Saturday, May 17, 2014

အိမ်ပြေး


ဘာမှတော့မဟုတ်ဘူး
တစ်ရေးနိုးတော့ မိုးတွေက ရွာနေတုန်းပဲ။အိပ်ယာထဲ ထငိုင်ရင်း မှန်ပြတင်းမှာတင်ကျန်ခိုသီး စီးကျနေတဲ့ မိုးရေစက်တွေ ငေးကြည့်ရင်း ဘာကိုသတိရမှန်းမသိ။ရေနွေးအိုး ပလပ်ထိုးရင်း ကော်ဖီဖျော်သောက်နေစဉ်
ကျနော့် အဖေ့အရွယ် ဆရာကြီးက ဗိုက်ဆာလိုက်တာကွာပြောပြီး ကျနော်တို့ အခန်းထဲပေါက်ချလာသည်။

ဒါနဲ့ပဲ လာဆရာကြီး ကန်တင်းမှာတစ်ခုခုစား ကျနော်လိုက်ကျွေးမယ် ပြောရင်း ယူနီဖောင်းလဲလိုက်သည်။ယူနီဖောင်း အပြည့်အစုံမဝတ်လျင် အခတ်မသင့် ဖားခုန် ကျွမ်းထိုးတိုးသွားနိင်သည်။ဒါ စည်းကမ်းပါပဲ။ရောမ နေ ရောမစည်းကမ်း။ ကျောင်းနေ ကျောင်းစည်းကမ်း။ ကုမ္မဏီနေ ကုမ္မဏီ စည်းကမ်း။ ကြုံဆုံရာ ဘဝမှာ ကျနော်တို့ အလိုက်သင့်စီးမျောနိင်ဖို့လိုသည်။
ကျနော် ပတ်ဝန်းကျင်မှာ ကျနော်မိဘ မဟုတ်။ညီမဟုတ် ။အစ်ကို မဟုတ် ။သူငယ်ချင်း မဟုတ် ။အပိုင်း အစ များစွာဖြင့် အစားထိုးချိတ်ဆက် ဆက်ဆံနေရသလို ကျနော်လိုအပ်ချက်တွေကိုလည်း ထိုသူစိမ်း များကသာ ရုတ်ချည်းဖြည့်စွမ်း ချိတ်တွဲပေးနေကြပြန်သည်။အဖေ့ကို တိုက်ရိုက် မကူညီနိုင်ပေမယ့် ပတ်ဝန်းကျင်မှ အဖေ့အရွယ်တွေကို အဖေ့နေရာထား ကူညီမိသလို အစ်ကို /ညီ /ညီမ အရွယ်တွေကို ကိုယ့် မောင်နှမ သားချင်းလိုပဲ ဆက်ဆံပေးနေမိပြန်သည်။ကျနော်တို့ နိင်ငံဝန်ထမ်းဘဝ (အထူးသဖြင်)့ စစ်သားဘဝဆိုတာ ကိုယ့်ရပ်ဇာတိကို အကြောင်းအမျိုးမျိုးကြောင့် အရောက်ပေါက်နည်းလှသည်။
ကြက်တွေလိုပဲ ချေးကျရာ ပျော်အောင်နေရသည်။ကမ္ဘာကြီးက နေတတ်လျင်ကျယ်ပြီး မနေတတ်မထိုင်တတ်တဲ့အခါ ပိုမိုကျဉ်းမြောင်းလာတတ်ကြောင်းလည်း
ဘဝပေး အသိအရ သိရှိထား၍ တော်သေး၏ဟု စဉ်းစားပြီးသကာလ မိုးရွာရင် လူတွေက ဘာလို့ကိုယ့်ဇာတိရပ်ရွာကိုပိုလွမ်းနေရသလဲဆိုတာ အိမ်ပြေးသား တစ်ယောက်ထက် ပိုနားလည်နိင်မယ် မထင်တော့ပါဘူးဗျာ...။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...