သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၅)
သစ်ထူးလွင် |
- အမြင်မတော် ဆင်တော်နှင့်ခလောက်
- ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့် ရာထူးမှနုတ်ထွက်ခဲ့
- အမရပူရမြို့နယ် ကျေးရွာအချို့ သောက်သုံးရေ အခက်ကြုံ
- အခြေခံဥပဒေဖြင့် အာဏာသိမ်းထားခြင်းလော
- ဒီမိုကရေစီ လမ်းကြောင်းကို ဟန့်တားလိုက်သော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကန့်သတ်ချက်
- ကန့်သတ်ချက်များသည့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်မူကြမ်း ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်
- မအူပင် မိန့်ခွန်း ကောက်နုတ်ချက် (ရုပ်/သံ)
- ကယ်ရီမောင်းနှင်သူအား ဓါးနှင့်ထိုးပြီး ဆိုင်ကယ်ကိုလုယက် ယူဆောင်သူကို ဖမ်းဆီးရမိ
- စည်းကမ်း မလိုက်နာသည့် ယာဉ်မောင်းများကို လိုင်စင် ရာသက်ပန်ပိတ် သိမ်းမည်ဟုဆို
- အင်နောန်ကောင် ဒေသတွင် ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်
- မအူပင်တွင် ၉၉ရာခိုင်နှုန်း ဖွဲ့စည်းပုံပြင်ရန် ဆန္ဒပြု
- ကလေးသူငယ်ဆိုင်ရာ သံတမန်အဖြစ် နန်းခင်ဇေယျာနှင့် စောဖိုးခွားတို့ကို ခန့်အပ်မည်
- ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက် ရွာသွန်း၍ အဆောက်အအုံ အချို့ ပျက်စီး၊ လူနှစ်ဦး သေဆုံး
- အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ
- မြေနိမ့်ရာ လှံစိုက်နေသည့် ချင်းပြည်နယ် အစိုးရလား
- လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ လိုင်စင်ထုတ်ပေးခြင်း နောက်ဆုံး အကြိမ်ဟုဆို
- ပြုပြင်ပြောင်းလဲရေး ရှေ့တိုးဖို့ တပ်မတော်ရဲ့ ထောက်ခံမှု လိုကြောင်း ကန်လက်ထောက်ဝန်ကြီး ပြော
- စစ်တပ်မှ ဖမ်းဆီးထားသည့် SNLD ပါတီဝင် ကျိုင်းတုံတရားရုံး၌ ရမန်ယူ
- RCSS/SSA နဲ့ ဆက်သွယ်သူ မတရားသင်းပုဒ်မနဲ့ တရားစွဲခံရ
- ကေအိုင်အေ ဖမ်းထား သူတွေ ပြန်လွှတ်ရေး PCG ကြားဝင်
- ခရိုင်းမီးယားကို ပထမဆုံး အကြိမ် ပူတင် ရောက်လာ
- ရွေးကောက်ပွဲမှာ ကန့်သတ်မယ်ဆိုတာ မဟုတ်မှန်ကြောင်း ဦးတင်အေးပြောကြား
- စက်မှုဇုန် အလုပ်သမားဆန္ဒပြပွဲများ (ရုပ်/သံ)
- မေလ (၁၀) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် - အတွဲ ၃ အမှတ် ၉
- မေလ (၉) ရက်နေ့ ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ - ၃၄၊ အမှတ် - ၆၇၁
Posted: 10 May 2014 03:30 AM PDT
အလုပ်လက်မဲ့ဘွဲ့ရ ပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင်
အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ကို နေရာပြောင်း ပြီး၊
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန်မလိုပါ . . . သည်တော့ Ph.D
ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့ များ မြက်မစားကြပါနဲ့ မြက်စားတဲ့
ခြင်္သေ့လည်းရှိမှာပါ အဲဒီခြင်္သေ့ကတော့ . . . .
