေတဲ့အသံကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာ သီချင်းအကောင်းစားတွေနားထောင်နေရပေမဲ့ အမေဆိုပြတဲ့ အို...အေ့..အေ..အို ဆိုတဲ့သားချော့တေး
ကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာ လျှပ်စစ်မီးတွေထိန်ထိန်ညီးနေပေမဲ့ အမေ့အိမ်က မှိတ်တုတ်၊မှိတ်တုတ်လင်းနေတဲ့ ရေနံဆီမီးခွက်လေး ကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာ ရေပူ၊ရေအေး ကြိုက်သလိုသုံးနေရတဲ့အချိန်မှာ အမေ့ရွာကရေတွင်းလေးထဲကရေနောက်နောက်လေးတွေ ကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးကအရမ်းကိုထည်ဝါခံ့ညားနေပေမဲ့လည်း နေကပူ၊ဖုန်ကထ၊ရေရှားတဲ့ အမေ့ရွာလေးကိုလွမ်းတယ်အမေ။

မြို့ကြီးပြကြီးက သရီးဒီ(3D)ရုပ်ရှင်တွေခေတ်စားနေတဲ့အချိန်မှာ အမေ့အိမ်ကတီဗွီ(TV)လေးကိုပဲလွမ်းတယ်အမေ။

မြို့ကြီးပြကြီးမှာဘာတွေပဲလုပ်နေလုပ်နေ၊ဘာတွေပဲစားနေစားနေ သားကတော့အမေ့ရွာကအကြောင်းလေးတွေနဲ့ ယှဉ်ယှဉ် ကြည့်မိတယ်အမေ။

ဒီမှာ-ဘာတွေဘယ်လောက်ပဲတိုးတက်နေပါစေ...သားကတော့အမေ့
အိမ်လေးရယ်၊အမေ့ရွာလေးရယ်၊အမေ့အပြုံးလေးရယ်တော့ သားအမြဲတမ်းလွမ်းနေပါတယ်ဗျာ။

(အဝေးတနေရာမှ အမေ့ကိုရှိခိုးဦးခိုက်လျှက်)
Credit to ရာဇာ
(မည်သူမဆိုမျှဝေယူနိုင်သညShwe Eaim Siရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...