Monday, May 12, 2014

မျက်ရည်ခြွေ

ကျွန်မတွင်...သော့ ခတ်ပြီး လုံခြုံစွာသိမ်းထားသော ၊ လူမြင်မခံနိုင်သော ၊ တန်ဖိုးထားရသည့် ပစ္စည်းများရှိပါသည်။
စိန် ၊ ရွှေ ၊ ငွေ များ မဟုတ်ပါ... ဒေါ်လာအစိမ်းရွက်များ မဟုတ်ပါ.....
ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ မဟုတ်ပါ.....
ရည်းစားစာနှင့် အမှတ်တရလက်ဆောင်များမဟုတ်ပါ....

ထိုအရာများသည် ကျွန်မ တစ်သက်လုံးရေးလာခဲ့ သည့် ဒိုင်ယာရီစာအုပ်များပင်ဖြစ်ပါ၏။
ဒိုင်ယာရီလေးတွေကိုတိတ်တိတ်လေးရေးပြီးဘယ်သူမှမမြင်အောင်သိမ်း
ရခြင်းကလည်းစွန့် စားမှုတစ်ခုပင်..။သူများတွေ ဘယ်အရွယ်မှာ ဒိုင်ယာရီ စရေးကြသလဲမသိပေမယ့် ကျွန်မကတော့ အလယ်တန်းကျောင်းသူ ဘ၀မှာ စ ရေးခဲ့ပါသည်။ ဒိုင်ယာရီစရေးဖြစ်ကတည်း
က ကျွန်မတွင်မမြင်ရသော ခွန်အားများ ရရှိလိုက်သလို ခံစားခဲ့ရ၏။
ဒိုင်ယာရီစာအုပ်လေးတွေထဲတွင် လိမ်ညာဟန်ဆောင်ခြင်းလုံးဝကင်းရှင်းသော ၊ ဘယ်သူမှ မသိသောခံစားမှုများနှင့်  ကျွန်မ ... ရှိနေပါသည်။
တစ်ကယ်တော့ သူတို့ (ဒိုင်ယာရီများ) ဟာ ကျွန်မ ရဲ့  စိတ်စေရာ ၊ ကျွန်မခြယ်လှယ်ချင် တိုင်းခြယ်လှယ် လို့  ရသောကျွန်မရဲ့ သစ္စာတော်ခံ လေးများလည်းဖြစ်၏။
ခမ်းနားဆန်းပြားပြီးတခြားသူကြားလျှင် လှောင်ရယ်ချင်စရာကောင်းလှ
သည့် ကျွန်မ ရဲ့  စိတ်ကူးအိပ်မက်တွေ ကို ဒိုင်ယာရီလေးများသိကြပါ၏။
ဘယ်သူ့ မှပြောပြလို့ မရသော ၊ ရှက်ရွ့ံဝမ်းနည်းဖို့ ကောင်းသော အဖြစ်အပျက်ကို ဒိုင်ယာယီလေးများသိကြပါသည်။
ဘာအဖုံးအကာ မှ ခုခံမထားသောကျွန်မရဲ့ နှလုံးသားခံစားချက်များ
ကိုလည်း ဒိုင်ယာရီများပဲ သိကြပါသည်။
အသက်လေးအတော်အတန်ရလာတဲ့ကျွန်မဟာ ငယ်နုစဉ် ကျွန်မ နဲ့ တဖြည်းဖြည်း ကွဲပြား လာတာကလည်း ဒိုင်ယာရီဟောင်းလေးတွေ သက်သေပါ...။ အရင်တုန်းကကျွန်မ.. က ယခုအရွယ်ကျွန်မ..ထက် ပိုပြီးရဲရင့် တာ ၊ ပို ပြီးတက်ကြွရွှင်လန်းခဲ့တာ၊ စိတ်ဓါတ်တွေ ပိုပြီးကြံ့ ခိုင်ခဲ့ တာ ကို ဒိုင်ယာရီလေးတွေကဖော်ပြနေပါ၏။
သေချာတာကတော့...ဒိုင်ယာရီလေးတွေပြန်ဖတ်တိုင်း ကျွန်မမျက်ရည်ကျရခြင်းပါ.
......
( မျက်ရည်ခြွေ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...