ဖောင်းပွပစ္စည်း
မြန်မာနိုင်ငံရဲ့ အဆင့်ဆင့်သော အစိုးရ၏၀န်ကြီးများ၊ အစိုးရများ၏ ၂၀၁၄
ခုနှစ်အတွင်းြေ
|
Posted: 10 May 2014 03:23 AM PDT
၂၀၁၄
တက္ကသိုလ်ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ ချန်ပီယံ ဆုဖလားအား
နေပြည်တော် ဘောလုံးအ သင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်း သယ်ယူမှုအပေါ်
ဝေဖန်ခဲ့မှုကြောင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့်ဟာ
ရာထူးမှနုတ်ထွက်ခဲ့ ရတယ်လို့ သိရပါတယ်။
"ကျွန်တော်က ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောတာပါ။ နုတ်ထွက်ခဲ့ရတာကို
ဝမ်းမနည်းပါဘူး၊ တက္ကသိုလ် ဘောလုံးသမားတွေ သယ်တာပဲ ဖြစ်သင့်တယ်ထင်ပါတယ်"လို့ 
|
Posted: 10 May 2014 03:05 AM PDT
မန္တလေး တောင်ဘက် ဒုဌ၀တီမြစ်အနီး အမရပူရမြို့နယ်ထဲမှာ ပါဝင်တဲ့ ကျေးရွာ ၁၅
ရွာလောက်ဟာ ဒုဌ၀တီမြစ်ရေကို အားကိုး သုံးစွဲနေရပြီး အခု မြစ်ရေတွေ
သောက်သုံးလို့ မရအောင် ဖြစ်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ညောင်နီကန်ကျေးရွာသား ဦးကျော်ကျော်ဦးက “ရေထုညစ်ညမ်းမှုတွေ ဖြစ်
မြစ်ထဲကရေတွေလဲ သောက်သုံးလို့ မရတော့ဘူး။ အဲဒီလိုမျိုးတွေ ဖြစ်တာပေါ့လေ။
ဒါတွေက စက်မှုဇုန်က လွှတ်နေတာ ၄၊ ၅၊ ၁၀ နှစ်လောက်တော့ ရှိလောက်ပြီ။” လို့
|
Posted: 10 May 2014 03:22 AM PDT
၂၀၀၈ဖွဲ့စည်းပုံတွင် “တိုင်းပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံးအလို
စီမံချက်ကြီး”များဖြင့် အာဏာပြန်လည် သိမ်းယူနိုင်သည်အထိ ဖန်တီးထားသည်ကို
တွေ့ရသည် . . .
၅၉ (စ) မပြင်ဆင်ရေးလာပြီ
ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ် ရေးအတွက် ကြိုတင်ဖန်တီးရေးဆွဲခဲ့သည် ဟု
နိုင်ငံရေးရပ်ဝန်းမှ ဝေဖန် လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)
ပြင် ဆင်ရေး၊ မပြင်ဆင်ရေး ဒွိဟပွားနေမှုအပေါ် ရှင်းလင်း ပြတ် သားသော
သဘောထားတစ် ရပ်အားြ
|
Posted: 10 May 2014 03:20 AM PDT
ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီများဖွဲ့စည်းမှု၊
ရွေးကောက်ပွဲကျင်းပမှု၊ ရွေးကောက်ပွဲ ဥပဒေများ ကအစ ရွေးကောက်ပွဲ
ကိုယ်စားလှယ်များကို ဖြုတ်၊ ခန့်အထိ အရေးကြီးသော အဖွဲ့အစည်းဖြစ် လာလေ
တော့သည် . . .
