Thursday, May 15, 2014

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ.ချုပ် ( ဗ.က.သ ) ဥက္ကဌ ရဲဘော်ကျော်ကိုကို၏ ပြည်သူသို့ ပန်ကြားချက်

Kyaw Swar Myint's photo. 

 ရဲဘော်ကောင်းထက်ကျော် ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်ဟာလုံးဝ တရားလက်လွတ် လုပ်တတ်တဲ့ စစ်အာဏာရှင်စရိုက်ကို ဖော်ပြတာပဲဖြစ်တယ်။ ၀ါးရမ်းမပါဘဲ ဖမ်းချင်လို့ဖမ်းတယ်ဆိုတဲ့ ရဲမှုးတစ်ယောက်ရဲ့စကားဟာ ဖက်ဆစ်ဆန်လွန်းနေတယ်။
ဖမ်းရမယ့်လူစာရင်းလို့ ဗလာစာအုပ်ပေါ်မှာ ရေးယူလာတဲ့ SB ကိုရော ဘယ်သူက
စေခိုင်းအမိန့်ပေးတာလဲ။ပဲခူးတိုင်းအစိုးရကလား ၊ ကက်ဘိနက်ဝန်ကြီးတွေကလား
ကာ/လုံကောင်စီကလား ၊ တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင်ပဲလား ။
သာမန်ကျောင်းသားတစ်ယောက်ကို လက်နက်နဲ့ အကြမ်းဖက်ဖို့ စစ်အုပ်စုတစ်ခုလုံး တသဘောတည်းညီနေကြပါတယ်။ဒီကနေ့တိုင်းပြည်မှာ ဒီမိုကရေစီ
အတုအယောင်၊ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင်၊ပြည်ထောင်စု အတုအယောင်နဲ့ ပြည်သူတွေကို လှည့်စားနေတယ်ဆိုတာ ကျွန်တော်တို့ ဗကသများ
အဖွဲ့ချုပ်က အထပ်ထပ်သတိပေးပေါင်းမနည်းတော့ပါဘူး။ကျွန်တော်တို့ သတိပေးချက်ကို ပြည်သူက ကွက်ကွက်ကွင်းကွင်းသိအောင် ဒီကနေ့ ရဲဘော် ကောင်းထက်ကျော်က သွေးအထွက်ခံပြီး၊ခေါင်းအအက်ခံပြီး
တပ်လှန့်လှုပ်နိုးလိုက်ပါပြီ။
ပြည်သူနဲ့ ကျောင်းသားရဲဘော်အပေါင်းတို့ နိုးနိုးကြားကြားရှိနေကြပါ။စစ်ဘီလူးတွေ
အစွယ်ကို တတောင်မကပြသလိုက်ပါပြီ။ဒီနေ့အထိ မှိုင်းထဲမိပြီး" သမ္မတကြီးက သဘောကောင်းပါတယ်"ဆိုတဲ့ အပြောမျိုးကို သင်တို့ လိုက်မပြောကြပါနဲ့တော့။
ပြောချင်သူတွေ ပြောကြပါစေ။သူတို့ကို သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။
စစ်တပ်နဲ့ခရိုနီ ပေါင်းပြီးသိမ်းထားတဲ့ လယ်မြေအရေးဆောင်ရွက်တဲ့အတွက် ရဲဘော်ကောင်းထက်ကျော်အရိုက်အနှက်ခံရတာပဲဖြစ်တယ်။စည်းကမ်းကောင်းတဲ့၊
စိတ်ဓာတ်ကောင်းတဲ့၊စွမ်းရည်ကောင်းတဲ့ တပ်မတော်ကြီးဆိုတာ ၁၉၄၈ကတည်းက
ဗမာပြည်မှာ မရှိတော့ပါဘူး။ဗိုလ်ချုပ်နဲ့အတူကျဆုံးသွားခဲ့ပါပြီ။
တလက်စတည်းပြောရပါလိမ့်မယ်။ဖောက်ပြန်နေတဲ့ စစ်အုပ်စုဟာ ဒီထက်မကတဲ့
အပြစ်တွေကို မကြာခင်ထပ်မံကျူးလွန်ပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ သွေးစည်းညီညွတ်မှုနဲ့ ဒီတိုက်ပွဲကို ဖြတ်ရပါလိမ့်မယ်။
ရဲဘော်မ ဒေါ်ညို၊ရဲဘော်ပေါက်စတို့ အတွက် အဆုံးသတ်တိုက်ပွဲကို ဆက်ဆင်နွှဲရပါမယ်။
ရဲဘော်ကောင်းထက်ကျော်ကို ဆက်လက်ဝန်းရံရပါမယ်။သူ့ရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ စံနမူနာယူရပါမယ်။တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါ။
အရေးတော်ပုံအောင်ပါစေ။
ရဲဘော်ကျော်ကိုကို
ဥက္ကဌ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ.ချုပ် ( ဗ.က.သ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...