Thursday, May 8, 2014

စာရေးနည်းတွေကို လေ့လာကြည့်ရအောင်။

Aung Moe Win shared a link.

မြန်မာပြည်ထဲက ဂီတ စိတ်ဝင်စားသူ ၊ နယ်မှ လူငယ်တချို့က "
ကျွန်တော်က နယ် မှာ နေတာ ဆိုတော့ ရန်ကုန် မှာ သင်တန်း တက်လိုက် နယ်မှာ ပြန်နေလိုက်ဆိုတော့ အင်္ဂလိပ်စာကို လေ့လာတာ အဆက်အသွယ် ပြတ်လိုက် ရလိုက် ဖြစ်နေပါတယ် ဗျ။ ကျွန်တော် အင်္ဂလိပ်သီချင်းတွေကို နားထောင်ရင် ကျွန်တော် အဓိပါယ်ကို မပြန်တက်ဘူး ဖြစ်နေတယ် ဗျ။သူတို့ ဆိုတဲ့ အသံကို ကျွန်တော် မှီ အောင် လိုက်နားထောင်လို့ ရပါတယ်။ အဓိပါယ်ကို မပြန်တက်ဘူး။ကိုယ် စာသားကို ပြန်ရင် မဆိုင်သလို ဖြစ်နေလို့ ဘယ်လို လုပ်သင့်တယ် ဆိုတာ နည်းလမ်းလေး ပြောပေးကြည့်ပါလား " တဲ့

စာရေးလာတဲ့ ညီငယ်တယောက်က ဓနုဖြူ က လို့ ဆိုတယ်။



တကယ်တော့ အင်္ဂလိပ်သီချင်းတွေက အထာသိသွားရင် ပြန်ရတာလွယ်ပါတယ်။
အင်္ဂလိပ်သီချင်းတွေဟာ များသောအားဖြင့် ရစ်သမ် နဲ့ ချိတ်ပြီး စကားလုံးစီတာ ဆိုတော့ စာကြောင်းရဲ့ အဆုံးမှာ ကျန်ခဲ့တဲ့ စကားလုံးကို ပုံဖေါ်ပေးတာက နောက်ထပ် စာကြောင်းတခုမှာပါ။ ဒါကို Noun Modifier လို့ ခေါ်ပါတယ်။

ဥပမာ- အမေရိကန် Country Music band တခုဖြစ်တဲ့ Lady Antebellum ရဲ့ စာသားတချို့ကို ကြည့်ပါ။

Picture perfect memories
Scattered all around the floor

ဒီစာကြောင်းနှစ်ကြောင်းကို ကြည့်ရင် ပထမ စာကြောင်းကို အရင်ပြန်လို့မရဘူး။
ပထမ စာကြောင်း အဆုံးရဲ့ စကားလုံး memories ကို အထူးပြုပြောထားတာက ဒုတိယစာကြောင်း

Scattered all around the floor ( ကြမ်းပြင်တဝိုက်မှာ တစစီ ပြန့်ကျဲနေတဲ့ -----)

ပြီးမှာ ပထမစာကြောင်းက နောက်ဆုံးစကားလုံး memories နဲ့ ပြန်ဆက် ( ကြမ်းပြင်တဝိုက်မှာ တစစီ ပြန့်ကျဲနေတဲ့ အမှတ်ရမှုတွေ ) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်သွားတယ်။

ပြီးမှ ရှေ့က စာလုံးတွေကို ပြန်ကြည့်

Picture perfect memories ( ဒီမှာလည်း နည်းနည်းဂွကျတာ ရှိတယ် )

တိုက်ရိုက်ပြန်ရင် --- "ရုပ်ပုံကားချပ်တွေက အမှတ်ရမှုတွေကို ပြည့်စုံစေတယ်" ပေါ့။

တကယ်တော့ အနုပညာဆန်ဆန် ဘာသာပြန်မယ် ဆိုရင်

" ကြမ်းပြင်တဝိုက်မှာ တစဆီ ပြန်ကျဲနေတဲ့ အမှတ်ရမှုတွေက ကိုယ်တို့ရဲ့ ပုံရိပ်တွေကို
ရှင်သန်ပြည့်စုံစေခဲ့တယ်"

ဒီအတိုင်းပဲ။ အောက်က အပိုဒ်ကို ကြည့်ပါ။

And I don't know how
I can do without
I just need you now

တကယ်ဆို I don't know how I can do without ကို အဆင်ပြေအောင်ပြန်ရမယ်။
ပထမ စာကြောင်းမှာ how နဲ့ ဆုံးသွားတယ်။ ဒုတိယစာကြောင်းက စပြန်ပေါ့။

ဆိုတော့ --- " မင်းမရှိပဲ နဲ့ ငါဘယ်လိုလုပ်ရမယ် ဆိုတာ မသိဘူး" ဆိုတဲ့ အဓိပ္ပါယ်ကို ဘာသာပြန်ရမယ်။

နောက် စာကြောင်းကို ဆက်ကြည့်

And I wonder if I
Ever cross your mind
For me it happens all the time


Ever cross your mind ဆိုတာ

Do you ever think of or about me?
ငါ့အကြောင်း ကို -- အမြဲတမ်း မင်း တွေးနေမိရဲ့လား

ဆိုတော့ အပေါ်က စာပိုဒ်က

"ငါ့အကြောင်းကို အမြဲတမ်း -- မင်းတွေးနေမိရဲ့လား လို့ စဉ်းစားသိချင်နေမိတယ်။
ငါ့အတွက်ကတော့ မင်းအကြောင်းတွေးနေတာ အချိန်တိုင်းပါလေ" တဲ့

နောက်အပိုင်တွေက လွယ်တယ်။

t's a quarter after one
I'm all alone
And I need you now
Said I wouldn't call
But I've lost all control
And I need you now

ည (1:15) ရှိသွားပြီ။ ငါတယောက်တည်းပဲ။ မင်းကို အခုချက်ချင်း လိုအပ်နေတယ်။
မင်းကို ဖုံးမခေါ်တော့ဘူး လို့ ပြောခဲ့ပေမဲ့၊ ငါ ဘယ်လိုမှ ထိန်းချုပ်လို့မရတော့ဘူး။
မင်းကို အခုချက်ချင်း လိုအပ်နေခဲ့တယ်။



Lady Antebellum Music Band က သီချင်းတွေကို နားထောင်ကြည့်ပါ။ သူတို့ကို အမေရိကား ရဲ့ Top Vocal group အဖြစ် သတ်မှတ်ထားကြတယ်။

Need you Now ဆိုတဲ့ သီချင်းကလည်း 54th Grammy Awards ဆုပေးပွဲမှာ အကောင်းဆုံး Country Album အဖြစ် ဆုခြီးမြှင့်ခံရတယ်။
အမေရိကန် ကျေးလက်ဂီတတွေဟာ တကယ့်ကို အသံရော၊ စာသားရော လှ ပါတယ်။
အချိန်ရရင် သောကြာ၊ စနေ ဆိုရင် အမေရိကန်တေးဂီတတွေကို မိတ်ဆက်ရင်း
စာရေးနည်းတွေကို လေ့လာကြည့်ရအောင်။

ကဲ -- ဂရမ်မီဆုရတဲ့ Need you Now ကို ခံစားကြည့်ရအောင်

https://www.youtube.com/watch?v=eM213aMKTHg

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...