Saturday, May 17, 2014

ဓားနဲ့လိုက်လို့ ပြေးခဲ့ရသည်။

'ကို'
'အင်း...'
'အခုခေတ် ၈တန်း ၉ တန်းကလေးတွေက Facebook ပေါ်မှာ သိပ်စပ်စလူး ထတာပဲနော်'
'အင်း ... သူတို့က Honda Fit လေးတွေလေ ... အကောင်သေးပီး လှစ်လှစ် လှစ်လှစ်နဲ့' (^_^)
'၁၀ တန်းပီးကာစ ကောင်မလေးတွေလဲ ဂေါတယ်နော်'
'အင်း သူတို့က Taxi လေ ... လူတိုင်းစီးကြတယ် ... တခါတလေ လူပိုတောင်ခေါ်တင်ကြတယ် ..
နားလည်မှု လေးတွေနဲ့'
'အော်.. ဒါဆို ၁၈ ၁၉ လေးတွေကရော..?'
'သူတို့ကတော့ Lamborgini ပေါ့ကွာ.. လူတိုင်းလဲမစီးနိုင်ဘူး ဈေးလဲကြီးတယ် စီးနိုင်တဲ့ကောင်လဲ ဆီဖိုးနဲ့မွဲမှာ'
'ဒါဆို ၂၀-၂၁ ကောင်မလေးတွေရော??'
'သူတို့ကကျတော့ Luxury Car ပေါ့ကွာ ... အများကြီးစီးလို့မကောင်းဘူး ... ဇိမ်ခံဖို့အတွက်ပဲလေ' (^_^)
'အာ့ဆို ၂၂-၂၃ လေးတွေကရော??'
'အဲ ... သူတို့ကကျတော့ Used ကားတွေလိုမျိုး ... စီးမဲ့လူက သေချာစစ်ပီးဝယ်ကြတာ.. တခါတလေ အနောက်က ၀င်ကျုံးပီးသားကြီးတွေ..'
'ဘာပြောတယ်...!!!'
'အော်.. အနောက်ကနေ ကားတိုက်တော့ ကားအနောက်ပိုင်းကို တခြားကားနဲ့ဝင်ကျုံးပီးသားကို ပြောတာပါကွာ.. အဟီး'
ချစ်သူမျက်နှာ တဖြည်းဖြည်း ပျက်လာသည်။
'ဟွန်း ... ၂၃-၂၄ တွေကရော?'
'တဖြည်းဖြည်း နဲ့ ဘူတာနားကပ်လာသလိုပဲ ... အဟီး'
'ဖြေ... ခုဖြေ'
'အဟီး... သူတို့ကကျတော့ ဇုံထုတ်တွေပေါ့။ ဒီခေတ်ထဲမှာ စီးတဲ့လူ မရှိသလောက်ရှားသွားပီ ... စီးမယ်ဆို အဲ့စီးတဲ့ကောင်က ရူးနေလို့ ... အငှီး'
'ဒါဆို ချစ်ကရော.....??????'
'ချစ်ကတော့ နိဗ္ဗာန်ယာဉ် ပေါ့'
( ဓားနဲ့လိုက်လို့ ပြေးခဲ့ရသည်။ ) xD
‪#‎Truestory‬
Credit: Kaung Htet

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...