ဒီမိုကရေစီနိုင်ငံတိုင်းတွင် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ရွေးကောက်
ပွဲများကို ကြီးကြပ်ရသော တာဝန်၊ ရွေးကောက်ပွဲ ဥပဒေ စသည်တို့ကို
ကြီးကြပ်ကွပ်ကဲရန် ရွေးကောက်ပွဲ ကော်မရှင်ကို ထားရှိရသည်။ ေ
|
Posted: 10 May 2014 03:02 AM PDT
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာနဲ့
ပတ်သက်တဲ့ ညွှန်ကြားချက်မူကြမ်း တစောင် မေလ ၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လာမယ့်
ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ ၀င်မယ့်ကိုယ်စားလှယ်လောင်းပဲ
မဲဆွယ်စည်းရုံး ခွင့်ပြုမယ်လို့ ပြောဆိုတဲ့ အကြောင်း သတင်းတွေ
ထွက်ပေါ်ခဲ့ပြီး တလအကြာမှာ အခုလို ညွှန်ကြားချက်မူကြမ်း ထွက်ပေါ်လာတာလည်း
ဖြစ်ပါတယ်။
|
Posted: 10 May 2014 02:52 AM PDT
"တပ်မတော်သား အားလုံးလည်း တက်တက်ကြွကြွနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေးမှာ တာဝန်အရပါဝင်ကြပါ" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ
လူထုဆန္ဒ သဘောထား ခံယူပွဲ မိန့်ခွန်း ကောက်နုတ်ချက် ။ RFA Burmese
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 10 May 2014 02:45 AM PDT
ရန်ကုန်၊ မေ ၁၀
၂၅.၄.၂၀၁၄ ရက်နေ့ ၀၀၂၀ အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနား
အနောက်ရပ်ကွက်နေ ဦးကျော်လှသည် မြို့သစ်(ဂ)ရပ်ကွက်၊ ပိတောက်လမ်းထိပ်၌
ကန်ဘို-125 အနက်ရောင်ဆိုင်ကယ်ဖြင့် ကယ်ရီလိုက်ရန်စောင့်နေစဉ်
အမျိုးသားလူငယ်(၁)ဦးရောက်ရှိလာ
|
Posted: 10 May 2014 02:38 AM PDT
ရန်ကုန်၊ မေ ၉ - ယာဉ်စည်းကမ်း မလိုက်နာသည့် ယာဉ်မောင်းများ၏ လိုင်စင်ကို
ရာသက်ပန်ပိတ်သိမ်းသည် အထိ အရေး ယူဆောင် ရွက်တော့ မည် ဖြစ်ကြောင်း သိရသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာ န၏ လက်အောက်တွင်ရှိသော ကုန်း လမ်း
ပို့ဆောင်ရေးဌာနမှ ထုတ်ဝေ ထားသည့် ၁၉၆၃မော်တော်ယာဉ်နည်း ဥပဒေ ကို
ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ၎င်းဝန်ကြီးဌာနတို့ မှညှိနှိုင်းကာ ယခု လအတွင်း
နည်းဥပဒေပါအတိုင်း ယာဉ်စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများ ၏
|
Posted: 10 May 2014 01:31 AM PDT
မြစ်ကြီးနား၊ မေ ၉
ကချင်ပြည်နယ် မန်စီမြို့နယ် ကျောက်ဖြူရွာအနီးရှိ အင်နောန်ကောင် ဒေသတွင်
မေလ ၈ ရက် နံနက်ပိုင်းမှ စတင်၍ ကေအိုင်အေနှင့် အစိုးရတပ်များကြား
တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း ကေအိုင်အေ ဌာနချုပ်
လိုင်ဇာမှ အရာရှိတစ်ဦးက ပြောကြားသည်။
ယင်းနေ့ နံနက် ၈ နာရီမှ စတင်၍ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇
နှင့် အင်အား ၃၀၀ ခန့်ပါ အစိုးရတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲမှာ
|
Posted: 10 May 2014 01:28 AM PDT
မအူပင်၊ မဇ္ဈိမ။ ။ ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် ၂၀၀၈ဖွဲ့စည်းပုံ
အခြေခံ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၀ရက်တွင်
စည်းရုံးဟောပြောခဲ့ပြီး တက်ရောက်သူ တစ်သိန်းနီးပါး အနက် ၉၉ရာခိုင်နှုန်းက
ပြင်ဆင်ရန် ဆန္ဒပြုခဲ့ကြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ ဧရာဝတီတိုင်း အတွင်းရှိ
မြို့နယ်အသီးသီးမှ ကားအစီး ၈၀၀ကျော်ဖြင့် လာရောက်ခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်သူများထဲမှ
|
Posted: 09 May 2014 08:33 PM PDT
ရန်ကုန်၊ မေ ၉
မြန်မာနိုင်ငံတွင်းရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ
ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ရန် အတွက် အလှမယ် နန်းခင်ဇေယျာနှင့် ရက်ဂေး
တေးသံရှင် စောဖိုးခွားတို့ကို ကလေးသူငယ်များဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်မည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ
စီမံကိန်း ဒါရိုက်တာ ဦးအာကာက ပြောကြားသည်။
၎င်းတို့ နှစ်ဦးသည် ကလေးသူငယ်များနှင့် သက်ဆိုင်သည့်
|
Posted: 09 May 2014 08:32 PM PDT
ရန်ကုန်၊ မေ ၉
ရန်ကုန်တိုင်း ဒေသကြီး အတွင်း မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့က လေပြင်း
တိုက်ခတ်ကာ မိုးဆက်တိုက် ရွာသွန်းမှုတို့ကြောင့် အဆောက်အအုံ အချို့
ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး
မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် သန်လျင်မြို့နယ်ရှိ မြို့မတောင်
ရပ်ကွက်၊ ဘယက်ကျေးရွာနှင့် အလွမ်းဆွတ် ကျေးရွာတို့မှ ဓာတ်တိုင် စုစုပေါင်း
|
Posted: 09 May 2014 08:30 PM PDT
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူး ယာဉ်လိုင်းတွေမှာ အမျိုးသမီး
ယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့စီစဉ်နေပြီး လက်ရှိမှာ အမျိုးသမီး
ယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါ နေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ
ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး
ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က
အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက်
|
Posted: 09 May 2014 08:13 PM PDT
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ဖွံ့ဖြိုးမှု
အနိမ့်ကျဆုံး ပြည်နယ်ဟု ဆိုရပေမည်။ ယခု ကဲ့သို့ အဆင်းရဲဆုံး
နှင့်ဖွံ့ဖြိုးမှု အနိမ်ကျဆုံး ပြည်နယ် ဖြစ်သည့် ချင်းပြည်နယ်တွင်
မြို့နယ်ပေါင်း ၉ မြို့နယ် ရှိသည့်အနက် ကန်ပက်လက်မြို့ နယ် သည်ဖွံ့ဖြိုးမှု
အနိမ့်ကျဆုံးမြို့ နယ်ဟု ဆိုရပေမည်။
ထင်သာမြင်သာရှိသော အကြောင်းအရာ တစ်ခုကို တင်ပြမည်ဆိုပါက Information
Technology ဟုခေါ်ဆိုသော ယနေ့
|
Posted: 09 May 2014 07:45 PM PDT
လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကို တစ်နေရာ တည်းနှင့်အပြီး (One Stop
Servi −ce) စနစ်ဖြင့် တရားဝင်မှတ်ပုံတင် ပြုလုပ်ပေးခြင်းသည် ယခုအကြိမ်
နောက်ဆုံးဖြစ်ပြီး နောင်တွင်ယခု ကဲ့သို့ ပြုလုပ်ပေးတော့မည်မ ဟုတ်ကြောင်း
ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ သတင်းရရှိသည်။
လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်စီးနင်း အသုံးပြုသူများ အနေဖြင့်
သတ်မှတ်ကာလအတွင်း တရားဝင် ပြုလုပ်ကြရန်နှင့် စီမံချက်ကာလပြီးဆုံးချိန်တွင်
လိုင်စင်မဲ့
|
Posted: 09 May 2014 07:17 PM PDT
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရပ်ဖက်လုံခြုံရေး၊
ဒီမိုကရေစီနဲ့လူ့ အခွင့်အရေး ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Sarah
Sewall ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာအစိုးရဒု- သမ္မတ
ဦးဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
|
Posted: 09 May 2014 06:34 PM PDT
မေ ၉ ရက် ၂၀၁၄
သျှမ်းပြည်တပ်မတော်အား ဆက်သွယ်ထောက်ပံ့သည်ဟုစွပ်စွဲကာ အစိုးရတပ် ခလရ ၂၄၅ မှ
ဖမ်းဆီး ထားသည့် ကျိုင်းတုံမြို့နယ် ပိန်းတောဝ့်ကျေးရွာအုပ်စု
နမ့်လင်းမိုင်ရွာနေ SNLD ပါတီဝင်စိုင်းအိုက်ဂျဲန် ယနေ့ ကျိုင်းတုံတရားရုံး၌
ရမန်ယူရကြောင်း ကြားသိရပါသည်။
ခလရ ၂၄၅ က ဖမ်းဆီးထိန်းသိမ်းထားသည့် နမ့်လင်းမိုင် ကျေးရွာ
သျှမ်းတိုင်းရင်းသားများဒီမိုကေ
|
Posted: 09 May 2014 03:16 PM PDT
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းက စစ်တပ်က
ဖမ်းဆီးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD
ပါတီဝင်ကို ဒီကနေ့ ကျိုင်းတုံရဲစခန်းကို ပြန်လည်လွှဲပြောင်းလိုက်ပြီး
အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA
တောင်ပိုင်းနဲ့ ဆက်သွယ်လို့ ဆိုပြီး မတရားသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ
၁၇(၁)နဲ့ အမှုဖွင့်ထားပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းက SNLD ပါတီဥက္ကဋ္ဌ ကတော့
ြ
|
Posted: 09 May 2014 03:11 PM PDT
ကေအိုင်အေ တပ်ရင်း ၄ ဘက်က ဖမ်းဆီးထားတဲ့ အထွေထွေ အုပ်ချုပ်ရေး
ဝန်ထမ်းနှစ်ယောက် ပြန်လည် လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ PCG ကချင် ဘက်က
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးနေတယ်လို့
ကေအိုင်အေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေး
တပ်တို့အကြား လူတွေ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့ရာမှာ အစိုးရ စစ်တပ်
ဘက်က ဖမ်းဆီးခဲ့တဲ့ ဒုက္ခသည် ၁၄ ယောက်က
|
Posted: 09 May 2014 03:07 PM PDT
ခရိုင်မီးယား
ကျွန်းဆွယ်ကို မော်စကိုက ယူကရိန်းဆီကနေ ခွဲထုတ်ခဲ့ပြီးနောက် ပထမဆုံး
အကြိမ် အဖြစ် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ခရိုင်းမီးယားဒေသ ဆီဗက်စတိုပို
ဆိပ်ကမ်းကို သင်္ဘောနဲ့ အလည်အပတ် ရောက်ရှိလာပါတယ်။
ပင်လယ်နက်တွင်းက ရုရှား ရေတပ် သင်္ဘောတွေ အနီး ဝင်ရောက်လာစဉ်မှာ မစ္စတာ ပူတင်က
စစ်သင်္ဘောတွေပေါ်က တပ်ဖွဲ့တွေကို မိန့်ခွန်း ပြောခဲ့ပြီးနောက် ဆိပ်ကမ်းကို
ကပ်လာကာ ကမ်းပေါ်မှာ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို
|
Posted: 09 May 2014 03:04 PM PDT
၂၀၁၅ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း
တစ်ဦးသာ မဲဆွယ်ခွင့် ရှိတယ်ဆိုတာ မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က
NLD ပါတီရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြား တယ်လို့ NLD ပါတီ
ပြောခွင့်ရသူ ဦးဥာဏ်ဝင်း ကပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ခွင့်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ
ဦးတင်အေး ပုသိမ်မြို့မှာ ဧပြီလ ၇ရက်နေ့က မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း
တစ်ဦးသာ
|
Posted: 09 May 2014 02:46 PM PDT
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန် (၂) က Star Tex အထည်ချုပ်စက်ရုံနဲ့
ရွှေပေါက္ကံက Shing Sung အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။ RFA
သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 09 May 2014 12:24 PM PDT
မေလ (၁၀) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် - အတွဲ ၃ အမှတ် ၉
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 09 May 2014 12:22 PM PDT
မေလ (၉) ရက်နေ့ ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ - ၃၄၊ အမှတ် - ၆၇၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment